MILI Radio

MILI Radio

Share

22/01/2021

အညိုနှင့် နှစ်သစ်အားမာန်
*************************

ဇာတ်လမ်း - နေခြည်လင်းလက်(တောင်ကြီး)
တင်ဆက်သူ - တင်နီလာဝင်း

ကိုယ်အင်္ဂါမသန်စွမ်းသူ ကလောင်ရှင် နေခြည်လင်းလက်(တောင်ကြီး)ရေးသားပေးထားတဲ့ "အညိုနှင့် နှစ်သစ်အားမာန်" ဆိုတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် နားဆင်ပေးကြပါဦးခင်ဗျ....

02/12/2020

ဆွေထက်(ရေစကြို) ရေးသားပေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်

လပြည့်ဝန်းရဲ့ ဒိုင်ယာရီ
*************************
ကလောင်ရှင် - ဆွေထက်-ရေစကြို (ကိုယ်အင်္ဂါမသန်စွမ်းသူ ကလောင်ရှင်)

ငယ်ငယ်ကတည်းက စိတ်ဆန္ဒအင်အား ကြီးမားခဲ့တဲ့ကျွန်တော်၊ ဘဝရဲ့ အလှည့်အပြောင်း တွေကြောင့် မသန်စွမ်းဖြစ်ခဲ့တဲ့ ကျွန်တော် ၊ မေ့ပျောက်ခံ အသိုင်းအဝိုင်းကြားမှာ ကြီးပျင်းခဲ့ရတဲ့ ကျွန်တော် ၊ ဆုံးရှုံးမှုတွေအများကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ကျွန်တော်၊ ထိုကဲ့သို့ ဘဝရဲ့ဇာတ်ခုံပေါ်မှာ အပြုံးမပျက်လှလှကြီးကနေနိုင်အောင် ကျွန်တော့်ရဲ့စိတ်ဓာတ်ကို မသန်ပေမယ့် စွမ်းဆောင်နိုင်သူ တစ်ယောက် ဖြစ်အောင် ကြိုးစားရပ်တည်ခဲ့ရပါတယ်။ ကျွန်တော့်ဟာ အညာအရပ်လို့ခေါ်တဲ့ ချင်းတွင်းမြစ် အထက်ပိုင်း ထမံသီမြို့နယ် ပင့်မာရွာခြေ သောင်ပြင်ကမ်းစပ်မှာ တတိယမြောက် သား အဖြစ် မွေးဖွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ မိဘများကတော့ ကြိမ်ခုတ်၊ဝါးခုတ် လုပ်ငန်းများနဲ့ အသက်မွေး ကြပါတယ်။ ကျွန်တော့်အမေက ပခုံးထမ်းဈေးသည်အဖြစ်လည်း ရွာစဉ်လှည့် ဈေးရောင်းရပါသေးတယ်။ ကျွန်တော်အသက်သုံးနှစ်အရွယ်မှာတော့ ကျွန်တော့် အဖေဆုံးပါးသွားတဲ့အတွက် အဘိုးအဖွားများ ရှိရာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နှောပင်ရွာကို မိသားစုနဲ့အတူ လိုက်ပါလာခဲ့ရပါတော့တယ်။
ကျွန်တော်ဟာ ကျန်းမာစွာမွေးဖွားခဲ့ပေမယ့်လည်း အသက်ရှစ်နှစ်အရွယ်မှာတော့ အပြင်းဖျားခဲ့ ပြီး ကျန်းမာရေးချူခြာ လာခဲ့ပါတယ်။ အသက်ကိုးနှစ်အရွယ်ရောက်တဲ့အခါ နားနှာခေါင်း လည်ချောင်း ရောဂါနဲ့ မုံရွာမြို့ဆေးရုံမှာတက်ရောက် ခွဲစိတ်ခံခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး ခြေဆစ်လက်ဆစ်များ ရောင်ရမ်းနာကျင်လာခဲ့ပါတယ်။ အရပ်ဆေးဝါးများ၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသ ခဲ့ပေမယ့်လည်း တစ်နှစ်ပီးတစ်နှစ် ပိုမိုဆိုးဝါးလာခဲ့ပြီး လေးဘက်နာရောဂါဝေဒနာကို စတင်ခံစားခဲ့ရပါ တော့တယ်။ ကျွန်တော့်အသက် ဆယ်လေးနှစ် အဌမတန်း အတန်းတင် စာမေးပွဲနောက်ဆုံး ဖြေဆိုပြီးချိန်မှာတော့ အိပ်ယာထဲ ဗုန်းဗုန်းလဲခဲ့ရပါသည်။ သူငယ်ချင်းများက နဝမတန်းမှာ တက်ရောက် ပညာသင်ကြားနေချိန်မှာတော့ ကျွန်တော်မတတ်ရောက်နိုင်ခဲ့တော့ပါဘူး။ ကျွန်တော့်ရဲ့ အထီးကျန်ချိန် တွေကို ကျွန်တော့်မိဘ မောင်နှမတွေအပါအဝင် ကျနော် ဦးလေးရဲ့ ဗဟုသုတရစရာ စာအုပ်များနှင့် သာကုန်ဆုံးခဲ့ရပါသည်။ ကျွန်တော့်အိမ်ဝိုင်းလေးဟာ ကျွန်တော်ကမ္ဘာဖြစ်ခဲ့တဲ့ အချိန်တွေ ငါးနှစ်လောက် ကြာခဲ့ပါသည်။
အဲ့ဒီအချိန် ငါးနှစ်အတွင်း ကျွန်တော့်ကျန်းမာရေး အခြေအနေဆိုးဝါးလာပြီး ကျွန်တော့်ရဲ့ ခြေထောက်တွေဟာလည်း သေးသိမ် ကွေးကောက် ခဲ့ရပါသည်။ ကျွန်တော့်အမေရဲ့ ဆုံးမ လမ်းညွှန်မှု ကြောင့် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအပေါ် သက်ဝင်ယုံကြည်ပြီး စိတ်ဓာတ်အင်အား မွေးမြူခဲ့ရပါသည်။ ဒီလိုနေခဲ့ရင်းကနေ ရေစကြိုမြို့မှာနေထိုင်တဲ့ ရပ်ဆွေရပ်မျိုးတစ်ဦးဖြစ်တဲ့ ကျောင်း ဆရာလေး ဦးတင့်လွင်ဦးက ကျွန်တော့်ရဲ့ မကျန်းမာမှုသတင်းကို ကြားသိခဲ့ပြီး ဆရာရဲ့ အကူအညီနဲ့ပဲ ကျနော်ဆေးဝါးကုသခွင့် ရရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ကျွန်တော့်ရောဂါအခြေအနေ သက်သာလာပြီး ထိုင်နိုင်လှုပ်ရှားလာနိုင်ခဲ့ပါသည်။ ဒါပေမယ့် လမ်းတော့မလျှောက်နိုင်တော့ပါဘူး။ ကျွန်တော်ရဲ့ ညီလေးက သူရဲ့ဝင်ငွေနဲ့ ဘီးတပ်ကုလားထိုင်လို့ခေါ်တဲ့ ဝှီးချဲလ်တစ်စီးကို ဝယ်ပေးပါသည်။ ကျွန်တော်အလွန်ပျော်ခဲ့ရပါတယ်။ အဲ့ဒီဝှီးချဲလ်နဲ့ ကျွန်တော့်ဘဝသည် ပြန်လည်နိုးကြား သက်ဝင်လာခဲ့ပါတယ်။
ကျွန်တော်သည် ဝီချဲလ် တစ်စီးဖြင့် ရွာထဲကို စထွက်တဲ့အခါမှာတော့ လူအများစုရဲ့ အံ့ဩတဲ့အကြည့်၊ သနားဂရုဏာဖြစ်တဲ့အကြည့် ၊ ရွံ့ရှာနေတဲ့အကြည့် ၊ မျက်လုံးပေါင်းစုံရဲ့ အကြည့်ကို ခံခဲ့ရပါသည်။ ကျွန်တော် အားငယ်ခဲ့ရသော အချိန်များလို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော့်စိတ်ကို မာန်တင်းအားယူခဲ့ရသော အချိန်များလည်း ဖြစ်သည်။ အဲ့ဒီလိုခံစားနေရချိန်မှာ ကျွန်တော်တို့ရွာက ကျူရှင်ဆရာ ဆရာအောင်သူနှင့် တွေ့ဆုံစကားပြောဖြစ်ခဲ့ပြီး ဆရာ၏လမ်းဖွင့်ပေးမှုဖြင့် ကျွန်တော် ဆရာ့ရဲ့အိမ်ကို အလည်အပတ် သွားရဲလာရဲ ရှိလာခဲ့သည်။ ဆရာနှင့် မကြာခဏဆိုသလို စကား ပြောဖြစ် ကြရင်းကနေ ပညာရေးအသိ ရလာခဲ့ပြီး အတန်းပညာ ဆက်လက်သင်ကြား ဖြစ်ခဲ့ပါသည်။ ရွာကျောင်းမှာ ကျွန်တော် နဝမတန်းနဲ့ ဒဿမတန်း ပြန်လည်တတ်ရောက်ခဲ့ပြီး ဆယ်တန်း စာမေးပွဲကို 2019 ခုနှစ်မှာ အောင်မြင်ခဲ့ပါသည်။
ကျွန်တော် ဆယ်တန်းအောင်ပြီးချိန်မှာတော့ မသန်စွမ်းအဖွဲ့အစည်းများရှိတယ် ဆိုတာကို အဒေါ်တစ်ယောက်ထံကနေတစ်ဆင့် သိခဲ့ရပါသည်။ မသန်စွမ်းအဖွဲ့အစည်းများနဲ့ ဆက်သွယ်ဖို့အတွက် ကြိုးစားခဲ့ရင်း ရွာကျောင်းမှာ အချိန်ပိုင်း မူလတန်း လုပ်အားပေးကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်နေခဲ့ပါသည်။ ဒီလိုနဲ့ကျွန်တော်မသန်စွမ်းအဖွဲ့အစည်းတစ်ခုနဲ့ အဆက်အသွယ်ရရှိခဲ့ပြီး အဖွဲ့ဝင် ဘဝတူ မသန်စွမ်းအကိုတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ဆရာတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရရှိ ခဲ့ပါတယ်။ ဆရာကိုယ်တိုင်လည်း ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆရာရဲ့ ဆက်သွယ် ပေးမှုကြောင့် ရေစကြိုမြို့မှာ မသန်စွမ်းမှုဆိုင်ရာသင်တန်းတစ်ခုကို တတ်ရောက်ခွင့်ရခဲ့ ရာမှတဆင့် နိုင်ငံတော်ရဲ့ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေ 2015 နဲ့ နည်းဥပဒေ 2017 ပြဌာန်း ချက်တွေကို သိရှိခဲ့ပါသည်။
ကျွန်တော်တို့ မသန်စွမ်းသူများဟာ မသန်သော်လည်း စွမ်းဆောင်နိုင်ကြောင်းနှင့် မိမိရဲ့ မသန်စွမ်းမှုအပေါ်မှာ စိတ်ဓာတ်ကျမနေသင့်ကြောင်း၊ လက်လျော့အရှုံးမပေးသင့်ကြောင်း သိလာခဲ့ရ ပါသည်။ မိမိနှင့်ဘဝတူ မသန်စွမ်းညီအစ်ကိုမောင်နှမများလည်း တွေ့ဆုံရင်းနီးခွင့် ရခဲ့ပါသည်။ ဒီလိုနဲ့ ကျနော်ဒေသမှာ မသန်စွမ်းအဖွဲ့တစ်ခု ဖွဲ့စည်းဖြစ်ခဲ့ရင်းကနေ အများရဲ့ထောက်ခံအားပေးမှုကြောင့် အဖွဲ့ရဲ့ အလုပ်အမှုဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ဒီနေရာမှာ ကျနော်နဲ့ဘဝတူ မသန်စွမ်း ညီအစ်ကိုမောင်နှမများကိုပြောပြချင်တာလေး တစ်ခုရှိပါတယ်။ ကျွန်တော်တို့ဟာ မွေးရာပါအခြေအနေများကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များ ဖြစ်ခဲ့ရသလို၊ ပြင်ပထိခိုက်မှုများကြောင့်လည်း ချို့ယွင်းအားနည်းချက်များ ဖြစ်ခဲ့ကြပါတယ် ဒါအပြင် ကျန်းမာရေး အသိပညာ နည်းပါးမှု ၊ စာပေဗဟုသုတ အားနည်းမှုများကြောင့်လည်း ရုပ်ပိုင်း စိတ်ပိုင်း ချို့ယွင်းအားနည်းချက် ဖြစ်ခဲ့ကြပါတယ်။ ဒီလိုမျိုး ကျနော်တို့ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း ချို့ယွင်းအားနည်းချက် များနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရုပ်ပိုင်း စိတ်ပိုင်း မူဝါဒပိုင်း စတဲ့အတားအဆီးတွေနဲ့ တွေ့ကြုံခဲ့ရာကနေ မသန်စွမ်းမှုဆိုတာ ဖြစ်လာခဲ့ရပါတယ်။
ဒီတော့ ကျနော်တို့ရဲ့ မသန်စွမ်းမှုဆိုတာဟာ ကျနော်တို့တန်းတူအခွင့်အရေးမရရှိခြင်းရဲ့ အဓိက ပြဿနာမဟုတ်ပဲ အတားအဆီးများကသာ အဓိကပြဿနာ ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီ ပြဿနာများ ကို ကြိုးစားဖြေရှင်းရမည်ဖြစ်ပါသည်။ မသန်စွမ်းသူများလည်း လူဘောင်အသိုက်အဝန်းအတွင်းမှာ အများနှင့် တန်းတူ ပါဝင်လာနိုင်စေရန်အတွက် 2020 ခုနှစ် ဒီဇင်ဘာလ 3 ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်သူများနေ့ ဆောင်ပုဒ် ဖြစ်သော "Building Back Better: toward a disability-inclusive, accessible and sustainable post COVID-19 World" “ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာကို တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့ရန် ကြိုးစားစို့” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အတူ မသန်စွမ်းသူများအပေါ် သနားဂရုဏာဖြစ်မယ့်အစား ကိုယ်ချင်းစာနာမှုများ ထားရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတော့တယ်ခင်ဗျာ။

ဆွေထက်_ရေစကြို

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 17/19, Thar Yar Aye Street, Ward 3, Mayangone Township
Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00