NEA - National Engineering Academy
Telephone: 09 775178727
Email: [email protected]
Engineering and Technology Courses
20/05/2021
လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ...
================================
လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဆိုတာနဲ့ပတ်သတ်ပြီး ကျနော် နည်းနည်းရှင်းချင်ပါတယ်။
တည်ဆဲလျှပ်စစ်ဥပဒေမှာ စစ်ဆေးရေးမှုးချုပ်က ထုတ်ပေးသည့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဟုဖွင့်ဆိုသည်။
(ဆရာလုပ်ခြင်းမဟုတ်ပါ)
အစိုးရလက်မှတ် /EI လက်မှတ် / လိုင်စင် စသည်ဖြင့် ပေါင်းစပ်ခေါ်ဝေါ်
ထင်မြင်နေကြတာကို နားမလည်နိုင်ကြသေးတာ ဆိုလိုရင်းကို အဲ့ဒါလေးက
(1) အစိုးရဌာနတွေကဖွင့်တဲ့
လျှပ်စစ်သင်တန်းဆင်းလက်မှတ်
(ဥပမာ EI လျှပ်စစ် စစ်ဆေးရေးက သင်တန်းဆင်းလက်မှတ် , လျှပ်စစ်ဌာနတွေ , ဝန်ကြီးဌာနတွေက သင်တန်းဆင်းလက်မှတ်တွေ)ကို မဆိုလိုပါ။
(2) အပြင်ပုဂ္ဂလိက လျှပ်စစ်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်တွေ ကို မဆိုလိုပါ
(3) လျှပ်စစ်ဆိုင်ရာ ဒီပလိုမာ , ဘွဲ့တွေကို
မဆိုလိုပါ
(4) လျှပ်စစ် စစ်ဆေးရေးက ပေးတဲ့ သင်တန်းဆင်းလက်မှတ် ကိုမဆိုလိုပါ
အခုတလော အများ ထင်ယောင်ထင်မှားဖြစ်နေတာက
EI လက်မှတ် ရရင်တရားဝင်တယ် လုပ်ရတယ် ပြောဆိုနေပါတယ်
EI လက်မှတ် ဆိုတာ EI မှာသင်တန်းတက်ရင် ပေးတဲ့လက်မှတ် ( Training Complete Certificate ) သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ် မဟုတ်ပါ
EI လျှပ်စစ်စစ်ဆေးရေးဌာန က
လျှပ်စစ်ကျွမ်းကျင်သူတွေကို စီစစ်ပြီး
လက်မှတ်ထုတ်ပေးတဲ့ တာဝန် ယူထားရပြီးတော့
EI ဌာနမှုး (သို့) လျှပ်စစ် စစ်ဆေးရေးဌာနရဲ့ ညွှန်ကြားရေးမှုး ကလည်း လျှပ်စစ်ဥပဒေမှာပါတဲ့
မြန်မာပြည် လျှပ်စစ်စစ်ဆေးရေးမှုးချုပ်
တာဝန်ကို ယူထားတဲ့အတွက် EI လက်မှတ်လို့ ခေါ်နေကြတာပါပဲ။
တခြားဌာနနဲ့ စစ်ဆေးရေးမှုးချုပ်ကို
ပြောင်းလဲတာဝန်ပေးရင် လက်မှတ်ထုတ်ပေးတာကို
တာဝန်ရတဲ့ ဌာနနဲ့ စစ်ဆေးရေးမှုးချုပ်က
EI မဟုတ်တော့ရင် EI လက်မှတ်လို့မဆိုနိုင်တော့ပါ။
နောက်တချက်က လျှပ်စစ်ကျွမ်းကျင်မှု ဆိုင်ရာလက်မှတ်ဆိုတာ မိမိတို့ရဲ့ကျွမ်းကျင်မှု
အဆင့်လိုက် မိမိနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်လက်မှတ် (REGISTER CERTIFICATE) ပါ။
ဒီလိုမှတ်ပုံတင်ဖို့ စီစစ်တဲ့အဖွဲ့ဟာ
EI လည်းဖြစ်ချင်ဖြစ်မယ်/တခြား ဝန်ကြီးဌာန/ တခြားကော်မတီ /ကောင်စီ /ကော်မရှင် /ပညာရှင်အဖွဲ့ လည်းဖြစ်ချင်ဖြစ်မယ် ။
မိမိကျွမ်းကျင်မှုကို
(1) ကိုယ်ပိုင် လျှပ်စစ်ကျွမ်းကျင်မှု
(2) ပြင်ပ လျှပ်စစ်ကျွမ်းကျင်မှု
(3) ဌာနဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်မှု
ဆိုပြီး သုံးမျိုးရှိပါတယ် ။
မိမိအဆင့်ကလည်း
(1)ဒုတိယအဆင့် (လျှပ်စစ်ကျွမ်းကျင်မှု)
(2)ပထမအဆင့် (လျှပ်စစ်ကျွမ်းကျင်မှု)
(4)အထူးအဆင့် (လျှပ်စစ်ကျွမ်းကျင်မှု)
ဆိုပြီး သုံးဆင့်ရှိပါတယ် ။
မိမိရဲ့ လုပ်ငန်း၊ ပညာအရည်အချင်း
ကျောင်းပညာအရည်အချင်းနှင့် လုပ်ကိုင်နေတဲ့နေရာ /ဌာန အလိုက် နိုင်ငံကိုယ်စား လက်မှတ်ထုတ်ပေးဖို့ စီစစ်ရတဲ့ တာဝန်ယူထားတဲ့
ဌာန/အဖွဲ့ နှင့် စစ်ဆေးရေးမှုးချုပ်ရဲ့
သတ်မှတ်တဲ့ ရှိထားရမည့် အရည်အချင်းများနှင့်ပြည့်စုံလျှင် လျှောက်ထားလို့ရပါတယ် ။
ဒါက ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ကျနော် နားလည်သလောက်ပါ။
အခု ဒါကိုကျနော်ရေးတာက မရှင်းမရှင်း လုပ်နေကြလို့
ခု လူငယ်တွေက EIသင်တန်းတက်မှ လုပ်ခွင့်ရသလိုလို လျှပ်စစ်ဆိုင်ရာ ဒီပလိုမာ ဘွဲ့ ရသူတွေကလည်း EI သင်တန်းပဲ တက်ရမလိုလို
သင်တန်းဆင်းလက်မှတ် လိုလို
အစိုးရ သင်တန်းဆင်း လက်မှတ်လိုလို /
EI သင်တန်းဆင်း လက်မှတ်လိုလို
#လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဆိုတာ
မိမိတို့နားလည်ကျွမ်းကျင်တတ်မြောက်မှုကို မြန်မာပြည်မှာ မှတ်ပုံတင်ဖို့ ပါ။
အဲ့လိုမှတ်ပုံတင်ဖို့လျှောက်ထားတာကို
စီစစ်ပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးဖို့
တာဝန်ရှိတာက မြန်မာပြည်လျှပ်စစ်
စစ်ဆေးရေးမှုးချုပ်ပါ ။
စစ်ဆေးရေးမှုးချုပ်ကမှ စီစစ်ဖို့
လျှပ်စစ် စစ်ဆေးရေးမှုးတွေ
ပြင်ပပညာရှင်တွေပါဝင်တဲ့ အဖွဲ့က
မှတ်ပုံတင်လက်မှတ်ထုတ်ပေးဖို့ စီစစ်တာပါ။
လျှပ်စစ်စစ်ဆေးရေးမှုးချုပ် (Electrical Chief Inspector) ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ် ။
18/01/2021
Certificate in Electrical Design (Lucky Draw) အစီအစဥ်လေးမှာ ပါဝင်ဖို့ Form လေးဖြည့်ပြီး ယခုချက်ချင်းပဲ စာရင်းပေးသွင်းလိုက်ပါ 😍😍
======================================
သင်တန်းကြေး 120,000ကျသင့်မည် ဖြစ်သော
အရမ်းကောင်းတဲ့ အတန်းကို
ကျွန်မတို့ National Engineering Academy
သင်တန်းကျောင်းမှ lucky drawအနေနဲ့
👉100% Free 1 ယောက်
👉 50% Free 1 ယောက်
👉 20% Free 2 ယောက်
မဲဖောက်ပေးသွားမယ့် အစီစဥ်လေးပါရှင်.....
ဒီအစီစဥ်လေးကိုတော့
20.1.2021ရက်(ဗုဒ္ဓဟူးနေ့)
Live လွှင့်ချိန်တွင် တခါထဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် liveလွှင့်နေချိန်အတွင်း
ဖုန်းဆက်အပ်သူ 6ယောက်ကိုလည်း
10% discountပေးသွားမှာလည်းဖြစ်ပါတယ်။
Lucky drawလေးရအောင် အောက်ဆုံးမှာရှိတဲ့ link လေးကနေတဆင့် အချက်အလက်လေးတွေကို ဖြည့်ပေးပါနော် ☺☺
http://bit.ly/3nR9tsh
16/01/2021
Certificate in Electrical Design
(လျှပ်စစ် ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်း)
ဘယ်သူတွေတက်ရောက်သင့်လဲ ?
- လျှပ်စစ် ဒီဇိုင်းပိုင်းဆိုင်ရာ ဦးစားပေး
သင်ကြားပေးသွားမှာဖြစ်ပြီး လျှပ်စစ်ပညာရပ်ကို စိတ်၀င်စားသူတိုင်း
တက်ရောက်နိုင်ပါတယ်ရှင့် 👈
လျှပ်စစ် Design ပိုင်း ၊ Concept ပိုင်း ၊ သေချာစွာ သိလိုတတ်လိုသူများ၊👈
Installation ပိုင်း ကျွမ်းကျင်စွာ လုပ်နိုင်သော်လည်း Design ပိုင်း အားနည်းသူများ👈
အတွက် ရည်ရွယ် ဖွင့်လှစ်သော အတန်းလေးဖြစ်ပါတယ်ရှင်
အထူးသဖြင့် အခြေခံပညာ အထက်တန်း
ဖြေဆို အောင်မြင်သူများ အတွက် အသက်မွေး၀မ်းကြောင်း ပညာရပ်တစ်ခုအနေနဲ့ တက်ရောက်ထားသင့်တဲ့ သင်တန်းလေး ဖြစ်တဲ့အပြင် ကျောင်းမပြီးသေးသော်လည်း လျှပ်စစ်ဒီဇိုင်းရေးဆွဲနည်းကို လေ့လာချင်သူတိုင်း တတ်ရောက်သင့်တဲ့ သင်တန်းလေး ဖြစ်ပါတယ်ရှင်။👈
ဘာတွေ သင်ကြားပေးမှာလဲ?
-Fundamental electrical engineering knowledge and theories.
( အခြေခံလျှပ်စစ်ပိုင်းဆိုင်ရာ သဘောတရားများ)
-Electricity Supply
👉 Generation Process
👉 Transmission Process
👉 Distribution Process
-Design Criteria
(ဒီဇိုင်းရေးဆွဲ ဆုံးဖြတ်ခြင်းများ)
👉Preliminary Design Estimation
👉Circuit breakers, Protection Devices
👉Design of Lighting and Ancillary
👉Design of Power and Ancillary
👉Design of Single Line Diagram
စသည့် သင်ခန်းစာများကို
သင်ကြားပေးမည့် ဆရာကတော့
စင်ကာပူနိုင်ငံမှ ချီးမြှင့်အပ်သော
⭐Bachelor of Engineering
(Nanyang Technological university)
⭐Diploma in Electrical Engineering
(Ngee Ann Polytechnic)
ဘွဲ့ အသီးသီးရရှိထားသည့်အပြင်
💼စင်ကာပူနိုင်ငံတွင် လျှပ်စစ်ပိုင်းဆိုင်ရာ
လုပ်သက် 8နှစ်ရှိထားသော
ဆရာဇော်ထက်အောင်မှ
သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်
ဘာ့ကြောင့် တက်သင့်တာလဲ ???
- အခြေခံကစပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့် စာမလိုက်နိုင်မှာ နားမလည်နိုင်မှာအတွက်လည်းစိတ်မပူရခြင်း၊
- ဈေးနှုန်းသက်သာစွာဖြင့် ထိရောက်စွာ လေ့လာနိုင်ခြင်းတို့ ရရှိမယ့်အပြင်
20.1.2021နေ့ တွင်လည်း
Lucky draw အစီစဥ်လေးလည်း ကျင်းပပေးသွားမှာဖြစ်ပါတယ်နော်
သင်တန်းကြေး-120,000
သင်တန်းကာလ- 1 လခွဲ
စတင်မည့်နေ့ရက် -23.1.2021 (9Am-12Pm) (Sat,Sun)
ပညာသင်စရိတ်အား အစိုးရမှချမှတ်ပေးထားသော သို့မဟုတ် ပုဂ္ဂလိက ချေးငွေများဖြစ်သော Educational Loan ဖြင့်လဲ တတ်ရောက်ခွင့်ရရှိနိုင်ရန် စီစဥ်ပေးထားပါတယ်ရှင့်
သင်တန်းနေရာ 🏛️🏛️-မြေနီကုန်း ကျောင်းလမ်း(ဒဂုံစင်တာ၂ဘေးလမ်း)စမ်းချောင်းမြို့နယ်။
သင်တန်းအကြောင်း အသေးစိတ်ကိုသိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းများသို့
ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။
Ph - 09775178727 / 09760754099
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
11/B, Kyaung Street, San Chaung Township
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |