INNO
24/01/2020
1.ပုံမှန် အခြေအနေ
2.အရေးပေါ် အခြေအနေ
Ref: Ko Chaw
======================================
Fire Sprinklers ကို ယနေ့ခေတ် သန်း၄၀ကျော်ခန့် ကမ္ဘာတဝှမ်းမှာ အသုံးပြုခဲ့ပြီးဖြစ်ပြီး မီးလောင်မှုအခြေအနေတိုင်းမှာ ၉၉% ထိန်းချုပ်ပေးနိုင်တာကတော့ Fire Sprinkler system ပဲဖြစ်ပါတယ်။
Fire Sprinkler system အခြေခံအလုပ်လုပ်ပုံများမှာ
1.ပုံမှန် အခြေအနေ
◦Pipe တွေ ထဲမှာ Pressure နဲ့ ရေဖြည့်ထားပါတယ်။ ရေယိုစိမ့်တဲ့ အခါ ဒီ Pressure ကိုထိန်းထား နိုင်ဘို့ အတွက် Pressure Maintenance Pump (Jockey Pump)က အလိုလို အလုပ်လုပ် နေပါမယ်။
2.အရေးပေါ် အခြေအနေ
◦တစ်နေရာရာ မှာ မီးလောင်တဲ့ အခါ အဲဒီ့နေရာ မှာ အပူချိန် တက်လာပါပြီး နီးစပ်ရာ Sprinkler Head ကို ကွဲစေပါမယ်။ အဲဒီ့ ကွဲသွားတဲ့ Sprinkler ကနေ ရေတွေ ပန်းထွက်လာပါမယ်။
◦ဒီအခါ ဒီ Sprinkler ကို ပေးထားတဲ့ Pipe Network ထဲမှာ ရေစီးပါမယ်။ Pressure လည်းကျလာပါမယ်။
◦ရေစီးတဲ့အတွက် ဒီ Pipe Network နဲ့သက်ဆိုင်တဲ့ Flow switch ကနေ Fire Alarm Signal ပေးပါမယ်။ (ဒီ Signal က ဆက်ထားတဲ့ Fire Alarm System ကိုသွားပြီး အခြား Emergency Systems တွေ ကို Automatically Activate လုပ်ပါမယ်။
◦Pressure ကျလာတဲ့ အခါ Sprinkler Control (Alarm) Valve အလုပ်လုပ် ပါမယ်။ ရေအားနဲ့ အလုပ်လုပ် တဲ့ Alarm Gong က နေ မီးလှန့်သံချောင်း သံ (ခေါင်းလောင်းအဆက်မပြတ် တီး) ပါလိမ့်မယ်။
◦ဒီလို Sprinkler ကွဲလို့ System Pressure ကျလာရင် Duty Pump က ချက်ချင်း (30s အတွင်း) အလိုလို Automatically Operate လုပ်ရပါမယ်။ Duty Pump က အကြောင်းတစ်ခုခု ကြောင့် Operate မလုပ်နိုင်ပဲ Fail ဖြစ်ခဲ့ရင် Standby Pump က အလိုလို တာဝန်လွှဲ ယူရပါမယ်။ ဒီလို အခြေအနေ တွေ ကိုရဘို့ အတွက် Control Panel (/w Emergency Power Supply) ကို ဒီဇိုင်း လုပ်ထားရပါတယ်။
◦Storage Tank (1)က မီးသတ်ဘို့ လိုအပ်တဲ့ ရေပမာဏ ကို သိုလှောင်ထား ရပါတယ်။
◦လိုအပ်ရင် Fire Engine (မီးသတ်ကား) ကနေ Sprinkler System ထဲကို အပြင်ကနေ ရေဖြည့်ခွင့်ရအောင် မီးသတ်ကား ဝင်လို့ လွယ်တဲ့ နေရာ အဆောက်အအုံ ရဲ့ အပြင်ဘက် မှာ Breeching Inlet ကို ထားပေးရပါတယ်။
အဆောက်အအုံ တစ်ခု အတွက် အရေးကြီး တဲ့ အချက် ကတော့ မီးကြောင့် လူတွေ အနာတရ ဖြစ်ရတာ၊ အသက်ဆုံးရှုံးရတာ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးရတာ တွေကို တတ်နိုင်သမျှ ကာကွယ်နိုင်ဘို့ လိုအပ်ပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ မှာ အဆောက်အအုံ တွေ အတွက် Fire Protection Systems တွေ ကလည်း မပါမဖြစ် အဓိက လိုအပ်ချက် အနေ နဲ့ ပါဝင်ပါတယ်။
Fire Sprinkler System သည်လည်း Fire Protection system တွေထဲမှာ တစ်ခုအပါအဝင်ပဲမို့ လူကြီးမင်းတို့၏ တိုက်တာ အဆောက်အဦးများ မီးဘေးအန္တရယ်မှ ကင်းဝေးအောင် Inno မှ တာဝန်ယူကူညီပေးနိုင်ပါသည်။ Fire Alarmနဲ့ပက်သက်လျင် Inno ကိုသတိရပေးပါ.... ။
ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက - 09 889 57 58 57 , 09 51 60 702 , 09 79 62 63 487 များသို့ဆက်သွယ်မေးမြန်းနိုင်သလို Page ရဲ့chat box တွင်လာရောက်မေးမြန်းနိုင်ပါသည်ခင်ဗျား ..... ။
Ref: Ko Chaw
21/01/2020
မီးဘေးအန္တရာယ်မှ စိတ်ချလုံခြုံစွာ ကင်းလွတ်အောင်
ကြီးမားသည့် အဆောက်အဦများတွင် ဆောင်ရွက်နိုင် စီမံထားနိုင်သည့်
မီးဘေးအန္တရာယ် ကာကွယ်ရေး နည်းလမ်းများ
🔻 မီးစတောက်ခြင်း မဖြစ်အောင်ကာကွယ် (𝙩𝙤 𝙥𝙧𝙚𝙫𝙚𝙣𝙩 𝙞𝙜𝙣𝙞𝙩𝙞𝙤𝙣)
➡️ မီးပွင့်၊ မီးတောက်များ ဖြစ်နိုင်သည့်အရာများကို ထိန်းချုပ်ပါ။
➡️ လျှပ်စစ်ပစ္စည်းများ ၊ မီးဖိုများ ၊ ဆေးလိပ်မီးများ ၊ စက်များ စသည်တို့ မှ မီးပွင့် မီးတောက်များ မဖြစ်ပေါ်အောင် ထိန်းချုပ်ပါ။
🔻 မီးတောက် မကြီးထွားအောင် ထိန်းချုပ်ပါ။(𝙩𝙤 𝙘𝙤𝙣𝙩𝙧𝙤𝙡 𝙛𝙞𝙧𝙚 𝙜𝙧𝙤𝙬𝙩𝙝)
➡️ ပစ္စည်းများကို စနစ်တကျ သိုမှီးသိမ်းဆည်းခြင်းဖြင့် မီးလောင်နိုင်သည့် အရာများကို ထိန်းချုပ်ပါ။
➡️ လောင်စာဖြစ်နိုင်သည့် အရာများကို ဖယ်ရှားခြင်းဖြင့် သို့မဟုတ် လောင်စာပမာဏကို နည်းနိုင်သမျှ နည်းအောင် ကန့်သတ်ခြင်းဖြင့် ထိန်းချုပ်ပါ
➡️ မျက်နှာကြက်၊ နံရံ စသည်တို့ကို မီးမတောက်လောင်နိုင်သည့် အရာများဖြင့် ပြုလုပ်ပါ။ ကာရံထားပါ။ သို့မဟုတ် အလှဆင်ထားပါ။
➡️ 𝘏𝘰𝘴𝘦 𝘳𝘦𝘦𝘭 များ တပ်ဆင်ထားပါ။ မီးသတ်ဘူး(𝘧𝘪𝘳𝘦 𝘦𝘹𝘵𝘪𝘯𝘨𝘶𝘪𝘴𝘩𝘦𝘳) များ ဆောင်ထားပါ။
➡️ Sprinkler သို့မဟုတ် တခြားသော မီးငြိမ်းသတ်သည့် စနစ်များတပ်ဆင် ထားပါ။
➡️မီးငြိမ်းသတ်ရန်အတွက် ရေများ သိုလှောင်ထားပါ။ အလွယ်တကူ ရရှိအောင် စီမံထားပါ။
🔻မီးခိုးများ မပျံ့လွင့်အောင်ထိန်းချုပ်ပါ။(𝘁𝗼 𝗰𝗼𝗻𝘁𝗿𝗼𝗹 𝘀𝗺𝗼𝗸𝗲 𝘀𝗽𝗿𝗲𝗮𝗱)
➡️မီးခိုးများ မထိုးဖောက် မဝင်ရောက်နိုင်သည့် တံခါးများ(smoke-stop door)များ တပ်ဆင်ထားပါ။ မီးခိုးများ မဝင်ရောက်နိုင်သည့် အခန်း(smoke-stop lobby)များ ထားရှိပါ။
➡️တံခါးများ ပိတ်ထားပါ။ ဖွင့်ရန်မလိုသည့် တံခါးများကို ပိတ်သည့် အနေအထားတွင် ဖြစ်အောင်ထားပါ။
➡️ကေဘယ်များ၊ ပိုက်များ ဖြတ်သွားသည့် နံရံမှ အပေါက်များကို ပိတ်ဆို့ ကာကွယ်ပါ။
➡️မီးခိုးများ စုဝေးနေစေမည့်နေရာ သို့မဟုတ် မီးခိုးများ ရှိနေနိုင်မည့်နေရာများ
➡️Smoke detector များ နှင့် duct များ အတွင်း၌ smoke damper များ တပ်ဆင်ထားရမည်။
➡️HVAC system များတွင် automatic control တပ်ဆင်ထားရမည်။
➡️လှေကားများအတွင်း၌ တခြားနေရာမှ မီးခိုးများ မဝင်ရောက်နိုင်အောင် လေဖိအားအနည်းငယ် မြှင့်ထားရမည်။
➡️မီးခိုးများ ဖြစ်ပေါ်မှု၊ ပျံ့လွင့်မှု နည်းစေရန် sprinkler များ အသုံးပြုရမည်။
🔻အဆောက်အဦအတွင်း မီးတောက်မီးလျှံများ ကူးစက်ပျံ့နှံ့မှု မဖြစ်စေရန် ကန့်သတ်(𝘁𝗼 𝗹𝗶𝗺𝗶𝘁 𝗳𝗶𝗿𝗲 𝘀𝗽𝗿𝗲𝗮𝗱 𝘄𝗶𝘁𝗵𝗶𝗻 𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴) ထားပါ။
➡️မီးဒဏ်ခံနိုင်သည့်နံရံများ နှင့် ကြမ်းခင်းမျ ပြုလုပ်၍ အကန့်များ ဖြစ်အောင် ပိုင်းခြားထားရမည်။
➡️တံခါးများ ပိတ်နေကြောင်း သေချာစေရန် အစီအမံများ ပြုလုပ်ထားရမည်။
➡️ဒေါင်လိုက်၊ တိုးလျှိုပေါက်ဖြစ်နေသည့် နေရာများ၌ မီးခိုးများ၊ မီတောက်များ ကူးစက်နိုင်သောကြောင့် ထိန်းချုပ်(control လုပ်) ထိန်းချုပ်မှုများ ပြုလုပ်ရမည်။
➡️အပေါက်များအားလုံးကို ပိတ်ဆို့ထားရမည်။
➡️ Shaft များ၊ duct များအတွင်း၌ fire damper များ တပ်ဆင်ထားရမည်။
➡️ပြင်ပနှင့် ထိစပ်နေသည့် ပြူတင်းပေါက်များ အရွယ်အစားနှင့် ပုံဏ္ဌာန်ကို ကန့်သတ်ထားရမည်။
➡️Sprinkler များတပ်ဆင်၍ မီးတောက်ကို ထိန်းချုပ်ရမည်။
🔻အနီးရှိ တခြားအဆောက်အဦများဆီသို့ မီးများ မကူးစက် မပျံ့ပွားစေရန်အတွက် ကာကွယ်ဟန့်တားခြင်း(𝘁𝗼 𝗽𝗿𝗲𝘃𝗲𝗻𝘁 𝗳𝗶𝗿𝗲 𝘀𝗽𝗿𝗲𝗮𝗱 𝘁𝗼 𝗼𝘁𝗵𝗲𝗿 𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴𝘀)
➡️ပြတင်းပေါက်အရွယ်အစားနှင့် မှန်အမျိုးအစားကို ကန့်သတ် ထားရမည်။
➡️အဆောက်အဦ နှစ်ခုအကြားတွင် လုံလောက်သည့်နေရာ အကွာအဝေးထား၍ ပိုင်းခြားထားရမည်။
➡️ပြင်ပနံရံများ၏ တောင့်တင်းခိုင်မာမှု သေချာအောင် တည်ဆောက်ထားရမည်။
➡️အပူကြောင့် မှန်များ မကွဲပျက်အောင် စီမံထားရမည်။
➡️အဆောက်အဦအနီးဘေးတွင် car park များကို အတားအဆီး အဟန့်အတားဖြစ် တည်ဆောက် ပိုင်းခြား ထားရမည်။
🔻လွတ်မြောက်ရန်လမ်းများ(𝙈𝙚𝙖𝙣𝙨 𝙤𝙛 𝙚𝙨𝙘𝙖𝙥𝙚)
➡️လွတ်မြောက်ရန်လမ်းများတွင် detector များနှင့် fire alarm system တပ်ဆင်ထား ရမည်။
➡️လုံလောက်သည့် လွတ်မြောက်ရန်လမ်းကြောင်းများ ထားရှိ ပေးရမည်။
➡️အလွန်ကြီးမားရှုပ်ထွေးသည့် အဆောက်အဦများတွင် Public Address (PA) တပ်ဆင်ထားရမည်။
🔻𝙀𝙢𝙚𝙧𝙜𝙚𝙣𝙘𝙮 𝙒𝙖𝙧𝙙𝙚𝙣 𝙄𝙣𝙩𝙚𝙧𝙘𝙤𝙢𝙢𝙪𝙣𝙞𝙘𝙖𝙩𝙞𝙤𝙣 𝙎𝙮𝙨𝙩𝙚𝙢𝙨 (𝙀𝙒𝙄𝙎)
➡️လွတ်မြောက်ရန်လမ်းများသည် လုံလောက်အောင် ကျယ်ဝန်းရမည်။
➡️တစ်ဖက်ပိတ်လမ်းများ၊ စက်ဝိုင်းကဲ့သို့ မဆုံးနိုင်သည့်လမ်းများကို ကန့်သတ်ထားရမည်။
➡️လမ်းပြ အမှတ်အသားများနှင့် အရေးပေါ် မီးရောင်များ ထားရှိပေးရမည်။
➡️အဆောက်အဦမှ ထွက်ခွာရန်လမ်းများ၊ လုပ်ငန်းစဉ်များကို ပုံမှန်လေ့ကျင့်ရမည်။
➡️Fire alarm activate ဖြစ်သည့်အခါ တံခါးများ ဖွင့်ထားပေးရမည်။
➡️လွတ်မြောက်ရန်လမ်းများတွင် ပစ္စ္စည်းများ ပိတ်ဆို့ထားခြင်းမရှိစေရ။
🔻မီးသတ်သမား၊ ကယ်ဆယ်ရေးသမားကို ကူညီပံ့ပိုးပေးခြင်း(𝙁𝙖𝙘𝙞𝙡𝙞𝙩𝙖𝙩𝙚 𝙧𝙚𝙨𝙘𝙪𝙚 𝙨𝙚𝙧𝙫𝙞𝙘𝙚 𝙤𝙥𝙚𝙧𝙖𝙩𝙞𝙤𝙣𝙨)
➡️မီးလောင်လျှင် မီးသတ်ဌာနသို့ တိုက်ရိုက် အလိုအလျောက် အကြောင်းကြားပေးနိုင်အောင် ပြုလုပ်ထားရမည်။
➡️မီးလောင်နေသည့် နေရာကို ဖော်ပြရန် index panel သို့မဟုတ် annunciator panel များ တပ်ဆင်ထားခြင်း
➡️လောင်နိုင်သည့်မီးအမျိုးအစား၊ မိမိ အဆောက်အဦးနှင့် သင့်လျော်သည့် detector များကို စည်းမျဉ်း စည်းကမ်းများအတိုင်း တပ်ဆင်ထားပါ။
➡️မီးငြိမ်းသတ်သည့် ကိရိယာများ ထားရှိရမည်။
➡️မီးဒဏ်ခံနိုင်သည့် လမ်းများ၊ မီးသတ်သမားများ အဆောက်အဦအတွင်းသို့ ဝင်ရောက်ရန်၊ လူများ ထွက်ခွာရန် နေရာများ ထားရှိပါ။
➡️မီးသတ်သမားသုံး ဓာတ်လှေကားများ ထားရှိရမည်။
➡️Fire control room သို့မဟုတ် Fire Command Center(FCC) ထားရှိရမည်။
➡️မီးသတ်ရေ ရရှိနိုင်မှု စစ်ဆေးရမည်။
➡️င်္Fire hydrant များ အနီးအနားတွင် ရှိနေအောင် တပ်ဆင်ထားပါ။
➡️အဆောက်အဦအတွင်း riser main များ တပ်ဆင်ထားရမည်။
Credit : Kaung Htet Nyunt
11/01/2020
🧯မီးဖိုချောင် ၊ ယာယီစခန်း ၊ ကားဂိုဒေါင် ၊ ရုံးခန်း ၊ လှေ ၊ ကား ၊ အဆောင် ၊ သဘောင်္ ၊ ၀ပ်ရှော့ နေရာများတွင် လွယ်လင့်တကူ အသုံးပြုနိုင်ပါသည်
🧯သေးငယ်ပြီး ထိရောက်သော မီးသတ်ဆေးဘူးတစ်မျိုး 🧯
🧯မီးဖိုချောင် ၊ ယာယီစခန်း ၊ ကားဂိုဒေါင် ၊ ရုံးခန်း ၊ လှေ ၊ ကား ၊ အဆောင် ၊ သဘောၤ ၊ ဝပ်ရှော့ နေရာများတွင် လွယ်လင့်တကူ အသုံးပြုနိုင်ပါသည်
🧯အရွယ်အစားပေါ့ပါးသေးငယ်ပြီး အလွယ်တကူအသုံးပြုနိုငသော Spray (စပရေး) ဘူးအမျိုးအစားဖြစ်ပါသည်။
🧯Liquid type (အရည်) အမျိုးအစားဖြစ်သောကြောင့် အသုံးပြုပြီးပါက အလွယ်တကူ ပြန်လည်သန့်ရှင်းနိုင်ပါသည်။
🧯သာမန်မီးသတ်ဆေးဘူးများထက် ၄ဆ ပိုမိုကြာရှည်စွာ ဖြန်းပက်နိုင်သောကြောင့် မီးငြိမ်းသတ်ရန် အချိန်ပိုမိုရရှိပါသည်။
🧯အိမ်တွင်းမီးအမျိုးမျိုး ၊ ဟင်းချက်ဆီမှ လောင်ကျွမ်းသော မီးအမျိုးမျိုး ၊ လျှပ်စစ်မီးအမျိုးမျိုစသည့် မီးအမျိုးအစားများကို း ထိရောက်စွာငြိမ်းသတ်ပေးနိုင်သော မီးသတ်ဆေးဘူးတစ်မျိုးဖြစ်ပါသည်။
🧯အစဉ်တစိုက် ဝယ်ယူအားပေးကြသော Customer များအတွက် နှစ်သစ်အထူး Promotion အနေဖြင့် ***၂၁,၀၀၀ ကျပ်***တည်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ၅ဘူးနှင့်အထက်မှာယူပါက အိမ်အရောက်ပို့ဆာင်ပေးသွားမှာဖြစ်လို့ မိမိအိမ်ခန်း ၊ ရုံးခန်းနှင့် လုပ်ငန်းတွေမှာ သုံးစွဲဖို့လိုအပ်လာပြီဆိုရင် 09 796263487, 09 889575857 ကိုဖုန်းနံပါတ်များသို့ဆက်ပြီး မှာယူလိုက်ပါနော်
New Year မှာဈေးတန်တန်လေးနဲ့ ဝယ်ယူအသုံးပြုနိုင်ပြီး ကိုယ်တိုင်သွားရောက်ဝယ်ယူချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့ Pro1 Home Center တွေကိုလည်ရင်း ပတ်ရင်းနဲ့ ဝင်ရောက်ဝယ်ယူနိုင်ပါတယ်လို့ သတင်းကောင်းလေးပါးလိုက်ပါတယ် ..... ။
01/01/2020
🎊 Happy New Year 2020 🎊
စီးပွား လာဘ်လာဘများတိုးပွားပြီး ကြံတိုင်းအောင် ဆောင်တိုင်းရ
ဘာလုပ်လုပ်အဆင်ပြေသော သူများဖြစ်ကြပါစေ ........
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |