WE Generation Network

WE Generation Network

Share

Photos from ငါတို့မျိုးဆက် - တော်လှန်စာစဥ်'s post 08/07/2026

❝ တော်လှန်ရေးကို ပြည်သူက ဝန်းရံတွန်းတင်ပေးနေချိန်မှာ ဦးဆောင်နေရာမှာ ရှိနေကြသော အစုအဖွဲ့တို့၏ အခန်းကဏ္ဍ ထင်တိုင်းပေါက် မပေါက်ကို မေးခွန်းထုတ်ရမလို ဖြစ်နေသည်။

နိုင်ငံရေးဆိုင်ရာ အချင်းချင်း ပွတ်တိုက်မှုများ၊ စစ်ရေးဆိုင်ရာ ပွတ်တိုက်မှုများ အချင်းချင်းကြားတွင် ဖြစ်ပေါ်နေခြင်းဖြင့်သာ အချိန်ကုန်နေခဲ့၏။ ဒီနှစ်ပိုင်းမှာ ခပ်စိပ်စိပ်ကြားလာရသော တော်လှန်ရေးအစုအဖွဲ့ အချင်းချင်း သေနတ်ပြောင်းလှည့်မှုများကြောင့် လူထုမှာ အားကိုးရာမဲ့သလို ခံစားလာရ၏။ ပြည်သူ့ ချွေးနှဲစာဖြင့် ကူညီထောက်ပံ့နေသော ကျ-ည်နှင့်လ-က်န-က်တို့မှာ စစ်အာဏာရှင်ကိုသာ ရင်ဆိုင်တိုက်ဖို့ဖြစ်သည်။

အရင်အ‌ခြေအနေများတွင် စစ်အာဏာရှင်၏ ဖိနှိပ်မှုသာ ပြည်သူတို့ ခံခဲ့ရသည်။ နှစ်ရှည်လာသည်နှင့်အမျှ တော်လှန်ရေး၏ ဝန်ထုပ်ဝန်ပိုးများပါ လူထုအပေါ် ပိလာနေသည်ကို နားလည်ဖို့ လိုပေမည်။ တော်လှန်ရေး၏ ရည်မှန်းချက်မှာ လူထုလွတ်မြောက်ရန်နှင့် လူထုကို အကာအကွယ်ပေးရန်သာ ဖြစ်သည်ကို တော်လှန်ရေးအင်အားစုများ အမြဲစိတ်နှလုံးသွင်းထားဖို့ လိုလိမ့်မည်ဖြစ်သည်။ ❞

▫️[အယ်ဒီတာ့အာဘော်မှ...]

၂၀၂၆၊ ဇူလိုင်လထုတ် ငါတို့မျိုးဆက်-တော်လှန်စာစဉ် အတွဲ(၄)၊ အမှတ်(၁) ထွက်ရှိလာပါပြီ။ 📢📚

🔖 အယ်ဒီတာ့အာဘော်
🔖 ကဗျာ
🔖 ဝတ္ထုတို
🔖 ကာတွန်း
🔖 အက်ဆေး
🔖 တော်လှန်ရေးထဲက ပညာရေး
🔖 အမျိုးသမီးနှင့် တော်လှန်ရေး
🔖 တော်လှန်ရေးထဲက တွေးချင့်ချိန်ရာ
🔖 အညတရရဲဘော်များ ထုဆစ်သော မျှော်ရည်တိုင်းပြည်
🔖 တော်လှန်ရေးနှင့် လူ့အခွင့်အရေး
🔖 နွေဦးတော်လှန်ရေးရက်စွဲမှတ်တမ်း
🔖 အင်တာဗျူး

စသည့် ကဏ္ဍများရှိ သုတရသ စာမူများကို Comment ရှိ Drive Link ၊ page ၊ Telegram Channel တို့တွင် Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။ 📥🎯

❝ တော်လှန်ရေးအတွက်
ငါတို့မျိုးဆက် ❞

#ငါတို့မျိုးဆက်_တော်လှန်စာစဉ်
#အတွဲ၄_အမှတ်၁
#ဇူလိုင်_၂၀၂၆

Photos from ငါတို့မျိုးဆက် - တော်လှန်စာစဥ်'s post 07/04/2026

"မြို့ရွာတွေကို ဗုံးကြဲရင်း မြူမှောင်ဝေကင်းသီချင်းကို ကီးကြောင်ဖြင့် ဆို၍မရနိုင်။ စစ်ဒဏ်ပိနေသည့်ကြားက ပိတောက်လို ထတောက်နေမည့် ပြည်သူကို မလှည့်ဖြားနိုင်။

သပြေခက်ဖြင့် ဟန်ပြရေပက်၊ ကျည်ဆန်များ၏ ငြိမ်းချမ်းရေး ယိမ်းအကြားမှာ ပြည်သူတို့ မျက်စိသူငယ် နားသူငယ် မှင်တက်မိနေကြမှာ မဟုတ်သည်ကတော့ သေချာ၏။"

[ အယ်ဒီတာ့အာဘော်မှ... ]

၂၀၂၆၊ ဧပြီလထုတ် ငါတို့မျိုးဆက်-တော်လှန်စာစဉ် အတွဲ၃၊ အမှတ်၁၀ ထွက်ပြီ။ Comment မှာ Download ရယူပါ။ 📬

#ငါတို့မျိုးဆက်_တော်လှန်စာစဉ်
#အတွဲ၃_အမှတ်၁၀
#ဧပြီ_၂၀၂၆

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11401