Myanmar Traders Association

Myanmar Traders Association

Share

Myanmar's Traders Association is for all forex traders in Myanmar to share updates within the country's developing forex trading industry.

Ex-Deutsche Bank Gold Traders Found Guilty in Spoofing Trial 26/09/2020

https://www.bloomberg.com/news/articles/2020-09-25/ex-deutsche-bank-gold-traders-found-guilty-in-spoofing-trial

Ex-Deutsche Bank Gold Traders Found Guilty in Spoofing Trial Prosecutors behind a sweeping U.S. crackdown on market “spoofing” scored a big win Friday when former Deutsche Bank AG traders Cedric Chanu and James Vorley were convicted of fraud for manipulating gold and silver prices.

15/09/2020

အားလုံးပဲ မင်္ဂလာပါ။

ဒီအပတ် ကမ္ဘာ့ရွှေအတက်လားရာ နှင့် အကျလားရာကို အဓိကစောင့်ကြည့်ပြီး အရောင်းအဝယ်လုပ်မယ့် အရေးကြီးတဲ့ သတင်းကတော့ မနက်ဖြန် ဗုဒ္ဓဟူးနေ့ည ၁၂:၃၀ နာရီ (ကြာသပတေး) အဝင်မှာ အမေရိကန်နိုင်ငံဗဟိုဘဏ် (Federal Reserve) ရဲ့ ဘဏ်အတိုးနှုန်း အတိုးအလျော့ဆုံးဖြတ်ချက်သတင်း၊ ကြာသပတေး မနက် ၉:၀၀ နာရီ ဂျပန်နိုင်ငံ ဗဟိုဘဏ် (Bank Of Japan) ရဲ့ ဘဏ်အတိုးနှုန်း ဆုံးဖြန်ချက်သတင်း၊ ကြာသပတေး ညနေ ၅:၃၀ နာရီ အင်္ဂလန်နိုင်ငံ ဗဟိုဘဏ် (Bank Of England) တို့ရဲ့ ဘဏ်အတိုးနှုန်း အတိုးအလျော့သတင်းတွေပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဗဟိုဘဏ်သတင်းတွေထဲမှာမှ ကမ္ဘာ့ရွှေအရောင်းအဝယ်လုပ်သူတွေ အဓိကစောင့်ကြည့်မှာက အမေရိကန်ဗဟိုဘဏ်နှင့် အင်္ဂလန်ဗဟိုဘဏ်သတင်းတွေဖြစ်ပါတယ်။

တခြားစီးပွားရေးသတင်းကြီးတွေက အမေရိကန်နိုင်ငံမှာဆိုရင် ယခုအပတ် ဗုဒ္ဓဟူး၊ ကြာသာပတေး နှင့် သောကြာနေ့ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ နောက်ပိုင်းမှာ သတင်းရလဒ် ထုတ်ပြန်ဖို့ရှိပါတယ်။

ကမ္ဘာ့ရွှေအရောင်းအဝယ်လုပ်သူတွေအနေနဲ့ ယခုကျနော်မျှဝေပေးထားတဲ့ သတင်းတွေနဲ့ သတင်းထွက်ချိန်တွေမှာ အရောင်းအဝယ်ကို သတိထားလုပ်ဖို့ လိုအပ်ပါတယ်။

နည်းပညာပိုင်းအရကြည့်ရင် ကမ္ဘာ့ရွှေစျေးအနေနဲ့ ၁၉၈၀ - ၁၉၂၀ စျေးတန်းကြားမှာ အတက်အကျဖြစ်နေတာကိုတွေ့ရပါတယ်။

Covid-19 ကာကွယ်ဆေးရလဒ်တွေ အခြေအနေကောင်းနေသော်လည်း တိကျတဲ့ရလဒ် မထုတ်ပြန်နိုင်သေးတာရယ်၊
အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအချိန်နီးကပ်လာတာရယ်၊
ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ နိုင်ငံစီးပွားရေးများ မတည်ငြိမ်သေးတာတွေကြောင့် ကမ္ဘာ့တစ်ဝှမ်းရှိ ရင်းနှီးမြှပ်နှံသူတွေက ကမ္ဘာ့ရွှေကို ဆက်လက်ပြီး ယုံကြည်စွာရင်းနှီးမြှပ်နှံဖို့ ဆန္ဒရှိနေဆဲပါ။

လက်ရှိအချိန်မှာ ကမ္ဘာ့ကျန်းနာရေးအဖွဲ့အစည်း - WHO ကနေ Coronavirus ကို Global Pandemic အဖြစ်ကြေညာပြီးနောက်ပိုင်း ကမ္ဘာ့ရွှေသမိုင်းအမြင့်ဆုံးစျေးဖြစ်တဲ့ ၁၉၂၀ စျေးတန်းကို ဖောက်ပြီး ၂၀၇၅ စျေးတန်းထိရွှေစျေးတက်ခဲ့ကာ သမိုင်းသစ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

Covid-19 ကူးစက်မှုဟာ ကမ္ဘာတစ်ဝှမ်းဆက်လက်မြှင့်တက်နေမှုနှင့်အတူ ကမ္ဘာ့စီးပွားရေးကျဆင်းနေခြင်းကလည်း ကမ္ဘာ့ရွှေတန်ဖိုးကို ပြန်လည်မကျဆင်းအောင် ဆက်လက်ထိန်းထားနေဆဲဖြစ်ပါတယ်။

ကျနော်ပြောသလို ၂၀၂၀ နိုဝင်ဘာလမကျော်ခင်ထိ ကမ္ဘာ့ရွှေ ၁၉၀၀ အောက်ပြန် မဆင်းနိုင်သေးပါဘူး ခင်ဗျာ။

RioVlog
09 5081086

26/08/2020

ဒီနေ့ (Wednesday) နံနက်ပိုင်းမှာ တော့ ကမ္ဘာ့ရွှေ စျေးတက်နေတာ တွေ့ရပေမယ့် U.S နှင့် China တို့ရဲ့ "Phase one trade deal" အခြေနေ ကောင်းမွန်လာတဲ့ အရိပ်ရောင်တွေကြောင့် စျေး အနည်းငယ်တန့် နေခဲ့ပါတယ်။

ဒါပေမယ့် U.S နှင့် China တို့အကြား သဘောထား မကိုက်ညီသေးတဲ့ အခြားကိစ္စ တွေရှိ နေသေးတာကြောင့် ဆက်ဆံရေး တင်းမာမှုတွေ တအုံ့နွေးနွေး ဆက်ရှိနေသေးတာ တွေ့ရပါတယ်။

Like & Share For more fundamental news

Office Address: No.4A, Waizayantar Road, South Oaklapa Tsp, Yangon, 11181

Any questions!?
Text us!
Leave a comment or just call
095078240

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Waizayantar Road
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00