Coffee & Me

Coffee & Me

Share

02/01/2026

ဒါ​လေးကတကယ်​ကောင်းတဲ့ Hair Serum လား 🤔
ခုတ​လော trend အရမ်းဖြစ်​နေလို့ ဒီ serum ​လေး အ​ကြောင်းရှာဖတ်၊ ကိုယ်တိုင်သုံးတာ ၃ ဘူး​မြောက်မှာ ဒီ serum ​လေးရဲ့ ingredients တွေရယ်၊ သုံးရင်ဘာ​ကောင်းလဲ ၊ ဆိုးကျိုးဘာ​တွေရှိနိုင်လဲဆိုတာ​လေး sharing လုပ်​ပေးချင်စိတ်​ပေါက်လာတာနဲ့ ​ထ ရေးလိုတာ၊ စာ​တော့နည်းနည်း​လေး ရှည်မယ်​နော် 😁

ပါဝင်ပစည်း​တွေက
✨ ️Silicones
သူက ဆံသားမျက်နှာပြင်​ချော​မွေ့​စေတယ်၊ ​တောက်​ပြောင်​စေတယ်၊ ဆံပင်မာပြီး ဖွာလန်ကျဲ​နေတာ​တွေကို သက်သာ​စေတယ်
✨️ Collagen
လိမ်းပြီးရင် ဆံပင်ပိုထူလာသလိုမျိုးခံစားရပြီး ထူထူအိအိ​လေးဖြစ်​စေတယ်
✨️ Pro-V (Vitamim V5/ Panthenol)
ဆံပင်အတွက်ထုတ်ကုန်ပစည်း​ကောင်း​တွေမှာမပါမဖြစ်တဲ့ ဆရာကြီး​ပေါ့
သူက ဆံပင်ကို စို​ပြေ​စေတယ်၊ ကျိုးပဲ့ ပျက်ဆီး​​နေတဲ့ ဆံသား​တွေအတွက်​ကောင်းတယ်၊ ဆံပင်ကို ​​တောက်​ပြောင်​စေတယ်
✨ ️Light Oils
ဆံသားနူးညံ့ပြီး စိုထိုင်းဆ ကာကွယ်​ပေးတဲ့ light ဖြစ်တဲ့ ဆီမျိုး နည်းနည်း​လေးပါတယ်လို့​တွေ့ရပါတယ်

✨️ အနံ့​လေးလဲ ​တော်​တော်​လေး​ကောင်းတယ်လို့​ပြောရမယ်

🌟 သူက Leave-in serum အမျိုးအစား၊ Leave-in serum ဆိုတာ ​သုံးပြီးရင် ရေပြန်​ဆေးချစရာမလိုဘူး။ အဲ့​တော့ သုံးရတာ အရမ်းလွယ်တယ်
🌟 ဆံပင်​ရေစို​နေချိန်မှာလဲ သုံးလို့ရတယ်၊ အများဆုံးသုံးဖြစ်တာက​တော့ ​ခေါင်း​လျှော်ပြီးလို့ dryer မှုတ်ပြီးချိန်၊ ဆံပင်​ခြောက်သွားတဲ့အချိန်သုံးဖြစ်တာပိုများတယ်၊ အဲ့လိုသုံးတာ ပိုအဆင်​ပြေတယ်၊ ဆံသား တစ်ခါ​တည်း​ချော​မွေ့​တောက်​ပြောင်ပြီး ပုံသွင်းရတာ​ရော ရှင်းရတာ​ရော တအားလွယ်တယ်၊ ဆံပင်​လေးက healthy look ရတယ်​ပေါ့​

🔹️ ကောင်းတာ​​လေးတွေကို အချုပ်ပြန်ပြောရရင်
✅️ လိမ်းပြီးပြီးချင်း ဆံပင်​လေးက ​ချော​​မွေ့သွားမယ်
✅️ ရှုပ်​နေတဲ့ဆံပင်​တွေ ရှင်းရလွယ်မယ်
✅️ လိမ်းပြီးရင် hair oil ​တွေလို ​စေးကပ်မသွားဘူး၊ လိမ်းထားလို့ လိမ်းထားမှန်းမသိ​​အောင်​ပေါ့ပါးတယ်၊ သုံးရတာလဲ လွယ်တယ်
✅️ ဆံပင်​လေးက ​ပြောင်​ပြောင်​ချော​ချော အိိအိ ထူထူ​လေးဖြစ်​နေလိမ့်မယ်

🔸️ ဘယ်သူ​တွေသုံးသင့်တာလဲဆို​တော့
✅️ ဆံပင်ပျက်စီး​နေတဲ့သူတွေ ​
✅️ ဆံသားခြောက်​သွေ့ပြီး၊ မာလဲမာ၊ ဖွာလန်ကျဲ​ပြီး ​ဆေးဆိုး၊ ​ဖြောင့် ​ကောက်ထားလို့ ဆံသား ပျက်စီး​နေတဲ့သူ​တွေ သုံးသင့်ပါတယ်
✅️ ဝယ်ရတာလဲ ​တော်​တော်လွယ်မယ်ထင်ပါတယ်

🔺️ အားနည်းချက်​ရှာကြံ​ပြောရရင်​တော့
သူကယာယီအတွက်ပဲ​ကောင်းတာ၊ ဆံသားအရင်းအမြစ် ဟိုးအတွင်းပိုင်းထိ ပြုပြင်​ပေးတာမဟုတ်ပါဘူး​

ဆို​​တော့ အချုပ်​ပြောရရင် သုံးရတာ လွယ်တယ်၊ သုံးပြီးရင် သုံးထားမှန်းမသိ​အောင် ​ပေါ့ပါးတယ်၊ ရှင်းရခက်တဲ့ ဆံပင်​လေး​တွေ ရှင်းလို့လွယ်တယ်၊ ​သုံးပြီးပြီးချင်း ​ပျော့​ပျော့ အိအိ ထူထူ​လေးနဲ့ ​ပြောင်​ပြောင်​လေးဖြစ်​နေ​စေတာက ဒီ serum ​ပေါက်ရခြင်းရဲ့အ​​ကြောင်းရင်းပဲထင်ပါရဲ့

09/11/2022

Pageနဲ့မဆိုင်ပေမယ့် တင်ပါရစေ
ငြိမ်းချမ်းစွာအနားယူပါတော့ ဦးကြည်ရယ် 💔😓

28/10/2022

ဝမ်းသာပျော်ရွှင်ရပါတယ် ချစ်ရတဲ့မမဝင်းရယ် 😍

30/01/2022

🥳🎁 🎊 ဒီလိုပြောင်နေအောင်သုံးဖူးရင် လက်ဆောင်ယူပါ 🎊🎁🥳

******************************************
ဒီ post လေးကတော့ Coffee & Me ရဲ့ Customer အရင်းကြီးတွေနဲ့ Chics ကလေးတွေကို လက်ဆောင်ပြန်ပေးဖို့ရည်ရွယ်ပါတယ်၊

👉🏻 လက်ဆောင် ဘယ်လိုယူမလဲ

✅ Coffee & Me က ဝယ်သုံးထားတဲ့ ဘယ်ဘူးခွံနဲ့မဆို ဓါတ်ပုံရိုက်ပါ (လှလှလေးရိုက်ပြီးပို့ရင်တော့ ပိုပျော်မှာပေါ့နော်)

✅ ရိုက်ထားတဲ့ ဓါတ်ပုံကို ဒီ post အောက်မှာ ပြန်လာပြပေးနော်

✅ ပြန်လာပြထားတဲ့ ဓါတ်ပုံပိုင်ရှင်တွေထဲက ၅ ယောက်ကို သိပ်သုံးလို့ကောင်းပြီး Review ကောင်းတွေအများကြီးရထားတဲ့ English Rose Foaming Bath Butter Scrub လေး ၅ ဘူး random comment picker နဲ့ရွေးပေးမယ်နော် (Deli Free ပါပေးဦးမှာ ☺️)

✅ ရွေးပေးမယ့်နေ့လေးကတော့ ၅.၂.၂၀၂၂ ပါရှင့်

ဘာမှမဟုတ်ဘူး၊ ကိုယ့်ရဲ့ ချစ် customer လေးတွေကို လက်ဆောင်မပေးရတာကြာလို့ Admin မစု အကြံအဖန်လုပ်တာပါ 😚 ဓါတ်ပုံလှလှလေးတွေမျှော်နေမယ်နော်

ချစ်တဲ့
မစု ❤️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Bahan
Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00