Denko Trading

Denko Trading

Share

DENKO ဆီဆိုင်များမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် စက်သုံးဆီများကို ခေတ်မီစက်သစ်ကြီးများဖြင့် အချိန်အတွယ် ပြည့်မီစွာ အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ DENKO ဆီဆိုင်မှ စက်သုံးဆီ ဝယ်ယူအားပေးသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
#DenkoTrading #DenkoMyanmar #ဆီဆိုင်ဆိုDENKO #သင်ဘယ်သွားသွားအမြဲရှိမှာDENKOဆီဆိုင်ပါ။ #DenkoSmileCard

19/02/2026

DENKO ရဲ့ Customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ US AUTO ဆိုင်တွေမှာ Smile Card ပြပြီး 5% Discount ရယူနိုင်မဲ့ အစီအစဉ်လေး ရှိနေပါတယ်။
ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ US AUTO (Film & Accessories) ဆိုင်တွေမှာ DENKO ရဲ့ Smile Card တွေကို ပြသလိုက်ရုံနဲ့ 5% Discount ရယူနိုင်မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်လေးက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၉ ရက်နေ့ကစတင်မှာဖြစ်ပြီး US AUTO (Film & Accessories) ဆိုင်တွေကို သွားတော့မယ်ဆိုရင် DENKO Smile Card တွေကို မဖြစ်မနေ ယူသွားဖို့ မမေ့ပါနဲ့နော်။

ယခု အစီအစဉ်အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ယခုအစီအစဉ်သည် DENKO ၏ Smile Card အသုံးပြုသူ Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် US AUTO (Film & Accessories) နှင့် DENKO Trading တို့ ပူးပေါင်းကာ ပြုလုပ်ပေးထားသော အထူးပရိုမိုးရှင်းအစီအစဉ်ဖြစ်ပါသည်။
(၂) ယခု ပရိုမိုးရှင်းအစီအစဉ်တွင် DENKO Smile Card အသုံးပြုသူတိုင်းပါဝင်နိုင်မည်ဖြစ်ပါသည်။ ကတ်တစ်ကတ်ကို တစ်လလျှင် အများဆုံး (၆) ကြိမ်သာ ယခုအစီအစဉ်ကို ခံစားရရှိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
(၃) ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ US AUTO (Film & Accessories) ဆိုင်များတွင် သတ်မှတ်ထားဝန်ဆောင်မှုရယူပြီး DENKO Smile Card ပြသရုံဖြင့် ၅% Discount အထိ ရရှိနိုင်မှာ ဖြစ်ပါသည်။
(၄) ယခု အထူးအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၉) မှ စတင်ပါသည်။
(၅) အစီအစဉ်၏ သတ်မှတ်ချက်များကို DENKO နှင့် US AUTO တို့က အခါအား လျော်စွာ ပြုပြင်ပြောင်းလဲ ပြင်ဆင်ခွင့်ရှိမည်ဖြစ်ပါသည်။

24/01/2026

DENKO ဆီဆိုင်တွေမှာ Smile Card နဲ့ ဆီဖြည့်မယ်ဆိုရင် ၂၀၀ကျပ်တိုင်းမှာ ပွိုင့် (၁) ပွိုင့် ရရှိနိုင်မှာဖြစ်ပါတယ်။
Smile Card အကြောင်း အသေးစိတ်သိရှိလိုပါက ဒီလင့် (https://denkomyanmar.com/smile-card/) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

20/01/2026

စက်သုံးဆီသယ်ယူပို့ဆောင်ရေးအတွက် အောက်ပါဝန်ထမ်းများ အလိုရှိသည်။

၁။ စက်ခန်းအုပ် ကျား (၁) ဦး
၂။ ယာဥ်ကြီးမောင်း - (က) ကျား (၁၈) ဦး
၃။ ယာဥ်ကြီးမောင်း - (ခ) / (ဂ) ကျား (၁၅) ဦး
၄။ စက်ပြင် (ကားကြီးဝပ်ရှော့) ကျား (၈) ဦး
၅။ ယာဥ်နောက်လိုက် ကျား (၅၀) ဦး
၆။ သင်္ဘောသား (အထွေထွေ) ကျား (၈) ဦး

လိုအပ်သည့်အချက်များ

၁။ စက်ခန်းအုပ် - ကျား (၁) ဦး
- ပြည်တွင်းရေကြောင်းသွား ပထမတန်းစက်ခန်းအုပ်ကျွမ်းကျင်မှုလက်မှတ်ရှိသူဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
- အသက် (၃၀) နှစ် နှင့် အထက်ရှိရမည်။ (သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။)
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၂။ ယာဥ်ကြီးမောင်း (က) - ကျား (၁၈)ဦး
- ယာဉ်မောင်းလိုင်စင်အနီကိုင်ဆောင်ထားသူဖြစ်ရမည်။ လိုင်စင်သက်တမ်း (၅) နှစ်နှင့်အထက် ရှိရမည်။
- တွဲကားယာဥ်မောင်းအတွေ့အကြုံ (၅)နှစ်နှင့်အထက်ရှိရမည်။ အသက် (၂၅)နှစ်နှင့်အထက် ဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
- နေရာ၊ဒေသ မရွေး သွားရောက်မောင်းနှင်နိုင်ရမည်။
- ဆီဘောက်ဆာကားများနှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။ ယာဥ်ကြီးမောင်း (ခ)/(ဂ) - ကျား (၁၅)ဦး
- ယာဥ်မောင်းလိုင်စင်အနီကိုင်ဆောင်ထားသူဖြစ်ရမည်။ လိုင်စင်သက်တမ်း (၃)နှစ်နှင့် အထက် ရှိရမည်။
- ၆ဘီး၊ ၈ဘီး၊ ၁၀ဘီး၊ ၁၂ဘီး ကားများမောင်းနှင်နိုင်ပြီး ယာဥ်မောင်း အတွေ့အကြုံ (၃)နှစ်နှင့်အထက် ရှိရမည်။ အသက် (၂၂)နှစ်နှင့် အထက် ဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
- နေရာ၊ ဒေသ မရွေး သွားရောက်မောင်းနှင်နိုင်ရမည်။
- ဆီဘောက်ဆာကားများနှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၄။ စက်ပြင် (ကားကြီးဝပ်ရှော့) - ကျား (၈)ဦး
- မည်သည့်ကားမျိုးမဆို အင်ဂျင်၊ ဂီယာဘောက်၊ ကရောင်း၊ ဘရိတ်၊ ကလပ်၊ အောက်ပိုင်းများအား ပြုပြင်နိုင်ရမည်။
- အင်ဂျင်ဆရာ/အောက်ပိုင်းဆရာများနှင့်လည်း တွဲဖက်လုပ်ကိုင်၍သော်လည်းကောင်း၊ လက်ထောက်အဖြစ်သော်လည်းကောင်း လုပ်ကိုင်နိုင်ရမည်။
- အသက်(၁၈) နှစ်နှင့် အထက် ဖြစ်ရမည်။ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ နယ်ထွက်နိုင်ရမည်။
- ဝပ်ရှော့နှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- နေစရာအဆောင်စီစဥ်ပေးမည်။

၅။ ယာဥ်နောက်လိုက် - ကျား (၅၀)ဦး
- ယာဥ်အကူလိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းအဆင့်ရှိသူဖြစ်ရမည်။ အသက် (၁၈)နှစ် နှင့် အထက်ရှိရမည်။
- ယာဥ်အကူဖြင့် နေရာ၊ ဒေသ မရွေး သွားရောက်လိုက်ပါနိုင်ရမည်။
- ဆီဘောက်ဆာကားများနှင့် ပတ်သက်သော စည်းမျဥ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၆။ သင်္ဘောသား (အထွေထွေ) - ကျား (၈)ဦး
- ရေကူးကျွမ်းကျင်ရမည်။ အသက် (၁၈) နှစ်နှင့် အထက်ဖြစ်ရမည်။
- အတန်းပညာမလို၊ ရေးတတ်၊ ဖတ်တတ်ရမည်။
- အသောက်အစားကင်းရှင်းရမည်။
- နေရာ၊ ဒေသ မရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။
- စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

စိတ်ပါဝင်စားသူများသည် - ကိုယ်ရေးရာဇဝင်အကျဥ်း (CV Form)၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ (၃)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ (၅) ပုံ၊ ပညာအရည်အချင်းထောက်ခံစာမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက် ထောက်ခံစာ၊ မြို့နယ်ရဲစခန်းထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ တို့နှင့်အတူ အောက်ဖော်ပြပါ လိပ်စာအတိုင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ Viber ဖြင့်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာပိတ်သည့်ရက် - ၁၅.၂.၂၀၂၆

လိပ်စာ - အမှတ်(F5/37)၊ ရွှေပိတောက်ရိပ်မွန်အိမ်ယာ၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း။ (အနီးစပ်ဆုံးမှတ်တိုင် - ရေကြောင်းမှတ်တိုင်)

ဆက်သွယ်ရန်ဖုန်းနှင့် လိပ်မူပေးပို့ရမည့် Viber ဖုန်းနံပါတ် (09 940547829)

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. (18/19), Bayint Naung Main Road, Shwe Pone Nyet Yeik Mon, No. 4 Ward, Kamaryut Township
Yangon