Hybro Web

Hybro Web

Share

15/01/2018

မှတ်သားဖွယ်ရာများ
Communication Skill

အခုခေတ်မှာ Communication Skill ဆိုတာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေမှာ အင်မတန်အရေးပါ တဲ့ လက်နက်တစ်ခုပါ။ အထူးသဖြင့် Public နဲ့ထိတွေ့ ဆက်ဆံရတဲ့ ကုပ္ပဏီဝန်ထမ်းတွေ၊ အရောင်းဝန်ထမ်း၊ အရောင်းမြှင့်တင်ရေးဝန်ထမ်း၊ NGO နဲ့ INGO ဝန်ထမ်း တွေ၊ ဆရာဝန်တွေစတဲ့ လူတွေမှာ အောင်မြင်မှု ဆိုတဲ့အရာကို ဆုပ်ကိုင်နိုင်ဖို့၊ နံမည်တစ်လုံးတည်မြဲဖို့ ဒီ Skill ဟာ အရေးပါပါတယ်။
လူထုက ကိုယ့်ကိုယုံကြည်မှ၊ လူထုနဲ့ကိုယ်နဲ့ တသားတည်းဖြစ်မှ၊ လူထုရဲ့အတွင်းစိတ်သဏ္ဍာန်ကိုသိမှ ကိုယ်ဘာလုပ်ရမယ်၊ အောင်မြင်မှုကိုဘယ်လို ယူရမယ် ဆိုတာ သိမှာပါ
လူထုနဲ့ဆက်ဆံရာမှာ ၄မျိုးခွဲခြားထားပါတယ်။ အဲဒါတွေ ကတော့
၁။ ကိုယ်မရင်းနှီးသေးသော၊ အစိမ်းသက်သက် Community နှင့်ဆက်ဆံခြင်း။
၂။ Community ကို ပညာရှင်အနေဖြင့်ဆက်ဆံခြင်း။
၃။ Community ကို စီးပွားရေးပုံစံဆက်ဆံခြင်း။
၎။ Presentation Skill တို့ဖြစ်ပါတယ်။
ကိုယ်ဟာ Community တစ်ခုကိုထိတွေ့တော့မယ် ဆိုရင် ကိုယ့်ရဲ့ဟန်ပန်အမူအရာဟာ Confidence ရှိတဲ့အသွင်၊ Motivate ရှိတဲ့အသွင်ဖြစ်ရပါမယ်။ Over Confidence တော့မဖြစ်စေရပါဘူး။ ရင်ကော့ပြီး သတ္တိရှိ ရဲဝံ့တဲ့ပုံဆို အားလုံးက ဖြုံမှာပါ။ ဒီမှာ ပြောရမှာတစ်ခုက ကာလံဒေသံပါပဲ။ ရောမ ရောက်ရင် ရောမလိုတော့ကျင့်ရပါမယ်။ ဒါမှ လိုက်လျောညီထွေဖြစ်မှာကိုး။ ကိုယ်သွားရမှာက လှိုင်သာယာစက်မှုဇုန် ဆင်းရဲသားရပ်ကွက်၊ ဟန်ပန်တွေက နိုင်ငံခြားသွား မယ့်ပုံမျိုးတော့မလုပ်ပါနဲ့
ကိုယ့်ထက်နိမ့်တဲ့ Community ကိုထိတွေ့ဆက်ဆံရာမှာ အောက်သလိုလို၊ အထင်သေးသလိုလို၊ ရွံသလို လိုပုံစံ လုံးဝဖြစ်လို့မရဘူး။ ကိုယ့်စိတ်ထဲမှာ သူတို့နဲ့ ကိုယ်ဟာ တသားတည်းရှိနေရမယ်။ ကိုယ်ဟာကို တတ်လှပြီမထင်လိုက်နဲ့ဗျ။ လူတိုင်းဟာ ကိုယ့်နေရာ၊ ကိုယ့်အလုပ်မှာတော့ ဆရာတွေချည်းပဲ။ ဥပမာပြောရရင် ကျွန်တော်စနေမောင်မောင်ဟာ ဆရာဝန်ပါ။ ဆေးအကြောင်းနဲ့ပတ်သတ်ရင် အတော်လေးသိပါတယ်။ ကျွမ်းပါတယ်။ ဒါပေမယ့် လယ်သမားကြီးတစ်ဦးနဲ့ယှဉ်ပြီး စိုက်ပျိုးရေးအကြောင်း ပြော၍ မရနိုင်ပါ။ ဟက်ကာတစ်ဦးနဲ့ ပြိုင်ပြီး ကွန်ပျူတာ ကိစ္စပြော၍မရပါ။ ဒီသဘောပါ
ကဲနောက်တစ်ခုက ဝတ်စားဆင်ယင်ပုံ။ ဒီမှာလဲ ပြောချင်တာက ကိုယ့်ရဲ့ ဝတ်စားတဲ့ပုံစံဟာ ကိုယ်ထိ တွေ့ရတဲ့ Community နဲ့ ကိုယ့် Position နဲ့ လိုက်လျောညီထွေဖြစ်ရပါမယ်။ ပြောချင်တဲ့သဘောက ဒီလိုပါ။ ဆရာဝန်မတစ်ယောက်ဟာ ဆေးရုံမှာတော့ စကပ်၊ဘောင်းဘီ နဲ့ sexyပုံနေလို့မရပါဘူး။ လူနာ၊ဆေးရုံဆိုတဲ့ နေရာမှာ သူဟာ ဆရာဝန်ပီသစွာ ဝတ်ဆင်ရပါမယ်။ သူ Shopping ထွက်မယ်ဆိုရင် တော့ဝတ်ပါ။ရပါတယ်။ ဒီသဘောပါ
ကိုယ်မရင်းနှီးသေးသော၊ အစိမ်းသက်သက် Community နှင့်ဆက်ဆံခြင်းဆိုတဲ့အကြောင်းမှာ
၁။ မိမိသွားမည့် Community ၏ Setup Plan ( မြေပုံ၊ လူဦးရေ၊ လူထုကိုဦးဆောင်နေသူ၊ အာဏာပိုင်အဖွဲ့အစည်း၊ ဖြစ်ပွားလျက်ရှိသော လက်ရှိ Condition ) ကိုသိရှိရန်
၂။ လူထု Community ၏ သက်ဝင်ယုံကြည်မှု၊ ဓလေ့ရိုးရာ၊ လူနေမှုအဆင့်အတန်း၊ ယေဘူယျ အသက်မွေးလုပ်ငန်း၊ ပြောဆိုသောဓလေ့စရိုက် စသည်ကိုသိရှိထားရန်။
၃။ အဝတ်အစားဝတ်ဆင်ရာတွင် Community နှင့်လိုက်လျောညီထွေရှိရန်
၎။ Community နှင့် မိမိအကြား ယုံကြည်မှု၊ ရင်းနှီးမှု တည်ဆောက်ရန်
၅။ မိမိအရည်အသွေး၊ Level ကို Community မှသိရှိရန်ကို ပါးစပ်မှထုတ်ပြောခြင်းမဟုတ်ပဲ လက်တွေ့သိရှိစေရန်
၆။ Community သို့ဆက်ဆံရာတွင် ရယူလိုခြင်းပုံစံဖြင့်မဟုတ်ဘဲ ကိုယ်ရောစိတ်ပါ အားစိုက်ထုတ်၍ Community ၏အကျိုးကိုဆောင်ရွက်ရန်
၇။ လက်တွေ့ကျကျ၊ ယေဘူယျကျသော အနေအထားတစ်ရပ်တွင် အသင့်ရှိနေရန်
၈။ Community ကိုမိမိ၏ မိသားစုသဖွယ်ဆက်ဆံရန်
Community ကို ပညာရှင်အနေဖြင့်ဆက်ဆံခြင်း။
ဒီမှာ ပညာရှင်ဆိုတဲ့စကားလုံးပါပါတယ်။ ဒါဖြင့်ပညာရှင် ဆိုတာဘာလဲ။ အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး အဲဒီပညာနဲ့ အသက်မွေးတဲ့သူကို ပညာရှင်လို့ခေါ် ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာကစ လို့ ဆံသဆရာ၊တီဗွီပြင်ဆရာ တွေတောင်မှ ပါဝင်ပါ တယ်။
ကိုယ်အမူအရာ၊ နှုတ်အမူအရာဒါကတော့အရေး ပိုကြီးတဲ့အပိုင်းပါ။ ပညာရှင်တွေဟာ ပညာဂုဏ်မောက်ပြီး အမူအရာ၊ ပြောဆိုပုံတွေ မပြေပြစ်ရင် အောင်မြင်တဲ့သူမဖြစ်နိုင်ပါ။
ကိုယ်အမူအရာက လေးစားဖွယ် ယုံကြည်ကိုးစားဖွယ် ဖြစ်ရပါမယ်။ နှာခေါင်းနှိုက်တာ၊ လက်သည်းကိုက်တာ၊ လက်ဂဏာမငြိမ်တာစတဲ့ အမူအကျင့်တွေ ရှောင်ရပါမယ်။ ရာဇာနေဝင်း အိုက်တင်မျိုးလုပ်တာတွေ ရှောင်ရပါမယ်။
ဆရာဝန်တွေဟာ ကိုယ့်လူနာရှေ့မှာ ဆေးလိပ်သောက် တာ၊ အရက်သောက်တာ၊ ကွမ်းစားတာမျိုးမလုပ်သင့်ပါ။ ပညာရှင်ဟာ ပညာရှင်ဆန်စွာပဲ မိမိကိုယ်မိမိ ယုံကြည်တဲ့ ရဲဝံ့တဲ့ပုံမျိုးဖြစ်နေရင် Customers တွေဟာ လေးစားအားကျနေမှာပါ။
၃။ Community ကို စီးပွားရေးပုံစံဆက်ဆံခြင်း။
ဒီစီးပွားရေးပုံစံ ဆက်ဆံတယ်ဆိုတာ တကယ်တော့ အပေါ်က ပညာရှင်ပုံစံနဲ့ အနည်းငယ်ဆင်တူပါတယ်။ ကွာတာက ဒီမှာဆက်ဆံရမယ့် ကျွန်တော်တို့က ပညာရှင်မဟုတ်တာပါပဲ။ အရှင်းဆုံးပြောရရင် ကုန်သည်၊ စာရေး၊ အရောင်းဝန်ထမ်းပေါ့ဗျာ။ ဒီလူတွေ Customers ကို ( Community ကို ) ဆက်ဆံပုံဟာ အရေးကြီးပါတယ်
Credit-VoT friends
Source-Wa Lone

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11181