DODAR
08/09/2021
ပါမောက္ခချုပ်ဆရာတော်ကြီး ငယ်စဉ်ကိုရင်ဘဝက ပုံတော် -
photo
myanmar travels & tour
09/04/2021
မန်ဒဲလား(Mandela)၏ နည်းဗျူဟာ
ကမ္ဘာပေါ်မှာ အကြမ်းမဖက်လှုပ်ရှားမှုကိုလုပ်သူဟာ ဂန်ဒီ၊ မာတင်လူသာကင်းနဲ့ တောင်အာဖရိကကနယ်ဆင်မန်ဒဲလား
(Nelson Mandela)လို့ အစက ထင်ထားခဲ့ပါတယ်။
ဂန်ဒီနဲ့ မာတင်လူသာကင်းတို့ ပြန်တိုက်ခဲ့တာက အင်္ဂလိပ်အစိုးရနဲ့ အမေရိကန်အစိုးရပါ။ ဒါ့ကြောင့် ဂန်ဒီ့နည်းဟာ လူစိတ်မရှိတဲ့ စစ်အ
စိုးရတွေကို ပြန်ခုခံနိုင်မယ်လို့ ပြောမရပါ။ ယခုပြောလိုတာက သိပ်မသိသေးတဲ့ နိုဘယ်ဆုပိုင်ရှင် မန်ဒယ်လားနည်းဗျူဟာပါ။
ဂန်ဒီဟာ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ အမှန်တရားဟာ ခွဲခြားလို့မရဘူးလို့ ကြေညာခဲ့ဖူးပါတယ်။ မန်ဒယ်လားကတော့ သူတို့လိုမဟုတ်ပါ။ တောင်အာဖရိကက လူအများစုက မန်ဒဲလားသာ အကြမ်းဖက်နည်းကို မသုံးခဲ့ရင် အသားအရောင် လူမျိုးရေးခွဲခြားမှုဟာ ကြာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
မန်ဒဲလားငယ်စဉ်က ကြိုက်တဲ့အားကစားက လက်ဝှေ့ထိုးတာပါ။ ၁၉၅၀ မှာ ANCပါတီက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို စလုပ်ခဲ့ပါတယ်။ ၁၉၅၃ မှာ မန်ဒဲလားက သူ့ANC ပါတီဥက္ကဌ Albert Luthuli ကို အကြမ်းမဖက်လှုပ်ရှားမှုဟာ အလုပ်မဖြစ်ကြောင်း ပြောခဲ့ပါတယ်။
၁၉၅၃ စက်တင်ဘာမှာ သူက Johannesburgမြို့ ဆင်ခြေဖုံးမှာ လွတ်လပ်ရေးဟာ အလွယ်မရဘူး “No easy way to freedom” ဆိုတဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။ ၁၉၅၆ မှာ သူ့ကို နိုင်ငံတ်ပေုန်ကန်မှုနဲ့ တရားစွဲပြီး ၁၉၆၁ မှာ ပြန်လွှတ်ခဲ့ပါတယ်။
၁၉၆၀ မှာ လူဖြူတွေက လူမဲဆန္ဒပြသူ ၆၉ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးမှာတော့ လက်နက်မကိုင်ရေး တိုက်တွန်းသူတွေ ရပ်သွားခဲ့ပါတယ်။
၁၉၆၁ မှာ မန်ဒဲလားက လက်နက်ကိုင်အဖွဲ့ “Umkhonto we Sizwe, or Spear of the Nation” သံမဏိအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ သူ့ကိုမကြိုက်သူများက မန်ဒဲလားက အကြမ်းဖက်မှုသုံးရင် လူဖြူအစိုးရက အင်အားပိုသုံးလို့ ပြည်သူတွေပိုသေနိုင်ကြောင်း ထောက်ပြကြပါတယ်။
သူက ဒေါသထွက်နေတဲ့ လူငယ်တွေက လက်နက်စွဲကိုင်နိုင်လို့ ဘာမှမလုပ်ဘဲထားရင် ပါတီဟာ သုံးစားမရဖြစ်သွားနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။
နောက်ဆုံးသူ့ပါတီဥက္ကဌ Luthuli ကို ဖျောင်းဖြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Luthuli ဟာ ၁၉၆၁ အောက်တိုဘာမှာ နိုဘယ်ဆုရခဲ့လို့ သူထောက်ခံထားတဲ့ လက်နက်ကိုင်တော်လှန်ရေးကို မလုပ်ဖို့ပြောခဲ့ပါတယ်။ ဒီအချိန်မှာ မန်ဒဲလားက လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သွားလို့ သူ့အဖွဲ့က ၁၉၆၁ ဒီဇင်ဘာ ၁၆ မှာ Port Elizabeth, Durban and Johannesburg မြို့တွေက ဓာတ်အားပေးစက်ရုံတွေ အစိုးရအဆောက်အအုံတွေကို ဖုံးခွဲပြီး တော်လှန်ရေးကို စခဲ့ပါတယ်။
သူကိုယ်တိုင် နိုင်ဂျီးယီးရားနဲ့ အီသီယိုးပီးရားကိုသွားပြီး စစ်ပညာသင်ယူခဲ့ပါတယ်။ ၁၉၆၂ မှာ မန်ဒဲလား ပြန်ရောက်လာပြီး ၁၉၆၄ မှာ ထောင်ချခံခဲ့ရပါတယ်။ သူ့အဖွဲ့ကတော့ လူဖြူရဲတွေကို တိုက်ခိုက်တာ အစိုးရကို တိုက်ခိုက်တာ ဆက်လုပ်နေခဲ့ပါတယ်။
မန်ဒဲလားဟာ လက်နက်ကိုင်တော်လှန်ရေးကို သူ့ပါတီဥက္ကဌမသိဘဲ စလုပ်ခဲ့သလို ၁၉၈၅ မှာ ထောင်ထဲကနေ လူဖြူအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြန်ပါတယ်။ သူဟာ ပြန်လွှတ်ခံရအပြီး သမ္မတဖြစ်လာချိန်မှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။ သူ့ရဲ့ လက်နက်ကိုင်အဖွဲ့က တိုက်တာကို ၁၉၉၀ မှ ရပ်လိုက်တာပါ။ ဆွေးနွေးပွဲ အောင်မြင်ပြီးမှပါ။
ဒါက တောင်အာဖရိက သမိုင်းကိုသိအောင် သင်ခန်းစာယူနိုင်အောင် ရေးပြတာပါ။ ဒီနေရာမှာ ဆန္ဒပြသူတွေက ရဲတွေကို ဗလိုင်းကြီး သွားအကြမ်းဖက်ရင်တော့ တမျိုးပါ။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်လာရင်တော့ ဘယ်လိုနည်းနဲ့ ခံချမလဲ သူတို့ပေးဆပ်မှုတွေရှိအောင် ဘယ်လိုပြန်လုပ်မလဲ စဉ်းစားသင့်ပါတယ်။
ရခိုင်က မြောက်ဦးမှာ အုပ်ချုပ်ရေးမှူး ဘိုဘိုဦးက ပစ်မိန့်နဲ့ လူတွေကို သတ်ခဲ့လို့ သူ့ကို AA က လုပ်ကြံပြီး ပြန်သတ်ခဲ့ပါတယ်။ နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေ ရခိုင်မှာ ငြိမ်သွားခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်ရဲမှူးတွေဟာ အမြဲအစောင့်ရှိနေတာမဟုတ်ပါ။
တပ်ထဲက ဗိုလ်မှူးကြီးတောင် မိမိဂျူတီချိန်မဟုတ်ရင် အပြင်မှာ သေနတ်မရှိပါ။ မုံရွာမှာ ပြည်သူရဲ့ တုန့်ပြန်မှုက အားကောင်းပါတယ်။ သင်ခန်းစာ ယူစရာပါ။ အားလုံး ဆင်ခြင်ဖို့နဲ့ ဝေဖန်သုံးသပ်ဖို့ပါ။
Source: Mandela Biography “Long Walk to Freedom” and Los Angeles Times
-photo & content
Myanmar Travels & Tour
31/03/2021
#ဖက်ဆစ်တွေသေအောင်ကြောက်တဲ့အသံတိတ်လူသတ်သမား။
ဖက်ဆစ်တွေ တစ်ကောင်စနှစ်ကောင်စနဲ့ တောထဲသွားရင် ကျားနဲ့ပက်ပင်းတိုးတာမှအသက်ရှင်ချင်ရှင်အုံးမယ်။ နီးယားဗက်ဇ်ဖနန်ဒက်ဇ်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့လို့ကတော့ အသက်ရှင်ဖို့အကြောင်းလုံးဝမရှိပါ။ ကျားထက်ကြောက်ရတဲ့သူ ဖြစ်ပါတယ်။
နီးယားဗက်ဇ်ဖနန်ဒက်ဇ်ဟာ ငယ်ငယ်ကမိန်းမချောတစ်ယောက်ဖြစ်ပြီး အင်မတန်အေးဆေးစွာ နေတတ်သူတစ်ယောက်ပါ။
အေးချမ်းစွာနဲ့စာသင်ရင်း သူ့အမျိုးသားနဲ့အတူ ကုန်ပစ္စည်းလက်ကားရောင်းဝယ်တဲ့ အလုပ်လေးလည်း လုပ်နေသူပါ။
ဒုတိယကမ္ဘာစစ်အတွင်းဖက်ဆစ်ဂျပန်တွေ ဖိလစ်ပိုင်ကိုဝင်သိမ်းထားပြီးတဲ့အခါမှာ သူတို့သင်စေချင်တဲ့စာကိုသင်သူနဲ့ စစ်တပ်ကိုပံ့ပိုးတဲ့အလုပ်လုပ်သူတွေကိုပဲ ခွင့်ပြုပါတော့တယ်။
တွေ့တဲ့ပစ္စည်းကိုအိမ်ပေါ်တက်ယူချင်ယူတယ်။ မကျေနပ်ရင်ပစ်ခတ်သွားတယ်။ လမ်းပေါ်မှာသေနတ်တကားကားနဲ့ လူသတ်မယ်လို့လည်းကြိမ်းဝါးတယ်။ ဒါတွေဟာ ဖက်ဆစ်တွေရဲ့သရုပ်သကန်ပါပဲ။
နီးယားဗက်ဇ်ဖနန်ဒက်ဇ်ဟာ စာလည်းမသင်ရ အလုပ်လည်းမလုပ်ရဖြစ်နေချိန်မှာ သူမရဲ့ကျောင်းသားတွေဟာ ဖက်ဆစ်ဂျပန်တွေရဲ့အသတ်ခံရပါတယ်။
အလွန်အေးဆေးလှတဲ့ဆရာမဟာ အလွန်ကြောက်ဖို့ကောင်းတဲ့ #တကိုယ်တော်အသံသိတ်လူသတ်သမားဖြစ်လာပါတော့တယ်။
သူမရဲ့ nick name က "The Silent Killer" တဲ့။
တောထဲကို အဝတ်နက်ဝတ်ကာ ဖိနပ်မပါခြေဗလာနဲ့ တစ်ယောက်တည်းသွားတတ်ပြီး ဒါဇင်နဲ့ချီတဲ့ဖက်ဆစ်တွေကို လက်လုပ်သေနတ်နဲ့ bolo လို့ခေါ်တဲ့ ကိုင်းခုတ်ဓားကိုသုံးပြီး ခြုံခိုတိုက်ခိုက်တတ်ပါတယ်။
သူမဟာ အဲ့ဒီ bolo ဓားကိုကိုင်တာကျွမ်းကျင်လာပြီး အနီးကပ်တိုက်ပွဲ hand-to-hand combat မှာအလွန်တော်ပါတယ်။
သူမဟာ ဖိလစ်ပိုင်ရဲ့ပထမဦးဆုံးသောပြောက်ကျားတော်လှန်ရေးစစ်သမီးဖြစ်လာပါတယ်။
Tacloban ဒေသက ဖိလစ်ပိုင်ယောက်ျားတွေဟာ နီးယားဗက်ဇ်ဖနန်ဒက်ဇ်ကိုလေးစားအားကျကြပြီး သူမဟာ ဖက်ဆစ်ဆန့်ကျင်ရေးတပ်သား ၁၁၀ ကိုဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဗိုလ် ဖြစ်လာပါတယ်။
သူမဟာ အမျိုးသားများစွာကို ထက်မြက်ပြီးမြေ့နေအောင်သွေးထားတဲ့ ကိုင်းခုတ်ဓားနဲ့တိုက်ခိုက်ပုံ၊ gas pipe နဲ့ သံချောင်းတွေကိုသုံးပြီး လက်လုပ်သေနတ်ပြုလုပ်ပုံ၊ လက်ပစ်ဗုံးပြုလုပ်ပုံတွေကို ပြန်လည်သင်တန်းပေးခဲ့ပါတယ်။
သူမတို့အဖွဲ့ဟာ ဖက်ဆစ်ဂျပန် အယောက် ၂၀၀ ကျော်ကို လက်စဖျောက်သုတ်သင်ခဲ့ရုံမက မဟာမိတ်အကျဉ်းသားတွေကို လွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့ပါတယ်။
လိင်ကျွန်အဖြစ် ဖက်ဆစ်တွေမတရားဖမ်းဆီးအနိုင်ကျင့်ခံနေရတဲ့ မိန်းမတွေကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။
ရန်သူ့ထောက်ပံ့ရေးလမ်းကြောင်းကိုဖြတ်တောက်နိုင်ခဲ့ပြီး ဂျပန်ဘုရင့်စစ်တပ်ကိုဝင်စီးတာအထိလက်သံပြောင်ခဲ့ပါတယ်။
နှစ်နှစ်အတွင်းမှာ ဂျပန်တွေဟာ သူမကို ဆုငွေပီဆို ၁၀၀၀၀ အထိထုတ်ပြီးမြေလှန်ရှာခဲ့ပေမယ့် မအောင်မြင်ပဲ သူမကသာ ဖက်ဆစ်တွေကို ခြုံခိုပြီးအပျောက်ရှင်းတာခံခဲ့ရပါတယ်။
ဒီလောက်အနီးကပ် တစ်ကိုယ်တော်ခြုံခိုတိုက်နေတာတောင်မှ သူမဟာဘယ်တော့မှအဖမ်းအဆီးမခံရပဲ သူမရဲ့ညာလက်ဖျံပေါ်မှာ သေနတ်ဒဏ်ရာအမာရွတ်ပဲ တစ်သက်လုံးဂုဏ်ယူစွာနဲ့ ပြစရာအဖြစ်ကျန်ရှိခဲ့ပါတယ်။
ဂျပန်တွေရဲ့လိင်ကျွန်အဖြစ်သွတ်သွင်းခံရတဲ့ ရီမီဒီယိုဖာလတ်စ်က သူမရဲ့စာအုပ် The Picture Diary of a Girl Taken by the Japanese Military ထဲမှာ နီးယားဗက်ဇ်ဖနန်ဒက်ဇ်တို့ ဖက်ဆစ်ဆန့်ကျင်ရေးပြောက်ကျားတပ်သားတွေဟာ ဖိလစ်ပိုင်အမျိုးသမီးပေါင်းများစွာကို ဘယ်လိုကယ်တင်ပေးခဲ့ပုံကို မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။
အေးချမ်းစွာနဲ့ ဈေးရောင်းဈေးဝယ်လုပ်ရင်း ကျောင်းသားတွေကိုပညာသင်ပေးနေတဲ့ဆရာမတစ်ယောက်ဟာ မိုက်ရိုင်းလူမဆန်မှုတွေကို သည်းမခံနိုင်တော့တဲ့အခါမှာ အင်မတန်ကြောက်ဖို့ကောင်းလှတဲ့ အသံတိတ်လူသတ်သမားဘဝကို အသွင်ပြောင်းသွားခဲ့ပါတယ်။
ပုံထဲမှာ ၁၉၄၄ ခုနှစ်တုန်းက သူမဟာ ဖက်ဆစ်တွေကိုဘယ်လိုအနီးကပ်လည်လှီးသုတ်သင်ခဲ့တာကို အမေရိကန်စစ်သားတစ်ယောက်အားသရုပ်ပြန်ပြနေတာဖြစ်ပါတယ်။
Myanmar Travels & Tour
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
အမှတ် ၁၁ (က)/၂၄၂၊ ဧရာချမ်းသာ ကွန်ဒို၊ ဧရာဝဏ် လမ်းမကြီး၊ အရှေ့ဒဂုံ ဆိပ်ကမြို့နယ်
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |