Mayday Burma

Mayday Burma

Share

06/01/2024

လက်နက် ဘယ်နှခါ ချချ မသတ်ဘူးဟေ့

၂ ကြိမ် သုံ့ပန်းဖြစ်လဲ တော်လှန်ရေးဘက်က မသတ်ပါဘူး။ ပေါ်လစီ ရှိပါတယ်။
ရန်သူက စစ်သားရေသောက်မြစ် ခန်းခြောက်နေပါပြီ။ လက်နက်ချလို့ သုံ့ပန်းဖြစ်၊ သုံ့ပန်းဖြစ်လို့ တော်လှန်ရေးဘက်က ပြန်လွှတ်ပေးလိုက်။ ဒီလူတွေကိုပဲ စကစက လက်နက်ပြန်တပ်ပေး၊ ပြန်တိုက်ခိုင်းနေပြီ။

စိတ်မပါဘဲ မတိုက်ကြပါနဲ့။ မိသားစု လုံခြုံရေးအတွက် လက်နက်ချရတာပါလို့ ဇော်မဲလုံး ပြောပါတယ်။ ဇော်မဲလုံးတို့ မိသားစုလဲ မလုံခြုံတော့တဲ့ဘဝ မဝေးတော့ဘူး။ ဇော်မဲလုံးတို့လဲ အဆုံးမှာ လက်နက်ချကြမှာပါ။

ဒါကြောင့် အခု လက်နက်ပြန်တပ်ဆင်ပေးပြီး အတင်းအသေခံခိုင်း အတင်းအတိုက်ခိုင်းခံနေရတဲ့ စစ်သားတွေ အသေမခံကြပါနဲ့။ အမြန်သာ လက်နက်ချလိုက်ကြပါ။
သူတို့ ရှင်ဖို့ ခင်ဗျားတို့ အသေခံမနေကြပါနဲ့တော့။

ဝင်းဆောင်

10/07/2023

တပါတီတော်လှန်ရေးဟာ တပါတီအာဏာရှင်စနစ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်
ဆန်းအောင်

နိုင်ငံတော်အာဏာကို ရယူနည်း (၂) နည်းရှိတယ်၊ ရွေးကောက်ပွဲနည်းနဲ့ လက်နက်ကိုင်တိုက်ခိုက်ပြီး အာဏာရယူတဲ့နည်းပဲ။ ရွေးကောက်ပွဲနည်းမှာ အနိုင်ရပါတီက အာဏာတန်းပြီး မရသေးဘူး။ လူထုက အာဏာရလက်မှတ် ထုတ်ပေးလိုက်တာပဲ ရှိတယ်၊ အာဏာကျင့်သုံးခွင့် ပေးလိုက်တာပဲ ရှိတယ်။ လက်မှတ်ကိုင်ထားရုံ၊ ကျင့်သုံးခွင့် ရထားရုံနဲ့ နိုင်ငံတော်အာဏာကို လက်တွေ့ မကျင့်သုံးနိုင်ဘူး။ နိုင်ငံတော်ယန္တရားက ကိုယ့်လက်ထဲ မရှိဘဲ၊ ဒီယန္တရား လည်ပတ်ဖို့ နယ်မြေ မရှိဘဲ ဘယ်လိုလုပ်ပြီး နိုင်ငံတော်အာဏာကို ကျင့်သုံးမလဲ။
နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ (နိုင်ငံတော်ယန္တရားနဲ့ နယ်မြေကို လက်တွေ့ ချုပ်ကိုင်လိုက်တဲ့) စစ်တပ်ဟာ လက်နက်နဲ့ အာဏာယူသွားတာ ဖြစ်တယ်။ ဒါပေမဲ့ လူထုတော်လှန်ရေး မဟုတ်ဘဲ လူတစုရဲ့ ကိုယ်ကျိုးစီးပွားအတွက်လုပ်တဲ့ လက်နက်ကိုင်အာဏာသိမ်းပွဲဖြစ်လို့ ဖောက်ပြန်တဲ့ တန်ပြန် တော်လှန်ရေးဖြစ်တယ်။ အဖိနှိပ်ခံ လူထုလူတန်းစားရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ဓနရှင်လူတန်းစားနဲ့ လက်တဆုပ်စာ လူတစုအတွက် အာဏာရယူဖို့ ကြိုးပမ်းရင်လည်း ဖောက်ပြန်တဲ့ တန်ပြန်တော်လှန်ရေးပဲ ဖြစ်တယ်။
စစ်တပ်က ဖောက်ပြန်တဲ့ လက်နက်အားကိုး လက်နက်ကိုင်တပ်အင်အားနဲ့ အာဏာကို သိမ်းယူလိုက်တဲ့အခါ ရွေးကောက်ပွဲနည်းနဲ့ ရထားတဲ့ အနိုင်ရပါတီရဲ့ အာဏာရလက်မှတ်က စက္ကူစုတ် ဖြစ်သွားပြီ။ အဲဒီလက်မှတ်နဲ့ အာဏာမရတော့ဘူး။ အာဏာကို လက်တွေ့ မကျင့်သုံးနိုင်တော့ဘူး။ ဒါကြောင့် တော်လှန်ရေးနည်းကို ပြောင်းသုံးပြီး အာဏာရယူ၊ ထူထောင်ဖို့ ကြိုးပမ်းရင် တခြား တော်လှန်ရေး အင်အားစုတွေနဲ့ တန်းတူ ကြိုးပမ်းရလိမ့်မယ်။
တော်လှန်ရေးနည်းနဲ့ အာဏာရယူဖို့ ကြိုးပမ်းတဲ့အခါ ရွေးကောက်ပွဲနည်းနဲ့ ရထားတဲ့ အာဏာရလက်မှတ်ကို ဆုပ်ကိုင်ထားပြီး အာဏာရလာရင် ငါပဲယူမယ်၊ မရခင်မှာလည်း ငါပဲပိုင်တယ်လို့ မောင်ပိုင်စီးလို့ မရဘူး။ အာဏာရယူဖို့ တော်လှန်ရေး အင်အားစုတိုင်းက ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲဝင်နေတာပါ။ ရွေးကောက်ပွဲမှာ ပါတီအသီးသီးရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရသလိုပဲ တော်လှန်ရေးမှာလည်း တော်လှန်ရေးအဖွဲ့ အသီးသီးရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရပါတယ်။
အာဏာဆုပ်ကိုင်ထားတဲ့ စစ်တပ်အစိုးရကို ဖြုတ်ချပြီး အာဏာရယူရေး ကြိုးပမ်းတဲ့ တော်လှန်ရေး အင်အားစုတိုင်းမှာ တည်ရှိဆဲ ဖောက်ပြန်တဲ့နိုင်ငံတော်အာဏာကို တိုက်ခိုက်တော်လှန်ပိုင်ခွင့် တန်းတူရှိတယ်။ စစ်အစိုးရကို အနိုင်တိုက်နိုင်တဲ့သူ အာဏာရမှာပဲ။ တဖွဲ့တည်းက အနိုင်တိုက်နိုင်ရင် အဲဒီအဖွဲ့ အာဏာရမယ်။ နှစ်ဖွဲ့ပေါင်းပြီး အနိုင်တိုက်နိုင်ရင် နှစ်ဖွဲ့အာဏာရမယ်၊ သုံးဖွဲ့ပေါင်းပြီး အနိုင်တိုက်နိုင်ရင် သုံးဖွဲ့အာဏာရမယ်။ ရွေးကောက်ပွဲမှာ ညွန့်ပေါင်းပါတီဖွဲ့ပြီး ဝင်ပြိုင်သူတွေ ရှိသလိုပဲ တော်လှန်ရေးမှာလည်း ညွန့်ပေါင်း (တပ်ပေါင်းစု) ဖွဲ့ပြီး တိုက်သူတွေ ရှိလိမ့်မယ်။
ရွေးကောက်ပွဲမှာ တပါတီတည်း ပြိုင်မယ်လို့ လုပ်လို့ မရသလိုပဲ တော်လှန်ရေးမှာလည်း တဖွဲ့တည်းတိုက်မယ်၊ မဟာမိတ် တပ်ပေါင်းစု မဖွဲ့ဘဲ အားလုံး ငါ့လက်အောက်ခံအဖြစ် တိုက်ရမယ်လို့ လုပ်လို့ မရပါဘူး။ အဲသလိုလုပ်ရင် ဒီမိုကရေစီနည်းကျ မဟုတ်တဲ့ တပါတီစနစ်ပဲ ဖြစ်ပါလိမ့်မယ်။ တော်လှန်ရေး ကာလမှာကတည်းက တပါတီစနစ် လုပ်နေရင် တော်လှန်ရေး အောင်ပွဲရပြီးတဲ့ အခါမှာလည်း တပါတီအာဏာရှင်စနစ်ပဲ ပေါ်လာမှာပါ။ လိုချင်တာ မရခင် တွင်တွင်ပြောနေတဲ့ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့တွေဟာ ဗလာချည် စကားတွေပဲ ဖြစ်နေမှာပါ။
တော်လှန်ရေးနည်းနဲ့ အာဏာရယူဖို့ ကြိုးပမ်းတဲ့အခါ ထိုက်တန်တဲ့၊ ဖြောင့်မတ်တဲ့ အားထုတ်မှု ပြုရမယ်။ ရွေးကောက်ပွဲ အနိုင်ရဖို့ ကြိုးပမ်းသလိုပဲ တော်လှန်ရေး အနိုင်ရဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုံးပန်းတိုက်ခိုက်ရမယ်။ (စစ်အုပ်စုလို) ကိုယ်တဖွဲ့တည်း အာဏာယူချင်ရင် တဖွဲ့တည်း အနိုင်ရအောင်တိုက်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရင်၊ အာဏာ လောဘကြီးရင် ကိုယ့်ဘာသာကိုယ် တိုက်ကြည့်ပါ။ အဖိနှိပ်ခံ ပြည်သူ့ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေတဲ့ တခြား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုနဲ့ တော်လှန်ပုန်ကန်ခွင့်ကို ပိတ်ပင်တားဆီးတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်လာရင်တော့ နိုင်ငံတော်အာဏာကို ရယူနိုင်ဖို့ နေနေသာသာ နိဂုံးကောင်းမှာ မဟုတ်ပါဘူး။
တပါတီတော်လှန်ရေးကို ဆန့်ကျင်ကြ။
အဖိနှိပ်ခံ ပြည်သူ့ တော်လှန်ရေးအတွက် ပြည်သူ့တပ်ပေါင်းစုကို ထူထောင်ကြ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


35th Street
Yangon