BGV Creative Institute
I focused on using FB to generate more learning and to share some of my knowledge. Although that are mostly of Graphic Design, Painting, Photography and Fashion Illustration. By the way I'm not a professional.
08/02/2026
✨🎉 8 Years of BGV Institute 🎉✨
~ February 8th, 2026 ~
အိပ်မက်တစ်ခုက …
Canvas ပေါ်မှာ ရေးဆွဲထားတဲ့ ဒီဇိုင်းတစ်ခုလို အချိန်နဲ့ အတွေ့အကြုံတွေရဲ့ကြားမှာ တဖြည်းဖြည်း ပုံသဏ္ဍာန်ရုပ်လုံးပေါ်ပြီး ပြည့်စုံလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ 8 နှစ်၊ 2018 ခုနှစ်၊ February 8 ရက်နေ့မှာဆိုရင် Graphic Design ကို ချစ်မြတ်နိုးတဲ့ လူငယ်တွေအတွက် “လေ့လာလို့ရမယ်၊ လက်တွေ့လုပ်ဆောင်လို့ရမယ်၊ အနာဂတ်တစ်ခုကို ယုံကြည်စွာ တည်ဆောက်လို့ရမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Tr. Myint Theingye Su Mon က BGV Institute ကို စတင်တည်ထောင်ဖြစ်ခဲ့တာပါ။
ဒီ 8 နှစ်တာခရီးလမ်းအတွင်းမှာ BGV Institute ဟာ သင်တန်းတစ်ခုအနေနဲ့သာမက ကျောင်းသားတွေအတွက် စိတ်ကူးတွေကို စမ်းသပ်နိုင်တဲ့နေရာ၊ အမှားလုပ်ခွင့်ရတဲ့နေရာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာစေတဲ့နေရာ ဖြစ်လာခဲ့ပါတယ်။
Offline စာသင်ခန်းထဲက အမှတ်တရတွေ၊
Online Class က သင်ကြားမှုတွေ၊
ထူးခြားဆန်းသစ်တဲ့ Workshops တွေနဲ့
ကျောင်းသားတွေရဲ့ Design အိပ်မက်တွေကို တဖြည်းဖြည်း အမှန်တကယ် ဖြစ်လာစေခဲ့ပါတယ်။
အချိန်တွေသာ ပြောင်းလဲသွားပေမယ့် BGV Institute ရဲ့ ခံယူချက်တွေ၊ ရည်ရွယ်ချက်တန်ဖိုးတွေကတော့ ဘယ်တော့မှ မပြောင်းလဲဘဲ ကျောင်းသားတိုင်းရဲ့ အနာဂတ်ကို တန်ဖိုးထားပြီး လက်တွဲပံ့ပိုးပေးခြင်းတာပါ။ ✨
ဒီခရီးလမ်းကို ဒီအချိန်ထိ အတူတူ လက်တွဲခဲ့ကြတဲ့ ကျောင်းသားများ၊ ဆရာများ၊ ယုံကြည်ပြီး ပံ့ပိုးပေးခဲ့ကြသူများအားလုံးကို BGV Institute မှ အထူးကျေးဇူးတင်ရှိပါတယ် ။ 🤍
𝗕𝗚𝗩 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲
Explores will be developing
30/01/2026
ဒီတစ်ပတ်ရဲ့ Tutorialကို အတူလိုက်လုပ်ကြည့်ပါဦး ခင်ဗျ..။
Tutorial လုပ်ထားတဲ့ Video File ကို BGV ရဲ့ YouTube Channel မှာ တင်ပေးထားပါတယ်ခင်ဗျ။
YouTubeLink👇
https://www.youtube.com/
တစ်ပုံချင်းစီ အောက်မှာလည်း လုပ်ပုံလုပ်နည်း
အဆင့်လိုက် ကို ဖော်ပြထားပါတယ်။.
နောက်ပိုင်း Tutorialတွေမှာ လေ့ကျင့်ချင်တာများရှိရင် Comment မှာပြောပေးသွားပါနော်..
𝗕𝗚𝗩 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 (𝗘𝘅𝗽𝗹𝗼𝗿𝗲𝘀 𝘄𝗶𝗹𝗹 𝗯𝗲 𝗱𝗲𝘃𝗲𝗹𝗼𝗽𝗶𝗻𝗴)
𝟬𝟵𝟵𝟱𝟯𝟬𝟯𝟳𝟯𝟯𝟯
19/01/2026
သင်ဟာ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီး ကိုယ့်လုပ်ငန်းအတွက် ဘတ်ဂျက်နည်းနည်းပဲ သုံးရမယ့် ဈေးတန်တန် ဒီဇိုင်းတွေကိုပဲ လိုက်ရှာနေသူဆိုရင် ဒီနေ့ရဲ့ Monday Quote က သင့်အတွက်ပါပဲ။ ✨
▫️”A Cheap Design is Expensive When It Fails.”
စစချင်းမှာတော့ ဘတ်ဂျက်ဒီဇိုင်းတွေက ဈေးနည်းနည်းပဲ ပေးရပြီး ပုံမြန်မြန် ထွက်တဲ့ စမတ်ကျကျ ဖြတ်လမ်းလို့ လွယ်လွယ်တွေးမိပါလိမ့်မယ်။
တကယ်လို့ အဲ့ဘတ်ဂျက်ဒီဇိုင်းကနေ ကိုယ့်လုပ်ငန်းအတွက် ဘာရလဒ်မှ မပေးနိုင်ဘဲ “Fail” ဖြစ်ခဲ့ရင်ရော?
ဒါဆိုရင်တော့ သင့်အတွက် တကယ့်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တာက ~
💡 ဘတ်ဂျက်ဒီဇိုင်းတွေ သဘောအရ မသပ်ရပ်တဲ့ Visual တွေကြောင့် ကိုယ့်လုပ်ငန်းရဲ့ Brand ကို ထိခိုက်မှု ဖြစ်စေနိုင်တယ်။
💡 ဒီဇိုင်းပုံကနေ ဆိုလိုရင်းကို နားမလည်ကြတဲ့အခါ Client အသစ် မဝင်တဲ့အပြင် ရှိပြီးသား Client တွေပါ စွန့်ခွါသွားနိုင်ပါတယ်။
💡 လုပ်ငန်းရဲ့ Sales ရောင်းအားတွေ ကျဆင်းလာနိုင်တယ်။
💡 ပထမတစ်ခေါက် ဒီဇိုင်းနဲ့ မလုံလောက်လို့ နောက်ထပ်ဆွဲခိုင်းတဲ့အခါ အချိန်၊ ငွေ ပိုကုန်၊ လူ၊ စိတ် ပင်ပန်းရနိုင်တယ်။
💡 First Impression မှာတင် ဒေါင်းသွားတယ်ဆိုရင်လည်း Brand Image ထိခိုက်မှု ဖြစ်စေနိုင်ပြီး ယုံကြည်မှု ပျောက်နိုင်ပါတယ်။
ဒါ့ကြောင့် Client တဖြစ်လဲ လုပ်ငန်းရှင်တွေကို အကြံပြုချင်တာက ဒီဇိုင်းဆိုတာ ကိုယ့်လုပ်ငန်းရဲ့ မျက်နှာပါပဲ။ ရောင်းအား ကောင်းမကောင်း၊ Client ယုံကြည်မှု ရမရ ဆိုတာတွေက ဒီဇိုင်းအပေါ်လည်း မှီခိုနေပါတယ်။
ဈေးသက်သက်သာသာနဲ့ ရတဲ့ ဒီဇိုင်းကြောင့် ကိုယ့်လုပ်ငန်းရဲ့ Image ကိုပါ “Fail” အဖြစ်မခံပါနဲ့။ အပ်ပေါက်ရာလေးကနေ တွင်းပေါက်ကြီး မဖြစ်သွားခင် မှန်ကန်ပြီး ရေရှည် အဆင်ပြေနိုင်မယ့် ဆုံးဖြတ်ချက်တွေ ချနိုင်ကြစေဖို့ ဒီနေ့ရဲ့ Monday Quote လေးကနေ အကြံပြုလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
No. , 59-Condo, Dhamayone Street, Myaynigone
Yangon
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |
| Sunday | 09:00 - 17:30 |