Better Days with Mo
30/01/2024
နှုတ်ခမ်းတွေကွဲလွန်းလို့ အဖတ်အဖတ်တွေနဲ့ ဒွတ်ကိုထနေပီ
ဘာနဲ့မှကို မနိုင်တော့တာ သူနဲ့မှသက်သာတယ် ။
Apieu ရဲ့ honey milk lip oilလေး ကောင်းလွန်းတာပဲသိ ။
၂၄နာရီနှုတ်ခမ်းခြောက်အဖတ်လန်ကွဲနေရင်
တစ်ချောင်းတော့ဆေGlow Finished Skin By Freyan By Freya ဒီကဝယ်တာပါ
စျေးတော့မမှတ်မိတော့လို့ ၁၆၅၀၀ ဝန်းကျင်လောက်လို့ထင်ပါတယ် ။
13/11/2023
မြန်မာအမျိုးသမီးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့
SUNSU BB cream လေး အကြောင်းပြောပြရင်း 🥳🥳လက်ဆောင် ပေးမယ်နော်
ဒီbbလေး မို သုံးနေတာ ၃ပတ်ကျော်ပီမို့ BB ကောင်းကောင်းလေးရှာနေတဲ့သူတွေအတွက် review လေး လုပ်ပေးလိုက်ပါတယ် ။ သူ့အရောင်လေးက အဝါဖောက်လေးနဲ့ သုံးလိုက်တာနဲ့ ညက်ညက်လေး ။ BB cream တွေက coverage မကောင်းတက်ပေမယ့် ဒီ sunsu လေးရဲ့ coverage လေးက မဆိုးလှဘူးလို့မြင်မိတယ်။
Korea bb အများစုက အသားဖြူတဲ့ မိုမို့မျက်နှာနဲ့တောင်ဖြူနေတော့ မြန်မာတွေအများစုနဲ့ မကိုက်ကြဘူး ။ ဒါလေးက အဝါဖောက်လေးထုတ်ပေးထားတာမို့
ဖြူသူ /ညိုသူ အဆင်ပြေသွားတယ်။
အနံ့ကလဲ အမွှေးနံ့တွေဘာမှမပါတော့ သုံးရင်စိတ်ချမ်းသာရတယ် ။ မိုက fragrance sensitive ဆိုတော့ အနံ့နဲ့တင် ဝယ်ပီးပစ္စည်းတွေဆ်ို မသုံးချင်တော့ဘူး ။
Acneသမားဆိုတော့ fragrance မပျင်းတာနဲ့ freeဖြစ်တာပဲ လိုက်ကြည့်ဝယ်သုံးဖြစ်တယ်။
ဒါလေးက fragrance တော့ ပါပေမယ့် အရမ်းမပျင်းတော့ မိုမိုစိတ်ချလက်ချသုံးဖြစ်သွားတယ်။
SUNSU အကြောင်းဆက်သွားရရင် သူလေး Moisturizing bb cream ဆိုတော့ လိမ်းလိုက်တာနဲ့ မျက်နှာစိုစိုကြည်ကြည်လေးဖြစ်တယ် ။normal to combi နဲ့ oily သမားတွေအတွက် အဆင်ပြေပေမယ့်
အသားခြောက်လို့ မျက်နှာမှာအဖတ်လေးတွေလန်တက်တဲ့ Dry skin သမား ဆိုရင်
moisturizer လေးသေချာခံပီးမှ လိမ်းပါ ။
(ရှေ့လျှောက်က ဆောင်းတွင်းလေးရောက်လို့လာပီလေ )
Texture လေးက အရမ်းလဲမကျဲလွန်း ၊အရမ်းလဲမပျစ်လွန်းဆိုတော့ လက်နဲ့ဆွဲလိမ်းတာထက်စာရင် အစက်ချပီး makeup puff လေးနဲ့ပုတ်တာက ပိုသိပ်သိပ်လေးဖြစ်ပီး ညက်ညက်လေးနဲ့ ညီတာကို တွေ့ရပါတယ် ။
SPF 50+ PA++++ ပါဝင်လို့ အိမ်ထဲမှာနေတဲ့ရက်တွေဆို သူလေးပဲလိမ်းရင်ရပေမယ့် ၊ Suncream လေးတော့ အောက်ကခံပေးတာပိုပီးအဆင်ပြေပါတယ် ။
❌တစ်ခုအနေနဲ့ သူ့မှာ mineral oil ပါပါတယ် ။
မိုသုံးကြည့်နေသလောက်တော့ သူ့ကြောင့် အဆီဖုထွက်လာတာမျိုးတော့မရှိပေမယ့် mineral oilကို ရှောင်ချင်ကြသူတွေလဲ ရှိတော့ ဒါလေးကို highlight အနေနဲ့ မိုက သတိပေးပေးတာပါ။
ဒါလေးတစ်ခုကလွဲပီး ကျန်တာတွေအကုန်အဆင်ပြေတဲ့ BB လေးမို့ နေ့စဉ်သုံးလို့ရတဲ့ light weight bb လေးရှာနေသူဆို SUNSU လေးကို try ကြည့်ပါလို့
Recommend ပေးပါရစေရှင် ။
အသေးစိတ်ကိုတော့ The SKIN RAPHA Myanmarမှာ မေးကြည့်နော် ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon