SJY Recovery

SJY Recovery

Share

16/07/2019

ပဋိသန္ဓေတည်သောနေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် ( ကြာသပတေးနေ့ )
🙏🙏🙏
တောထွက်သောနေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် ( တနင်္လာနေ့ )
🙏🙏🙏
ဓမ္မစင်္ကြာတရားဦးဟောသောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် ( စနေနေ့ )
🙏🙏🙏
ဝါဆိုလပြည့် ဥပုသ်နေ့မှာ စိတ်အေးချမ်းသာစွာဖြင့် ကောင်းမှုကုသိုလ်များပြုပြီး မိတ်ဆွေတို့၏ အနာဂတ်လုပ်ငန်းကိုင်ငန်းများလဲ ကြီးပွားကြပါစေကြောင်း
“SJY RECOVERY”
မိသားစုမှ ဆုတောင်းမေတ္တာပို့လိုက်ပါတယ် ခင်ဗျား!
🙇‍♂️🙇‍♂️🙇‍♂️






www.sjyrecovery.com
09965620066,09965620077,09965620088

Photos from SJY Recovery's post 29/06/2019

နိုင်ငံတကာ အဆင့်မီ Smart Card ယာဉ်မောင်းလိုင်စင်များကို
အခမဲ့ လှဲလှယ်နိုင်မှာပါတဲ့ဗျို့!

Photos from စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ's post 21/05/2019

ကားအောက်ပိုင်း အကြောင်းလေးဗျို့!!!

Photos from SJY Recovery's post 13/05/2019

အဓိက အမေးအများဆုံးကတော့ ...
အကြမ်းအားဖြင့် ဂီယာဝိုင် (၂)မျိုးပဲရှိတာပါ။
ATF Transmissions နှင့် CVT Transmissions ကို မှားမထည့်တာအကောင်းဆုံးပါ.

Toyota TIV, TC, FE, Honda HMMF, HCF, Nissan Matic , NS
Suzuki တို့သည် Multi ATF, Multi CVT တို့ကို အသုံးပြခြင်းဖြင့် အသုံးပြုနိုင်သော စံသတ်မှတ်ချက်ဖြင့် ကိုက်ညီစေပါတယ်။

Fully Synthetic နှင့် Semis Synthetic တို့ကလည်း Transmission Fluids ဈေးနှုန်းကို ထက်ဝက်မက သက်သာစေပါသည်။

ပုံမှန် Fully Synthetic ဖြစ်သော ATF Fluid သည် ကီလို (၄၀၀၀၀) အထိအသုံးခံနိုင်သလို တစ်ချို့ Fluid များသည် ကီလို (၆၀၀၀၀)မှ (၁၀၀၀၀၀)ထိ အသုံးခံပါသည်။

Semi Synthetic ဖြစ်ပါက ကီလိုရရှိမှုနည်းပါးပြီး Gear သက်တမ်း လည်းတိုစေပါသည်။

ATF transmissions ထဲကို CVT ထည့်သွင်းဖို့ကတော့ အလွန်နဲပါးလွန်းလှပါတယ်။
CVT fluid သည် ဈေးအနည်းငယ်များတက်ပါသည်။ ထည့်မိတာကို သိလျှင် ATF fluid အမှန်ပြန်လည်ထည့်ခြင်းသည် အကောင်းတိုင်းပြန်လည်ရရှိနိုင်ပါသည်။

အမှားအများဆုံးကတော့ CVT transmission ထဲကို ATF fluid ထည့်ခြင်း...
ATF Fluid သည် hydraulic pump, clutch discs နှင့် Gears အစိတ်အပိုင်းများကို ချောမွေ့စေပြီး အချိန်ကြာမြင့်စွာအသုံးပြုနိုင်ရန်

ထည့်သွင်းထားခြင်းဖြစ်သည်။ CVT transmission ကတော့ ဂီယာအစိတ်အပိုင်းများမပါဝင်ဘဲ ချိန်းကြိုး Chain-driven (သို့) ရာဘာကြိုး Belt-driven တို့ကို
Pulleys နှင့် Discs and rollers များပါဝင်တယ်။
CVT transmissions ကို CVT fluid ထည့်သွင်းခြင်းသည် ပွတ်တိုက်မှုလျော့ချခြင်း၊ Chain နှင့် Belt တို့ လွဲချော်ခြင်း၊ ပွန်းစားခြင်းမဖြစ်စေရန် ထည့်သွင်း

အသုံးပြုသည်။ ပွန်းစားခြင်းကြောင့် ဂီယာထိုးမရခြင်းများဖြစ်တက်ပါသည်။
CVT transmissions ကို ATF ထည့်သွင်းပြီး အချိန်ကြာမြင့်စွာမောင်းနှင်ထားပါက Gearbox တစ်ခုလုံးပျက်စီးသွားနိုင်ပါသည်။ အချိန်မှီ ပြန်လည်ပြီး CVT
fluids ထည့်သွင်းနိုင်ပါက ဂီယာပျက်စီးမှုသက်သာမည်။
မိမိထည့်သွင်းအသုံးပြုချိန်တိုလျှင် ဂီယာပျက်စီးမှု 25%, 50%, 75% စသဖြင့် ပွန်းစားထိခိုက်မှုများရှိပါသည်

မှားမထည့်မိစေရန် သတိပြုရန်လိုအပ်ပါသည်။ မှားထည့်မိပါကလည်း အမှန်ကိုပြန်လည် ထည့်သွင်းရင်အချိန် မှီလို အပ်သည်။

Credit to A1 Auto Service

10/05/2019

Used Car!
🚗🚙🚗🚙🚗🚙






www.sjyrecovery.com
09965620066,09965620077,09965620088

ကား အဟောင်း ဝယ်စီးက စဉ်းစားစရာ ဆိုးကျိုးများ
⛔⛔⛔⛔⛔

♊တစ်ပတ်ရစ်ကား၊ လေလံကားဆိုတာ လက်ရှိ မြန်မာပြည်က ကားတွေ အတော်များများပါ။ အင်ဂျင်ပါဝါ ဘယ်လောက်စီစီကို အခွန် ဘယ်လောက်နဲ့ ဆိုပြီး သွင်းနေတဲ့ ကားအားလုံးကို ဆိုလိုပါတယ်။ ဘယ်အရာ မဆို အကောင်းနဲ့ အဆိုးက ဒွန်တွဲလျက် ပါပဲ။
¤ ကား အဟောင်း ဈေးကွက် ကတော့ မြန်မာပြည်မှာတင် မကပဲ နိုင်ငံ အသီးသီးမှာ ရှိပြီး တစ်ပတ်ရစ်ကားတွေ ကိုမှ ပြန်စီးကျတဲ့ ယဉ်ကျေးမှုလည်း ရှိပါသေး တယ်။
¤ သူက ဈေးသက်သာတဲ့ အားသာချက် တစ်ခု ရှိပါတယ်။ သို့ပေမယ့် ကိုယ်ရွေးချယ် ဝယ်ယူတဲ့ ကားက ကီလိုမီတာ မြောက်များစွာ အသုံးပြုထားပြီးတဲ့ နှစ်ချို့ တစ်ပတ်ရစ်ကား ဖြစ်နေရင်တော့ မကောင်းတော့ ပါဘူး။
¤ အဲ့ဒီလို အတော်ကြာတဲ့ ကား ဟောင်း နဲ့ ပက်သက်ပြီး ရရှိနေတဲ့ ဆိုးကျိုး အချို့ ကိုဖော်ပြ ပေးလိုက် ရပါတယ်။

✴ကား မကောင်း

✳ဒါက ရှင်းပြစရာတောင် မလိုပါဘူး။ ကားတွေတောင် မကောင်းလို့ Grade အမျိုးမျိုးခွဲ သွင်းကြတယ်။ Grade A ဘာ၊ Grade B ပါနဲ့ နောက်ဆုံးတော့ ဘယ်လိုပဲ ခွဲခွဲ ကားတွေက အပြစ်အနာအဆာ တွေနဲ့ချည်းပါ။
☆ အပြင်မှာ လှနေရင်တောင် အတွင်းက အတော်လေး ဝါရင့် နေပါပြီ။ အထူးသဖြင့် ဂရိတ်နိမ့်လေလေ ကား Performance ကျဆင်း လေလေ ဖြစ်ပါတယ်။

✴ကျန်းမာရေး ထိခိုက်

🚩ဂျပန်နိုင်ငံမှာက သတ်မှတ်ထားပြီးသား။ ဘယ် ၂ ကီလိုမီတာ မောင်းပြီးတဲ့ ကား တစ်စီးအနေနဲ့
♤ အင်ဂျင်က ထုတ်တဲ့ အိတ်ဇော ဘယ်လောက်ထိ အရောင့် ရင့်လာမယ် ဆိုတာကအစ၊
♤ အသံ ဘယ်လောက် ဆူညံလာမယ် ဆိုတာကအစ၊
♤ ကား တစ်ကိုယ်လုံးမှာ အသုံးပြုတဲ့ ခဲ၊ သတ္တုတွေ ကနေ အပူချိန်ကြောင့် အငွေထွက်ပြီး ကျန်းမာရေး ထိခိုက်မှာတွေ တစ်ခါတည်း တွက်ချက်ပြီး နှစ်ကြာတဲ့ကား ဖြစ်လေ အခွန်ဆောင် ခိုင်းတာ ပိုတိုးလာလေပါပဲ။
♤ ဒီတော့ ၂ နှစ်လောက် မောင်းပြီးရင် လေလံကွင်းပို့ ကြတယ်လေ။

🚫ကျနော်တို့ မြန်မာပြည်က သူတို့ ကျန်းမာရေး ထိခိုက်မှာစိုးလို့ ပို့လိုက်တဲ့ ကားတွေကို အသုံးပြုနေ ကြပါတယ်။
♡ မီးခိုး တစ်လူလူနဲ့၊ မမြင်နိုင်တဲ့ အငွေ့ တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။

✴လောင်စာဆီ ပိုမို ဆုံးရှုံး

🔯အင်ဂျင်တစ်လုံးဟာ သူ့ရဲ့  Running hour တစ်ခု အတွင်းပဲ အကောင်းဆုံး အလုပ်လုပ်တာပါ။
♢ သက်တမ်း ရင့်လာတဲ့ အင်ဂျင်ဖြစ်လေ performance ကျလေပါပဲ။
♢ ဆိုးကျိုးကတော့ လောင်စာဆီ ပိုစားလာတယ်။ အရင်က လေ၊ ဆီ အချိုးက နှစ်ကြာလာတော့ ပြောင်းလဲလာပြီး ဆီအချိုး ပိုကြီး လာတတ်ပါတယ်။
♢ ဒီတော့ ဓာတ်ဆီဆိုင်မှာ တန်းဆီရတဲ့ အခြေအနေက ပိုများ လာတာပေါ့။ ကြားထဲက မသန့်တဲ့ ဆီသုံးမိရင် ခံရမယ့် ဒုက္ခက မသေးပါဘူး။

✴ပတ်ဝန်းကျင် ညစ်ညမ်းစေ

♨ဂျပန်မှာက ကားတစ်စီး မီးခိုး အရောင် ဘယ်လောက်ကို ဘယ်လောက် ကြာကြာ ထွက်ရင် ဒဏ်ငွေ ဘယ်လောက် ဆောင်ရမယ် ဆိုတာ တစ်ခါတည်း သတ်မှတ်ထားပြီး သားပါ။
♧ ဒီတော့ စက်ထုတ်လုပ် သူတွေက မီးခိုး သက်သာအောင် ဖော်မြူလာ မျိုးစုံနဲ့ ဖန်တီးပါတယ်။
♧ မီးခိုးမထွက်တဲ့ ကားတော့ ဘယ်ရှိမလဲ။ အနည်းနိုင်ဆုံး ဖြစ်အောင်တော့ ဖန်တီး ကြတာပေါ့။
♧ မြန်မာပြည် ရောက်လာတဲ့ ကားတွေက ဂျပန်တွေမှာ မကောင်းတော့တာတွေ များတယ်လေ။
♧ မီးခိုးအတွက် စည်းကမ်း သတ်မှတ်မှုကို အချို့ က ကျော်လွန် နေကြပြီ။ အချို့ က ကျော်လွန်ခါနီး။
♧ ဒီတော့ သဘာဝ ပတ်ဝန်းကျင်ကို ကြိမ်းသေ ညစ်နွမ်းစေပါတယ်။

🚫အာမခံ မရ

🔯ပရီမီယံ ကားတစ်စီးနဲ့ အဟောင်း တစ်စီး ပြိုင်တူဝယ်ရင် ဘယ်တစ်စီးက အာမခံရမယ် ဆိုတာ အားလုံး သိကြမှာပါ။
☆ အဟောင်းက ကားပိုင်ရှင် ရောင်းလေ။ ကုမ္မဏီရောင်း မဟုတ်ဘူး။ အာမခံ မရှိဘူး။ ဒီတော့ အာမခံဆို ဝေလာဝေး။
☆ နိုင်ငံကြီးတွေမှာ ကားအစိတ်အပိုင်း တစ်ခုခု ဖြစ်တယ်ဆိုရင် ကုမ္မဏီက မျက်နှာ အပျက်မခံနိုင်လို့ ချက်ချင်း ခေါ်ယူပြီး ပြန်လည် ပြင်ဆင် ပေးရပါတယ်။ ဒါတောင် စီးတဲ့သူက မကျေနပ်ရင် တရားဆွဲလို့ ရပါတယ်။
☆ ဒီလိုအခွင့်အရေးကို တစ်ပတ်ရစ်ကား ဝယ်စီးသူများ မရနိုင်ပါဘူး။ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက် အာမခံလည်း မရှိတဲ့အတွက် ကိုယ်ပျက်၊ ကိုယ်ပြင်၊ ကိုယ်ကုန်ပါ။

💲ဈေးမသက်သာ

🌐အမှန်တော့ တစ်ပတ်ရစ် ကားမှန်ရင် ဈေးသက်သာပါတယ်။ လက်ရှိ မြန်မာပြည် အခြေအနေ အရသာ ဈေးကြီးနေတာပါ။
■ တစ်ပတ်ရစ် ကားသာ ဆိုပါတယ်။ အော်ရီဂျင်နယ် ကား ဝယ်စီးရတဲ့ တန်ဖိုးထက်တောင် ၂ ဆ၊ ၃ ဆ မကလည်း ဈေးကြီး နေတတ်ပါတယ်။
■ မြန်မာငွေ သိန်း ၅၀၀ ဆိုတာ အမေရိကန် ဒေါ်လာ ၅ သောင်းဆိုရင် US မှာ ကောင်းပါတယ် ဆိုတဲ့ ပြိုင်ကားတွေ ဝယ်စီးလို့ ရပါပြီ။
■ ဒါကတော့ သူ့ခေတ်သူ့ခါပေါ့။
နောက်လည်း ပြောင်းလဲလာတော့မှာပါ။

🌐နိဂုံးချုပ်

⭕အားနည်းချက်၊ ဆိုးကျိုးတွေ ကတော့ အများကြီးပါ။
● သို့ပေမယ့် လက်ရှိ မြန်မာပြည် အနေအထားက တစ်ပတ်ရစ်ကား ဈေးကွက်ကိုသာ မှီခိုခွင့် ရှိနေပါသေးတယ်။
● သို့ပေမယ့် တစ်ပတ်ရစ် တည်းမှာ ဂရိတ် ကောင်းတာတွေကိုပဲ အဓိကထား ဝယ်ဖို့ အကြံပေး ပါတယ်။
● မြန်မာပြည်မှာလည်း ကားဟောင်း ဖြစ်ပေမယ့် ပြည်သူ ကျန်းမာရေး၊ ယာဉ်အန္တရာယ် လုံခြုံရေး အတွက် သေချာ စနစ်တကျ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းများ ပိုမို ပေါ်ပေါက်လာနိုင်စေဖို့ မျော်လင့် ပါတယ်
Copy.t.s
၅နှစ် အရစ်ကျ ကားဝယ်ရင်
၅နှစ်ပြည့်ပြီးပြန်ရောင်းရင်ဘယ်လောက်ရှံးမလဲ?
လက်ငင်း ၂၇၂သိန်းတန်ကား
ကနဦးသွင်းငွေ -၆၂သိန်း
ကညန- ၂သိန်း
ဝင်ငွေခွန် ၁၅% ၄၀သိန်း
လစဉ် သွင်းငွေ
၄၉၅၀၀၀ကျပ် လ၆၀ ၂၉၇သိန်း
-----------------------------
စုစုပေါင်းပေး ရမည့်ငွေ ၄၀၁သိန်း
၅နှစ်စီးပြီးရောင်းရင်ရမဲ့
ကားတန်ဖိုး ၂၀၀သိန်း
-------------------------------
ဆုံရုံးမည့်ပမာဏ ခန့်မှန်း ၂၀၁သိန်း
ဒါကြောင့်အကြံပေးချင်တာက
ပဏမ သွင်းငွေ ၆၂သိန်း+ကညန၂သိန်း+
ဝင်ငွေခွန် ၄၀သိန်း=၁၀၄သိန်း ရှိရင်
၁၀၄သိန်းတန်ကားကိုဝယ်စီးပါ
တလ၄၉၅၀၀၀ကျပ် စုလိုက်ပါ
၅နစ်ပြည့်ရင် ၂၉၇သိန်း+အတိုး သိန် ၃၀ ခန့်
နှင့် ကားတစီးသင်ပိုင်နေလိမ့်မည်
ကားဟောင်းရောင်း+စုငွေ =စုစုပေါင်း
၄၀၀သိန်းကျော်ပိုင်ဆိုင်နေလိမ့်မယ် အဲဒီအချိန်ကျမှ သူများ၅နှစ်စီးထားပြီးသားကား ၂စီး
ဝယ်စီးလိုက်ပါ

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 3, B-604, Maharsway Condominium, Maharsway Street, Hlaing Township
Yangon
11051