MTEC

MTEC

Share

13/04/2026

🌊 နွေဦးရဲ့ သင်္ကြန်လေပြေနဲ့အတူ ရောက်ရှိလာတဲ့ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် အတာသင်္ကြန် အခါသမယမှာ -
မိဘများနှင့် ကျောင်းသား/သူများအားလုံး ဘေးဘယာဝေးကွာ စိတ်ချမ်းသာပြီး ပျော်ရွှင်ဖွယ်ရာ နှစ်သစ်တစ်နှစ် ဖြစ်ကြပါစေ။ နှစ်ဟောင်းမှ ပင်ပန်းနွမ်းနယ်မှု မှန်သမျှကို အတာရေနဲ့ ဆေးကြောပက်ဖြန်းပြီး အောင်မြင်မှုအသစ်၊ ကောင်းမွန်သော ရလဒ်အသစ်တွေနဲ့ ထွန်းလင်းတောက်ပတဲ့ အနာဂတ်လမ်းခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။ ❤️

ကျက်သရေအဖြာဖြာနဲ့ ပြည့်စုံတဲ့ နှစ်သစ်အခါသမယမှာ စိတ်သစ်၊ ကိုယ်သစ်နဲ့ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း MTEC မှ အလေးအနက် ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ 💗

🙏🏻 နှစ်သစ်မှာ အေးချမ်းသာယာပြီး အောင်မြင်မှုအပေါင်း ခံစားရရှိကြပါစေ။ 🙏🏻

10/04/2026

📣 သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း 📣

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၏ မဟာသင်္ကြန်အချိန်အခါ ကျရောက်ရာ

🔹 ဧပြီလ ( ၁၁ ) ရက်နေ့ မှ ဧပြီလ ( ၁၉ ) ရက်နေ့ အထိကို

“နှစ်သစ်ကူးရုံးပိတ်ရက်” အဖြစ် သတ်မှတ်ထားသည့်အတွက် ဧပြီလ ( ၂၀ ) ရက်နေ့မှသာ လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင့်။ 💗

ပျော်ရွှင်စရာ ကြည်နူးဖွယ်ရာ မင်္ဂလာနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ 💐

22/01/2026

Singapore 🇸🇬 နိုင်ငံမှာ Diploma in Business Management တက်ရောက်မယ့် ကျောင်းသားလေး ဗီဇာ အောင်မြင်ပြီး ဒီနေ့ပဲ Singapore ကို ချောချောမွေ့မွေ့ ရောက်ရှိပါပြီ ခင်ဗျာ..

MTEC ကနေတဆင့် ကျောင်း နှင့် ဗီဇာ ဝန်ဆောင်မှု အစအဆုံး ယုံကြည်စွာ အပ်နှံတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ 😊

Singapore 🇸🇬 မှာ ကျောင်းတက်ဖို့ MTEC ကနေ လျှောက်ထားနိုင်ကြောင်း သတင်းကောင်း ပါး့ါရစေ ခင်ဗျာ 😊

23/12/2025

Study in Malaysia with UCSI Scholarship

🇲🇾 အရှေ့တောင်အာရှမှာ QS Ranking ဝင် တက္ကသိုလ်အများအပြားရှိတဲ့နိုင်ငံကတော့ မလေးရှားနိုင်ငံပါပဲ။ အဲ့ဒါကြောင့် မလေးရှားဟာ အထက်တန်းပြီးကျောင်းသားတွေအနေနဲ့ Higher Study အတွက်မဖြစ်မနေစဉ်းစားကြတဲ့ နိုင်ငံဖြစ်နေတာပါ။
မြန်မာကျောင်းသားတွေဘက်ကကြည့်မယ်ဆိုရင်လည်း စရိတ်စကသက်သာပြီး၊ ပညာရေးမြင့်မားတဲ့ နိုင်ငံလို့လည်းပြောလို့ရပါတယ်။

👉 ဒီထဲမှာမှ UCSI ဟာ အရှေ့တောင်အာရှရဲ့ Top 10 ထဲမှာရှိသလို၊ ပညာသင်ဆုများစွာပေးအပ်တဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။

🔶 UCSI ရဲ့နာမည်အပြည့်အစုံကတော့ University College Sedaya International ပါ။

UCSI ရဲ့ အဓိကအားသာချက်ကတော့ မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလမ်ပူမှာရှိတာပါပဲ။ Vibrant City ဖြစ်တဲ့အလျောက် ယဉ်ကျေးမှုစုံလင်ပြီး၊ နိုင်ငံတကာကျောင်းသားတွေအတွက် အခွင့်အလမ်းတွေအများကြီးရှိပါတယ်။

ပြီးတော့ နိုင်ငံပေါင်း ၁၂၀ ကျော်က ကျောင်းသားတွေရှိတာမလို့ Multiculturalism ကို မျက်မြင်တွေ့ကြုံနိုင်မှာပါ။ မျက်စိကျစရာအချက်ကတော့ Employability Rate အတော်မြင့်တာပါပဲ။ STEM Major နဲ့ကျောင်းပြီးထားတဲ့သူတွေဆို လုပ်ငန်းခွင်တိုက်ရိုက်ဝင်ရောက်လို့ရနိုင်တဲ့အထိ အခွင့်အလမ်းတွေရှိပါတယ်။

UCSI မှာ
📌 Foundation Program
📌 Diploma
📌 Bachelor’s Degree
ဆိုပြီး အဓိက Program သုံးခုရှိပါတယ်။

👉 GED, IGCSE O Level, G-12.
ဒါတွေပြီးထားတဲ့ကျောင်းသားတွေဆိုရင် Foundation ခံပြီး Bachelor တန်းကိုတိုက်ရိုက်တက်တာဟာ အကောင်းဆုံး Option ဖြစ်မှာပါ။

Foundation Year က များသောအားဖြင့် တစ်နှစ်ကြာတတ်ပြီး၊ Bachelor’s Degree ကတော့ သုံးနှစ်ကြာနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွေဆိုရင် ငါးနှစ်အထိကြာနိုင်ပါတယ်။

Arts, Business မေဂျာတွေ၊ STEM မေဂျာတွေ၊ ရွေးချယ်စရာတွေကတော့ အများကြီးပါပဲ။ Bachelor ပြီးရင်လည်း Master’s Degree ကို တခါတည်းဆက်တက်လို့ရပါသေးတယ်။

🏆 UCSI ဟာ ပညာသင်ဆုတွေနဲ့ပတ်သက်ရင် အတော်ရက်ရောတယ်ပြောရပါမယ်။

📌 Merit Scholarship - ကျောင်းသားတွေရဲ့ Academic Performance အပေါ်မူတည်ပြီးပေးတဲ့ ပညာသင်ဆု
📌 Pre-U Scholarship (Foundation Programs)
📌 Education Grant - ပညာသင်ဆုမှာအရွေးချယ်မခံရရင် Grant ကို ထပ်ပြီးလျှောက်လို့ရ
📌 Financial Assistance
စတဲ့ပညာသင်ဆုတွေကို လျှောက်ထားလို့ရပါတယ်။

၂၀၂၆ မှာတက်ဖို့ရည်ရွယ်ထားရင် UCSI ကိုလျှောက်ထားခွင့် စုစုပေါင်းသုံးကြိမ်ရှိပါတယ်။
📌 January
📌 May
📌 September

🔶 အခုလာမဲ့ January Intake အတွက် Deadline က January 29 ကနေ February 4 ရက်နေ့အထိဖြစ်ပါတယ်။

👉 အဲ့တော့ ‌Application ကာလအမီ လျှောက်ထားဖို့ဆိုရင် အခုတည်းက လိုအပ်တဲ့စာရွက်စာတမ်းတွေကြိုပြင်ထားဖို့လိုပါလိမ့်မယ်။

ဘာတွေကြိုပြင်ထားရမလဲ၊ ဘာတွေလိုအပ်လဲ အသေးစိတ်သိချင်ရင် MTEC ကိုပဲဆက်သွယ်လိုက်ပါ။ Application Process ကို ခေါင်းအစခြေအဆုံးတာဝန်ယူပေးသွားပါ့မယ်။
အဲ့ဒါအပြင် ဘယ်မေဂျာရွေးရမလဲ၊ ကိုယ့်မှာရှိတဲ့ Qualification တွေက ဘာနဲ့ကိုက်ညီလဲ ဒါတွေကိုအ‌သေးစိတ်ရှင်းပြပေးမဲ့ Free Consultation ယူလို့လည်းရပါသေးတယ်။

UCSI က မလေးရှားရဲ့ အကောင်းဆုံးကျောင်းတွေထဲကတစ်ခုမလို့၊ ‌Application Deadline အမီလျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 💯
__________

Contact Info:
📞 09 452 777 507, 09 452 777 508
📍 No. 73, 3AB Corner of Ma Poe & Myaynigone Zay Street, Sanchaung, Yangon 1111
_______________________________

(English Version)

🇲🇾 Malaysia is one of the Southeast Asian countries with many universities ranked in the QS World University Rankings. Because of this, Malaysia has become a popular destination for high school graduates who are planning to pursue the next level of their education.
For Myanmar students, Malaysia is widely considered a country that offers high-quality education with relatively affordable costs.

👉 Among them, UCSI University stands out as a university that is ranked within Southeast Asia and is also known for offering various scholarship opportunities to students.

🔶 UCSI stands for “University College Sedaya International.”

One of its main advantages is its location in Kuala Lumpur, the capital city of Malaysia. As a vibrant city, Kuala Lumpur offers cultural diversity and many opportunities for students.

In addition, UCSI has students from over 120 countries, allowing students to experience true multiculturalism firsthand. Another highlight is its strong graduate employability, especially for students from STEM majors, who have opportunities to enter the workforce soon after graduation.

At UCSI, the main academic programs include:
📌 Foundation Programs
📌 Diploma Programs
📌 Bachelor’s Degree Programs

👉 Students who have completed GED, IGCSE O Level, or G-12 are strongly encouraged to take a Foundation program first, then progress to a Bachelor’s Degree.

The Foundation program typically lasts one year, while a Bachelor’s Degree usually takes three years to complete. For medical-related programs, the duration can be up to five years.

UCSI offers a wide range of majors, including Arts, Business, and STEM fields. After completing a Bachelor’s Degree, students may also continue directly to a Master’s Degree.

UCSI is known for being generous when it comes to scholarships and financial support.

📌 Merit Scholarship – awarded based on academic performance
📌 Pre-University Scholarship (for Foundation programs)
📌 Education Grant – students who are not selected for scholarships may still apply for grants
📌 Financial Assistance

For students planning to enroll in 2026, UCSI has three intakes:
📌 January
📌 May
📌 September

🔶 For the upcoming January intake, the application deadline is between January 29 and February 4.

👉 Therefore, students are advised to prepare the required documents early in order to apply within the application period.

For detailed information on required documents and application procedures, please contact MTEC. We provide full support from the beginning to the end of the application process. In addition, students can receive free consultation on program selection and qualification assessment.

As UCSI is one of Malaysia’s leading universities, we strongly encourage students to apply before the application deadline. 💯
__________

Contact Info:
📞 09 452 777 507, 09 452 777 508
📍 No. 73, 3AB Corner of Ma Poe & Myaynigone Zay Street, Sanchaung, Yangon 1111

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 73, 2nd Floor , Corner Of Ma Poe Street & Maynyigone Street
Yangon
111111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00