Generation View Media
15/02/2021
၁၄၄ ထုတ်ပြန်ထားသည့်နယ်မြေများအတွင်း၌ ဥပဒေမဲ့ဆူပူဆန္ဒပြသူများအားဖမ်းဆီးသွားမည်ဟုဆို
=========================================================
ပြေငြိမ်း
မြန်မာနိုင်ငံအတွင်းရှိအချို့မြို့ကြီးများ၌ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်ပျက်ပြားစေတဲ့အပြင်ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားစေနိုင်တယ်လို့ယူဆရတာကြောင့်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထ
က်ပို၍ လူစုဝေးခြင်းမပြုရန်တားမြစ်ချက်များထုတ်ပြန်ထားသော်လည်း ဆူပူဆန္ဒပြသူများအနေဖြင့်ရုန်းရင်းဆန်ခတ်ပြုမူ ခြင်း၊ကြွေးကြော်သံများဖြင့်ကြွေးကြော်ခြင်း၊လှုံ့ဆော်ဆန္ဒပြချီတက်ခြင်းများစသည့် ဆူပူမှုများဖြစ်ပေါ်အောင် ဥပဒေမဲ့လုပ်ရပ်များအားလုပ် ဆောင်နေတဲ့အတွက် ၁၄၄ ထုတ်ပြန်ထားသည့်နယ်မြေများအတွင်း၌ ဥပဒေမဲ့ဆူပူဆန္ဒပြသူများအားဖမ်းဆီး၍လိုအပ်သလိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့တပ်ကသတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒါ့အပြင်သက်ဆိုင်ရာမြို့နယ်များအလိုက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေကရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကြေညာထားပြီးလူစုခွဲရန် လက်ကိုင်အသံချဲ့စက်တွေနဲ့သတိပေးပြောကြားတာတွေလုပ် ဆောင်နေသော်လည်းယနေ့နံနက်ပိုင်းတွင်နေပြည် တော်ကောင်စီနယ်မြေ၊ဇဗ္ဗူသီရိမြို့နယ်၊မြို့မဈေးမီးပွိုင့်အနီး၌ မဝင်းသိင်္ဂီဌေး(ဘ)ဦးအေးငွေ ဦးစီးမှူး၊လယ်ဝေးမြို့န
ယ်၊သမဝါယမဦးစီးဌာန ဦးဆောင်၍ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၈ ဦးသည်လည်းကောင်း၊ ဇဗ္ဗူသီရိမြို့နယ်၊ အဆင့်မြင့်ဈေးမီးပွိုင့်အနီး၌ သက်ပိုင်စိုး(ဘ)ဦးဝင်းလှိုင်စိုး၊ရွှေကြာပင်ရပ်ကွက်နေသူဦးဆောင်၍ အမျိုးသား ၃၆ ဦးသည်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံးရှေ့၌ဦးခင်မောင်ဝင်း(ဘ)ဦးသိန်းဟန်ကျည်တောင်ကန်ကျေးရွာနေသူဦးဆောင်၍အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၀ ဦးသည်လည်းကောင်း ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နေပြည်တော်အချုပ်ထောင်နှင့်ပုဗ္ဗသီရိမြို့နယ်ရှိ နယ်မြေခံရဲတပ်ရင်းသို့ ပို့ဆောင် ခဲ့ကာ လိုအပ်သလိုစစ်ဆေးမှုများဆောင်ရွက်ပြီး ၂၇ ဦးကို ပြန်လည်စေလွှတ်ခဲ့ကြောင်းနဲ့ဖမ်းဆီးထိန်းသိမ်းထားသည့်နေ့လယ်ပိုင်းတွင်နေပြည်တော်အချုပ်ထောင်ရှေ့၌ အင်အား ၁၀၀၀ ဦးခန့်သည် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းနှင့်အဆိုပါဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့သည်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် မြို့နယ်များဖြစ်ပြီး အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများနှင့် ဆူပူလှုံ့ဆော်သူများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်နေသလိုမန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၂x၂၆ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘ
ဏ်၊ ဘဏ်ခွဲ(၁)ရှေ့တွင် ဆူပူဆန္ဒပြသူ ၂၀၀ ဦးခန့်က နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ဘဏ်ဝန်ထမ်းများ ရုံးဆင်းချိန်တွင် တာဝန်ထမ်းဆောင်နေမှုနှင့်တည်
ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ဆူပူနှောင့်ယှက်မှုများလုပ်ဆောင်တာကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်တားမြစ်ခဲ့ရာဆူပူဆန္ဒပြသူများက ကျောက်ခဲ များဖြင့် ပြန်လည်ပစ်ပေါက်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၀ ဦးအားဖမ်းဆီးထိန်းသိမ်းခဲ့သလိုမန္တလေးတိုင်းဒေသကြီးအတွင်းတည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်အဝိုင်း အနီး၌ဆူပူဆန္ဒပြလျက်ရှိသော အမျိုးသား ၉ ဦးကို ထပ်မံဖမ်းဆီးရမိထားကြောင်း ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်းတပ်မတော်ရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
11/02/2021
ဖြစ်သလိုလုပ်ထားတဲ့မဲစာရင်းတွေအတွက်ရွေးကော်ကပြုမူဆောင်ရွက်ချက်တွေကိုတာဝန်ယူရမည်ဟုတပ်ချုပ်တရားဝင်ကြေငြာ
=========================================================
ပြေငြိမ်း
ပြီးခဲ့တဲ့ရွေးကောက်ပွဲကမဲစာရင်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာ မဲစာရင်းတွေဖြစ်သလိုပြုလုပ်ထားတာတွေ့ရပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ပြုမူ ဆောင်ရွက်ချက်တာဝန်ထမ်းဆောင်မှုတွေကိုတာဝန်ယူရမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒီနေ့ညပိုင်းမှာတ
ရားဝင်ပြောဆိုလိုက်ပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ သူတို့ရဲ့ပြုမူ ဆောင်ရွက်ချက်တာဝန်ထမ်းဆောင်မှုများကို တာဝန်ယူရမှာဖြစ်ပါတယ်။ဒါ့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)အရ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတကခန့်အပ်ရခြင်း၊ ပုဒ်မ ၄၀၀ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ(သို့မဟုတ်)အဖွဲ့ဝင်များကိုနိုင်ငံတော်သမ္မတကစွပ်စွဲပြစ်တင်နိုင်ခြင်းစတဲ့ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သမ္မတကြားမှာအပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်ထိန်းကျောင်း မှုပြုနေတဲ့ သဘောသက်ရောက်ပါတယ်။ အနည်းဆုံး တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပင်လိုက်နာပါမည်လို့ ကျမ်းသစ္စာဆိုချက်ပုံစံပါ “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီးနိုင်ငံတော်ရဲ့ဥပဒေများ ကို လည်း လိုက်နာပါမည် ”ဆိုတဲ့ကျမ်းသစ္စာပြုချက်ကိုအလေးထားလိုက်နာရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်တိုင်းဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ကို အဓိက ဦးတည်ဆောင်ရွက်ရတာ ဖြစ်ပါ တယ်။သူတို့ဒီလိုဆောင်ရွက်ပေးမှ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ သန့်ရှင်း သောအစိုးရဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကဒီတာဝန်ဝတ္တရားတွေကို ချို့ယွင်းခဲ့ရင်ကျွန်တော်တို့ရည်မှန်းခဲ့တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ထွန်းဖို့အလှမ်းဝေးစေမှာဖြစ်ပါတယ်"ဟုဆိုသည်။
မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးပြီးနောက်အထွေထွေရွေးကောက်ပွဲ (၃)ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ(၂)ကြိမ် ကျင်းပခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဦးသိန်းစိုး ဦးဆောင်တဲ့ UEC အဖွဲ့၊ ဦးတင်အေး ဦးဆောင်တဲ့ UEC အဖွဲ့နဲ့ ဦးလှသိန်း ဦးဆောင်တဲ့ UEC အဖွဲ့ဆိုပြီး အဖွဲ့ ၃ ဖွဲ့ရှိခဲ့ပါတယ်။
09/02/2021
ရန်ကုန်တိုင်းအတွင်းမြို့နယ် ၄၄ မြို့နယ်အတွင်းစုဝေးခြင်း၊ဟောပြောခြင်း၊စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ဖျက်ဆီးခြင်း၊ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများမပြုလုပ်ဖို့တားမြစ်လိုက်ပြီ
=========================================================
ပြေငြိမ်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များ၌ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နဲ့ဒီနေ့မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုထုတ်ပြန်ရာမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၄၄ မြို့နယ်အတွင်း(ကိုကိုးကျွန်းမြို့နယ်မပါ) စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ဖို့တားမြစ်လိုက်ပြီး လူ ၅ ဦးသို့မဟုတ် ၅ ဦးထက်ပိုသောသူတွေဟာ ယင်းမြို့နယ်များအတွင်း အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်းမပြုဖို့နဲ့ ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Yangon