Teka Myanmar
24/02/2026
"နှစ်မျိုးပေါင်းမှ... အကောင်းဆုံး (The Perfect Combo)" 💯
"လျှပ်စစ်လား? ဂတ်စ်လား? ဘာလို့ တစ်ခုပဲ ရွေးနေမှာလဲ... နှစ်ခုလုံး သုံးလို့ရတာပဲကို!" 😉
မီးဖိုချောင်အသစ် ပြင်တော့မယ်ဆိုရင် ဘယ်ဟာဝယ်ရမလဲ ဝေခွဲမရဖြစ်နေတတ်ပါတယ်။
အခုတော့ TEKA က အဖြေပေးလိုက်ပါပြီ။
✨ လျှပ်စစ် (Vitroceramic) နဲ့ အချိန်မှတ်ပြီး အေးအေးဆေးဆေးချက်မလား။
✨ ဂတ်စ် (Gas on Glass) နဲ့ အိုးပူပူ ဟင်းခတ်မလား။
မီးပျက်ရင် ဂတ်စ်နဲ့ချက်၊ ဂတ်စ်ကုန်ရင် လျှပ်စစ်နဲ့ချက်... ဘယ်လိုပဲဖြစ်ဖြစ် ဟင်းချက်မပျက်တော့ဘူးပေါ့!
✅ နေရာစားလည်း သက်သာသလို ကြည့်လိုက်ရင်လည်း အရမ်းကို Luxury ဆန်သွားစေမှာပါ။
အကောင်းဆုံးတွေထဲက အကောင်းဆုံး (၂) မျိုးကို ပေါင်းစပ်ပြီး Perfect Kitchen တစ်ခုကို ဖန်တီးလိုက်ပါ။
19/02/2026
🍳 မီးဖိုချောင်တစ်ခုမှာ "အညှော်စုပ်စက်" ဘာကြောင့် ရှိနေဖို့ လိုအပ်တာလဲ။ 🏠
ဟင်းချက်ရတာ ဝါသနာပါပေမဲ့ ချက်ပြီးတိုင်း ကျန်ခဲ့တဲ့ ဆီနံ့၊ ဟင်းနံ့တွေနဲ့ မီးဖိုချောင် နံရံမှာကပ်နေတဲ့ ဆီချေးတွေကြောင့် စိတ်ညစ်နေရပြီလား? ဒါဆိုရင်တော့ သင့်မီးဖိုချောင်မှာ Kitchen Hood (အညှော်စုပ်စက်) တစ်လုံးရှိဖို့ တကယ်လိုအပ်နေပါပြီ။
အညှော်စုပ်စက် တပ်ဆင်ထားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး (၅) ချက်ကို မျှဝေပေးချင်ပါတယ် ခင်ဗျာ
၁။ ကျန်းမာရေးကို ကာကွယ်ပေးခြင်း 🩺
ဟင်းချက်တဲ့အခါ ထွက်လာတဲ့ မီးခိုးနဲ့ အညှော်တွေမှာ ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide) လိုမျိုး အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့တွေ ပါဝင်ပါတယ်။ အညှော်စုပ်စက်က ဒီအညှော်တွေကို ချက်ချင်းစုပ်ထုတ်ပေးလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။
၂။ ဆီချေးနဲ့ အညစ်အကြေး ကင်းစင်ခြင်း ✨
မီးဖိုချောင် နံရံတွေ၊ ဗီဒိုတွေနဲ့ မျက်နှာကြက်တွေမှာ ဆီချေးတွေ ကပ်မနေအောင် တားဆီးပေးပါတယ်။ အညှော်စုပ်စက် ရှိတဲ့အတွက် မီးဖိုချောင်ကို ခဏခဏ တိုက်ချွတ်ဆေးကြောနေရတဲ့ ပင်ပန်းမှုကို လျှော့ချပေးနိုင်ပါတယ်။
၃။ အိမ်တွင်း လေထုကို သန့်ရှင်းစေခြင်း 🌬️
ဟင်းနံ့တွေက တစ်အိမ်လုံး ပျံ့နှံ့မနေဘဲ ချက်ချင်းစုပ်ထုတ်ပစ်တာကြောင့် ဧည့်ခန်းထဲအထိ အညှော်နံ့နံမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ အိမ်ထဲမှာ လေကောင်းလေသန့်ကို အမြဲရရှိနေမှာပါ။
၄။ အပူရှိန်ကို လျှော့ချပေးခြင်း 🔥
ဟင်းချက်တဲ့အခါ ထွက်လာတဲ့ အပူရှိန်တွေကိုပါ စုပ်ထုတ်ပေးတဲ့အတွက် မီးဖိုချောင်ထဲမှာ အိုက်စပ်စပ်မဖြစ်ဘဲ အေးအေးလူလူနဲ့ ပျော်ပျော်ရွှင်ရွှင် ဟင်းချက်နိုင်မှာပါ။
၅။ မီးဖိုချောင်ကို ပိုမိုလှပစေခြင်း 💎
ခေတ်မီတဲ့ အညှော်စုပ်စက် ဒီဇိုင်းတွေက သင့်မီးဖိုချောင်ကို ပိုပြီး Smart ကျစေပြီး အဆင့်အတန်းမြင့်တဲ့ Look ကို ရရှိစေပါတယ်။
ကဲဒါကြောင့် အညှော်စုပ်စက် ဝယ်တော့မယ်ဆိုရင် မိမိမီးဖိုခန်း အကျယ်အဝန်းနဲ့ လိုက်ဖက်တဲ့ စုပ်အား ကောင်းတဲ့ Teka (Germany Brand ရှိတာကို ရွေးချယ်ဖို့ မမေ့နဲ့နော်။
ချစ်ခင်ရတဲ့ မိသားစုဝင်တွေ ကျန်းမာဖို့နဲ့ သန့်ရှင်းသပ်ရပ်တဲ့ မီးဖိုချောင်လေး ပိုင်ဆိုင်ဖို့ အညှော်စုပ်စက် ကောင်းကောင်းလေးတစ်လုံးက တကယ့်ကို ရင်းနှီးမြှုပ်နှံသင့်တဲ့ ပစ္စည်းလေးပါပဲ။ ❤️
"ရွေးချယ်စရာအားလုံးထဲကမှ မှန်ကန်တဲ့ ရွေးချယ်မှု 𝐓𝐄𝐊𝐀"
18/02/2026
🍳 ဟင်းချက်တိုင်း Fresh ဖြစ်နေဖို့ TEKA ရဲ့ New Model လေး ရှိတယ်နော်!
မီးဖိုချောင်ထဲမှာ ဟင်းချက်တဲ့အခါ ထွက်လာတဲ့ အနံ့အသက်တွေနဲ့ အငွေ့အသက်တွေက သင့်ရဲ့ Modern မီးဖိုချောင်လေးကို စိတ်အနှောင့်အယှက် မဖြစ်စေရဘူးပေါ့ ။ ✨
အရည်အသွေးမြင့်ပြီး TEKA ကနေ အသစ်တင်သွင်းထွက်ရှိလာတဲ့ MODEL - NCW 90 T30 (New Model) နဲ့ မိတ်ဆက်ပေးပါရစေ။
✨ NCW 90 T30 ရဲ့ ထူးခြားချက်များမှန်အမည်းရောင် Curved Design လေးက သင့်မီးဖိုချောင်ကို
ပိုပြီး စတိုင်ကျသွားစေမှာပါခင်ဗျာ။
ဟင်းချက်ရာက ထွက်လာတဲ့ အနံ့အသက်နဲ့ အဆီအငွေ့တွေကို ထိရောက်စွာ စုပ်ထုတ်ပေးလို့ မီးဖိုချောင် နံရံတွေ အဆီပြန်ခြင်းကနေ ကင်းဝေးစေပါတယ်။
အသုံးပြုရ လွယ်ကူတဲ့ Touch Control စနစ် ပါဝင်ပါတယ်။
1200M3/hrရှိတဲ့ အညော်စုပ်အားကြောင့်လည်း အညော်နံ့ကင်းတဲ့ မီးဖိုခန်းတခုကို အမြဲတမ်းပိုင်ဆိုင်နိုင်မှာပါနော်...♥️
"Fresh ဖြစ်တဲ့ လေထု၊ Modern ဖြစ်တဲ့ ဘဝ..."
မီးဖိုချောင်ကို အမြဲသန့်ရှင်းလတ်ဆတ်နေစေဖို့အတွက် TEKA New Model ကို အခုပဲ ရွေးချယ်လိုက်ပါ။
14/02/2026
"နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် ခိုင်မြဲလာတဲ့ အရည်အသွေးတွေနဲ့အတူ ဒီနှစ် Valentine's Day မှာလည်း သင့်ရဲ့အချစ်တွေကို ပိုမိုခိုင်မြဲစေဖို့ Teka က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ❤️
❤️ 𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞'𝐬 𝐝𝐚𝐲💘
11/02/2026
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုလိုက်ပါတယ်။
တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ သာယာဝပြောတဲ့ အနာဂတ်ဆီသို့ အတူတကွ လှမ်းမျှော်နိုင်ကြပါစေ။
#ပြည်ထောင်စုနေ့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ်(၃၉၃) အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်
Yangon
11121
Opening Hours
| Monday | 09:30 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |
| Saturday | 09:30 - 17:00 |