FIX Training Institute

FIX Training Institute

Share

16/02/2024

မဂ်လာပါရှင်

အတန်းသစ်များ ဖွင့်လှစ်မူ့ ယာယီ ရပ်နားသွားမှာဖြစ်ပြီး သင်တန်း​၏ဝန်ဆောင်မှုများသည်လည်း ယာယီရပ်နားသွားမှာဖြစ်ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်ရှင့်

အခြေခံမှ စပြီး Level အဆင့်ဆင့်တိုင်းအတွက် သင်တန်းကျောင်းကို အစဉ်တစ်စိုက် ရွေးချယ်ပေးတဲ့ အုပ်ထိမ်းသူ မိဘများနှင့် ကျောင်းသား၊ကျောင်းသူ များအားလုံးကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ်ရှင်

သားသားမီးမီးတို့အားလုံး တိုးတက်အောင်မြင်တဲ့ လူတော်လေးတွေဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🏻

06/12/2023

နှစ်သစ်မှာ ပိုကောင်းတဲ့အရာတွေရရှိဖို့ ရည်မှန်းချက်တွေချပြီးရှေ့ဆက်ကြတဲ့အခါ ကိုယ်ကိုယ်တိုင်သာကမ ချစ်ရတဲ့ ကလေးတွေရဲ့ လှပတဲ့အနာဂတ်အတွက် ပြင်ဆင်ဖို့ အဘက်ဘက်ကလိုအပ်ပါတယ်နော်…

ကလေးတွေရဲ့ အနာဂတ် လှပစေဖို့က ဘာသာစကားတတ်မြောက်မှုစွမ်းရည်ကလည်း အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။

ကလေးတွေအနေနဲ့ ဘဝတက်လမ်းအတွက် ဘာသာရပ်တစ်ခုခုကို သင်ယူတဲ့အခါ အခြေခံကအစ သေချာပိုင်နိုင်တတ်မြောက်ဖို့ လိုပါတယ်။

FIX Training Institute မှာ ဂျပန်စာ နဲ့ ကိုရီးယားစာ တို့ကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမများက စနစ်တကျ သင်ကြားပြသပေးနေလို့ အခက်အခဲမရှိ တတ်မြောက်လွယ်စေပါတယ်။

"နှစ်သစ်မှာ ကလေးတွေအတွက် ဘာသာစကားနဲ့ ပတ်သက်တဲ့ ပန်းတိုင်တွေကို အရောက်သွားဖို့ FIX Training Institute မှ ကူညီပေးပါရစေ..."

03/11/2023

နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားခြားနားတာကြောင့် ဘာသာစကားလေ့လာနေသူတို့အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါကြောင့် FIX Training Institute က ကိုရီးယားနိုင်ငံရဲ့ စိတ်ဝင်စားဖွယ် fun facts များ ကို မျှဝေပေးလိုက်ပါတယ်။

- တခြားနိုင်ငံများနဲ့ မတူဘဲ ကိုရီယားနိုင်ငံမှာတော့ အမေ့ဗိုက်ထဲကထွက်လာတာနဲ့ တနှစ်သားအဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့် ကိုရီယားနိုင်ငံသားတယောက်ရဲ့ တကယ့်အသက်က ပိုငယ်ရွယ်နိုင်ပါတယ်။

- မင်နီနဲ့ လက်မှတ်ရေးထိုးတာကို ကံမကောင်းခြင်း သေဆုံးခြင်းနဲ့ဆက်စပ်တယ်လို့ သတ်မှတ်ပါတယ်။

- ကိုရီယားကားတော်တော်များများ ဆင်းရဲတဲ့အခန်းတွေမှာ မုတ်ဆိတ်မွေး မျက်နှာမွေးတွေနဲ့ သရုပ်ဆောင်ကြတာကိုသတိထားမိကြမှာပါ။ ဒီလို မုတ်ဆိတ်ကျင်စွယ်ရှိတာကို ဆင်းရဲခြင်းသင်္ကေတ၊ မိမိကိုယ်ကို ဂရုမစိုက်ခြင်းလိုသတ်မှတ်ထားကြပါတယ်တဲ့။

- ပထမဆုံးတွေ့တွေ့ခြင်း အလုပ်အကိုင်၊ ဝါသနာတို့နဲ့အတူ သွေးအမျိုးအစားအကြောင်းကို မေးမြန်းခဲ့ရင် မအံ့သြပါနဲ့။ ကိုရီးယားတွေက သွေးအမျိုးအစားဟာ ဘယ်လိုလူမျိုးဖြစ်ကြောင်းဖော်ပြနိုင်တယ်လို့ ယုံကြည်ကြပါတယ်တဲ့။

- ကမ္ဘာပေါ်မှာ အင်တာနက်လိုင်းအမြန်ဆုံးနိုင်ငံဟာ ကိုရီးယားနိုင်ငံဘဲဖြစ်ပါတယ်။ လူဦးးရေရဲ့ ၉၃ ရာခိုင်နှုန်းက အင်တာနက်ကိုအသုံးပြုကြပြီး ကားဂိတ်တွေ၊ ပန်းခြံတွေ၊ မြိုပြနေရာတွေမှာ အခမဲ့အင်တာနက်အသုံးပြုလို့ရနိုင်ပါတယ်။

ကိုရီးယားဘာသာကို စိတ်ဝင်စားလို့ သင်ယူလိုသူများအတွက် FIX Training Institute မှာ အခြေခံမှစ တတ်မြောက်သည်အထိ သင်ကြားပေးနေပါပြီ။

စိတ်ဝင်စားလို့ တတ်ရောက်ချင်တယ်ဆိုရင်တော့ Messenger မှာ အသေးအစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ရုံးချိန် ၉နာရီမှ ၅ နာရီခွဲအတွင်း ပြန်လည်ဖြေကြားပေးသွားမှာပါ။
Ph no
09- 952018844
09- 952038844
09-952058844
တို့မှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11181