SYKO
22/01/2026
SYKO ကလေ ဟိုစထဲက Size တွေ Diversity တွေ လူမျိုးဘာသာမရွေးဝတ်စားလို့ရအောင် Hoodie and Tees တွေ အသေးဆုံး က အကိတ်ဆုံးထိ ထုတ်ပေးခဲ့ပါတယ်
February ချစ်သူများနေ့အတွက် promotions လာမယ်နော် 🌚🖤💖⭐️✨
UK မှာနေရခြင်းအတွက် ကျွန်မကို အရမ်းစိတ်သက်သာရာရသွားစေတဲ့ အချက်တစ်ခုရှိပါတယ်။
ဒါဟာ UK က ကျွန်မရဲ့ မြန်မာသူငယ်ချင်းတွေနဲ့လည်း သဘောတူပြီး ပြောဖြစ်ကြတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
📍 ဒီမှာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို “ဝတယ်၊ အသားမည်းတယ်၊ ဖြူတယ်၊ လှတယ်၊ မလှဘူး” စသဖြင့် ဝေဖန်တဲ့ အကြည့်၊ အပြော လုံးဝမရှိတာပါ။
အဝတ်အစား size နဲ့ design တွေကလည်း အဲ့လို Diversity ကိုထည့်သွင်းစဥ်းစားပြီး ထုတ်ထားတာဖြစ်တဲ့အတွက် size စုံ၊ ပုံစံစုံ အမျိုးမျိုးမို့လို့ ကိုယ့်အနေအထားက ဘယ်လို ဖြစ်ဖြစ် လှလှပပ ရွေးချယ်ဝတ်ခွင့်ရှိပါတယ်။
လမ်းပေါ်မှာကြည့်ရင်လည်း တကယ်ကို ပုံစံစုံ၊ size စုံ အမျိုးသမီး၊ အမျိုးသား အသီးသီးတွေ့ရတဲ့အတွက် ကိုယ်က ဘယ်လိုပုံပဲဖြစ်ဖြစ် သိမ်ငယ်စရာ အကြောင်းက ရှိမနေတော့ပါဘူး။
အဲ့ဒါကို ထင်ထင်ရှားရှားတွေ့ရတဲ့ နောက်တစ်နေရာက British TV Series တွေဖြစ်ပါတယ်။
မြန်မာ Beauty Standard နဲ့ဆိုရင် အနောက်တိုင်းသားတွေအတွက် လှတယ်/ခန့်တယ်လို့သတ်မှတ်ထားတဲ့ ပုံစံတွေ ရုပ်ရည်တွေ သိပ်တွေ့ရမှာ မဟုတ်ပါဘူး။ အရေးအကြောင်းတွေရယ်၊မိတ်ကပ်နဲ့ lighting သိပ်မကစားထားတဲ့ အရှိအတိုင်း ရိုးရိုး သရုပ်ဆောင်တွေရယ်နဲ့ များသောအားဖြင့် ဖွဲ့စည်းထားပါတယ်။ ဇာတ်အိမ်ရယ်၊ သရုပ်ဆောင်ကောင်းခြင်းရယ်နဲ့ပဲ အဓိက performance ကိုပြပါတယ်။
ရလဒ်အနေနဲ့ - ရုပ်ပိုင်းဆိုင်ရာအားဖြင့်၊ ဝတ်စားဆင်ယင်မှုအားဖြင့် သိမ်ငယ်ရတာမျိုး၊ ဂရုစိုက်နေရတာမျိုး တကယ်ကို လုံးဝရှိမနေတော့ပါဘူး။
ငယ်စဥ်ကတည်းက အသားအရေနဲ့ ပတ်သက်ပြီး အမြဲ ဝေဖန် စနောက်ခံရတဲ့ ကျွန်မအတွက် ဒါဟာအရမ်းကြီးမားတဲ့ စိတ်သက်သာရာရမှုတစ်ခုဖြစ်ပါတယ်။
Online ပေါ်မှာတော့ မြန်မာ အမျိုးသမီး၊ အမျိုးသားများ တချို့ဆီက အသားအရေ၊ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ခုထိ ဝေဖန်ကဲ့ရဲ့ လှောင်ပြောင်မှုတွေကို ကျွန်မရနေဆဲပါပဲ။
ပညာရေးလိုအပ်ချက်ကြောင့် ဒီကိစ္စတွေဖြစ်ရတယ်ဆိုတာကို နားလည်ပေမယ့်၊ “လူမျိုးကြီးဝါဒ”မဟုတ်ရင်တောင် ကျွန်မတို့ မြန်မာတွေ အရမ်းပြောကြတဲ့ “ကိုယ်ချင်းစာတရား” ဆိုတဲ့ရှုထောင့်ကပဲဖြစ်ဖြစ် ဒီဓလေ့ကြီးကို ပြောင်းလို့မရဘူးလားလို့ တွေးမိလို့ပါ။
တကယ် ခေတ်မှီချင်ရင်၊ ပညာတတ် အဆင့်ရှိတဲ့သူဆိုတာ ပြချင်ရင် အင်မတန်မှ image-driven ဖြစ်ကြတဲ့ မြန်မာလူနေမှု အဖွဲ့အစည်းထဲမှာ ရုပ်ပိုင်းဆိုင်ရာ shaming ဟာ အလွန်တရာမှ အခြေခံပါ။
▪️”လှတယ်” လို့လည်း မြှောက်ပြောစရာမလိုပါဘူး။ Diversity ရဲ့ သဘောသဘာဝဟာ ဘယ်လို size၊ အသားအရေ၊ ဖွဲ့စည်းပုံ ဘာပဲဖြစ်ဖြစ် “လှတယ်၊ မလှဘူး” သတ်မှတ်ချက်ကို ဖြိုချလိုက်တာ ဖြစ်ပါတယ်။
ကျွန်မအတွေ့အကြုံအရ - “ရုပ်ပိုင်းဆိုင်ရာ သိမ်ငယ်စရာ တစ်ခုမှမရှိဘူး။ ဘယ်သူမှလည်း ကိုယ့်ကြည့်ပြီး ဝေဖန်မနေဘူး။ ကြိုက်သလိုဝတ်စားသွားလာနိုင်တယ်။” ဆိုတဲ့အချက်ဟာ လူတစ်ယောက်ကို အရမ်းကို ပေါ့ပါးသွားစေတယ်။ overall mental health မှာပါ သွားပြီး သက်ရောက်မှု ရှိစေတာပါ။
ဘယ်အရပ်၊ ဘယ် culture မှာဘဲနေနေ လူတိုင်းဟာ ဒီလို ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ထိုက်တန်တယ်။ တကယ် ဒီလို ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်မျိုးတွေ ရစေချင်ပါတယ်။
*ပုံကတော့ ဖျားနေတုန်းက ရိုက်ထားတဲ့ပုံပါ။
#သူမ
#အတူတူရှင်သန်ကြပါစို့
15/11/2025
Traveling with syko therapy Cruise Collection be like !!!
Bucket Hat & Top Available at House of Tytenium
✨✨✨✨✨✨✨✨✨
13/11/2025
SYKO X TYTENIUM: SYKOTHERAPY Cruise 2025✨
Anahata Fold Shirt: Centered by Rhodonite Stone💎
“Anahata”💚
Fold Shirtမှာ confy and calming ဖြစ်စေဖို့ချည်သားနဲ့ချုပ်လုပ်ထားပြီး Oversized Tee Silhouette ပုံစံဖန်တီးထားပါတယ်။
Neckline hookနေရာမှာ SYKOTHERAPY ရဲ့ Heart Chakra ကို ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတဲ့ Rhodonite ကျောက်လေးနဲ့ ထည့်သွင်းဖန်တီးပုံဖော်ထားပါတယ်။ ✨
At the heart of the Anahata Fold Shirt design rests a genuine “Rhodonite” stone, the crystal of compassion. Each time you wear it, you carry a touch of its calming energy, a subtle reminder to lead with love and stay grounded in grace.
Crafted with intention in a soft, unisex silhouette featuring our uniqu folded neckline. ✨
A limited release for those who value meaning in the details.🤍
✨ Wrap yourself in calm. Secure yours now.
Price - 58500MMK
Color - Black, White
Size - S, M, L, XL, 2XL
⚲ Available now in-store and online!
⚬ Call us at 09778880203.
⚬ Opening hours - 9:00AM - 8:00PM
⚬ Address - No. (166/167), Thihathu St; 11 Ward, South Okkalapa Tsp; Yangon.
HOUSE OF TYTENIUM မှာ လာရောက်အားပေးနိုင်ပါပြီ
Click here to claim your Sponsored Listing.
Category
Website
Address
No.(166/167), Thihathu St, 11 Ward, South Okkalapa Township
Yangon
11091