Games By Numbers

Games By Numbers

Share

27/11/2021

Ralf Rangnick နဲ့ ယူနိုက်တက်ဒ် လားရာ။
============================

ယူနိုက်တက်ဒ် ကတော့ ဆာအဲလက်စ် နောက်ပိုင်း သူ့လက်ထက်ကလို အောင်မြင်မှုတွေ ပြန်လည် ယူဆောင်ပေးနိုင်မယ့် နည်းပြမျိုးရှာနေခဲ့တာ ၁၀စုနှစ် တခုနီးပါး ပြည့်ပါတော့မယ်။ ဒီကာလမှာ မွိုက်စ်၊ ဗန်ဟားလ်၊ မောရင်ညို၊ ဆိုးရှားလ် စတဲ့ နည်းပြမျိုးမျိုး လက်အောက် ကစားပုံ အမျိုးမျိုးနဲ့ ဖြတ်သန်းလာခဲ့ပြီး အမှတ်ပေးဖလား ရအောင်တော့ ဘယ်နည်းပြမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ကျနော် တဦးထဲရဲ့ အမြင်အရ ပြောရရင်၊

မွိုက်စ်ဟာ ဘာမှ မသိသေးခင် အမှတ်ပေးဇယား ထိပ်ပ်ုင်းကို မခြိမ်းခြောက်နိုင်တဲ့ အတွက် ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရတယ်။
ဗန်ဟားလ်ကလဲ သူ့ရဲ့ ဘောလုံးဒဿနကို ယူနိုက်တက်ဒ်ထံ ရိုက်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ခေါင်းမာမှုတချ်ု့ရယ်၊ လိုအပ်တဲ့ လူစာရင်း၊လိုအပ်တဲ့ ကစားသမား တချို့ကို မရခဲ့တဲ့ အတွက် ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရပြန်တယ်။
မော်ရင်ဟို ကလဲ နည်းပြလောကမှ အောင်မြင်မှု တော်တော်များများရထားသူဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ကစားဟန်က ယူနိုက်တက်ဒ်နဲ့ ပြဒါးတလမ်း သံတလမ်းပါ။ သူလက်ခံရယူခဲ့တဲဘ အသင်းကလဲ ဗန်းဟာလ်းလက်ထွက်၊ ဗန်ဟားလ် ရဲ့ ဘောလုံးဒဿန တချို့ နဲ့ ဖုံးလွှမ်းနေခဲ့တော့ မော်ရင်ညိုဟာ သူ့ရဲ့ ကစားဟန်သွတ်သွင်းဖို့ အခက်အခဲရှိခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရပြန်ပါတယ်

ဒါနဲ့ အသင်းကို အသေအချာ တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နတ်ဆိုးနီ ဂန္တဝင် ( နတ်ဆိုးနီ သွေး အပြည့်ပါတဲ့) ဆိုးလ်ရှားလက်ထဲပုံအပ်ခဲ့ပါတယ်။ အရင်နည်းပြတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးလ်ရှားဟာ ယူနိုက်တက်ဒ် အသိုင်းအဝိုင်း အဖက်ဖက်ရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့သလို၊ ကစားသမားစာရင်းကို ကြည့်ရင်လဲ အသင်းတော်တော်များများကို စိနါခေါ်နိုင်တဲ့ လူစာရင်းပိုင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် နည်းပြတယောက် အနေနဲ့ လုပ်နိုင်စွမ်းကတော့ ယူနိုက်တက်ဒ် အဆင့်အတန်းမှာ ရှိမနေတဲ့ အတွက် လူစာရင်း ကောင်းပေမယ့် လမ်းခွဲခဲ့ရပြန်တယ်။

ဆိုးလ်ရှားခေတ်လွန်မှာ ယူနိုက်တက်ဒ် ဘုတ်အဖွဲ့ဟာ အသင်းတသင်းမှာ သင့်တော်တဲ့ Style of play ရှိသင့်နေပြီလို့ ယူဆလာပုံရပါတယ်။ (သို့ပေမယ့် အသိနောက်ကျနေပါပြီ)၊ ဒါဟာ ယူနိုက်တက်ဒ် အနေနဲ့ style of play တခု မရနိုင်ဘူးလို့ ယူဆတာမဟုတ်ပါဘူး။ လုပ်သင့်တာ ကြာနေခဲ့တဲ့ အလုပ်ကို လုပ်ခဲ့ပေမယ့် ငွေကြေးနောက်လိုက်နေခဲ့တဲ့ အတွက် လမ်းတဝက်မှ လှည့်ပြန်ခဲ့ရတာ အကြိမ်ကြိမ်ရှိခဲ့ပြီးသားမို့ ခုလို ယူဆရခြင်း ဖြစ်ပါတယ်။
ဒီယူဆချက်ဟာ Back to the square one ပါ။
လက်ရှိ အခြေအနေက ဗန်ဟားလ်ကို စခန့်တဲ့ အခြေအနေအတိုင်းပါဘဲ။ မတူတာကတော့ စာရွက်ပေါ်က လက်ရှိ လူစာရင်းဟာ တော်တော်လေးတောင့်တင်းနေပြီဖြစ်သလို၊ အရန်ခုံက လူစာရင်းကို မျှော်ကြည့်လိုက်ရက်လဲ တော်တော်မိုက်ပါတယ်။ ဒီတော့ မေးရမယ့်မေးခွန်းတခုက Rangnick ရဲ့ ဘောလုံးဒဿနနဲ့ ယူနိုက်တက်ဒ်ရဲ့ လက်ရှိ လူစာရင်း က်ုက်ညီနေလားဆိုတဲ့ မေးခွန်းပါ။

ခရီးသွားရင်းရေရတာဆိုတော့ နောက်ထပ် ဆက်ရေးပါအုံးမယ်။

ဆက်ရေးမယ့် အကြောင်းအရာတွေဟာ ယူနိုက်တက်ဒ် ဖနါတွေနဲ့ အကြိုက်တူတာလဲရှိမယ် မတူတာလဲ ရှိမယ်။ မတူရင် အပြန်အလှန်ဆွေးနွေးလို့ရပါတယ်။
(ဆက်ရန်)

22/08/2021

ပပိုင်း ၁၅ မိနစ်အတွင်း ဂိုးပေါက် ၄ ကြိမ် ကန်သွင်းခဲ့ရာမှ xG 1.5 လောက်အထိ ရခဲ့တဲ့ ယူနိုက်တဒ်ဟာ အခွင့်အရေးတွေ ဖြုန်းတီးခဲ့တယ်။ နောက် လက်ကျန် မိနစ်(၃၀)မှတော့ xG 0.1သာရရှိခဲ့တယ်။ ဆိုတော့ကာ ဒီမိနစ် (၃၀)မှာ ဆောက်သနါတန် ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

ပေးလိုက်ရတဲ့ ဂိုးကလဲ deflection ကတဆင့် အနိမ်ဘော့ဖြစ်တဲ့ အတွက် ဒီဟေးအတွက် ပိုပြီး အခက်အခဲဖြစ်စေခဲ့တယ်။

ဒုတိယပိုင်း ပြစစခြင်း ယူနိုက်တက်ဒ်တို့ ချေပဂိုး ရဖို့ အသဲအသန် ကြိုးစားလာမှာဖြစ်ပြီး အဆုံးသတ်သေချာဖို့ ပိုပြီးအရေးကြီးပါတယ်။ ဆောက်သန်တန်ကတော့ လက်ရှိဦးဆောင်ထားနိုင်တဲ့ တဂိုးအတွက် ချေပဂိုး မပေးရလေအောင် ပိုပြီး ကြိုးစားမယ့် အနေအထားမျိုးရှိနိုင်ပါတယ်။

14/03/2021

ဒီနေ့ည အတွက် လက်ဆောင်ပွဲ။
======================
နာပိုလီ ဘော်ဒီ
ဆိုဆီဒက် ဘော်ဒီ

အဆင်ပြေပါစေ ဘရိုတို့။

13/03/2021

ဒီနေ့ည (၂)ပွဲထဲဆော့ဗျာ။

ကိုလုံး ဘော်ဒီ
အိုဆာဆူနာ ဘော်ဒီ

အဆင်ပြေကြပါစေ ခင်ဗျာ။

07/03/2021

ဒီနေ့ည အတွက် အကြိုက်ပွဲ တချို့။
=======================
ရိုးမားဂိုးပေါ်
ယူနိုက်တက်ဒ် ဂိုးအောက်

ဗီရိုနာ ဘော်ဒီ
ဘီလီဖီးလ် ဘော်ဒီ
ဝါဒါ ဘရီမင် ဘော်ဒီ

အဆင်ပြေကြပါစေ ခင်ဗျာ။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon