WIN Car Spa
13/04/2024
25/02/2024
၃ နှစ် ပြည့်၊ ၃၀၀၀ ကျပ်
+++
ပရိုမိုးရှင်း မရှိသေးဘူးလား တမေးတည်း မေးနေကြတဲ့ အမျိုးတွေအတွက် WIN Car Spa ရဲ့ ၃ နှစ် ပြည့် အထူး ပရိုမိုးရှင်း လာပါပြီဗျာ
+++
အမျိုးတို့ရဲ့ အားပေးမှုကြောင့် ၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်လို့ ဒီကာလအတွင်းမှာ တစိုက်မတ်မတ် အားပေးတဲ့ အမျိုးတွေကို ကျေးဇူးတင်ကြောင်း အရင် ပြောချင်ပါတယ်။
၃ နှစ် ပြည့်ပြီမို့ ကျေးဇူးဆပ်ချင်တာမို့ ဘာကားလာလာ ၃၀၀၀ ကျပ်နဲ့ ၃ ရက်တိတိ ရေဆေးပေးသွားမှာ ဖြစ်ပါတယ်။
ပရိုမိုးရှင်း ကာလကတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင်ပါ။
+++
တက္ကစီ မိတ်ဆွေများအတွက်လဲ အထူးအစီအစဉ် အဖြစ် ၂၀၀၀ ကျပ်နဲ့သာ ရေဆေးပေးပါမယ်။
+++
ကျနော်တို့ကို ပြန်လုပ်ပေးရမှာက တစ်ခုလေးပါဘဲ။ WIN Car Spa page လေးကို Like/ Follow လုပ်ပြီး အခု ပို့စ်လေးကို Public/Friend Only နဲ့ share ပေးဖို့ပါဘဲ။
+++
ကဲ…… အမျိုးတွေ အားလုံးပဲ ဒီပရိုမိုးရှင်းလေးမှာ ပျော်ပျော်ပါးပါး ပါဝင်ပေးပါဦးဗျာ
------------------
WIN Car Spa
ပုဏ္ဏမီလမ်းနှင့် ၁၄ လမ်းထောင့်၊ ယုဇနဥယျာဉ် မြို့တော်၊ ရန်ကုန်။
ဖွင့်ချိန် - နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ။
#ကားရေဆေး #လက်ပေါ်လစ် #စက်ပေါ်လစ် #ယုဇနဥယျာဉ်မြို့တော်
04/02/2024
“မီးပျက်လို့” ဆိုတဲ့စကား WIN Car Spa က မပြောပါ
------------------
အမျိုးတို့ရေ….
လျှပ်စစ်မီး ပျက်တာကလဲ အချိန်ပိုများလာပြီး စက်သုံးဆီ ဈေးနှုန်းကလဲ မြင့်တက်လာနေတော့ ကားရေဆေးရတဲ့ ကုန်ကျစားရိတ်ကလဲ ပိုများလာတာ အမှန်ပါ။
ဒီတော့ အချို့ အမျိုးတွေကတော့ မေးလေ့ ရှိကြပါတယ်။
မီးပျက်တဲ့ အချိန်မှာ ရေလာဆေးမိရင် ၁၀၀၀ ပိုပေးရသေးလားတဲ့။
NO…….. ပါလို့
ရေဆေးဝန်ဆောင်မှုဆိုတာ လျှပ်စစ်မီး ရှိရှိ၊ မရှိရှိ ကားတစ်စီးကို သန့်ရှင်းအောင် ဆေးကြောပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ပိုပေးချင်တယ်ဆိုရင်တောင် စိတ််ဆိုးမှာပါဗျ။
ဒါကြောင့် မီးပျက်လဲ ၁၀၀၀ ပိုပေးတာမျိုးကို အခု အချိန်အထိတော့ WIN Car Spa က လုံးဝ မလုပ်ပါဘူးလို့ ပြောပြချင်ပါတယ်နော်။
------------------
WIN Car Spa
ပုဏ္ဏမီလမ်းနှင့် ၁၄ လမ်းထောင့်၊ ယုဇနဥယျာဉ် မြို့တော်၊ ရန်ကုန်။
ဖွင့်ချိန် - နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ။
# ကားရေဆေး #လက်ပေါ်လစ် #စက်ပေါ်လစ် #ယုဇနဥယျာဉ်မြို့တော်
20/01/2024
WIN Car Spa - More Than A Wash!
+++
မိတ်ဆွေတို့ရဲ့ ကားဟာ ကိုယ့်အတွက်တော့ အကောင်းဆုံးကားလို့ မိတ်ဆွေတို့ ယူဆမှာ ဖြစ်လို့ ကားတိုင်းဟာ အကောင်းဆုံး ဝန်ဆောင်မှုနဲ့သာ ထိုက်တန်တယ်လို့ WIN Car Spa က ယုံကြည်ပါတယ်။
ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံနဲ့ စဉ်ဆက်မပြတ် သင်ယူ လေ့လာမှုတွေကို အသုံးပြုပြီးတော့ အောက်ပါ ဝန်ဆောင်မှုတွေကို အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။
၁။ ကားရေဆေးခြင်း
၂။ ကားအတွင်းခန်း သန့်ရှင်းခြင်း
၃။ လက်ပေါ်လစ်၊ စက်ပေါ်လစ် တိုက်ခြင်း
၄။ ကား အင်ဂျင်ခန်း သန့်ရှင်းခြင်း စတာတွေ ဖြစ်ပါတယ်။
WIN Car Spa က ဘာထူးခြားလို့လဲ
+++
ကားရေဆေးတယ်ဆိုတာ လူတိုင်း ဆေးနိုင်ပါတယ်။
ကားရေဆေး ဝန်ဆောင်မှုကိုတော့ လူတိုင်း မပေးနိုင်ပါဘူး။
WIN Car Spa မှာတော့ အရည်အသွေး ပြည့်မီတဲ့ ပစ္စည်း ကိရိယာတွေကို ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက အသုံးပြုပြီးတော့ အသေးစိတ် အချက်လေးတွေအထိ မကျန်ရစ်ရအောင် ဂရုတစ်စိုက်နဲ့ ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။
WIN Car Spa ကို လာမယ်ဆိုရင်
++++++++
ယုဇန ဥယျာဉ်မြို့တော်၊ ပုဏ္ဏမီလမ်း ပေါ်ကို ရောက်လာတာနဲ့ ၁၄ လမ်းထိပ်မှာ ကားတွေ တန်းစီနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
Google Map မှာ ရှာကြည့်ပြီး လာချင်ရင်တော့ WIN Car Spa လို့ စာရိုက်ရှာလို့ ရသလို ဒီလင့် [https://maps.app.goo.gl/qrJYEx9dBSra38aJ9?g_st=iv] ကနေ လဲ ရှာလို့ ရပါတယ်။
ကိုယ်လာတဲ့ အချိန်မှာ ကားတွေ အများကြီး စောင့်ရတာ မဖြစ်ချင်ရင်တော့ Messenger ကနေ ဖြစ်ဖြစ်၊ ဖုန်းနံပါတ် 09 43115206 ကို ဖြစ်ဖြစ် ဆက်သွယ်ပြီး ကားများနေသလား လှမ်းမေးပါဗျ။
------------------
WIN Car Spa
ပုဏ္ဏမီလမ်းနှင့် ၁၄ လမ်းထောင့်၊ ယုဇနဥယျာဉ် မြို့တော်၊ ရန်ကုန်။
ဖွင့်ချိန် - နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ။
# ကားရေဆေး #လက်ပေါ်လစ် #စက်ပေါ်လစ် #ယုဇနဥယျာဉ်မြို့တော် #ပုဏ္ဏမီ လမ်း
13/01/2024
🙏 မင်္ဂလာပါ။ WIN Car Spa ရဲ့ page ကနေ ကြိုဆိုလိုက်ပါတယ်။
------------------
🗒️ WIN Car Spa ကို အစဉ်တစိုက် အားပေးလာခဲ့ကြတဲ့ မိတ်ဟောင်း မိတ်သစ်အားလုံးအတွက် WIN Car Spa ရဲ့ page ကို စတင် မိတ်ဆက်လိုက်ပါပြီ ခင်ဗျာ။
🚕 WIN Car Spa ဟာ မိတ်ဆွေတို့ရဲ့ ကားတွေကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး သန့်ရှင်းတောက်ပြောင်စေဖို့ ၂၀၂၁ ခုနှစ် ကတည်းက ယုဇန ဥယျာဉ်မြို့တော်မှာ ဖွင့်လှစ်ခဲ့တာပါ။
🚗 WIN Car Spa ဟာ စတင်ဖွင့်လှစ်ကတည်းက ယနေ့တိုင်အောင် ကားရေဆေးရုံ သတ်သတ်မဟုတ်ဘဲ လူကြီးမင်းတိုရဲ့ ကား သန့်ရှင်းဖို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုများနဲ့ ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်။
👍 ဒီ Page လေးကနေ ကား ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ သတင်း အချက်အလက်တွေနဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို အသိပေး တင်ဆက်ပေးမှာဖြစ်သလို WIN Car Spa ကို ဆက်သွယ်ချင်ရင်လဲ Chat Box ကနေ ဆက်သွယ်လို့ ရတာမို့ Page ကို like လုပ်ထားဖို့ မမေ့နဲ့ဦးနော်။
🙏 WIN Car Spa ကို ရွေးချယ်ပြီး ဝန်ဆောင်မှု ရယူတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ 🙏
------------------
WIN Car Spa
🚖
🛖 ပုဏ္ဏမီလမ်းနှင့် ၁၄ လမ်းထောင့်၊ ယုဇနဥယျာဉ် မြို့တော်၊ ရန်ကုန်။
⏰ ဖွင့်ချိန် - နေ့စဉ်ံ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ။
# ကားရေဆေး #လက်ပေါ်လစ် #စက်ပေါ်လစ် #ယုဇနဥယျာဉ်မြို့တော်
Click here to claim your Sponsored Listing.
Website
Address
Corner Of Ponnammi Street And 14th St. , Yuzana Garden City, Dagon Seikkan
Yangon
Opening Hours
| Monday | 06:00 - 18:00 |
| Tuesday | 06:00 - 18:00 |
| Wednesday | 06:00 - 18:00 |
| Thursday | 06:00 - 18:00 |
| Friday | 06:00 - 18:00 |
| Saturday | 06:00 - 18:00 |
| Sunday | 06:00 - 18:00 |