K-Grace Collection
12/02/2024
🏳ပြည်ထောင်စုနေ့ ( Union Day )
တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှု အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပြီး
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်တဲ့ "ပြည်ထောင်စုနေ့"ကို
ပြည်ထောင်စုတိုင်းရင်းသားအားလုံးနဲ့အတူ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ရှင့်⛳
10/02/2024
🎐𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫🧧
🐉ခွန်အား၊ သတ္တိနဲ့ ကံကောင်းခြင်းတွေဖြစ်ပေါ်လာမယ့်
ပျော်ရွှင်ဖွယ် နဂါးနှစ်ဖြစ်တဲ့ Year of the Dragon တရုတ်နှစ်သစ်ကူးနေ့ကို
K-grace မိသားစုမှ ပျော်ရွှင်စွာကြိုဆိုလိုက်ပါတယ်ရှင့်🧨
25/01/2024
🧓ပြာသိုလပြည့် အမေများနေ့🙏
ဇန်နဝါရီလ(၂၅)ရက်နေ့မှာကျရောက်တဲ့ ပြာသိုလပြည့် အမေများနေ့တွင်
နွေးထွေးလုံခြုံမှုအပြည့်နဲ့ မေတ္တာစစ် မေတ္တာမှန်ကိုပေးစွမ်းနိုင်တဲ့ ကမ္ဘာပေါ်မှာ တစ်ဆူတည်းသော သက်ရှိဘုရားတစ်ပါးဖြစ်တဲ့ မိခင်များအတွက်
✨ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ ဆုမွန်ကောင်းများ တောင်းပေးခြင်း၊ အမေ့အတွက်အလှူဒါနများ ပြုလုပ်ပေးခြင်းဖြင့် ပြာသိုလပြည့် အမေများနေ့လေးမှာ အမေနဲ့အတူ ကုသိုလ်များတိုးပွားလိုက်ကြရအောင်ပါရှင့်🙏✨
10/01/2024
"ကရင်နှစ်သစ်ကူးနေ့ (ကညီနံဉ်ထီဉ်သီ)"
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်ကျရောက်တဲ့ "၂၇၆၃ ခုနှစ် ကရင်နှစ်သစ်ကူး"နေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။
03/01/2024
လွတ်လပ်ရေးနေ့ (Independence Day)🏳
နှစ်စဉ် ဇန်နဝါရီလ (၄) ရက်နေ့မှာကျရောက်တဲ့ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့လေးမှာ
နယ်ချဲ့တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရအောင် အားထုတ်ကြိုးပမ်းပေးခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်များကို လေးစားစွာဂုဏ်ပြုအပ်ပါတယ်ရှင့်🙇♀️
Click here to claim your Sponsored Listing.
Category
Website
Address
95/5 B Chin Su Street Nawaddy Shop HTY
Yangon
1181