Htoot May

Htoot May

Share

Photos from Htoot May's post 20/04/2026

အာရက္ခပြည်အတွင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များအပါအဝင် ပလက်ဝမြို့အတွင်းရှိ အရပ်သားပြည်သူများနေထိုင်သည့် နေရာများသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာများဖြင့် ယခုရက်သတ္တပတ်အတွင်း လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်

အာရက္ခပြည်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များအတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်သည့်နေရာများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဘုန်းကြီးကျောင်းကဲ့သို့သော ဘာသာရေးအဆောက်အအုံများအပြင် အများပြည်သူသွားလာကြသည့် လမ်း၊ တံတားများအား ဂျက်ဖိုက်တာများဖြင့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်မှုများကို ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီခန့်မှ (၁၀) နာရီခွဲအချိန်အထိ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့ နယ်၊ ရေဖြူကန်ကျေးရွာရှိ ယခင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး (နတလ) သင်တန်းကျောင်းနှင့် ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းပိုင်းရပ်ကွက် နှင့် လျှပ်စစ်ဓာတ်အားပေး/မီးခွဲရုံ တို့အား ဂျက်ဖိုက်တာ (၃) စီးဖြင့် (၇) ကြိမ်တိုင်တိုင် ရှေ့ဆင့်နောက်ဆင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် မီးခွဲရုံ မီးလောင်ကျွမ်းသွားခဲ့ပြီး ရွာဟောင်းပိုင်းရပ်ကွက်တွင် လူနေအိမ် (၆) လုံး ပျက်စီးသွားကာ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီခန့်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့ နယ်၊ ငှက်ကြီးကျွန်းကျေးရွာအား ဂျက်ဖိုက်တာတစ်စီးဖြင့် တစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးသွားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်၊ နံနက် (၁၀) နာရီနှင့် နေ့လယ် (၁၂) နာရီခွဲအချိန်တို့တွင်လည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာ၊ ကျောက်ဆည်ပြင် ဘုန်းကြီးကျောင်းအား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများ နှင့် ဘုန်းကြီးကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်အချို့တို့ မီးလောင်ပျက်စီးခဲ့ပြီး စာသင်နေကြသော စာသင်သား သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ထို့အပြင် နွား (၅) ကောင် သေဆုံးပြီး (၁) ကောင် ဒဏ်ရာရရှိကာ ဆိတ် (၁) ကောင် သေဆုံးသွားခဲ့ရသည်။

ကျောက်တော်မြို့နှင့် ပလက်ဝမြို့ရှိ အရပ်သားပြည်သူလူထုများနေထိုင်သည့် နေရာအချို့ကိုလည်း ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၅) စီး နှင့် Y12 (၂) စီးတို့ဖြင့် ရှေ့ဆင့်နောက်ဆင့် တချိန်တည်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon