Inya Economics
Organization Background
Inya Economics was established in 2017 as a locally-based independent think tank with a strong focus on sustainable and inclusive development. Its primary mission is to advance economic knowledge democratically and share economic value with society's well-established members. Inya Economics strengthens policy considerations through rigorous evidence-based research that ben
04/01/2026
ဘောဂဗေဒဖတ်စာ (ဗမာဘာသာ)
အတွဲ(၂) စာစဥ်အမှတ်(၁)
ထုတ်ဝေလိုက်ပါပြီ။
အောက်ပါလင့်တွင် download လုပ် ရယူနိုင်ပါပြီခင်ဗျာ။
https://www.inyaeconomics.org/books/?fbclid=IwY2xjawPHUsxleHRuA2FlbQIxMQBzcnRjBmFwcF9pZAwzNTA2ODU1MzE3MjgAAR5cblelI8VqQPMiuJneApPbK4DTYhMoBqlwMEWvcx2XcdWagXKztGh23WpGdQ_aem_d_MjORHb8460bcnj2TBdfw
နှစ်သစ်ရောက်ပါပြီ။
ဇေယျတု သဗ္ဗမင်္ဂလံ၊
သမဂ္ဂနံ တပေါ သုခေါ။
10/04/2025
ငလျင်ဘေးဒဏ်ဆိုင်ရာ ကူညီမှုအား အသိပေးအကြောင်းကြားခြင်း (၂)
အင်းလျားဘောဂဗေဒ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့မှ စစ်ကိုင်းတိုင်းရှိ အိမ်ခြေ ကိုးရာရှိသောဒေသတွင် ငလျင်ဘေးကြောင့် အိမ်ခြေ (၁၇၀)ကျော် ပျက်စီးသွားကြောင်း လေ့လာသိရှိရပါတယ်။ အဆိုပါ ငလျင်ဒဏ်ခံရသည့် ရွာများတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဒေသခံများ၏ ရေတွင်းများမှ ရေများ မထွက်ရှိတော့သဖြင့် ရေတွင်းများတူးပေးခြင်း၊ ရေစက်ဝယ်ယူခြင်းနှင့် လတ်တလော ရေစက်မောင်းနှင်နိုင်ရန် စက်သုံးဆီများ ဝယ်ယူခြင်းများကို သက်ဆိုင်ရာ ပရဟိတအဖွဲ့များနှင့် ချိတ်ဆက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းများပြီးစီးရန် လျာထားချက်မှာ ဧပြီလထဲတွင် ပြီးစီးမည်ဟု ခန့်မှန်းထားပါတယ်။
📷: (2025)
(English Version)
Earthquake Relief Assistance Notification (2)
The Inya Economics Emergency Response Team(ERT) has conducted a preliminary assessment to provide assistance to villages affected by the earthquake in Sagaing Region. According to the findings, after the earthquake, local residents reported that water no longer flows from their wells. As a result, there is an urgent need for digging new wells, purchasing water pumps, and acquiring fuel to operate the pumps in the short term. The ERT team is currently coordinating with relevant voluntary organizations to address these needs. The estimated timeline for the completion of the activities is expected to be within April.
📷: (2025)
https://www.inyaeconomics.org/news-events/earthquake-relief-assistance-notification-2/
30/03/2025
Hope for Myanmar – Every Donation Counts!
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းကို အခြေပြု၍ ပြင်းအား ၇.၇ ရှိသော ငလျင်လှုပ်ခဲ့ပါတယ်။ အဆိုပါ ငလျင်၏ သက်ရောက်မှုများကို စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ဒေသတို့ရှိ ပြည်သူများက အဓိက ခံစားနေရပါတယ်။
အဆိုပါ ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများကို တတ်အားသရွေ့ကူညီရန် မိမိတို့ အင်းလျားဘောဂဗေဒမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (Emergency Response Team-ERT)ကို ဖွဲ့စည်းထားပါတယ်။ အဆိုပါ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့အတွက် အဖွဲ့အစည်းမှ ကျပ်ငွေ (၁၀)သိန်းကို ကမကထပြုပြီး စစ်ကိုင်းတိုင်းရှိ မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးထိခိုက်သွားတဲ့ ပြည်သူတွေဆီ လှူဒါန်းမှုတစ်ခု ပြုလုပ်သွားရန် စီစဉ်လျက်ရှိပါတယ်။ အင်းလျားဘောဂဗေဒ မိတ်ဆွေများ၊ သင်တန်းသူ/သားများ၊ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း မိမိတို့ တတ်အားရှိသရွေ့ ပါဝင်လှူဒါန်းပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။
ငလျင် ဗဟိုချက်ဖြစ်သော စစ်ကိုင်းဒေသဘက်ရှိ မြေပြင်အဆက်သွယ်များနှင့် ချိတ်ဆက်ပြီး ကောက်ခံရရှိသမျှ လှူဒါန်းငွေများကို စုပေါင်းပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။ လှူဒါန်းသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လှုဒါန်းမှုအတွက် အင်းလျားဘောဂဗေဒမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အသိအမှတ်ပြု့ ကျေးဇူးတင်လွှာများကိုလည်း ထုတ်ပေးမည် ဖြစ်သည်။
လှူဒါန်းလိုသူများအနေဖြင့် မိမိတို့ ဝက်ဆိုက်တွင် ဖော်ပြထားသော ဘဏ်အကောင့်များမှတဆင့် ပေးပို့လှူဒါန်းနိုင်ပါတယ်။
https://www.inyaeconomics.org/news-events/hope-for-myanmar-every-donation-counts/
လှူဒါန်းပြီးသူများအနေဖြင့် မိမိတို့ page messenger မှသော်လည်းကောင်း၊ အောက်ပါ Google Link တွင် ငွေလွှဲထားသည့် Screenshot (SS) တင်ထားပေးနိုင်ပါသည်။
👉👉 https://forms.gle/fyRV4j4ad5WiUnVh8
မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး အလိုအပ်ဆုံးသူများအတွက် မျှော်လင့်ချက်များကို ယူဆောင်ပေးကြပါစို့။
----------------------
(English Version)
Hope for Myanmar – Every Donation Counts!
On March 28, 2025, a powerful 7.7 magnitude earthquake struck Myanmar, with its epicenter in Sagaing Region. The devastating impact has affected people across Sagaing, Mandalay, Bago, Shan State, and Nay Pyi Taw.
To provide urgent assistance to those affected, Inya Economics has established an Emergency Response Team (ERT). The organization has allocated 1,000,000 MMK to support earthquake victims in Sagaing Region, where communities have suffered severe destruction and loss.
We encourage our friends, students, and partner organizations to contribute as much as possible to this relief effort. All donations will be collected and distributed directly to those in need through local networks in the affected areas.
The ERT team will ensure full accountability and transparency in handling donations, and official acknowledgment receipts will be provided.
If you would like to donate, please use the bank account details in our website.
https://www.inyaeconomics.org/news-events/hope-for-myanmar-every-donation-counts/
Donors can submit their donation proof by uploading a screenshot (SS) of the transaction via our page Messenger or through the Google Link provided below.
👉👉 https://forms.gle/fyRV4j4ad5WiUnVh8
Let’s stand with Myanmar and bring hope to those who need it most.
Photo Credit: BBC Burmese
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 17:00 |