Myat Noe
20/05/2024
အစွန်း၂ဖက်မှာရှိတဲ့ သူတွေကပဲ
အိမ်ထောင်ပြုဖို့ မကြောက်ကြဘူးလို့ ခံစားရတယ်...
Rich kid တွေကလဲ ချမ်းသာပီးသားမို့
ယူပီးရင် ပူစရာမလိုသလို
ရပ်ကွက်ထဲက တနေ့လုပ်မှတနေ့စားရတဲ့
သူတွေကလဲစဉ်းစားမနေဘူး...ကောက်ယူပစ်တာပဲ...
တနေ့တနေ့ ဆောင်လိုက်ကြတဲ့အတွဲတွေဆိုတာ
သောက်သောက်လဲ😄
ကိုယ့်မှာသာ သူတို့အစား တွေးပီး ရင်လေးမိပေမယ့်
သူတို့ခမျာ ပျော်လို့ရွှင်လို့...
ကွဲကြပီဟေ့ဆိုလဲ ဗြုန်းဒိုင်းပဲ...
ဘယ်သူ့မျက်နှာမှ ထောက်မနေကြဘူး ခုခေတ်က...
အိမ်ထောင်ပြုဖို့ တွေးပီးကြောက်မိတာက
များသောအားဖြင့်ကျိကျိတက်လဲ မချမ်းသာသေး
ကုန်းကောက်စရာမရှိအောင်လဲ မမွဲနေတဲ့
ဟိုမရောက်ဒီမရောက်တွေပဲ...
ကိုယ်ပဲ ဆိုပါတော့...😊
အိမ်မက်တွေ အပြည့်ထမ်းပိုးထားတဲ့
လူတန်းစားတွေပေါ့😄😄😄
Rich kid မဟုတ်ခဲ့ပေမယ့်
ငါ့သားသမီးကတော့ Rich kid ဖြစ်စေရမယ်ဆိုတဲ့...❤
ငါတနေ့ ငါ့ပိုက်ဆံနဲ့ကိုယ်ပိုင်အိမ်လေးကို
ဘယ်လိုပုံစံလေး ဆောက်ပီး နေမှာဆိုတဲ့...❤
ငါ့ကိုနှိမ်ခဲ့ကြတဲ့သူတွေရှေ့မှာ တနေ့ကျ ငါ့မိဘတွေကို ငါဘယ်လို ဂုဏ်ယူရအောင် လုပ်ပေးမှာ ဆိုတဲ့...❤
ငါ့ရဲ့ next generation ကို ငါတို့ထက် တဆင့်မြင့်စေရမယ်ဆိုတဲ့...❤
ငါ့ကို ဘုရားပေးတဲ့ နံရိုးရှင်နဲ့ပဲ
တနေ့ကျ ပျော်ရွှင်စွာ လက်ထပ်ပြီး
တသက်လုံး နေသွားမှာ ဆိုတဲ့...❤
မသေမချင်း ကမ္ဘာတူတူပတ်ကြမှာဆိုတဲ့
အိမ်မက်မျိုးတွေပေါ့...❤
အိမ်မက်တွေ ထမ်းပိုးထားရတာက
လေးလံကောင်း လေးလံပါလိမ့်မယ်...
ဒါပေမယ့် အိမ်မက်တွေ မရှိပဲ အသက်ရှင်ရတဲ့
လူတယောက် ဖြစ်ရမှာကိုတော့
ကိုယ်သိပ်ကြောက်မိပါတယ်...
ကိုယ့်မိဘတွေကိုတောင် အိမ်ဦးခန်းမှာ
မထားရသေးခင် ဘာအိမ်ထောင်မှလဲ မပြုဘူး...
ကိုယ်တို့လူငယ်တွေရဲ့ အကြီးမားဆုံး အရှုံးက ဘာလဲ သိလား...
အရွယ်မတိုင်ခင် ကိုယ့်အိမ်မက်တွေအားလုံး
စွန့်လွှတ်ပြီး
အိမ်ထောင်ပြုလိုက်ခြင်း ဖြစ်နေလို့ပါပဲ...
ဘယ်တော့မှ စောစောအိမ်ထောင်မပြု နဲ့...
ချစ်လို့ပြောတာ သိလား🖤
09/05/2024
09/05/2024
Love is pain 🥲
29/04/2024
Xi❤️
🥰
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon