Alliance Myanmar Insurance Services
We pride ourselves on creating and sustaining supportive relationships where objective and timely advice and services enables our clients to have their risks managed.
18/08/2021
Comprehensive Motor Insurance
for Mercedes Banz GLS 400
Thanks Our Valued Customer
ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံ
Cargo Insurance 🚛🚂✈️⛴️⚓
ကုန်ပစ္စည်းများတစ်နေရာမှတစ်နေရာသို့ သယ်ဆောင်သည့်အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း မြစ်ကြောင်း ၊ ကမ်းရိုးတန်းနှင့်
ကုန်းလမ်းခရီးတို့တွင် ရေယာဉ် ၊ မော်တော်ကားစသည်တို့ဖြင့် သယ်ယူပို့ဆောင်ရသောသော ကုန်ပစ္စည်းများနှင့် ပြည်ပနိုင်ငံများနှင့် ကုန်ပစ္စည်းများအပြန်အလှန်တင်ပို့ရောင်းချခြင်းများအတွက် အာမခံဝယ်ယူနိုင်ပါသည်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံကို
- ကုန်ပစ္စည်းပိုင်ရှင် (သို့မဟုတ်)
- ပိုင်ရှင်၏တရားဝင်ကိုယ်စားလှယ်များမှ ဝယ်ယူနိုင်ပါသည်။
အာမခံတန်ဖိုးအနေဖြင့်
-သယ်ယူသည့်ကုန်ပစ္စည်းတန်ဖိုးကိုထားရှိရပါ မည်။
အာမခံသက်တမ်းအနေဖြင့်
ပြည်တွင်းအတွက်
- ကုန်ပစ္စည်းစတင်သယ်ဆောင်သည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်လှောင်ရုံမှရောက်ရှိသည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်လှောင်ရုံအထိ ခရီးစဉ်တစ်ခေါက် နှင့်
- ပြည်ပအတွက်
ခရီးစဉ်အစမှ အဆုံးနှင့် (Transshipment)
ရှိပါက ဖေါ်ပြပေးရန် လိုအပ်ပါသည်။
အာမခံကြေး (ပရီမီယံ) အနေဖြင့်
ပြည်တွင်းတွင်
- ရေယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းအတွက် ကုန်ပစ္စည်းတန်ဖိုး၏ (၀.၁၄%) မှ (၀.၈၄%) အထိ နှင့်
- မော်တော်ယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းအတွက် ကုန်ပစ္စည်းတန်ဖိုး၏ (၀.၁၄%) မှ (၀.၈၀%) အထိ ကျသင့်ပါမည်။
ပြည်ပသို့
- သယ်ပို့ခြင်းအတွက် ကုန်ပစ္စည်းတန်ဖိုး၏ (၀.၅၆%) မှ (၀.၈၀%) အထိ ကျသင့်ပါမည်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို လူကြီးမင်းတို့၏ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကို (𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐁𝐨𝐱) သို့ ပေးပို့ပါက (𝐏𝐫𝐞𝐦𝐢𝐮𝐦) ကျသင့်နှုန်းကို တွက်ချက်ရှင်းပြပေးမည်ဖြစ်ပါသည်။
🏠 မီးအာမခံ (𝐅𝐢𝐫𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞) 🏠
လူကြီးမင်းတို့ တန်ဖိုးထားပိုင်ဆိုင်သော အိုးအိမ်၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ကုန်ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများ မတော်တဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျော်သည့် အာမခံအမျိုးအစားဖြစ်သည့် မီးအာမခံ (𝐅𝐢𝐫𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞) နှင့် မိတ်ဆက်ပေးလိုပါသည်။
မီးအာမခံထားရှိခြင်းဖြင့်
✅ အဆောက်အအုံများအတွက်
- မတော်တဆလောင်ကျွမ်းသောမီး
- အခြားမှ ကူးစက်လောင်ကျွမ်းသောမီး
- မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီးနှင့်
- အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီးများကြောင့် ပျက်စီးခြင်းတို့အတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့်အပြင်
✅ ပစ္စည်းများအတွက်
- မီးသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးခြင်း
- မီးလောင်နေသည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ်ပျက်စီးခြင်း
- မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း
- မီးလောင်မှုကြောင့် အမိုး/ ကြမ်းခင်း/ နံရံများ ပြိုကျရာမှ ပျက်စီးခြင်း
- မီးလောင်နေစဉ် အဆောက်အအုံအတွင်းမှပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးခြင်းများကို လျော်ကြေးပြန်လည်ရရှိနိုင်ပါသည်။
✅ အာမခံသက်တမ်းအနေဖြင့်
- အနည်းဆုံး (၁၀) ရက်မှ
- အများဆုံး (၁) နှစ်အတွက် ဝယ်ယူနိုင်ပါသည်။
✅ မီးအာမခံကြေး (𝐏𝐫𝐞𝐦𝐢𝐮𝐦) ကို
- အဆောက်အအုံအမျိုးအစား
- အဆောက်အအုံကို အသုံးပြုပုံနှင့်
- ပတ်ဝန်းကျင်အခြေအနေပေါ်တွင် မူတည်၍ တွက်ချက်ပါသည်။
✅ မီးအာမခံနှင့်အတူ
- အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု
- လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း
- ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးခြင်း
- မြေကျွံခြင်း၊ မြေပြိုခြင်း
- မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း
- ပေါက်ကွဲပျက်စီးမှု
- အလိုအလျောက်မီးစွဲလောင်မှု
- လေပြင်းမုန်တိုင်းအမျိုးမျိုး
- ရေကြီးခြင်း၊ ရေလျှံခြင်း
- ဖောက်ထွင်းခိုးယူမှုနှင့်
- စစ်ဘေးအန္တရာယ်တို့အတွက် အပိုအကာအကွယ်များကိုလည်း ထပ်မံဝယ်ယူနိုင်ပါသည်။
မီးအာမခံနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
37 A Thazin Street
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |