Max Myanmar Group

Max Myanmar Group

Share

Max Myanmar Co., Ltd is principally engaged in the business of trading, mainly in the supply of private and commercial vehicles and heavy machinery. The Company is the sole agent in Myanmar which distributes the Japanese brand of generators “Airman”. In the construction sector, the Company participated in the project of constructing three sports centre, two in Nay Pyi Daw and one in Mandalay, for

30/04/2026

မေလ (၁) ရက် ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လုပ်ငန်းခွင်အသီးသီး၌ မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားများဖြင့် နိုင်ငံတော်နှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကိုယ်စီ ထမ်းဆောင်နေကြသည့် အလုပ်သမားကြီးများအားလုံးကို Max Myanmar Group မိသားစုမှ လှိုက်လှဲစွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။

အလုပ်သမားထုတစ်ရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မိမိတို့၏ ဘဝပန်းတိုင်များကို အောင်မြင်စွာ တက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။"

21/04/2026

ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်များတဖြည်းဖြည်း မြင့်တက်လာနေသော သက်ရောက်မှုထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ မိုးလေဝသ ခန့်မှန်းချက်တွေအရ အချို့ဒေသတွေမှာ နေ့အပူချိန်တွေ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ နေရောင်အောက်မှာ အလုပ်လုပ်ရသူတွေအတွက် အရေးကြီးဆုံးက အပူဒဏ်ကို ကာကွယ်ပြီး ကိုယ်ခန္ဓာကို အေးမြစေဖို့ လိုအပ်တာကြောင့် အောက်ပါအချက်တွေက အထူးလိုက်နာရန်လိုပါတယ်။

💧 ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်ပါ

ရေကို များများ၊ မကြာခဏ သောက်ပါ (မဆာချိန် သောက်တာက ပိုကောင်းပါတယ်)။
အပူချိန်ပြင်းတဲ့အခါ ဓာတ်ဆားပါဝင်တဲ့အရည်တွေက ပိုအသုံးဝင်ပါတယ်။ (သွေးတိုးရောဂါရှိသူများ သတိထား သောက်သုံးသင့်ပါတယ်)

👕 သင့်တော်သော အဝတ်အစားများကို ရွေးချယ်ပါ

ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေ ဝတ်ပါ။
အရောင်ဖျော့ (အဖြူ၊ အပြာဖျော့) တွေက နေရောင်ပြန်ပြီး အေးမြစေပါတယ်။
ဦးခေါင်းကို ဦးထုပ်၊ ပဝါ တို့ဖြင့် ကာကွယ်ပါ။

🕶️ ပြင်းထန်သော နေရောင်ခြည်မှ ကာကွယ်ပါ

နေရောင်ပြင်းထန်တဲ့အချိန် (၁၂နာရီ–၃နာရီ) အတွင်း အလုပ်ကို လျှော့ချနိုင်ရင် လျှော့ပါ။
နေရောင်ကာလိမ်းဆီ (Sunscreen ) အသုံးပြုပါ။

⏱️ အနားယူချိန် ထားရှိပါ

အလုပ်ချိန်ကြားထဲမှာ မကြာခဏ အရိပ်ရသောနေရာမှာ ခေတ္တခဏ အနားယူပါ။
ရေများများသောက်ပြီး ခန္ဓာကိုယ်အပူလျော့အောင် လုပ်ဆောင်ပါ။

⚠️ အပူလွန်ကဲမှုကို သတိထားပါ

Heatstroke လက္ခဏာ — မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးမထွက်တော့ခြင်း
ဒီလိုလက္ခဏာတွေရှိလာရင် ချက်ချင်း အနားယူပြီး ဆေးကုသမှု ခံယူဖို့လိုပါတယ်။

🥗 ရေဓာတ်ပြည့်ဝသော အစားအစာများ စားပါ

အသီးအနှံများ (သံပုရာရည်၊ ဖရဲသီး) စားသုံးပြီး ရေဓာတ်ဖြည့်တင်းပါ။
အရမ်းအဆီများတဲ့အစားအစာတွေကို လျှော့ပါ။

အထက်ပါ အချက်တွေကို အထူးဂရုစိုက် လိုက်နာခြင်းဖြင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ထိခိုက်မှုတွေကို လျှော့ချပြီး Heatstroke ဖြစ်ခြင်းမှ ကာကွယ်နိုင်စေဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

16/04/2026

နှစ်သစ်မှာ ဘေးဥပဒ်အပေါင်းမှ ကင်းဝေးပြီး၊ လိုအင်ဆန္ဒများ ပြည့်ဝကာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း Max Myanmar Groupမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


123, Alan Pya Pagoda Road, Dagon Township
Yangon
DAGON.

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30