IME Group
30/04/2026
ကဆုန်လပြည့်ဆုတောင်း
မင်္ဂလာပါရှင်.
ဗျာ၊ ဖွား၊ ပွင့်၊ စံ" ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို နှလုံးသွင်းဆင်ခြင်ရင်း ဓမ္မအလင်းရောင်နဲ့ ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေလို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်.
31/03/2026
𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏 𝑺𝒌𝒊𝒍𝒍𝒔 𝑬𝒏𝒉𝒂𝒏𝒄𝒆𝒎𝒆𝒏𝒕 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်းတစ်ခု၏ ရေရှည်အောင်မြင်မှုအတွက် အရေးကြီးဆုံးအခြေခံအချက်ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ဖြင့် IME Group သည် ဝန်ထမ်းများ၏ Skill များကို စနစ်တကျ မြှင့်တင်နိုင်ရန် သင်တန်းအစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ် မတ်လ (၁၇ ၊ ၁၉ ၊ ၂၀ ၊ ၂၃ ၊ ၂၅ ) ရက်များအတွင်း IME Group ၏ Business Units အသီးအသီးမှ အဖွဲ့အစည်းအောင်မြင်မှုအတွက် ဝိုင်းဝန်းကြိုးစားနေကြသော ဝန်ထမ်းများအား ကိုယ်ပိုင်စိတ်ဓာတ်အားနှင့် အဖွဲ့လိုက်လှုံ့ဆော်နိုင်စွမ်း တိုးတက်စေရန် Motivation Skills Enhancement Training ကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့ပါသည်။
ဤသင်တန်းမှတဆင့် ဝန်ထမ်းများအနေဖြင့် မိမိကိုယ်တိုင်ကို လှုံ့ဆော်နိုင်စွမ်း တိုးတက်လာခြင်းနှင့်အတူ အဖွဲ့အစည်းအတွင်း တက်ကြွသန်မာသော လုပ်ငန်းပတ်ဝန်းကျင် တစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။
IME Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အလေး ထားပြီး အရည်အသွေးမြင့် သင်တန်းအစီအစဉ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
02/03/2026
တောင်သူလယ်သမားနေ့
မတ်လ (၂) ရက်နေ့တွင် ကျရောက်သော မြန်မာ့တောင်သူလယ်သမားနေ့တွင် တိုင်းပြည်အတွက် စပါးရေရှည်စိုက်ပျိုးပေးကြသည့် ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ဂုဏ်ပြုဆုတောင်းအပ်ပါသည်ရှင့်
17/02/2026
𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫
မင်္ဂလာပါရှင့်
တရုတ်နှစ်သစ်ကူးနေ့မှ စပြီး နှစ်သစ်တစ်လျှောက်လုံး မိသားစုအားလုံး ကျန်းမာချမ်းသာပြီး ကံကောင်းခြင်းများ၊ အောင်မြင်မှုများနဲ့ ပျော်ရွှင်စရာအချိန်တွေ ပြည့်ဝပါစေလို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်
27/01/2026
𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐄𝐧𝐡𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐅𝐢𝐬𝐡𝐛𝐨𝐧𝐞 𝐃𝐢𝐚𝐠𝐫𝐚𝐦)
လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်းတစ်ခု၏ ရေရှည်အောင်မြင်မှုအတွက် အရေးကြီးဆုံးအခြေခံအချက်ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ဖြင့် IME Group သည် ဝန်ထမ်းများ၏ Skill များကို စနစ်တကျ မြှင့်တင်နိုင်ရန် သင်တန်းအစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၀၊ ၂၁၊ ၂၂) ရက်များအတွင်း IME Group ၏ Business Units အသီးအသီးမှ အဖွဲ့အစည်းအောင်မြင်မှုအတွက် ဝိုင်းဝန်းကြိုးစားနေကြသော ဝန်ထမ်းများအား Soft Skill များတိုးတက်လာစေရန်အတွက် အရေးကြီးသော Skill တစ်ခုဖြစ်သည့် 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠 (𝐅𝐢𝐬𝐡𝐛𝐨𝐧𝐞 𝐃𝐢𝐚𝐠𝐫𝐚𝐦) သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
သင်တန်းတွင်
• Problem Solving အတွက် Fishbone Diagram ၏ အခြေခံသီအိုရီများ
• လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ပြဿနာများအား အကြောင်းရင်းခွဲခြမ်းစိတ်ဖြာနည်း
• Team Discussion နှင့် Case Study များအခြေခံ၍ လက်တွေ့အသုံးချ လေ့ကျင့်မှုများကို အလေးထားသင်ကြားပေးခဲ့ပါသည်။
ဤသင်တန်းမှတဆင့် ဝန်ထမ်းများအနေဖြင့် ပြဿနာများကိုစနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တိုးတက်လာစေရန်နှင့်လုပ်ငန်းခွင်အတွင်း ပိုမိုထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။
IME Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အလေး ထားပြီး အရည်အသွေးမြင့် သင်တန်းအစီအစဉ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
The Leaf Tower, 10th Floor
Yangon
11201
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |