Hello Doctors

Hello Doctors

Share

13/07/2021

ပြောရတာလည်း အမြှုပ်တွေပါ ထွက်လာတယ်...

အခု အဆိုးဆုံးက...
" စားချင်​သောက်ချင်စိတ် မရှိဘူး ဆရာရယ် "
ဆိုတဲ့ ပြဿနာပဲ...

စိတ်ပျော့တဲ့သူတွေ၊ မိန်းကလေး ငယ်ငယ်လေးတွေ၊
သက်ကြီးရွယ်အို တွေ အဆိုးဆုံးပဲ...
နုကြတယ်၊ နွဲ့ကြတယ်၊ အီကြတယ်၊ ညောင်ကြတယ်...

ပျို့တယ်၊ အန်တယ်၊ နုံးတယ် ဆိုတာ
မစားကြ မသောက်ကြလို့ ဖြစ်တာ...
ကိုဗစ်ကြောင့် ဖြစ်တာ မဟုတ်ဘူး...

ကိုဗစ် ဖြစ်နေတုန်း
ပါးစပ်ပျက်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့
မစားမသောက်ရင် ဘာဖြစ်တတ်လဲ ဆိုတော့
သေတတ်တယ်...

အခု ပတ်ဝန်းကျင်မှာ တွေ့ရသလောက်
အကောင်းကြီးကနေ လစ်ကုန်တာ
မစားမသောက်​ကြတဲ့ သူတွေချည်းပဲ...

*** ဒီပွဲက စိတ်ပျော့တဲ့သူတွေ ဂိမ်းတဲ့ပွဲ ***

*** အဲ့တော့... အစား များများ စားပါ
အာဟာရ ပြည့်ဝအောင် စားပါ
ဓာတ်ဆားရည် သောက်ပါ...
အရည် များများ သောက်ပါ ***

စားတယ် ➡ အန်တယ် ➡ အန်ပြီး ပြန်စားမယ်
အဲ့လို ဇွဲလေး ထားမှ ခင်ဗျားတို့ survive ဖြစ်မှာပါ...

သေချင်နေပါပြီ
ဒီလောကကြီးမှာ မနေချင်တော့ပါဘူး
ဆိုရင်တော့ မစား မသောက်ကြပါနဲ့...

စကားပြော ရင့်သွားရင်လည်း မတတ်နိုင်ပါ...
စေတနာနဲ့ ပြောတာ၊ ချစ်လို့ ပြောတာပါ...

Photos from Hello Doctors's post 13/07/2021

Covid ကြောင့် သေတာထက် Pneumonia ဝင်ပြီး O2 ထိုးကျလို့ သေတာပါ

Pneumonia ဆိုတာက အဆုတ်ထဲမှာ အရည်တွေပြည့်ပြီး O2 exchange မလုပ်နိုင် တော့တာပါ

အဲ့ဒီအရည်တွေကို အပြင်ပြန်ထွက် အောင် လုပ်တာကို Chest physio လို့ခေါ်ပါတယ် အသက်ကြီးပြီး ချောင်းဟန့်တာမလုပ်နိုင်တဲ့ လူနာတွေမှာ အသုံးဝင်ပါတယ်

အဲ့လို ဇောက်ထိုးနေချင်းအားဖြင့် Gravityအရရော ချွဲပိုထွက်တာကြောင့် အဆုတ်ရဲ့ O2 exchange လုပ်တဲ့ bronchioles တွေမှာ အရည်တွေအချွဲတွေပိတ်မနေပဲ ခန္ဒာကိုယ်က O2 ကို ရရှိပါတယ်

အဲ့ဒါကြောင့်မှောက်အိပ်ရင်နေရသက်သာတယ် အမောသက်သာတယ်လို့ အလွယ်ကပြောကြတာပါ

မှောက်ပဲအိပ်အိပ် စောင်းပဲအိပ်အိပ်
ခါးက ရင်ဘက်ထက်မြင့်နေရင် ရပါပြီ
အသက်ကိုအဆုံးထိ ၀၀ရှူပြီး လေကုန်တဲ့အထိ ရူထုတ်ဖို့လိုပါတယ်

Covid ဖြစ်နေတယ်ဆိုရင်တော့
အဲ့လိုလေး မှောက်လိုက် စောင်းလိုက် breathing exercise လေးတစ်နေ့ကို ၂ကြိမ် ၃ ကြိမ်လောက်ကြိုးစားလုပ်ပေးကြည့်ပါ

Pneumonia ဝင်မှထလုပ်ရင် ပိုခက်ခဲမှာမို့လို့ပါ
ချောင်းခဏခဏ ဟပ်ပြီးသလိပ်ထွေးပါ
ချောင်းဟပ်ရခက်ရင် Bisolvon လေးသောက်ပါ

ဖင်ကုန်းပြီး အသက်ရှူနေခြင်းက
Dexa လျောက်သောက်တာထက် ပိုထိရောက်ပါတယ်

Credit

15/02/2020

မဂ်လာပါ ....

House call service အတွက် နှုန်းထား အသစ် များကို ပြန်လည် သတ်မှတ်ထားပါသည်။

မြို့နယ်အလိုက်ခွဲခြားထားပါသည်။

လက်ရှိအိမ်တိုင်ရာ ရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်အရေအတွက် မလုံလောက် သည့်အတွက် ၂၄နာရီ ဝန်ဆောင်မှု (24hours service) ကို ခတ္တ ရပ်ဆိုင်းထားပါသည်။

အိမ်တိုင်ရာ ရောက် ကျန်းမာရေးစောင့်ရှောက်မှု အတွက်....
မနက် ၈ နာရီ မှ ညနေ ၈နာရီ ထိ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မြို့တွင်း အနီးတစ်ဝိုက် မြို့နယ်များအတွက် - ၂၅၀၀၀ ကျပ် + ဆေးဖိုး
မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာ ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ သာကေတ ၊ လှိုင်သာယာ၊ ဒေါပုံ မြို့နယ်များအတွက် - ၃၀၀၀၀ ကျပ် + ဆေးဖိုး

အရေးကြီးလူနာများ (critical case)၊ အသက်အန္တရာယ် စိုးရိမ် ရသည့် အရေးပေါ် လူနာ (emergency case) များအတွက် ဆေးရုံသို့ ချက်ချင်း သွားစေလိုပါသည်။

ဆေးကုသဖို့ လိုအပ်သည်ဖြစ်စေ ၊ ဆေးရုံသို့ လွဲပြောင်းပေးရသည်ဖြစ်စေ လာရောက်ကြည့်ရှု ပေးသည့် ဆရာဝန်များအတွက် ခြေကြွခ (Consultation Fees) ကို သက်မှတ်နှုန်ထားအတိုင်း ကောက်ခံပါမည်။

သက်ကြီးရွယ်အိုများအတွက်ဆေးခန်းသွားဖို့ အဆင်မပြေလို့ပဲဖြစ်ဖြစ် ၊ နေမကောင်းအားမရှိလို့ အိပ်ယာထဲက ထဖို့ ခက်ခဲနေတဲ့လူနာများအတွက် Hello Doctors ကသင့်ကို ကူညီဖို့ အသင့်ရှိနေပါတယ်။

*** ဆရာဝန်များ အတွက် သွားလာစရိတ် သီးသန့်ထပ်ပေးစရာမလိုပါ။
*** ဆေးကို အပြင်မှာပဲ ဝယ်သောက်ချင်တဲ့ လူနာ များအတွက် ဆေးဖိုး ထပ်ပေးစရာမလိုပါ။

Hello Doctors (House Call Service)

09 760 80 888 3
09 760 80 777 4

29/07/2019

HIV ပိုးအကြောင်းသင်ဘယ်လောက်သိသလဲ?

HIV ဆိုသည်မှာ ရောဂါ တစ်မျိုးမဟုတ်ပါ။ Virus ပိုးတစ်မျိုးသာဖြစ်သည်။ AIDS ရောဂါသည် HIV ရောဂါပိုးကြောင့်ဖြစ်သောရောဂါတစ်ခုဖြစ်သည်။ HIV ပိုးသည် ကိုယ်ခန္ဓာခုခံအားစနစ်ကို တိုက်ခိုက်ပြီး အားနည်းသွားစေသည်။ အချိန်ကြာလာသည်နှင့်အမျှ ခုခံအားစနစ်ပိုမိုအားနည်းလာပြီး TB ရောဂါ သို့မဟုတ် အဆုတ်ရောင်ရောဂါများ ခံစားလာရနိုင်သည်။ ထိုသို့ဖြစ်လာခြင်းသည် HIV မှ AIDS ရောဂါ အဆင့် သို့ ကူးပြောင်းလာသော လက္ခဏာများဖြစ်ပါသည်။
လူတစ်ဦး HIV ပိုးရှိသူ အဆင့် ကနေ AIDS ရောဂါအဆင့်ကိုရောက်ဖို့ဆိုတာ တစ်ယောက်ချင်းစီရဲ့ နေထိုင်စားသောက်မှုအပေါ် အများကြီး မူတည်ပါတယ်။ ပြည့်စုံတဲ့ အစာ အာဟာရ ကို စားသုံးပြီးကျန်းမာအောင်နေထိုင်ရင်သက်တမ်းအကြာကြီးနေထိုင်နိုင်မှာဖြစ်ပါတယ်။ ပြီးစလွယ် ဖြစ်သလိုနေမယ်၊ အရက် ဘီယာ ဆေးလိပ်နဲ့ အခြားသော မှုးယစ်ဆေးတွေ သုံးစွဲနေမယ်ဆိုရင်တော့ ၃နှစ်အတွင်းမှာပဲ AIDS ရောဂါသည် အဆင့်ကိုရောက်သွားနိုင်ပါတယ်။ စောစောကပြောခဲ့ သလိုကျန်းကျန်းမာမာ နေထိုင်ရင်တော့ ၈နှစ်ကနေ ၁၀နှစ်လောက်ထိ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်မှာပါ။
ဒါဆိုရင်....၁၀နှစ်ထက် ကြာကြာနေလို့မရဘူးလား? တခြားသူတစ်ယောက်ယောက်ကို မကူးစက်အောင်ရော လုပ်လို့ မရဘူးလား? မိန်းမယူ၊ ယောင်္ကျားယူလို့ကောရလား? အိမ်ထောင်ဖက်ကိုကူးမှာလား? စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ နောက်တစ်ပတ်မှာ ပြောပြပေးသွားမှာပါ။

သိချင်တဲ့မေးခွန်းများကိုလဲ comment မှာ ကြိုမေးထားလို့ရပါတယ်။

ယခု အကြောင်းအရာများကို Dr. Tzar မှ ရေးသားဖော်ပြပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 20:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00