Tututat

Tututat

Share

Photos from Tututat's post 23/05/2026

ဆရာမ တစ်ယောက်ရဲ့ ရူးသွပ်မှု

ဆရာမ တစ်ယောက် ကျောင်းတစ်ကျောင်းက ပညာရေး အတွက် ဘယ်လောက် လုပ်နိုင်လဲလို့ပြောရင် “ တကယ်လုပ်ရင်” အတိုင်းအဆ မရှိလုပ်နိုင်ပါတယ်လို့ ကျွန်မ ဖြေချင်ပါတယ်။

ကလေးတွေအတွက် တကယ်ကိုလုပ်ချင်တဲ့ သူ၊ ပညာရေးလောက ကြီး ကို ပြောင်းလဲချင်သူ၊ တကယ့်ပညာရေးအစစ် ကိုဖန်တီးချင်သူ … ဒီလို ဆရာမတွေ ဘယ်ကျောင်းသွားရမလဲ။ ဘယ်မှာအလုပ်လျှောက်ရမလဲ။ ကျွန်မ မသိပါ။ ကျွန်မ တခြားကျောင်းသွားလုပ်ရင် ၃ လဆို အလုပ်ပြုတ်မယ်လို့ထင်ပါတယ်။ ဒီထဲက အကြောင်းတစ်ခုခု ဖြစ်လောက်ပါတယ်။

(၁) စီးပွါးရေးအတွက်ကိုက်မကိုက်မတွေးလို့၊ ဥပမာ လူဦးရေတားဂတ်
(၂) တကယ့်ပြောင်းလဲမှုတွေလုပ်ရင်ကြုံကိုကြုံရမယ့် change management ကို ရင်ဖွင့်ကြိုဆိုမယ့် ပိုင်ရှင် မရှိလို့။
(၃) Market ရဲ့ trend ကိုမလိုက်လို့
(၄) ကောင်းမွန်တဲ့ပညာရေးကိုတည်ဆောက်ဖို့ဆိုရင် နှစ်တွေအကြာကြီး ကို စိတ်လိုလက်ရတည်ဆောက်ရမှာကိုဘယ် ပိုင်ရှင်မှ စောင့်ပေးမှာလည်းမဟုတ်လို့။

ဒီလေးချက်ကြောင့်မပြုတ်ရင် နံပါတ်(၅) ကြောင့်ပြုတ်ပါလိမ့်မယ်။

(၅) အပိုတွေလုပ်လို့။

ဒါပေမယ့်ရှင် ဆရာမ တစ်ယောက်က ကလေးကိုလုပ်ပေးတာမှာ JD ရှိလား။ မိဘတစ်ယောက်က JD လောက်ပဲလုပ်ပေးတာရှိလား။ ကလေးပတ်သက်တဲ့အလုပ်တွေမှာ မေတ္တာ၊ စေတနာ ကိုအရင်းခံပြီး ပြုစုရတာဖြစ်လို့ ဒီဖို့ဒီရွေ့ ဒီမျှလို့မရှိပါ။ လုပ်ငန်းရှင်တွေ အနိုင်မကျင့်ဖို့အတွက်သာ JD လိုတာရှိတာပါ။ ဆရာမတွေလုပ်ပေးတာက ဒီ JD ဆိုတာထက်အများကြီး ပိုပါတယ်။ အတောမသတ်နိုင်တဲ့စေတနာဆိုတာရှိတယ်။ ဒါက ဒီခေတ်မှာ ပြောရတာ ယုံရခက်ခက်ပါ့။

ဆိုတော့ အပိုက ဘာထက်ပိုတာလဲ။ “ စာအုပ်ထက်ပိုတာ။”

ကျွန်မကတော့ အပိုတွေလုပ်ပြီးတအားပျော်ရွှင်ပါတယ်။ ကိုယ့်ကျောင်းက ၊ ကိုယ့်ကိုပိုက်ဆံပေးတဲ့ကလေးတွေကိုပဲမဟုတ်ဘူး ခုလို သွားသင်၊ ဒီလိုဝေမျှရတာပျော်တယ်။ စာတတ်မြောက်ရေးလုပ်တယ်။ Bilingual education အတွက်လုပ်တယ်။ Mother tongue အတွက်လုပ်တယ်။ Summercamp သွားတယ်။ သုတေသနတွေလုပ်တယ်။ ကလးတွေအတွက် အကောင်းဆုံးရလဒ်ကိုဘယ်လိုရအောင်လုပ်မလဲတွေးကြတယ်။ နေ့စဉ်သင်ယူတယ်။ အရေးအကြီးဆုံးက ကိုယ်လို ရူးသွပ်တဲ့ မျိုးဆက်သစ် ဆရာမ တွေကို မွေးထုတ်တယ်။ ကိုယ်လိုရူးသွပ်တဲ့ဆရာ/မ တွေကို ခိုလှုံရာပေးတယ်။

စာအုပ်ကြီးသင်ရုံ၊ သင်ရိုးကြီးပြီးရုံ နဲ့ဆိုရင်တော့ ကျွန်မလည်း ဆရာမ ဘဝကိုငြီးငွေ့မယ်ထင်ပါတယ်။ ဒီပိုက်ဆံပေးတဲ့ကလေးပဲသင်ဆိုရင်လည်း ကျွန်မ ပျော်ရွှင်မယ်မထင်ပါဘူး။ ဆရာမ ဆိုတာ ဘယ်ကလေး မဆိုကိုသင်ချင်နေတော့လေ ကလေးအားလုံးအတွက် အလုပ်လုပ်ပြီး ကိုယ့်ဘဝရဲ့ passion ကိုတည်ဆောက်ပါတယ်။

ရန်ကုန်မြို့က အကြီးကြီး၊ တူတူတတ်က သေးသေးလေးပါ။
ရိုးသားစွာသင်၊ ပျော်ရွှင်စွာသင်၊ လွတ်လပ်စွာသင် ၊ အကောင်းဆုံးသင်ရင် ရလဒ်ဆိုတာ ရလာမှာပါ။ ပညာရေး ကောင်း ကိုဖန်တီးနိုင်သရွေ့ ကျောင်းသားဆိုတာမရှားဘူးလို့ယုံကြည်ပါတယ်။ နာမည်ကြီးမကြီးထက် ကလေး၊ မိဘ၊ ဆရာ ပျော်ရွှင်စွာ သင်ကြားခွင့်ရမယ့်နေရာဖြစ်ရင်ကျေနပ်ပါတယ်။ ကိုယ်မပျော်ရင် ကျောင်းအကြီးကြီးလည်း ဘာတန်လို့လဲရှင်။ ကျွန်မရဲ့ ဖြစ်တည်မှုကအင်မတန်ရိုးရှင်းလှပါတယ်။

ခုလည်း ကလေးစာပေ နဲ့ စာတတ်မြောက်ရေး ပတ်သက်ပြီး သွားပြီး ဒီအစီအစဉ်လေး တွေလုပ်ဖြစ်ခဲ့ပါတယ်။ လှလိုက်တဲ့သီချင်းတွေ။ ကိုယ့်လိုရူးသွပ်တဲ့ ဆရာ/မ တွေနဲ့ တင်ဆက်ပြီး ကလေးတွေအတွက် တနေရာရာက ကိုယ်သင်ပေးချင်လို့ သွားရောက်ခဲ့ကြပါတယ်။ သူတို့လေးတွေ ကိုခုလိုတွေ့ရသင်ရတာနဲ့တင် အရာရာ တန်တယ်ထင်ပါတယ်။နေ့စဉ် ကိုယ့်ဖြစ်တည်မှုကိုကျေနပ်ပါတယ်။ ဆရာမ ဖြစ်ခွင့်ရတာကိုပျော်ရွှင်ပါတယ်။ သင်ကြားခွင့်ရတာကိုကျေးဇူးတင်ပါတယ်။

ဆရာ/မ ကောင်းများစွာ စာသင်ခြင်းကိုကျောခိုင်းလာကြပါတယ်။ အခက်အခဲတွေနဲ့ဆရာ/မတွေ ဘဝကိုကျွန်မခံစားမိပါတယ်။ သင်ကြားရေး က ရင်ထဲကနေလုပ်ရတဲ့အလုပ်မျိုးမဖြစ်တော့တဲ့ အခါ သူတို့အလင်းလည်းပျောက်ဆုံးတာပေါ့။ ဒီစာလေးနဲ့ဆရာဆရာမ တွေကိုအားပေးပါရစေ။ အားလုံးအားတင်းထားကြမယ်။ ကိုယ်အကောင်းဆုံးကြိုးစားတာနဲ့လုံလောက်ပါတယ်။

တူတူတတ်ရဲ့ခရီး တစ်ရက်စီတိုင်းကို ရှေ့ဆက်နိုင်အောင် ယုံကြည်ပံ့ပိုးကြတဲ့မိဘတိုင်းကျေးဇူးပါ။ အားပေးကြသူတွေကိုလည်းကျေးဇူးပါ။ ကျွန်မလည်း တူတူတတ် ဆိုတဲ့ကျောင်းလေးနဲ့အတူ ဟိုးအဝေးကြီးက ကလေးအားလုံးထိ ကိုယ့်သင်ကြားမှုလေးတွေရောက်ဖို့ ရူးသွပ်စွာနဲ့ကြိုးစားနေဆဲပါ။

Photos from Tututat's post 16/05/2026

Chinese Prep&Play မှာပျော်ရွှင်စွာသင်နေကြတဲ့ ကလေးလေးတွေ။

Screentime နည်းပြီး ကလေးတွေပျော်သလို တတ်ကျွမ်းမှု ရလဒ်လည်းကောင်းအောင် သင်ကြားနေတဲ့ Chinese အတန်းလေးပါ။

အသက် (၃) နှစ်ကနေစပြီးတော့ မိဘမပါတော့တဲ့ Chinese Prep & Play အတန်းလေးဖြစ်ပါတယ်။ ဒီအတန်းလေးကတော့ ကလေးဦးရေ ပြည့်သွားပြီဖြစ်လို့ နောက်အတန်းလေးတွေအတွက် waiting list ပေးထားနိုင်ပါတယ်။

12/05/2026

ကျောင်းကားအလိုရှိပါသည်။
နွေရာသီ ကျောင်းပိတ်ရက် မရှိပြေးဆွဲနိုင်မည်ဖြစ်ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


88, Set Mhu 4th Street, Myittarnyunt, Tamwe
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00