LP Library - Online

LP Library - Online

Share

29/09/2025

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား။

Floor Plan ကိုကိုယ်တိုင်ရေးဆွဲချင်တဲ့ မိတ်ဆွေများအတွက်လည်း Free အသုံးပြုလို့ရမယ့်ဆော့ဝဲကိုမျှဝေပေးလိုက်ပါတယ်။

02/09/2025

” သားရီး လာ
မင်းကို ငါ ဗေဒင်ဟောပေးမယ် ”

” မင်း ဘာနေ့သားလဲ ”

”😎 အေး ဟောပေး
ငါက အင်္ဂါသား ”

”အင်း
မင်းက လူထူးလူဆန်းတယောက်ပဲ
သူများတွေလို မဟုတ်ဘူး
လူတိုင်းကြိုက်တဲ့အရာကို မင်းမကြိုက်တတ်ဘူး ”

” ဟာ
အဲတာတော့ ဟုတ်တယ်ကွ ”

” နောက်
မင်းက အပျင်းကြီးပေမယ့်
မင်းလုပ်ချင်ပြီဟေ့ဆိုရင်
မဖြစ် ဖြစ်အောင်လုပ်တတ်တယ် ”

” ဟုတ်တယ် ဒါ ငါ့အကျင့်ပဲ ”

” ပြီးတော့
မင်းက အပြင်ပန်း အေးဆေးတယ်ထင်ရပေမယ့်
မင်းကို ထိလာပြီဆို ဆယ်ဆလောက်ပြန်ပြီး
လက်တုန့်ပြန်ရမှ ကျေနပ်တဲ့လူ ”

” အေး
အဲ့တစ်ခုတော့သေအောင်မှန်တယ် ”

” နောက်
မင်းက တယောက်တည်းနေရင်
တည်ငြိမ်တယ်လို့ ထင်ရပေမယ့်
အပေါင်းအသင်း သူငယ်ချင်တွေကြားရောက်ရင်
အားလုံးထဲမှာ အပေါဆုံးလူ ဖြစ်သွားရော ”

” ဟား ဟား ဟား
ဟုတ်တယ် ဟုတ်တယ် 😂”

” အေး
မင်းမှာ ကံဆိုးတဲ့ အချက်တစ်ခုက
မင်း ယုံကြည်ရတဲ့လူတွေက မင်းကို
လှည့်စားသွားတတ်တာပဲ ”

” မှန်လိုက်တာ သားရီးရာ မှန်ချက်
နေပါဦး မင်း ဒါတွေကိုဘယ်လိုသိတာလဲ ”

”ဘယ်လိုမှမသိဘူး
လူတိုင်းကို ငါ ဒါပဲ လိုက်ပြောနေတာ
ထူးဆန်းတာက ဘာနေ့သားဖြစ်ဖြစ်
ငါ အဲ့ဒါတွေပြောရင် မင်းလိုပဲ
မှန်လိုက်တာလို့ ပြောတဲ့သူချည်းပဲ ” 😁

03/08/2025

#ဖားကန့်မှော်တစ်ခုမှာ
လောပန်းတစ်ယောက်အိမ်
အလည်ရောက် စကားပြောနေတုန်း

ရေမဆေးတစ်ယောက်
အတန်သင့်ကြီးတဲ့
ကျောက်တုံးတစ်တုံး
ထမ်းပြီး ဝင်လာတယ်။

ရေမဆေး
လောပန်း ကျောက်ကြည့်ပါ

လောပန်း
အေး ဘယ်လာက်လဲ

ရေမဆေး
၁၀ သိန်းရရင် ရောင်းမယ်လောပန်း

လောပန်း
၅ ထောင်ပေးမယ်

ရေမဆေး ဟာဗျာ ဆိုပြီး
သူ့ကျောက်ကို ပြန်ထမ်းပြီး
ထွက်သွားပါရော

ခြံပေါက်ဝ ရောက်တော့
ပြန်လှည့်လာပြီး ကျောက် ကို ပစ်ချပြီး
လောပန်း
၅ထောင်ပဲ ပေးတော့ဗျာ ဆိုပြီး
စျေးတည့် ငွေ ၅၀၀၀ ယူပြီး
ထွက်သွားရော

ကိုယ်တွေက ကျောက်အကြောင်းလဲ
သိပ်နားမလည်သေးခင်
သူတို့ ခေါ်တဲ့စျေးနဲ့ ပေးတဲ့စျေး ကို
အံသြမိပြီး လောပန်းကိုမေးမိတယ်

ခင်ဗျားဗျာ
၁၀ သိန်းခေါ်တဲ့ ကျောက်ကို
၅၀၀၀ ပဲပေးတာ
မိုက်လှချည့်လား ဆိုတော့

သူ့ဟာက ကျောက် မှ မဟုတ်တာဗျာ
ပလွမ် ကြီးဗျ

တကယ်ဆို တစ်ပြားမှ မတန်ဘူးဗျ
ဒီကောင်လဲသိပါတယ် ရမလားလို့
ဂျင်းလာထည့်တာ

အံ့သြပြီးရင်းအံ့သြမိတယ်

ဒါဆို ခင်ဗျားက ဘာလို့
၅၀၀၀ ပေးလိုက်တာလဲဆိုတော့

ကိုယ့်ဆရာကလဲဗျာ
ကျနော့်အတွက် ငွေ ၅၀၀၀ က
ပဲလှော်တစ်စေ့စာပဲရှိတာ

သူတို့အတွက်တော့ တန်ဖိုးရှိတယ်ဗျ

ဒီလို ရင်းထားမှ
ကျောက်ရတိုင်း
ကျနော်ဆီလာပြမှာပေါ့တဲ့

သင်ခန်းစာနှစ်ခုရလိုက်တယ်။

ဘဝမှာ
လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို
ကြေးတင်ဂုဏ်မောက်နေပေမယ့်

မရိုးသားတဲ့ သူဟာ
နောက်ဆုံးတော့ ပေးတဲ့စျေးနဲ့
ရောင်းလိုက်ရတဲ့အခြေအနေပဲ
ပိုင်ဆိုင်ရမှာ။

နောက်တစ်ခုကတော့
မင်းအလကားရတယ်လို့ ထင်ထားတဲ့
အဖိုးအခ တစ္ခုဟာ
မင်းကိုမသိမသာ
ချည်နှောင်လိုက်တဲ့

ကြိုးတစ်ချောင်းလဲ
ဖြစ်နေနိုင်ပါသေးတယ်။

15/07/2025

တိုက်ဆိုင်မှုရှိခဲ့လျှင်...
တည့်တည့် ပြောတယ်မှတ်ပါ ..!!

တစ်ခါက ရွာတစ်ရွာမှာ ရွာဦး နတ်ကွန်းနံဘေး ရေနှုတ်မြောင်းက ဖြတ်စီးနေတယ်။
နတ်ကွန်းထဲမှာ နတ်ရုပ်က မတ်တတ် ကိုယ်တော်ကြီး။

တစ်နေ့တော့ လူတစ်ယောက်ဟာ
မြောင်းဘောင်အတိုင်း လျှောက်လာပြီး
ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။

အဲ့မြောင်းထဲမှာကရေတော်တော်များနေတယ်။
ခုန်ကူးရအောင်ကလည်း မမီမကမ်းနဲ့။

မြောင်းထဲ ဆင်းကူးရင်လည်း ရေစိုမယ်လေ။
ဒီလူကလည်း ခပ်ရွတ်ရွတ်ဆိုတော့
နတ်ကွန်းထဲက နတ်ရုပ်ကြီးကိုဆွဲချ
မြောင်းပေါ်ခွကျော်ထားပြီးမှနတ်ရုပ်ကြီးကို
တုံးတံတားလုပ်ပြီးမြောင်းကို ကူးသွားတယ်။

ဟိုဘက်ကမ်း အဆင်းမှာ နတ်ရုပ်ကြီး မျက်ခွက်ကိုတောင်
ဆောင့်နင်း သွားလိုက်သေးသတဲ့။

သိပ်မကြာလိုက်ပါဘူး။ လယ်သမားကြီး
တစ်ယောက် ရောက်လာတယ်။

သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာရွှံ့ခြေရာကြီး
ပေနေတာတွေ့တော့မျက်စေ့တောင် ပြာခနဲ ဖြစ်သွားပြီး
မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ခပ်၊
နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့,မ၊
နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ်။

အဲ့ဒီမှာ..သူ့ကိုမထီမဲ့မြင် လုပ်တယ်ဆိုပြီး
နတ်ကြီးက ဖမ်းစားတော့တာပဲ။

ဘယ်သူ့ကိုဖမ်းစားသလဲ ဆိုတော့
သူ့ကို ချနင်းသွားတဲ့လူကို မဟုတ်ဘဲ
အပင်ပန်းခံ နတ်ကွန်းထဲပြန်ထားတဲ့လယ်သမားကြီးကိုပါ။

အကြောင်းပြချက် Reason ကနတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ
အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပြီး
မပင့် မလျှောက်လို့တဲ့၊ နတ်ဆရာတွေက ဒီလိုပြောလို့
လယ်သမားကြီးခမျာဝက်တစ်ကောင်ပေါ်ပြီး ပူဇော်ရသတဲ့။

ဒါနဲ့ သူ့သူငယ်ချင်း နတ်တွေက
အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်။

" မင်းကွာ ..မင့်ကို တက်နင်းသွားတဲ့ကောင်ကိုတော့..
ဖမ်းမစားရဲဘူးပေါ့.."

ဒီတော့မှ ..အဲ့ဒီ မတ်တပ်ကိုယ်တော်နတ်ကြီးက... အားရပါးရ ရယ်ပြီး ...
ပြန်ပြောလိုက်တာကတော့ ...

” ဟေ့ကောင်တွေ...ငပိန်းတွေကို ..
အနိုင်ကျင့်ရတာ လွယ်တယ်ကွ..
ငါ့ကိုတက်နင်းသွားတဲ့ကောင်ကို ...သွားဖမ်းစားမိရင်...
နောက်တစ်ခါဆို..ငါ့ကို မီးပါအရှို့ခံနေရမှာ..ဟား ..ဟား "

(မှတ်ချက်။ ။ တချို့လူတွေက
သူတို့အခွက်ကို
တက်နင်းသွားတဲ့ကောင်တွေနဲ့ပဲ
တန်ပါတယ်။)

-To Original Writer

Photos from ဒေါ်သဇင်ထွန်း.ဗေဒင်နှင့်ယတြာ's post 24/06/2025

သိမှတ်ဖွယ်ရာ ဘုန်းရွေပညာ။

01/06/2025

" ခွေးတွေဟာ ဘာလို့ လူတွေထက် သက်တမ်းပိုတိုတာလဲ..''
ဒီမေးခွန်းအတွက် ၆ နှစ်သား ကလေးတစ်ယောက်ရဲ့ အဖြေဟာ အံ့အားသင့်စရာ အဖြေတစ်ခုပါ။

ကျွန်တော့်သူငယ်ချင်း တိရစ္ဆာန်ဆရာဝန်တစ်ဦးက တစ်ခါက ထိမိတဲ့ဇာတ်လမ်းတစ်ပုဒ်ကို မျှဝေခဲ့ဖူးပါတယ်။

တစ်ခါက အသက်ဆယ်နှစ်အရွယ် ဂျာမန်သိုးထိမ်းခွေးတစ်​​ကောင်ကို စစ်ဆေးဖို့ ကျွန်တော့်ကို သူ့အိမ် ဖိတ်ခေါ်ခဲ့ပါတယ်။ ပိုင်ရှင်တွေနဲ့ သူတို့ရဲ့သားငယ်လေးက Astro( ခွေးအမည်) ကို အရမ်း ချစ်ကြပါတယ်။

ကျွန်တော် Astro ကို စစ်ဆေးကြည့်တော့ သူက ကင်ဆာကြောင့် သေဆုံးတော့မယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဘာမှထပ်မလုပ်ပေးနိုင်တော့ဘူးလို့ မိသားစုကို ကျွန်တော်ပြောပြခဲ့ပြီး သူတို့အိမ်မှာပဲ သက်သက် သာသာ သေဆုံးအောင် ဆောင်ရွက်ပေးဖို့ အကြံပေးခဲ့ပါတယ်။ဒီကိစ္စအတွက် ကူညီပေးဖို့လည်း ကတိပေးခဲ့ပါတယ်။

သူတို့ မိသားစုလည်း သဘောတူခဲ့ကြပါတယ်။ ဒါဟာ အမှန်ကန်ဆုံး လူသားဆန်တဲ့ ရွေးချယ်မှုပါ၊ မဟုတ်ရင် တိ​လေးမှာ ကင်ဆာဝေဒနာကြောင့် အရမ်းခံစားရမှာဖြစ်လို့ပါ။

ကျွန်တော်တို့ ပြင်ဆင်နေတုန်းမှာ မိဘတွေက သူတို့ရဲ့ ၆ နှစ်အရွယ်သားလေးကလည်း အနားမှာ ရှိနေချင်တယ်လို့ ပြောခဲ့ပါတယ်။

နောက်နေ့မှာ မိသားစုအားလုံး Astro ရဲ့ဘေးမှာ ဝိုင်းရံနေကြပါတယ်။ ကလေးငယ်လေးက သူ့ခွေးလေးကို နောက်ဆုံးတစ်ကြိမ် ညင်သာစွာ ပွတ်သပ်ပေးနေခဲ့ပါတယ်။ ခဏအကြာမှာ Astro လည်း အေးချမ်းစွာ ​ငြိမ်သက်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့အားလုံး တိတ်ဆိတ်စွာ အတူထိုင်ပြီး ခွေးတွေဟာ ဘာလို့ လူတွေထက် အသက်ပိုတိုရတာလဲဆိုတာကို စဉ်းစားနေခဲ့ကြပါတယ်။

ကျွန်တော်တို့စကားဝိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေတဲ့ ကလေးငယ်လေးက ရုတ်တရက် ထပြောခဲ့ပါတယ်။

"ကျွန်တော် သိတယ် ဘာလို့လဲဆိုတာ...?"တဲ့။

ကျွန်တော်တို့အားလုံး သူ့ဘက်ကို အံ့အားသင့်စွာ လှည့်ကြည့်မိကြပါတယ်။

သူနောက်တစ်ခွန်းပြောလိုက်တဲ့စကားက ကျွန်တော့်ကို အံ့သြသွားစေခဲ့ပါတယ်။ အဲ့ဒီလောက်ကောင်းတဲ့ရှင်းပြချက်ကို ကျွန်တော်ဘယ်တုန်းကမှ မကြားဖူးခဲ့ပါဘူး။

သူက ပြောပါတယ်....

"လူတွေက ဘဝမှာ ဘယ်လို ကောင်း​အောင် နေထိုင်ရမလဲဆိုတာ သင်ယူဖို့ မွေးဖွားလာကြတာ။ ချစ်တတ်ဖို့ မေတ္တာနဲ့ ကြင်နာတတ်ဖို့လိုပေါ့၊ ဟုတ်တယ်မလား...ဖေဖေ ? ခွေး​လေးတွေကတော့ အဲ့ဒါတွေကို သိပြီးသားလေ.. ဒါကြောင့် သူတို့က သားတို့လို ကြာကြာနေစရာမှ မလို​တော့တာ..." တဲ့။

ခွေးတစ်ကောင်ဆီကနေ သင်ယူနိုင်တဲ့အရာတွေက-

🍀 ကိုယ်ချစ်တဲ့သူတွေ အိမ်ပြန်လာရင် ထွက်ကြိုပါ။
🍀 ဟိုနားဒီနား လမ်းလျှောက်ထွက်ဖို့ အခွင့်အရေးကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့။
🍀 ခဏတစ်ဖြုတ် အိပ်ပါ။
🍀အိပ်ရာက မထခင် ကိုယ်လက်ဆန့်ပါ။
🍀 နေ့တိုင်း ပြေးပါ၊ တစ်ခုခူ ကစားပါ၊ ပျော်ရွှင်ပါ။
🍀 ဟိန်းဟောက်ရုံနဲ့ လုံလောက်ပြီဆိုရင် မကိုက်ပါနဲ့။
( ပြောပြယုံနဲ့လုံလောက်လျင် ဒေါသမထွက်ပါနဲ့။ )
🍀 ရေအများကြီးသောက်ပြီး အရိပ်ထဲမှာ အနားယူပါ။
🍀 တစ်ဦး​ပေါ်တစ်ဦး သစ္စာရှိပါ။
🍀 သင်လိုချင်တာ မြှုပ်ထားရင် ရှာတွေ့တဲ့အထိ တူးပါ။
( ဖြစ်ချင်တာကို ရအောင်လုပ်ပါ။)
🍀 တစ်စုံတစ်ယောက် စိတ်မကောင်းဖြစ်နေတဲ့အခါ တိတ်တိတ်နေပါ၊ ဘေးနား နီးနီးလေး ထိုင်ပြီး ရှိနေပေးပါ။

ဒီအချက်အလက်တွေက ခွေးတစ်ကောင်ရဲ့ နှလုံးသားကနေ တိုက်ရိုက်လာတာပါ။

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
3