Toemyit Books /Publishing

Toemyit Books /Publishing

Share

08/01/2024

သိမ်ဖြူစာအုပ်လမ်းမှာ
တိုးမြစ်ဆိုင်ခန်း ဖွင့်စဉ်က ပုံလေး ….
၉ ဇန်နဝါရီ ၂၀၁၇ — ၉ ဇန်နဝါရီ ၂၀၂၄ မို့
အချိန်အားဖြင့် ခုနစ်နှစ် ရှိခဲ့ပြီပဲ၊ လွမ်းစရာ။
ဒါနဲ့ ဓာတ်ပုံထဲက သရုပ်ဆောင်တောင်
အသက်ကြီး ရုပ်ပြောင်းဖြစ်ရောပေါ့။

06/12/2023

ကိုယ့်ကိုယ်ကိုယ် တကယ်အမှန် ကောင်းတဲ့
စာအုပ်တွေနဲ့ ထိုက်တန်အောင် ကြိုးစားပါ။
ဒီစာအုပ်တွေက ဘယ်လို အရသာမျိုး
ပေးတယ်၊ မပေးဘူး ဆိုတာကတော့
ကိုယ်က ဒီစာအုပ်တွေအပေါ်မှာ ဘယ်လောက်
တန်ဖိုးထားသလဲ၊မထားသလဲဆိုတဲ့ အချက်ပေါ်မှာ
တည်နေတယ်"
[အလုပ်လုပ်ခြင်းအနုပညာ အခန်း မှ-]

ဘ၀နေနည်းစာအုပ်ကို အသွင်သစ် မူသစ်နဲ့
ပြန်လည် ထုတ်ဝေလိုက်ပါပြီ။

ဒီအကြိမ်မှာ အချက်အလက် စာလုံးပေါင်း
အကျအပေါက်များကို ပြင်ဆင် ဖြည့်စွက်
တည်းဖြတ်ခြင်းအချို့ ပြုလုပ်ထားပါတယ်။
အရင် ပုံနှိပ်မူများနဲ့ ခြားခြားနားနား ဖြစ်အောင်
မွမ်းမံထားပါတယ်။ အောက်ခြေ မှတ်စုတွေနဲ့
အတွင်း သရုပ်ဖော်ပုံများလည်း
အခု မူသစ်မှာ ထည့်သွင်းထားတယ်။

စာအုပ်ကောင်းဖြစ်တာနဲ့အညီတတ်စွမ်းသမျှ
ကောင်းသည်ထက် ကောင်းရအောင်
စီစဉ်၊ ထုတ်လုပ်ထားတာဖြစ်လို့ မိမိတို့မှာ
ရှိပြီးသား ဝယ်ပြီးသားမို့ ထပ်ဝယ်ဖို့ မလိုဘူးလို့
တွေးနေရင်တောင် စာအုပ်ဆိုင် ရောက်တဲ့အခါ
တချက်လောက်တော့ လှန်လောကြည့်လိုက်ပါ။

▪️
တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း
( ဒီဇင်ဘာ ၂၀၂၃ ခုနှစ် ၊ တိုးမြစ်)
မျက်နှာဖုံးပန်းချီ/ အတွင်းသရုပ်ဖော်– မုတ်သုံ
စာရွက်ဖြူချောသန့်+စာမျက်နှာ ၃၂၀ခန့်

ဒီဇင်ဘာ ၁၁ရက်နေ့ စာအုပ်စဖြန့်ပါမယ်။

🔺တန်ဖိုး- #ကျပ်_၈၅၀၀
(တိုးမြစ် member များ ၂၀% လျော့၍-)

တဦးချင်းနှင့် အမြို့မြို့မှ စာအုပ်ဆိုင်များ
#ကြိုတင်အမှာ တွေ စတင် လက်ခံပါပြီ။
မက်ဆင်ဂျာ - ဒါမှမဟုတ်
ဖုန်း 09 449523317 သို့ လှမ်းမှာပါနော်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon