Little Angel
31/03/2026
MNA မှ1 April 2026 မှ စပြီးပြောင်းလဲ သတ်မှတ်မည့် Baggage Allowance ပြင်ဆင်ချက်
===================================
**အထူးသတိထားရမှာကတော့
Luggage တစ်ထုတ်ကို
23 kg ထက်ပိုသယ်လို့မရတာမလို့
ဥပမာ - 30 Kg သယ်မယ်ဆို
23kg +7kg (သို့) 15kg+15kg
(နှစ်ထုတ်ထိသယ်ခွင့်ရှိ) ခွဲရမှာပါနော်။
📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲
မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ခရီးသွားပြည်သူများအားလုံး ဘေးကင်းစိတ်ချစွာဖြင့် ခရီးစဉ်များ ပျံသန်းပို့ဆောင်ပေးနိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျက်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ခရီးဆောင်အိတ် အလေးချိန် ကန့်သတ်ချက်များကို (၁-ဧပြီ-၂၀၂၆) ရက်နေ့မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်-
🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
ပြည်ပခရီးစဉ်များ (International Flights)
• Business Class: 40 Kg (2 Pieces)
• Economy Class(Flexi, Discount ,Saver): 30 Kg (2 Pieces)
• Economy Class (Super Saver & Promo): 20 Kg (2 Pieces)
ပြည်တွင်းခရီးစဉ်များ (Domestic Flights)
• Business Class: 30 Kg (2 Pieces)
• Economy Class: 20 Kg (2 Pieces)
💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
(ပြည်တွင်း / ပြည်ပ ခရီးစဉ်များအားလုံး)
• Business Class: Total 14Kg (2 Pieces)
• Economy Class: Total 7 Kg (1 Piece)
မှတ်ချက်
• ခရီးဆောင်အိတ်တစ်ခုစီကို 23kg အထိ အလေးချိန်ကန့်သတ်ထားပါသည်။
• Hand Carry Baggage Allowance အတွင်းတွင် Duty Free မှ ဝယ်ယူသည့်ပစ္စည်းများ၏အလေးချိန်ပါဝင်ပြီးဖြစ်ပါသည်။
• သတ်မှတ်ထားသော kgထက်ကျော်လွန်သည့် Kg များအား Extra Fee ကောက်ခံသွားမည်ဖြစ်ပါသည်။
ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအတွက် နားလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့အပြင် MNA အပေါ်ယုံကြည်စွာဖြင့် အစဉ်တစိုက်အားပေးလျက်ရှိသည့်အတွက် ခရီးသွားပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
[English]
📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲
Myanmar National Airlines (MNA) remains committed to ensuring safe and reliable travel for all passengers.
Due to current operational challenges related to aviation fuel, and to maintain flight schedules while minimizing cancellations, the baggage allowance policy will be revised effective 1 April 2026 as follows:
🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
International Flights
• Business Class: 40 kg (2 pieces)
• Economy Class(Flexi, Discount, Saver): 30 kg (2 pieces)
• Economy Class(Super Saver & Promo): 20 kg (2 pieces)
Domestic Flights
• Business Class: 30 kg (2 pieces)
• Economy Class: 20 kg (2 pieces)
💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 (All Flights)
• Business Class: 14 kg total (2 pieces)
• Economy Class: 7 kg (1 piece)
𝐍𝐨𝐭𝐞𝐬:
• Each piece of baggage is limited to a weight of up to 23 kg.
• Duty-free items are included within the hand carry allowance.
• Excess baggage beyond the stated limits will be subject to additional charges.
We sincerely appreciate your understanding for any inconvenience caused and thank you for your continued support.
27/01/2026
SG Arrival Card များကို မသွားခင် (၃)ရက် အလို မဖြစ်မနေ Submit လုပ်ပြီး ကျလာတဲ့ mailကို print or phoneမှာ ပဲဖြစ်ဖြစ်သိမ်းထားပါ။
ကိုယ်တိုင် Submit လုပ်ဆောင်ရန် အခက်အခဲရှိပါက မိမိ ခရီးသွားရက်အား သေချာစွာ မှတ်သားပြီး
ခရီးမထွက်မှီ သုံးရက်အလိုတွင် Little Angel ရုံးသို့ အကြောင်းကြားပြီး မိမိ ကိုယ်ရေးအချက်အလက်များ မှန်ကန်တိကျစွာ ဆက်သွယ်ပို့ပေး၍
ဖြည့်စွက်နိုင်ပါသည်။
အောက်ပါ အချက်များကို သေချာ မှတ်သားပေးပါ။
=====================================
‼️စင်ကာပူ ICA ၏ လေယာဉ်တက်ခွင့်မပြု စနစ် (NBD) အကြောင်း အကျဉ်းချုပ်‼️
၂၀၂၆ ခုနှစ် ဇန်နဝါရီလ( ၃၀ )ရက်မှ စတင်ပြီး
စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင် (ICA) က
စင်ကာပူသို့ လာမည့် လေယာဉ်များအတွက် လေယာဉ်တက်ခွင့်မပြု အမိန့် (No-Boarding Directive – NBD) ကို အသုံးပြုပါမည်။
➡️ဘာအတွက်လုပ်တာလဲ။
🚫အန္တရာယ်ရှိနိုင်သူများ
🚫 တားမြစ်ထားသော လူများ
🚫 ဗီဇာ မရှိသူများ
🚫 Passport သက်တမ်း ၆ လ မပြည့်သူများ
ကို စင်ကာပူမရောက်ခင် လေယာဉ်ပေါ်တက်ခွင့်မပေးဘဲ တားဆီးရန် ဖြစ်ပါတယ်။
➡️ ဘယ်လိုလုပ်မလဲ။
ICA က SG Arrival Card (SGAC)၊ ခရီးသည်စာရင်း စတဲ့ အချက်အလက်တွေကို ကြိုတင်စစ်ဆေး ပါမယ်
မသင့်တော်သူတွေကို ICA က လေကြောင်းလိုင်းထံ NBD အသိပေးစာ ပို့ပါမယ်။
NBD ရထားတဲ့ ခရီးသည်ကို လေကြောင်းလိုင်းက လေယာဉ်တက်ခွင့် မပေးရပါဘူး။
➡️ လေယာဉ်တက်ခွင့်မရရင် ဘာလုပ်ရမလဲ။
စင်ကာပူသွားချင်သေးရင်
ICA Feedback Channel မှတဆင့် ICA ကို စာရေးပြီး ခွင့်ပြုချက် တောင်းရပါမယ်။
ခွင့်ပြုချက်ရမှသာ လေယာဉ်အသစ် စီစဉ်နိုင်ပါမယ်။
➡️ မလိုက်နာရင် ဘာဖြစ်မလဲ။
NBD ကို မလိုက်နာတဲ့ လေကြောင်းလိုင်းတွေကို
ဒဏ်ငွေ အများဆုံး SGD 10,000 ချမှတ်နိုင်ပါတယ်
NBD ချထားတဲ့ လူကို လေယာဉ်တက်ခွင့်ပေးတဲ့ ဝန်ထမ်း/လေယာဉ်မှူးကို
ဒဏ်ငွေ၊ ထောင်ဒဏ် ၆ လအထိ၊ သို့မဟုတ် နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(103), David Shwe Nu Street, Quarter(2), Mayangone Tsp
Yangon
11061
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 14:00 |