Mind Power
18/05/2025
May-(15)ရက်နေ့ISE international School တွင် Mind Specialist နှစ်ဦးမှ အငယ်တန်းနှင့်အကြီးတန်းကိုခွဲကာ Mentor ခေါင်းစဉ်အားဖြင့် ပို့ချခဲ့ပါတယ်။ ကလေးငယ်များအား ဆရာ/ဆရာမ စကားနားထောင် တတ်တဲ့အရာနှင့် ကလေးငယ်များအား လက်ဦးဆရာတွေ ရဲ့လမ်းပြ သွန်သင်တဲ့အရာများကို လက်ခံလိုက်လျှောက်ကာ ဆရာ/ဆရာမ များအား ကျေးဇူးတင်ပါတယ်၊ တောင်းပန်ပါတယ်၊ အရမ်းချစ်ပါတယ် ဆိုတဲ့ စကား၃ခွန်းကို လက်တွေ့ပြောစေကာ ကလေးငယ်များရဲ့စိတ်ကို လက်တွေ့ပြောင်းလဲစေခဲ့ပြီး Lecture နဲ့အတူ mind recreation game ဆော့ကစားခြင်း အကသင်ပေးခဲ့ပြီး ကလေးသူငယ်များရဲ့စိတ်နှလုံးသား၌ ပျော်ရွှင်ဝမ်းမြောက်ခဲ့ရကာ ဆရာ/မ များကလည်း ရှေ့ထွက်ကာ ကလေးသူငယ်များကို ကပြခဲ့ပြီးအင်မတန်ပျော်ရွှင်စရာကောင်းသော နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။
25/03/2025
2025 Teachers Mind Education Training
စိတ်ဓာတ်၊စည်းကမ်း၊ပညာ ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာ့ပညာရေးကို ဖော်ဆောင်သော နေရာတွငနိုင်ငံသားတိုင်းစိတ်ဓာတ်ရေးရာ ကျန်းမာဖြောင့်မတ်တည်ကြည် ပျော်ရွှင်စေရန်ရည်ရွယ်၍ Mind Education Training Program
အခက်အခဲတွေကြား စိန်ခေါ်မှုတွေကြားစိတ်ဓာတ်ကျနေတဲ့၊ အထီးကျန်နေတဲ့၊ ဖိအားတွေခံစားနေရတဲ့ သူတွေ၊ ကျောင်းသူကျောင်းသား၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတဲ့အခါ ဘယ်လိုဖေးမကူညီမလဲ၊ ကူညီလမ်းပြပေးနိုင်မယ့်နည်းလမ်းတွေကရော ဘာတွေလဲ၊ ဘာတွေကို လေ့လာသိရှိထားဖိုလိုအပ်သလဲ၊ မိမိကိုယ်တိုင်အတွက်ရော ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်လိုကြိုးစားဖြေရှင်းမလဲ. . . ။
ဒီလိုအကြောင်းအရာတွေကို လေ့လာသင်ယူနိုင်ဖို့ " Mind Education”ကို ပညာရေးနယ်ပယ်မှ ဆရာဆရာမ များ၊ ဝန်ထမ်းများ ၊ လူအများကို ဦးဆောင်စီမံနေရသော နယ်ပယ်အသီးသီးမှ Leader များ၊ စီမံခန့်ခွဲ အုပ်ချုပ်သူများ၊ Mind Education ကိုစနစ်တကျသင်ယူလေ့လာဖို့ရန်လိုအပ်ပါတယ်။
လူစွမ်းအားအရင်းအမြစ် ဖွိ့ဖြိုးတိုးတက်ပြီး အောင်မြင် ပျော်ရွှင် သော ဘဝအသက်တာ ပိုင်ဆိုင်ရေးအတွက် အသိပညာဗဟို ပြုသော ပညာရေးစနစ်မှ ခိုင်မာသောစိတ်ဓာတ် ၊ လေးလေးနက်နက်စဉ်းစားတွေးခေါ်တတ်သောစိတ်ဓာတ်စွမ်းရည်၊ မိမိကိုယ်ကို ထိန်းချုပ်သောစိတ်ဓာတ် ၊ ဖလှယ်ခြင်း ၊ ပြောင်းလဲခြင်း နှင့် စိန်ခေါ်ခြင်း စိတ်ဓာတ်သို့
ဦးတည်သော ပညာရေးစနစ်သို့
ကူးပြောင်းရန် ရည်ရွယ်၍ Mind Education ကို နိုင်ငံပေါင်း ( 120 ) ကျော်တွင် သင်ကြားပိုချလျက်ရှိပါတယ်။
ယခုမြန်မာနိုင်ငံတွင်လည်း ဒုတိယ အကြိမ်ဖြစ် IYF (International Youth Fellowship)Mind Education နှင့် GSC Mind Education Institute တိုအတူအကွ ပူပေါင်း စီစဉ်သော Mind Education Training( Batch – 2) ကို စတင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။
Date - May ,5 to May ,9 . 2025 နေ့အထိ တပတ်တာ Mind Education Training
Time - မနက် 9:00 AM မှ ညနေ 5:00 PM
နေရာ -မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်,လှိုင်တက္ကသိုလ်ဝင်း၊ MICT Park အနီး၊သမိုင်းကောလိပ်လမ်း၊လှိုင်မြို့နယ်။
https://maps.app.goo.gl/btXUw4XYfKn4GESq6?g_st=ic
သင်တန်းကြေးမှာ100000 ks ဖြစ်ပြီး Guide book, နေ့လည်စာ,
Certificate များ ပါဝင်ပါသည်။
Training ကို တောင်ကိုးရီးယားနိုင်ငံ IMEI(International Mind Education Institute) မှ Mind Education Professor (2) ဦးမှ
သင်ကြား ပေးမည် ဖြစ်ပြီး ပြည်တွင်း Mind Specialist များမှလည်း စာတွေ့လက်တွေ့
Mind Lecture
Action Learning Program,
Mind Recreation Program များဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
Mind Education Program တက်ရောက်လိုသော ဆရာဆရာမများ အောက်ပါ link တွင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ရန်ဖိတ်ခေါ်လိုက်ပါတယ်။
👇👇👇
https://docs.google.com/spreadsheets/d/1JzICyGtnDbG4p0ssHJzSQz90Jh7kXzb8Xw-mp9RMt2w/edit?resourcekey=&gid=301870059 =301870059
အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက
• 09 - 441373128
• 09 - 977279405
• 09 - 427164237
• 09 - 899170154
စာရင်းပိတ်မည့်ရက် - 30 , April, 2025, 9:00 PM
သင်တန်းစတင်မည့်ရက် - May ,5 to May, 9 2025
လူဦးရေ (၁၅၀ ) ကန့်သတ်ထားပါသည်။
“မိမိကိုယ်တိုင် လေ့လာပါ။ အခြားသူတွေကိုလည်း မျှဝေပါ။ မိမိရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာမှု အလေ့အကျင့်ကောင်းတွေကို မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းပါ။ နှလုံးသားတွေ ကျန်းမာတဲ့ ကမ္ဘာကြီးဖြစ်အောင် သင်ကိုယ်တိုင်က အစပြုလိုက်ပါ။ 🤍
05/02/2025
ဇန္နဝါရီလ (၃၁) ရက်၊ Yangon University of Foreign Languages (YUFL) ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပြုလုပ်ကျင်းပခဲ့သော GSC and MYF အဖွဲ့မှ ဦးစီးကျင်းပခဲ့သော Mind Lecture အစီအစဥ်တွင် ဒေါက်တာကြည်ရွှင် (ပါမောက္ခချုပ်) နှင့်အတူဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၀)တက်ရောက်ခဲ့သည်။ Azalea Stars အကအဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ Joy Band အဖွဲ့မှ သီချင်း (၂) ပုဒ်ဖြင့် သီဆိုတင်ဆက်ခဲ့ပါတယ်။ Mind Lecture ကို တောင်ကိုရီးယားမှ Mind Specialist ဆရာမ ဂူယောင်းဟွာမှ Fixed Mindset and Growth Mindset ခေါင်းစဉ်ဖြင့် ရှေးရိုးစွဲအတွေးထဲမှာ၊ လူတွေရဲ့မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေထဲမှာနှစ်မြှုပ်နေခြင်းမရှိဘဲ စိန်ခေါ်ခြင်တဲ့စိတ်ကူး၊ ပြောင်းလဲခြင်သည့်စိတ်က မဖြစ်နိုင်ဘူးအခြေအနေမှ တိုးတက်ပြောင်းလဲမှုကိုယူဆောင်သည့် Mind ဖြင့်ဘဝတွင်ပျော်ရွှင်နိုင်ကြောင်းကို ကိုးရီးယားဟွန်ဒိုင်း Company ဥက္ကဌရဲ့ Mind အကြောင်း၊ အခြေနေထဲမှာရပ်တန့်သွားတာမဟုတ်ဘဲ “လမ်းမရှိရင်လမ်းရှာ၊ လမ်းရှာမတွေ့ရင် လမ်းဖောက်မယ် “Mind နှင့် ဂျပန်တွင်နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပန်းသီးခြံပေါင်းများစွာဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။လူတွေကအောက်မှာကျနေသောပန်းသီးကိုကြည့်ရင် ကြီးမားတဲ့ဆုံးရှုံးမှုဘဲခံစားနေရမှာဖြစ်ပေမဲ့ ခြံပိုင်ရှင်တစ်ဦးက အပင်ပေါ်တွင်ကျန်ခဲ့သော ပန်းသီးကိုကြည့်ပြီး အမြင်ရှု့ဒေါင့်ကိုပြောင်းလိုက်သည်။ “နှင်းမုန်တိုင်းဘယ်လောက်ပဲကြမ်းတမ်းစွာတိုက်ခတ်ခဲ့ပေမဲ့ ဒီပန်းသီးတွေကတော့ကြံ့ခိုင်တဲ့ပန်းသီးတွေဖြစ်တယ်”အကြောင်းကြော်ငြာပြီးရောင်းခဲ့သည့်အတွက် ပျက်စီးသွားသည့် ထက်အဆပေါင်းများသည့်အမြတ်စွန်းရှိခဲ့ကြောင်း နှင့် Mindset ကို Change ရင် ဘဝကို Change သွားကြောင်းကျန်းမာသောစိတ်ဖြင့် အသစ်သောအရာများကို စိန်ခေါ်ခြင်း၊ ဖလှယ်ခြင်း၊ လေးလေးနက်နက်စဉ်းစားတွေးခေါ်ခြင်းများနဲ့ ပတ်သတ်သော Mind Lecture များပို့ချခဲ့သည်။ ညနေပိုင်းတွင် Mind Recreation Game များ ၊Action learning အစီအစဉ်များဖြင့် ဆရာဆရာမများလည်း စိတ်နှလုံးသားကို ဘယ်လိုအသုံးပြုမလဲဆိုတာ သင်ယူခွင့်ရကာ မိမိကိုယ်ကိုယ်ကန့်သတ်ဘောင်ခတ်ထားသောရှေးရိုစွဲအသားကျနေသောစိတ်ဓာတ်များမှ ကျော်လွန်ကာ စိန်ခေါ်ခြင်း စိတ်ဓာတ်များဖြင့် ကြီးထွားရင့်သန်ဖွံ့ဖြိုးသောစိတ်ဓာတ်များသင်ယူပြီး လက်တွေ့လုပ်ဆောင်ကာ တစ်နေ့တာလုံး
ပျော်ရွှင်၀မ်းမြောက်ခြင်းများ ခံစားရရှိခဲ့ကြသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
6D, Nant Thar Ni Street , Nant Thar Gone, Insein
Yangon
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |