ACA - Audit Firm
Mission
The mission of ACA is to provide an independent, objective assurance and consulting activity designed to add value and improve financial and operations activities of clients.
16/04/2025
Ratio များကိုလေ့လာခြင်း အပိုင်း (၂)
Liquidity (ငွေဖြစ်လွယ်မှု)
Liquidity ဆိုသည်မှာ လုပ်ငန်းတစ်ခု၏ ကာလတိုအချိန်တစ်ခုအတွင်း ငွေဖြစ်လွယ်မှုများ ကိုဆိုလိုပါသည်။ လုပ်ငန်းတစ်ခု၏ ကာလတိုပေးရန်ရှိများ (Current Liabilities) ကို လုပ်ငန်းရှိ ငွေကြေးနှင့် ငွေကြေးနှင့်ညီမျှသော ပိုင်ဆိုင်မှုများဖြင့် ဖြည့်ဆည်းနိုင်မှု စွမ်းရည်ကို တိုင်းတာသည့် အချိုးကို Liquidity Ratio ဟုခေါ်ပါသည်။ ငွေဖြစ်လွယ်မှုများ ကို ဆန်းစစ်ရာတွင် Current Ratio နှင့် Quick Ratio (Acid Test) တို့ဖြင့် ဆန်းစစ်မှုပြုလုပ်တက်ကြပါသည်။
Current Ratio
Current Ratio သည် လုပ်ငန်းတစ်ခု၏ ငွေဖြစ်လွယ်ကူမှု (Liquidity) ကို တိုင်းတာသည်။ ဆိုလိုသည်မှာ၊ လုပ်ငန်းတစ်ခုအနေဖြင့် ၎င်း၏ ကာလတိုကြွေးမြီများကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သော ငွေကြေးနှင့် ငွေကြေးနှင့်ညီမျှသော ပိုင်ဆိုင်မှုများ ရှိမရှိကို ဆန်းစစ်ခြင်းဖြစ်ပါ သည်။
လက်ရှိပိုင်ဆိုင်မှုများ (Current Assets) - ငွေကြေး၊ ငွေကြေးနှင့်ညီမျှသော အရာများကို ရည်ညွှန်းပြီး တစ်နှစ်အတွင်း ငွေကြေးအဖြစ် ပြောင်းလဲနိုင်သော အရာများကိုဆိုလိုပါ သည်။
လက်ရှိကြွေးမြီများ (Current Liabilities) - တစ်နှစ်အတွင်း ပေးချေရမည့် ပေးရန်ရှိများကို ဆိုလိုခြင်းဖြစ်ပါ သည်။
တွက်ချက်မှုအရ-
1:1 - လက်ရှိပိုင်ဆိုင်မှုများသည် လက်ရှိကြွေးမြီများနှင့် ညီမျှပါက၊ လုပ်ငန်းသည် ၎င်း၏ ကြွေးမြီများကို ဖြည့်ဆည်းနိုင်သည်ဟု ဆိုလို၍ရပါသည်။
2:1 - လက်ရှိပိုင်ဆိုင်မှုများသည် လက်ရှိကြွေးမြီများထက် နှစ်ဆရှိပါက၊ လုပ်ငန်းသည် ငွေဖြစ်လွယ်မှု ကောင်းမွန်သည်ဟု သာမန်အားဖြင့်ယူဆနိုင်ပါ သည်။
သို့သော် လုပ်ငန်းအမျိုးအစားများအလိုက် လက်ခံနိုင်သော Current Ratio သည်လည်း ကွာခြားမှုရှိနိုင်ပါသည်။ ထို့အပြင် လက်တွေ့အသုံးပြုရာတွင် Financial Statements များ၏ မှန်ကန်တိကျမှုကိုလည်း ထည့်သွင်းစဉ်းစားဖို့ သတိမမေ့သင့်ပါ။ (ဥပမာ - ကြွေးဆုံးနေသော (သို့) ကြွေးဆုံးဖြစ်ရန် ရာခိုင်နှုန်းများနေသော ရရန်ရှိများစွာ ပါဝင်နေခြင်း နှင့် ပျက်စီးနေသောကုန်လက်ကျန်ပစ္စည်းများ (သို့) ဈေးကွက်မရှိသော ကုန်လက်ကျန်ပစ္စည်းများ (သို့) Cost နှင့် NRV စနစ်တကျ တန်ဖိုးသင့်ထားခြင်းမရှိဘဲ Cost မြင့်များနေသော ကုန်လက်ကျန်ပစ္စည်းများ ပါဝင်နေခြင်း)
Current Ratio များခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
ကောင်းကျိုး - ကာလတိုကြွေးမြီများကို ဖြည့်ဆည်းနိုင်သည့် ငွေဖြစ်လွယ်ကူမှု ကောင်းမွန်သည်။
ဆိုးကျိုး - အလုပ်မလုပ်သော ပိုင်ဆိုင်မှု (Idle Asset) ဟု ခေါ်ဆိုကြပြီး၊ အဆိုပါငွေကြေးသည် အမြတ်အစွန်းမရှိနိုင်ပါ။ အချိုးမြင့်မားခြင်းသည် လုပ်ငန်းနေဖြင့် ငွေကြေးကို အကျိုးရှိစွာ အသုံးမပြုနိုင်သည်ကို ညွှန်ပြနေပါသည်။
Current Ratio နည်းခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
ကောင်းကျိုး - လုပ်ငန်းသည် ငွေကြေးကို ထိရောက်စွာ အသုံးပြုနေသည်ဟု ဆိုလိုနိုင်ပြီး ၎င်းမှ ဝင်ငွေများ ရရှိနိုင်မည်ဟုသတ်မှတ်နိုင်ပါသည်။
ဆိုးကျိုး - လုပ်ငန်းသည် ကာလတိုကြွေးမြီများကို ဖြည့်ဆည်းရန် ငွေကြေးလုံလောက်မှု မရှိပါက ငွေကြေးပြဿနာများ ကြုံတွေ့နိုင်သည်။ (ဥပမာ - အချိန်မီ ငွေမပေးချေနိုင်ခြင်းကြောင့် Supplier များ နှင့် ဝန်ထမ်းများ၏ လုပ်ငန်းအပေါ်ယုံကြည်မှုကျဆင်းခြင်း၊ ကုန်လက်ကျန်ပစ္စည်းများ သိုလှောင်ထားမှု နည်းခြင်းကြောင့် ရောင်းချရာတွင် အချိန်မီ မရောင်းချနိုင်ခြင်း နှင့် အမြတ်ဝင်ငွေဆုံးရှုံးခြင်း၊ Customer များလက်လွတ်ဆုံးရှုံးရခြင်း)
Quick Ratio (Acid Test Ratio)
Quick Ratio (သို့မဟုတ် Acid Test Ratio) သည် လုပ်ငန်းတစ်ခု၏ လက်ရှိကြွေးမြီများ (Current Liabilities) ကို ဖြည့်ဆည်းနိုင်မှုစွမ်းရည်ကို တိုင်းတာသည့် အချိုးတစ်ခုဖြစ်သည်။ Current Ratio နှင့် ဆင်တူသော်လည်း လက်ဝယ်ကုန်ပစ္စည်းများ (Inventory) ကို ထည့်သွင်းတွက်ချက်ခြင်းမရှိပါ။ လက်ဝယ်ပစ္စည်းများကို ထည့်သွင်း မတွက်ချက်သောကြောင့် လုပ်ငန်း၏ ငွေကြေးနှင့် ငွေကြေးနှင့်ညီမျှသော ပိုင်ဆိုင်မှုများဖြင့် ကာလတို ကြွေးမြီများကို ဖြည့်ဆည်းနိုင်မှုကိုဆန်းစစ်ရာတွင် ပိုမိုတိကျစွာ ဆန်းစစ်နိုင်ပါ သည်။ Inventory ကို ထည့်သွင်းမတွက်ချက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ လက်ဝယ်ပစ္စည်းများသည် ငွေကြေးအဖြစ် ပြောင်းလဲရန် အချိန်ကြာမြင့် နိုင်သည်ဟု ယူဆချက်ကြောင့် ဖြစ်ပါ သလို Quick Ratio ၏ ရည်ရွယ်ချက်နှင့်လည်း သက်ဆိုင်ပါ သည်။
Quick Ratio = (လက်ရှိပိုင်ဆိုင်မှုများ (Current Assets) - လက်ဝယ်ပစ္စည်းများ(Inventory)) ÷ လက်ရှိကြွေးမြီများ (Current Liabilities)
တွက်ချက်မှုအရ-
1:1 - ကာလတိုကြွေးမြီများကို ဖြည့်ဆည်းရန် လုံလောက်သော ငွေကြေးနှင့် ငွေကြေးနှင့်ညီမျှသော ပိုင်ဆိုင်မှုများ ရှိသည်ဟု ဆိုလိုသည်။
1:1 ထက် များခြင်း - လုပ်ငန်းသည် ငွေကြေးလွယ်ကူမှု ကောင်းမွန်သည်ဟု ယူဆနိုင်သည်။
သို့သော် လုပ်ငန်း သဘောသဘာဝနှင့် Financial Statements များ၏ မှန်ကန်တိကျမှုကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။
Quick Ratio များခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
ကောင်းကျိုး - ကာလတိုကြွေးမြီများကို ဖြည့်ဆည်းနိုင်သည့် ငွေကြေးလွယ်ကူမှု ကောင်းမွန်သည်။
ဆိုးကျိုး - ငွေကြေးအလွန်များပြားနေခြင်းသည် လုပ်ငန်းအတွက် အကျိုးမရှိပါ။ ငွေကြေးကို "အလုပ်မလုပ်သော ပိုင်ဆိုင်မှု (Idle Asset)" ဟု ခေါ်ဆိုကြပြီး ၎င်းသည် အမြတ်အစွန်းမရှိသလို၊ ငွေကြေးအများအပြားကို ထားရှိခြင်းသည် အလဟဿ ဖြစ်စေသည်။
Quick Ratio နည်းခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
ကောင်းကျိုး - လုပ်ငန်းသည် ငွေကြေးကို ထိရောက်စွာ အသုံးပြုနေသည်ဟု ဆိုလိုနိုင်ပါ သည်။
ဆိုးကျိုး - လုပ်ငန်းသည် ၎င်း၏ ကာလတိုကြွေးမြီများကို ဖြည့်ဆည်းရန် ငွေကြေးလုံလောက်မှု မရှိပါက၊ ငွေကြေးပြဿနာများ ကြုံတွေ့နိုင်သည်။
အချုပ်အားဖြင့်သုံးသပ်သော် ဤအချိုးများကို လုပ်ငန်း၏ ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်ကို ဆန်းစစ်ရန် အသုံးပြုသည်။ ဤနေရာတွင် သဘောသဘာဝနှင့် Financial Statements များ၏ မှန်ကန်တိကျမှုအပြင် နောက်ဆက်တွဲဖြေရှင်းရမည့် နည်းလမ်းများကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ Current Ratio နှင့် Quick Ratio များ၏ အခက်ခဲကို ကျော်လွှားရန် ငွေကြေးစီမံခန့်ခွဲခြင်း၊ ပေးရန်ရှိငွေများ စီမံခန့်ခွဲခြင်း၊ လက်ဝယ်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ကြွေးမြီများ စီမံခန့်ခွဲခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ စီမံခန့်ခွဲခြင်း စသည့် နည်းလမ်းများကို အသုံးပြုပြီး ကာလတို (သို့) ကာလရှည် အထူးစီမံကိန်းများ ရေးဆွဲပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သင့်ပါသည်။
14/04/2025
လုပ်ငန်းတစ်ခု၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်ရန်အတွက် အသုံးများသော Ratio များအား ခွဲခြားကြည့်ပါက သာမန်အားဖြင့် အောက်ဖော်ပြပါ အုပ်စု လေးမျိုးတွေ့ရှိရပါသည်။
ငွေဖြစ်လွယ်ကူမှု (Liquidity)၊
အမြတ်အစွန်းရရှိမှု (Profitability)၊
လုပ်ငန်းလည်ပတ်မှု (Activity/Efficiency) နှင့်
ငွေကြေးဖွဲ့စည်းပုံ (Gearing) တို့ဖြစ်ပါသည်။
အဆိုပါ အုပ်စုများကို အောက်ဖော်ပြပါ အချိုးများဖြင့် ထည့်သွင်းတွက်ချက်ပြီး ဆန်းစစ်မှုပြုလုပ်ကြပါသည်။
i. ငွေဖြစ်လွယ်ကူမှု (Liquidity)၊
Current Ratio = လက်ရှိပိုင်ဆိုင်မှုများ (Current Assets) ÷ လက်ရှိကြွေးမြီများ (Current Liabilities)
Quick Ratio = (လက်ရှိပိုင်ဆိုင်မှုများ (Current Assets) - လက်ဝယ်ပစ္စည်းများ(Inventory)) ÷ လက်ရှိကြွေးမြီများ (Current Liabilities)
ii. အမြတ်အစွန်းရရှိမှု (Profitability)၊
Return on Capital Employed (ROCE) = (အတိုးနှင့် အခွန်မတိုင်မီ အမြတ် (PBIT) ÷ ရင်းနှီးမြှုပ်နှံမှုငွေကြေး (Capital Employed)) x 100%
Return on Equity (ROE) = (အတိုးနှင့် အခွန်ပြီး အမြတ် (PAIT) ÷ စုစုပေါင်းမတည်ငွေကြေး (Total Equity) x 100%
Operating Profit Margin = (အတိုးနှင့် အခွန်မတိုင်မီ အမြတ် (PBIT) ÷ အရောင်းဝင်ငွေ (Revenue)) x 100%
Asset Turnover = အရောင်းဝင်ငွေ (Revenue) ÷ ပျမ်းမျှပိုင်ဆိုင်မှု (Average Total Assets)
Gross Margin = (အကြမ်းအမြတ် (Gross Profit) ÷ အရောင်းဝင်ငွေ (Revenue) x 100%
iii. လုပ်ငန်းလည်ပတ်မှု (Activity/Efficiency)
Receivables Collection Period = ရရန်ရှိငွေများ (Receivables) ÷ ကုန်ကြွေးရောင်း (Credit Sales) × 365 ရက်
Inventory Holding Period = လက်ဝယ်ပစ္စည်းများ (Inventory) ÷ အရောင်းကုန်ကျစရိတ် (Cost of Sales) × 365 ရက်
Payables Payment Period = ပေးရန်ရှိငွေများ (Payables) ÷ ကုန်ကြွေးဝယ် (Credit Purchases) (သို့မဟုတ်) အရောင်းကုန်ကျစရိတ်(Cost of Goods Sold)) × 365 ရက်
iv. ငွေကြေးဖွဲ့စည်းပုံ (Gearing)
Debt to Equity Ratio = (ကြွေးမြီး (Non-current Liabilities) ÷ မတည်ငွေရင်း (Ordinary Shareholders Funds)) x 100%
Debt to Debt + Equity Ratio = (ကြွေးမြီး (Non-current Liabilities) ÷ (မတည်ငွေရင်း (Ordinary Shareholders Funds) + ကြွေးမြီး (Non-current Liabilities)) x 100%
Interest Cover = (အမြတ်ငွေ (Operating Profit) ÷ အတိုးပေးငွေ (Finance Costs)
13/04/2025
စာရင်းကိုင်၊ စာရင်းစစ်များအတွက် Excel နှင့်ကင်းကွာ၍ မရနိုင်ပါ။ ထို့ကြောင့်လုပ်ငန်းခွင်မှာ Excel ကို Professional ကျကျအသုံးပြုနိုင်ပြီး အချိန်ကုန်သက်သာစွာဖြင့် မိမိတို့၏ ရည်မှန်းချက်ကို ရရှိနိုင်စေရေးအတွက် Excel Shortcut Keys များကို သိရှိထားဖိုးအထူးလိုအပ်လာပါသည်။
အသုံးများသော များကို စုစည်းပေးထားပါသည်။
11/03/2025
#အလုပ်ထွက်ရသည့်ထိပ်တန်းအကြောင်းရင်း ၁၀ ခု ( )
#အသက်မွေးဝမ်းကြောင်းပညာတိုးတက်လာဖို့အခွင့်အလမ်းမရှိခြင်း ( )
#ခေါင်းဆောင်မှုညံ့ဖျင်းခြင်း ( )
#လွတ်လပ်စွာဆောင်ရွက်ခွင့်မရှိခြင်း ( )
#လုပ်ငန်းခွင်သာယာမှုမရှိခြင်း ( )
#အလုပ်နှင့်ဘဝဟန်ချက်မညီမျှခြင်း (Poor Work-Life Balance)
#အသိအမှတ်ပြုခံရမှု နည်းပါးခြင်း ( )
#ကိုယ်ရေးကိုယ်တာအကြောင်းရင်းများ ( )
#ပိုမိုကောင်းမွန်သောအခွင့်အလမ်းများ အခြားနေရာမှလက်ကမ်းမှုရှိနေခြင်း ( )
#လစာနှင့်အကျိုးခံစားခွင့် မလုံလောက်ခြင်း ( )
#အလုပ်နှင့်အရည်အချင်းကိုက်ညီမှုမရှိခြင်း ( )
Web: https://www.aca.com.mm
Ph/Viber: +95 9 260377755
Ph/Signal: +95 9 422520826
Avoid wasting time refilling blanks cells with the above data like this.
Here's a better approach.
It can help you avoid unnecessary time spending.
Web: https://www.aca.com.mm
Ph/Viber: +95 9 260377755
Ph/Signal: +95 9 422520826
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |