R E B O R N
Skincare (စကင်းကဲ) ဆိုတာဘာလဲ ... ?
Skincare ဆိုတာ
အသားအရေ ကို ဂရုစိုက်ထိန်းသိမ်းခြင်းကို ခေါ်တာပါ။ Skincare Products ဆိုတာ
အသားအရေ ကို ပိုမိုကောင်းမွန်အောင်
ပြုလုပ်ပေးတဲ့ ပစ္စည်းတွေ ကို ဆိုလိုတာပါ။
အသားအရည် အမျိုးအစား (Skin Type),
အသား အခြေအနေ (Skin Concern) ပေါ်မူတည်ပြီး သုံးရမယ့်
Skincare တွေ က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
စာရေးသူက
ရှင်းရှင်းလင်းလင်း ဖြစ်အောင် ခွဲပြောပါမယ်နော်
👉 အသားအရည် အမျိုးအစား (Skin Type) ဆိုတာ ဘာလဲ ... ?
မျက်နှာပေါ်မှာရှိတဲ့
ရေဓာတ် နဲ့ အဆီပြန်ခြင်း ပေါ်မူတည်ပြီး အသားအရေအမျိုးအစား ခွဲရပါတယ်။
1. ပုံမှန် အသားအရေ (Normal Skin)
ပုံမှန် အဆီလည်း မပြန်,
အသားမခြောက်,
ရေဓာတ်နဲ့ အဆီ မျှတစွာ ရှိနေတဲ့ အသားရေ မျိုးကို ဆိုလိုပါတယ်။
2. ပေါင်းစပ်အသားအရေ (Combination Skin)
နဖူး,
နှာခေါင်း နဲ့ မေးစေ့ မှာဘဲ
အဆီပြန်တဲ့ အသားရေ ကို ဆိုလိုတာပါ။
3. အသားခြောက်တဲ့အသားအရေ (Dry Skin)
မျက်နှာ တစ်ပြင်လုံး ခြောက်သွေ့ ကြမ်းတမ်းပြီး အဆီလုံးဝမပြန်တဲ့အသားရေ ကို ဆိုလိုတာပါ။
4. အဆီပြန်တဲ့အသားရေ (Oily Skin)
အချိန်တော်တော်များများ မှာ
မျက်နှာ တစ်ပြင်လုံး အဆီပြန်တဲ့အသားရေပါ။
5. ထိခိုက်လွယ်တဲ့အသားရေ (Sensitive Skin)
မတည့်တဲ့ အစားအစာ,
မတည့်တဲ့ ပစ္စည်း များမယ်
ဒါမှမဟုတ် အပြင်းစားပစ္စည်း တစ်ခုခုကြောင့် ဘာသုံးသုံး အဆင်မပြေတော့တဲ့ အသားအရေ အမျိုးအစားပါ။
👉 ကိုယ့်အသားအရေ အမျိုးအစားကို ဘယ်လို သိနိုင်လဲ ... ?
မိတ်ကပ်တွေ ဖျက် ပြီး
မျက်နှာကို မျက်နှာသစ်ဆေး အပျော့စားလေး နဲ့ သစ်လိုက်ပါ။
ဘာမှ မလိမ်းဘဲ ၂ နာရီ ထားပါ။
အပေါ်မှာရေးထားတဲ့ အသားအရေ (၅)မျိုး ကို ရွေးကြည့်ပါ။
ဒါဆို ကိုယ့်အသားအရေ ဘာအမျိုးအစားလဲ ဆိုတာ သိရပြီပေါ့လေ။
*အသားအရေ အမျိုးအစားသည်
တစ်တပ်မတ်တည်း အမြဲတမ်းမဟုတ်တာကြောင့် သတိထားစမ်းစစ်နေဖို့ လိုအပ်ပါတယ်*
အသားရေ အခြေအနေ (Skin Concern)
ကိုယ့် အသားရေ အမျိုးအစား နဲ့
တစ်ခါတည်း တွဲပြောရမှာက အသားရေရဲ့
အခြေအနေ ပါ။
ကိုယ့်အသားအရေရဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေ ကို ပြောမှ သာ
Skincare ပစ္စည်းတွေကို ဘယ်လို ဝယ်ရမလဲ သိမှာ ဖြစ်ပါတယ်။
အသားအရေ အခြေအနေ အမျိုးမျိုး ရှိတယ်။
1. ချွေးပေါက်ကျယ်ခြင်း
2. ဝက်ခြံတွေ အရမ်းများနေခြင်း
3. နီလွန်းခြင်း
4. အရေးအကြောင်း
5. အမဲစက် နှင့် နေလောင်ခြင်း
6. အသားရောင် မညီခြင်း
7. ဆားဝက်ခြံ, အဖု သေးလေးတွေ များနေခြင်း
စတာတွေက အသားအရေရဲ့ အခြေအနေ ကို ဆိုလိုတာဖြစ်ပါတယ်။
တစ်ခုတည်း ဖြစ်နေတတ်သလို အများကြီး ဖြစ်နေတာမျိုးလည်း ရှိနိုင်တယ်။
ဥပမာ အနေနဲ့ဆို
အသားအရေ အမျိုးအစား (Skin type)
အသားခြောက်တယ်။
အသားရေ အခြေအနေ (Skin Concern)
အမဲစက်တွေ နေလောင်တာတွေ ရှိတယ်။
အသားရောင် မညီဘူး။
ဆားဝက်ခြံလည်း ရှိတယ်
ဆိုတာမျိုးကို ပြောချင်တာပါ။
*အသားဖြူတာ
အသားမဲတာသည်
အသားရေရဲ့ အခြေအနေ နှင့် လုံးဝ မသက်ဆိုင်ပါဘူးနော်*
ဒါဆို Skin Type နဲ့ Skin Concern ကို သိပြီဆိုရင် ဘယ်လို Skincare ရွေး ဝယ်ရမလဲ ... ?
ကိုယ် ရဲ့ အသားအရေ အမျိုးအစား နဲ့
အသားအရေ အခြေအနေပေါ်မူတည်ပြီး
မှန်ကန်တဲ့ Skincare ရွေးခြယ်တတ်ဖို့ဆိုတာ တကယ် မလွယ်ကူနိုင်တဲ့ ကိစ္စပါ။
ဟိုလူညွှန်း ,
ဒီလူညွှန်းရင်း
ဘာမှ မထူးတဲ့ အခြေအနေတစ်ခုရောက်ပြီး ပိုပိုဆိုးလာတာမျိုးကိုလည်း ကိုယ်တိုင် ကြုံဖူးကြမှာပါ။
အဲ့ဒါဆို စာရေးသူရဲ့ ဒီ List လေးကိုဖတ်ပြီး
Skincare မဝယ်ခင် မှာ စစ်ပေးရင် ရပါပြီ ☺
၁. မတည့်တာ ရှိလား
ဘာဝယ်ဝယ် မတည့်တာ ရှိရင် ကြိုပြောပါ။ အသားယားတတ် နီတတ်ရင် ကြိုပြောပါ။
၂. ဘာလိုနေတာလဲ
အခုမှ စသုံးမယ် ဘာသုံးရမလဲ မသိသေးရင်
> အခြေခံ အသားအရေ ထိန်းသိမ်းနည်း
မနက်ပိုင်း မှာ
မျက်နှာလေးကို မျက်နှာသစ်ဆေး ဖြင့် စက်ဝိုင်းပုံသဏ္ဏာန်သစ်ပေးပါ။
မျက်နှာသစ်ပြီးပြီးချင်း ၁၅မိနစ်အတွင်းမှာ Skincare ရအောင် လိမ်းပါ။
Toner ကို လက်သန့်သန့်ဖြင့် ပုတ်ပုတ်ပြီး သုံးပေးပါ။
Moisturizer ကို မျက်နှာ တစ်ပြင်လုံးအတွက် နှံ့စပ်စွာ လိမ်းပေးပါ။
Day Cream ရှိရင် Day cream လိမ်းပါ။
Sun cream ကို အပြင် မသွားခင် နာရီဝက် ကြိုလိမ်းပေးပါနော်။
ညနေပိုင်း၌
ဖျက်ဆေးနဲ့ မိတ်ကပ်အရင်ဖျက်ရမယ်။
မပျင်းရဘူးနော်။
ပြီးမှ မျက်နှာသစ်မယ်
Toner တိုနာ လေး ပုတ်မယ်။
Serum လေး လိမ်းနော်။
Moisturizer ကတော့မရှိမဖြစ် လိုတယ်။
Sleeping Mask တွေ
Night Cream တွေလည်း သုံးလို့ရတယ်နော်။
အေးအေးချမ်းချမ်းလေး အနားယူလို့ရပြီပေါ့။
တစ်ပတ်ကို တစ်ခါ နားရက်ကျရင်
Scrub လေး လုပ်ရမယ်။
Scrub လုပ်ပြီးတိုင်း Mask လေးတွေ ကပ်ပေးပါ။ အသားလေးက အိစက်နေမှာနော်။
လူတိုင်း လိုက်လုပ်လို့ ရမယ့် Basic Skincare Steps လေးတွေပါခင်ဗျာ
၃. ဘယ်လို ရွေးဝယ်ရမလဲ ???
ကိုယ့်အသားရေအမျိုးစားနဲ့ ကိုက်မကိုက် အရင် စစ်ပါ။ (ဘူးခွံက စာကို အရင် ကြည့် For ... Skin type လို့ ရေးထားလား)
ကိုယ် ဘယ်လိုပုံစံ ပစ္စည်း မျိုးကို သုံးဖို့လိုမလဲ သိဖို့လည်း လိုပါတယ်။
(ပစ္စည်း တိုင်းက အပျစ်အကျဲ, စိမ့်ဝင်မှုအား, အခြောက်မြန်မှု စတာတွေ ကွာပါသေးတယ်)
ဥပမာ-
Moisturizer လို့ပြောရင်တောင် ပုံစံကွဲတွေ အများကြီး ရှိပါသေးတယ်။
Gel type,
Cream Type,
Oil, Balm အစုံဘဲပေါ့
များသော အားဖြင့်တော့
Dry,
Normal Skin တွေကို
Cream, Oil စတဲ့ ပုံစံတွေနဲ့ လာတာမျိုးတွေ သုံးလေ့ရှိပြီး
Combination,
Oily စတဲ့ အဆီပြန်တဲ့သူတွေကိုတော့
Gel,
Balm စတာလေးတွေ သုံးရပါတယ်။
Toner ဆိုရင်လည်း
Sensitive Skin တွေဆို Alcohol မပါတာမျိုး
Dry, အရေးအကြောင်း ရှိသူတွေဆို အရည်နည်းနည်းပျစ်ပျစ်လိုမျိုး တွေ သုံးသင့်ပါတယ်။
ဒီလောက်ဆို စာလည်း အတော်ပြည့်စုံနေပြီမို့လို့ အားလုံး ရွေးရတာ အဆင်ပြေကြပါမယ်ထင်ပါတယ်.
အသားအရေထိန်းသိမ်းနည်း Website မှာ ဘာသာပြန်သည်။
Credit Original uploader ❤
JayJun Luminous Aurora Pearl Mask 😍
7 Jewelry အမှုန့်တွေ ပါဝင်ပါတယ် 😱 အရောင်လေးက ဘလင်းဘလင်း နဲ့ လှချက် ကပ်ချင်စရာ 😍
💎 brightening and glowing skin ရချင် တဲ့သူတွေတွက်
💎 ပွဲတစ်ခုခုသွားစရာရှိတာ တို့ ဘွဲ့ ယူ ဖို့တွက်တို့ ရှိတယ် ဆိုရင်ဆောင်ထားသင့်တဲ့ mask လေးပါနော် make up မလိမ်းခင် ဒါလေးကို သုံးပေးပြီ make up လိမ်းမယ်ဆိုရင် wowwww ပြောင်ပြောင်ကြည်ကြည်လေးဖြစ်နေမှာပါနော်
💎 သူက တစ်ချပ်ကို ၉၀၀၀ ပါနော်
😱 ဟာ mask တစ်ချက် ၉၀၀၀ 😱
ဈေးများပေမယ့် ပေးရတဲ့ဈေးနဲ့တန်တဲ့ result တော့ရမှာ ပါနော် 😍
18/04/2019
သင်္ကြန် မှာ နေလှောင်ပျက်စီးသွားတဲ့ မျက်နှာ လေး ကို ပြန်ကုသကြဖို့ မမေ့နဲ့နော် 😍
09/04/2019
Dr Jart+ sheet mask💊💊 တွေ ရဲ့ Quality က ပြောစရာမလိုလောက်အောင်ကောင်းတာ သုံးဖူးသူလေးတွေအသိဆုံးပါပဲနော် 😍
👇 ပုံအောက် မှာ mask တစ်ခုချင်းစီရဲ့ Price လေးတွေနဲ့ Effect လေးတွေရေးပေးထားလို့ တစ်ပုံချင်းစီ ဝင်ကြည့်ပေးနော်🧡
08/04/2019
JayJun က ထွက်တဲ့ sheet mask တွေ ရဲ့ Quality က ပြောစရာမလိုလောက်အောင်ကောင်းတာ သုံးဖူးသူလေးတွေအသိဆုံးပါပဲနော် 😍
ပုံအောက် မှာ mask တစ်ခုချင်းစီရဲ့ Price လေးတွေနဲ့ Effect လေးတွေရေးပေးထားလို့ တစ်ပုံချင်းစီ ဝင်ကြည့်ပေးနော်🧡
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 12:00 |
| Tuesday | 08:00 - 12:00 |
| Wednesday | 08:00 - 12:00 |
| Thursday | 08:00 - 12:00 |
| Friday | 08:00 - 12:00 |
| Saturday | 08:00 - 12:00 |
| Sunday | 08:00 - 12:00 |