The History Of Myanmar Library

The History Of Myanmar Library

Share

08/09/2025

တော (၈) မျိုး

၁။ မြိုင်
၂။ ဂနိုင်
၃။ ရဂုံ
၄။ စုံ
၅။ ခင်တန်း
၆။ ပြား
၇။ အင်တိုင်း
၈။ စေးပျစ် ဟူ၍ ဖြစ်လေသည်။

မြိုင် ---
စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး

ဂနိုင် --- အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး

ရဂုံ ----
သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး

စုံ ----
တစ်တောနှင့် တစ်တော ဆက်စပ်နေလျှက်
လမ်းခရီးရှိသည့် တောမျိုး

ခင်တန်း ----
ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက် ပေါက်ရောက်နေသော တောမျိုး

ပြား ---- ညွံထူထပ်သော တောမျိုး

အင်တိုင်း ----
ကျောက်တန်း ကျောက်စရစ် ထူပြော၍မြက်များ ရောနှော ပေါက်တတ်သည့်တောမျိုး

စေးပျစ် ----
စည်းရိုးသဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ်သစ်ပင် ပေါက်တတ်သည့် တောမျိုး

ဤတော ရှစ်မျိုးကို ခြုံ၍ ကဗျာတစ်ပုဒ်ဖြစ်
အောင် စပ်ဆို ခဲ့ကြလေသည် ။

စိမ့်စမ်းဝေဆာ ၊ တပြားလွန်နက် ၊ တစ်ချက်သာမော ၊
သကော့တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီးချုံငယ် ၊ တသွယ်ညွန်ထူ ၊ တမူကျောက်ပေါ ၊ မြက်နှောသဏ္ဍာန် ၊ တတန်စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင်
ဤရှစ်အင်သည် ခေါ်တွင် ကျော်ဟိုး တောရှစ်မျိုး
ဟူသတည်း ။

မူရင်းရေးသူ
ဆရာကြီးဦးဟုတ်လင်း

ဆောင်းပါး၊ကဗျာ၊စာစီစာကုံး အစရှိသည်တို့
အတွက် ရည်ညွှန်းကိုးကားသိရှိနိုင်ရန်
ဗဟုသုတအနေဖြင့်မျှဝေပါသည်။

Photos from The History Of Myanmar Library's post 06/08/2025

ဈေးချိုမှာ လှေဆိုက်လို့ ရတဲ့အထိ ရေကြီးခဲ့သော…
"မန္တလေးတာရိုး"လို့ သိကြတဲ့ မြေမြို့ရိုးကြီး ကျိုးခဲ့စဉ် အချိန်က အဖြစ်အပျက်များ

၁၈၅၉ မှာ မန္တလေးမြို့ကို မင်းတုန်းမင်းတည်ထောင်ချိန် က အနောက်ပြင်လို့ခေါ်တဲ့ ရပ်ကွက် အများအပြားဟာ ရွှံ့ညွန်ပေါတဲ့ အင်းအိုင်ချောင်းမြောင်းတွေနဲ့ ဖုံးလွှမ်းနေ တဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွှေတချောင်း အနောက်ဘက်ကနေ ဧရာဝတီမြစ်ဆိပ်ထိ ကြားက နေရာတွေ ဖွံ့ဖြိုးအောင် မင်းတုန်းမင်းက ပြင်မြို့ရိုးကြီးလို့ ခေါ်တဲ့ ရေကာတာကြီးကို ၁၈၇၆ မှာ တည်ဆောက်ခဲ့ ပါတယ်။ တာရိုးအောက်ခြေမှာ ပေတရာရှိပြီး ထိပ် ပေ ခြောက်ဆယ်နဲ့ (၁၅) ပေမြင့် ပါတယ်။ အီတလီ အင်ဂျင်နီယာက ညွှန်ကြားပြီး အလုပ်သမား ခြောက်သောင်း နဲ့ ရှစ်လဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီတာရိုးဟာ ရေဘေးထက် မြစ်ကြောင်း က တက်လာနိုင်တဲ့ ဗြိတိသျှတပ်တွေကို ခုခံဖို့ ဖြစ်တယ် ဆိုပြီး ရွှေမြို့တော်ဝန်ဟောင်း ဦးပေစိက ပါတော်မူပြီး နောက်ပိုင်းမှာ ဗြိတိသျှအရာရှိတွေကို ပြောဆိုကြောင်း သိရပါတယ်။ ရေကာတာမှာ ခံတပ်တွေလိုပဲ အမြောက် သေနတ်ပစ်လို့ရတဲ့ အပေါက်တွေရှိတဲ့အပြင် မြစ်နဲ့ဝေး တဲ့ မြို့ရဲ့တခြား သုံးမျက်နှာကိုပါ မြေမြို့ရိုးကြီး ပြုလုပ် ကာရံခဲ့လို့ ဖြစ်ပါတယ်။

ဒီရေကာတာကြီးဟာ တည်ဆောက်ပြီး နောက်တနှစ် မှာပဲ မြေသား မသေလို့ အေလမ်းနဲ့ ဘီလမ်းလို့ ခေါ်တဲ့ (၃၅) လမ်းနဲ့ (၂၆) လမ်းကြား သင်္ဂဇာချောင်းစပ်မှာ ကျိုး ပေါက်ခဲ့ဖူးကြောင်း သမိုင်းပညာရှင် ဒေါ်ကြန်က မြန်မာ နိုင်ငံ အခြေအနေ(၁၈၈၅-၁၈၈၆)စာအုပ်မှာ ရေးသားခဲ့ ပါတယ်။

တကယ်အကြီးအကျယ် ရေကြီးတာကတော့ ၁၈၈၆ ပါတော်မူပြီးနောက်တနှစ်မှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ် မှာ အကြီးဆုံးရေကြီးမှုကို ပထမ အင်္ဂလိပ်မြန်မာစစ် ဖြစ် တဲ့ ၁၈၂၄ ကကြုံခဲ့ရပြီးကုလားရေကြီးလို့အမှတ်အသား ပြုခဲ့ကြပါတယ်။အခု ၁၈၈၆ ရေကြီးမှုဟာ အဲဒီ ကုလားရေကြီးစံချိန်ကို မီဖို့ တစ်ပေခွဲပဲ လိုခဲ့ပါတယ်။ ရေကာတာကျိုးချိန်မှာ မြစ်ရေဟာ(၁၅)ပေမြင့်တဲ့ တာရိုး ကို ကျော်သွားပြီး ဧရာဝတီမြစ်ဟာလည်း ငါးမိုင် လောက် ကျယ်သွားခဲ့ပါတယ်။

ဒီရေကြီးမှု ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အကြောင်းတွေ ရှိပါတယ်။ ပါတော်မူပြီးစက ဗြိတိသျှကို တော်လှန်နေတဲ့ မျိုးချစ်အင်အားစုတွေက တာရိုးကို တမင် ချိုးပစ်တာလို့ ပြောကြသလို တာရိုးဟာ မြစ်နဲ့ အလျားလိုက် ရှိရမယ့်အစား ကျိုးတဲ့နေရာမှာ ဆည်ပေါင် ကန့်လန့်ခံသလို ဖြစ်နေလို့ ကျိုးတာလို့ လည်း ရွှေဉာဏ်ဇော်ရဲ့ ရေကာတာရိုးကျိုးပေါက်ခြင်း စာတမ်းမှာ ပါရှိပါတယ်။

ဒီတာရိုးခိုင်မာရေးအတွက် ဗြိတိသျှအစိုးရက ၁၈၈၆ ဇွန်၊ဇူလိုင်လတွေကတည်းက အင်ဂျင်နီယာတွေ ချပြီး ပြုပြင်စေခဲ့သလို အင်ဂျင်နီယာချုပ်ကိုယ်တိုင် ဦးပေစိနဲ့ တာရိုးတစ်ခုလုံးကို လိုက်ကြည့်ခဲ့ပါတယ်။ လက်ထောက် အင်ဂျင်နီယာတွေကို တာရိုး တစ်လျှောက် တာဝန်တွေ ခွဲချထားသလို တစ်မိုင်ကို အစောင့်နှစ်ယောက်စီထားပြီး တာရိုးပေါ် တဲထိုးပြီး နေ့ညစောင့်ခိုင်းပါတယ်။ ငွေသုံးထောင်လောက် အကုန် ခံ ပြုပြင်ထားတဲ့ကြားက တာရိုးကျိုးခဲ့တာ ဖြစ်ပါတယ်။

လှည်းတွေနဲ့ပြေး
*****************
သြဂုတ်လမှာ မြစ်ရေတက်လာပြီး အရင်ပေါက်ခဲ့ဖူးတဲ့ အေလမ်းနဲ့ ဘီလမ်းကြားအပြင် အမရပူရ ရေလွှဲပေါက် နားမှာ စိုးရိမ်စရာ ဖြစ်လာလို့ ပြင်ကြရပြန်ပါတယ်။ ဒီလို နေရင်း ၁၈၈၆ ခုနှစ် သြဂုတ်လ (၁၆) ရက် ညနေ (၇) နာရီမှာတော့ တာရိုးကျိုးပြီး မန္တလေး အနောက်မြောက် စွန်း ညောင်ကွဲရပ်ကနေ မြို့ထဲထိ အနောက်ပြင်တဝှမ်း ရေဘေး သင့်ပါတယ်။ရေသံကြားတာနဲ့ လူတွေ လှည်းတွေပေါ် ကလေးနဲ့ ပစ္စည်းတင်ပြီး အသက်လု ပြေးကြရကြောင်း ဒီဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံခဲ့တဲ့ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးက ၁၉၇ဝ မှာ ပြန်လည်မိန့်ကြားပါတယ်။ စာရေးဆရာမကြီး ဒဂုန် ခင်ခင်လေးရဲ့ အဘိုး ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း ဒီဖြစ်ရပ်ကိုည ၄ ချက်တီးကျော် (၇) နာရီအချိန် နောံပြင်မြေ မြို့ရိုးကြီးတလျှောံများ အ္နက် သရက်တပင်ရွာအနီးက ရေပေါ ံသည် လို့မှတ်တမ်း ပြုပါတယ်။

တာကျိုးတဲ့နေရာဟာ ပေ (၆ဝ) လောက် ကျိုးပေါက် သွားတာလို့ သမိုင်းမှတ်တမ်းတွေက ဆိုသလို ကိုက် သုံးရာလောက် ရှည်တယ်လို့လည်း ဗြိတိန်ထုတ်
ညနေခင်းကြေးနန်း သတင်းစာက ရေးပါတယ်။ ရေဖောက်ထုတ်နိုင်ဖို့အတွက် မြို့တောင်ဘက်က တာရိုးကို အင်ဂျင်နီယာတွေ ချိုးပစ်ခဲ့ပေမဲ့ အခြေအနေ က ကောင်းမလာခဲ့ပါဘူး။ မြို့ပေါ်က လူ ငါးသောင်း အိုးအိမ်မဲ့ပြီး လူနေအိမ်ခြေနဲ့ အစားအသောက် ဂိုဒေါင်တွေ ပျက်စီး ဆုံးရှုံးကုန်ပါတယ်။

ရေဘေးသင့်သေသူအရေအတွက်မှာလည်း အာဏာ ပိုင်တွေနဲ့ သတင်းစာတွေကြား ကွဲပြားမှုတွေ ရှိပါတယ်။ ဗြိတိသျှအစိုးရ၊ မြန်မာဗုဒ္ဓဘာသာသာသနာပိုင်နဲ့ ခရစ်ယာန် သာသနာပြုတွေအလိုအရ သေသူက (၁၃) ယောက်ကနေ (၂၅) ယောက်အတွင်းပဲရှိပြီး ပြည်တွင်း ပြည်ပသတင်းစာတွေမှာတော့ တစ်ထောင်ကနေ နှစ်ထောင်ထိ သေတယ်လို့ ရေးကြပါတယ်။ကမ်းပေါ်မှာ အလောင်းတွေ လာတင်တယ်လို့ ညနေခင်းကြေးနန်း က ရေးသလို ဂေါဝိန်တံခါးနဲ့ ရဟိုင်းဈေး တံတားတွေမှာ ဘုန်းကြီးအလောင်း၊ ကလေးနဲ့ အမျိုးသမီး အလောင်းတွေ ရာနဲ့ချီရေမှာမျောနေကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ ကြောင်း ဒေါ်ကြန်က ရေးပါတယ်။

တာကျိုးတဲ့ညက လူတွေအများကြီး တာရိုးပေါ် တက်နေ ကြပြီး မနက်မိုးလင်းတော့ သူတို့အတွက် ကယ်ဆယ်ရေးလှေတွေ အစိုးရက လွှတ်ပေးပေမယ့် ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှေငှားပြီး ရွှေ့ကြတယ်လို့ ဆိုပါတယ်။ အနောက်ပြင်ရပ်ကွက် တွေထဲက ဆန်စပါး၊ ပြောင်း၊ပဲ ၊ ဆေးနဲ့ သစ်ဝါးစတဲ့ ကုန်စည်တွေ မျောပါ ဆုံးရှုံးပေမယ့် စျေးချိုထဲက ကုန်တွေကိုတော့ စစ်တပ် ချပြီး ရွှေ့ပေးတဲ့အတွက် အပျက်အစီးလွတ်တယ်လို့ လည်း သိရပါတယ်။ မန္တလေးအရေးပိုင် ကာတာ ကိုယ်တိုင် ညလုံးပေါက် စောင့်ကြပ်ပြီး ရွှေ့တာ ဖြစ်ပါတယ်။

တစ်ခါ တာရိုးကျိုးတဲ့နေရာဟာ မြစ်ရေအနက်ဆုံးနဲ့ တာရိုးအနိမ့်ဆုံးနေရာလို့လည်း ရွှေဉာဏ်ဇော် က ရေးပါတယ်။ မြို့အနောက်မြောက်ထောင့် ရဲထွတ်တံခါး နဲ့ ညောင်ကွဲကြား မှာ မြောက်ကနေ တောင်ကိုစီးတဲ့ မြစ်တိမ်ချောင်းရိုးနေရာက တာကျိုးတာလို့လည်း သူက ဆိုပါတယ်။ အဲဒီတာရိုးပေါက်ကို ကူးဖို့ တံတား ထိုး ထားတာကို တွေ့နိုင်တယ်လို့လည်း ရေးပါတယ်။ မြစ်ရေ တိုးချိန်မှာ မြောက်ကနေ တောင်ကိုစီးတဲ့ ရေဖိအားကို မြောက်ဘက် မြေမြို့ရိုးက ကန့်လန့်ခံသလို ဖြစ်လို့ ကျိုးပေါက်တာလို့လည်း သိရပါတယ်။ ဗြိတိသျှ အင်ဂျင်နီယာတွေနဲ့ မြန်မာအရာရှိတွေ သတိမမူမိတဲ့ နေရာကနေ ကျိုးပေါက်တာ လို့လည်း ၁၈၈၇ ခုနှစ် ထုတ် စကော့ပထဝီဝင်မဂ္ဂဇင်းက ရေးပါတယ်။

ဖောင်ကျောင်းနဲ့ ထီးဖြူရုံ ကယ်ဆယ်ရေး
***************** *********************
ရေကြီးတဲ့ညက သန်းခေါင်ကျော်ချိန်မှာ ရေလှိုင်း ပုတ်သံတွေ ကြားပြီး ရေတွေ တက်လာကြောင်း၊ ရေပန်းတိုက်က ကျောင်းလှေကားကြီးလည်းပြုတ်ထွက် ပါသွားပြီး ရဟိုင်းသင်္ချိုင်းနားထိ မျောသွားကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ စံကင်းဆရာတော်ကြီးကသက်တော် တစ်ရာအရွယ်မှာပြန်လည်မိန့်ကြားခဲ့ပါတယ်။ ကျောင်းကြီး အထက်ထပ် ကြမ်းပြင်မှာ ကျိန်းစက်ရတဲ့ သံဃာတွေဟာ ကျောင်းပေါ်မှာ နေမဖြစ်တော့တဲ့ အတွက် မျောလာတဲ့တိုင်တွေကို စုပြီး ဖောင်ဖွဲ့နေကြ ရပြီး သူတို့အားလုံး အဲဒီဖောင်ကျောင်းပေါ်မှာ ဆယ်ရက် ကျော် သီတင်းသုံးခဲ့ရပါတယ်။

သီပေါမင်းနဲ့စုဘုရားလတ်တို့ ပါတော်မမူမီ ဆောက်လုပ် လှူဒါန်းသွားတဲ့ မြတောင်ကျောင်းကြီးနားမှာ ရေဘေး ပြေးလာသူတွေ စုရုံးနေကြပါတယ်။ သီပေါမင်း ရေစက် ချဖို့ ဆောက်ထားတဲ့ ထီးဖြူရုံစံနန်းတော်ကို အင်္ဂလိပ် အစိုးရက ဖျက်မပစ်သေးတဲ့ အတွက် အဲဒီထဲမှာလည်း လူတွေ ဝင်နေကြပါတယ်။

ကုန်းမြင့်ရာအရပ်မှာ လူတွေ စုနေကြရတာလို့ စံကင်း ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို လူထုဦးလှက ဟံသာဝတီသတင်းစာမှာ ပြန်လည်ရေးသားခဲ့ပါတယ်။ အနိမ့်ပိုင်းကျတဲ့ ဘုန်းကြီးကျောင်းတွေ အကုန်ရေမြုပ် ပြီး တချို့ကျောင်းတွေ မှာတော့ အထက်ထပ်တွေမှာ သံဃာတွေ စုရုံးနေကြရတာ ဖြစ်ပါတယ်။

ရေကြီးချိန်က ဈေးချိုကို လှေနဲ့သွားရပြီး ဈေးထဲမှာ ရေ က နှစ်တောင်သုံးတောင် နက်ပါတယ်။ မိုးကောင်းနဲ့ ခင်မကန်တိုက်တွေမှာတော့ ရေလေးတောင်လောက် ရှိတာပါ။ တာကျိုးလို့ အိမ်ခြေရှစ်ထောင်လောက် ရေနစ် ပြီး ကျပ်လေးသိန်းဖိုး လောက် ဆုံးရှုံးတယ်လို့လည်း ဒေါ်အုန်းကြည်ရဲ့ ဗြိတိသျှခေတ်ဦး မန္တလေးလူမှုရေး စာတမ်းမှာ ပါရှိပါတယ်။ သီရိဟေမာ၊ သီရိမာလာနဲ့ ပြည်ကြီးပျော်ဘွယ်စတဲ့ မန္တလေးဈေးချိုနားက ရပ်ကွက် တွေမှာ အိမ်ခြေ တစ်ထောင် ဝန်းကျင်စီလောက် ရေဘေးသင့်ခဲ့တာပါ။

ကယ်ဆယ်ရေးနဲ့ လူပိလို့သေ
***************** *****************
ရေဘေးသင့်သူတွေကို ကယ်ဆယ်ရေးအတွက် ဗြိတိသျှ အာဏာပိုင်တွေက ကြိုးစားပါတယ်။ လူ တစ်ယောက် တစ်ရက်ကို ဆန်နို့ဆီဘူးလေးဘူးနဲ့ ပိုက်ဆံ နှစ်ပြား (ပဲဝက်) ဝေတာပါ။ လာယူသူက ငါးထောင်ထိ ရှိလာပြီးနောက် သြဂုတ်လကုန် ရောက် တဲ့အခါမှာတော့ ပိုက်ဆံမဝေဘဲ ဆန်ပဲပေးပါတော့ တယ်။ ဒါတောင် မိသားစုထဲမှာ ခြောက်ပဲက ရှစ်ပဲထိ ဝင်ငွေရှိတဲ့သူရှိလို့ ဆိုပြီး ဝေတာ မရသူတွေလည်း ရှိပါတယ်။

စက်တင်ဘာလ (၂၂) ရက်မနက် ဆန်ဝေဖို့ အနြ္ဒိနော ဝင်းမှာ ရုံးတံခါးကို ဖွင့်တဲ့အခါ လူငါးထောင်ကျော် စုတိုး ကြတဲ့အတွက် လူနင်းမိပြီး (၁၆) ယောက်သေဆုံးခဲ့ရ ပါတယ်။အပြင်မှာ လူတွေ စနစ်တကျ တန်းစီနိုင်အောင် စီစဉ်မထားတဲ့အပြင် မိုးရွာလို့ ချော်လဲရာကနေ လူတက် နင်းမိတာလို့လည်း ဆိုပါတယ်။ သေသူတွေ အတွက် တစ်ဦးကို ငွေတရာစီ ပေးပါတယ်။

ဒီကြေကွဲဖွယ်ဖြစ်ရပ်မှာ ထပ်ဆောင်းပြီး စိတ်မကောင်း စရာကတော့ သေသူ ယောက်ျား သုံးဦးနဲ့ မိန်းမ ၁၃ ဦးမှာ ကလေးငယ် ရှစ်ယောက် ပါတာ ဖြစ်ပါတယ်။ အသက် (၇)နှစ်ကနေ (၆ဝ)အထိရှိတဲ့ သေဆုံးသူတွေ ရဲ့ အမည်တွေကတော့ မိအောင်၊ မိရွှေဥ၊ ဦးပြား၊ မိကြေးမုံ၊ ငဘိုးခင် ၊ မိရွှေချိတ် စတဲ့သူတွေ ဖြစ်ကြ ပါတယ်။ ဒီဖြစ်ရပ်ကို သိမီခဲ့တဲ့ ဝက်မစွတ်ဝန်ထောက် ဟောင်း ဦးလတ်ကလည်း သူ့ရဲ့နေ့စဉ်မှတ်သားချက်မှာ ခုလို ဖော်ပြခဲ့ ပါတယ်။

"၂၂ စက်တင်ပါ ၁၈၈၆ … ၎င်းနေ့နံက် အနြ္ဒိနှောဝင်း တွင် နေ့စဉ်ဝေမြဲဆန်ဝေရာ ဝင်းအတွင်းသို့ မဝင်မီ ဝင်းပေါက်တွင်လူ ၅ဝဝဝ ကျော်ခန့် ဆို့ပိတ်ကာ
ဝင်းတံခါးကို ဘွင့်၍ သူထက်ငါ ဝင်ကြ၍ မိမ္မ ယောံကျား ကြီးငယ်လူ ၁၆ သေသည်။ …"

ဒီဆန်ဝေတာကို အိန္ဒိယပို့ခံရတဲ့ သီပေါဘုရင်ဟောင်း က ဝေတာ…ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့တယ် လို့လည်း အဲဒီအချိန်က ဗြိတိသျှတပ်တွေအတွက် ဘုန်းတော်ကြီး ကိုးလ်ဘတ်က မှတ်တမ်းတင်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ လူတွေကို အကူအညီ အစား ကယ်ဆယ်ရေးလက်မှတ် ထုတ်ပေးတဲ့ စနစ် ပြောင်းလဲ ကျင့်သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနှစ် ၁၂၄၈၊ ဝါခေါင်လဆုတ် (၂) ရက်က တာကျိုး တာဟာ တန်ဆောင်မုန်း လပြည့်ကျော်မှ ရေပြန်ကျ သွားတယ်လို့လည်း စံကင်းဆရာတော် က မှတ်သားခဲ့ ပါတယ်။ ၁၈၈၆ ရေကြီးချိန်က မွေးခဲ့တဲ့ ကလေးတွေကို ရေမိ၊ ရေကြီး၊ ရေကျ စတဲ့ နာမည်တွေ မှည့်ခေါ်တတ် တယ်လို့ သိရပါတယ်။

တာရိုးသစ်နဲ့ အခွန်ကောက်
***************** *****************
ကျိုးသွားတဲ့တာရိုးကို ပြန်ပြင်ရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှအာဏာပိုင်တွေကြား အပြင်းအထန် သဘော ကွဲခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ငွေနှစ်သိန်းခွဲ အကုန်ခံပြီး ပြန်ပြင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘုရင် ဆောက်ခဲ့တဲ့ မူလမြေတာရိုးကြီး အပြင် ကျွဲစွန်းကနေ ညောင်ကွဲအထိ တာရိုးသစ် ထပ်ဖို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်အစဉ်အလာအားဖြင့် ဘုရင့်မြို့တော်မှာ နေတဲ့ မင်းမှုထမ်းနဲ့ အသည်တွေဟာ အခွန်အတုပ် ကင်းလွတ် ခွင့်ရခဲ့ပေမဲ့ ဒီတာရိုးစရိတ်ကို ကျခံသင့်တယ် ဆိုပြီး ဗြိတိသျှအစိုးရက မန္တလေးကလူတွေကို အခွန်ကောက် တာတွေ စတင်ခဲ့ပါတယ်။ ဒီအခွန်ထဲက တစ်နှစ် နှစ်သောင်းစီနဲ့ ရေကာတာပြင်စရိတ်ကို (၁၅) နှစ် အတိုး မဲ့ ဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပါတော်မူပြီးစက ရေဘေးမျိုး ထပ်မဖြစ်တော့ပေမယ့် မန္တလေးမှာ ရေဘေးစိုးရိမ်မှုတွေက ကျန်နေခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်က အောက်တိုဘာလတစ်ညမှာ တာကျိုးပြီ တာကျိုးပြီဆိုပြီး လူတွေအော်လို့ အနောက်ပိုင်း ရပ်ကွက်တွေမှာ ပြေးကြ လွှားကြတာ တွေ ဖြစ်ခဲ့တယ် လို့လည်း စံကင်းဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အနှစ် ၁၅ဝ ပြည့်ခါနီးချိန်မှာတော့ ကျွဲစွန်းကနေ မရမ်းခြံ၊ ပိုက်ကျုံး၊ ဂေါဝိန်၊ စိန်ပန်းထိ ဖောက်လုပ်ခဲ့တဲ့ ဘုရင့်တာရိုးကြီးဟာ အမရပူရဘက်က ကမ်းနားလမ်း ဖောက်ထားတဲ့ နေရာတွေနဲ့ ဆက်သွားပြီး တာရိုးသစ် တွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

တကယ်က မန္တလေးမြေမြို့ရိုးကြီးကို မြို့တည်ကတည်း က ဆောက်လုပ်ခဲ့ပြီး သုံးကြိမ် ချဲ့ထွင်ခဲ့တယ် လို့လည်း ယင်းခဲမောင်မောင် စာတမ်းအလိုအရ သိရပါတယ်။ တခြားသုံးမျက်နှာမှာ မြို့ရိုး ထင်ထင်ရှားရှား မရှိတော့ ပေမယ့် အနောက်ဘက်မှာတော့ တာရိုးကြီးအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ပန်းဆက်၊ တာရိန်၊ ဂေါဝိန်၊ ပိုက်ကျုံး၊ ရေကြည်၊ ရဲတပ် စတဲ့ မြို့တံခါးနာမည်တွေ လည်း ရပ်ကွက်နဲ့ ဆိပ်ကမ်းနာမည်တွေ အဖြစ် ခုထိ အထင်အရှားကျန်ရစ်ခဲ့ပါတယ်။ဘုရင်ခေတ် လက်ကျန် ရတနာပုံ သင်္ဘောကျင်းလည်း မန္တလေးမြစ်ဆိပ်မှာရှိဆဲ ဖြစ်ပါတယ

Crd ဘိုဘို_ဘီဘီစီမြန်မာပိုင်း
(ပြန်လည်ဖော်ပြ)

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Sule
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00