TT's Kitchen

TT's Kitchen

Share

30/07/2025

မျက်ထောင့်ပင်တွေ့ရင်နှုတ်မပစ်ပါနဲ့တော့။ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးဖြစ်ထွန်းစေတဲ့ အရွက်တစ်မျိုးလို့ပြောနိုင်ပါတယ်။
💛💛
ကရင်ပြည်နယ်မှာတော့ မျက်ထောင့်ပင်လို့ခေါ်ပြီး တခြားနယ်တွေမှာ အခေါ်အဝေါ်ကွဲကောင်းကွဲနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ (Purslane) လို့ခေါ်ပါတယ်။ အစိမ်းရောင်အပင်နဲ့အနီရောင်ပင် 2 မျိုးရှိတယ်။
💛💛
သုတေသန ဖေါ်ပြချက်တွေအရ အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆား၊ အိုမီကာ 3 ပါ၀င်ပြီး သွေးတိုးကျစေတယ်။ သွေးလေညှိပေးတယ်၊၊ ကင်ဆာရောဂါအတွက်ကာကွယ်ပေးတယ်။
💛💛
သွေးကြောခဲမာခြင်းကို ကာကွယ်ပေးတယ်။ အူချောင်းရောင်နာကိုကုသပေးတယ်။ အကြိတ်ရောင်နာကိုကုသပေးတယ်။ အနာအပြည်တည်ခြင်းကိုကုသပေးတယ်။ 💛💛

အပြင်းစားအူအတက်ရောင်ရောဂါကိုကုသပေးတယ်။ ၀မ်းကိုက်ရောဂါကာကိုကာကွယ်ပေးတယ်။
💛💛
အစိမ်း ဒါမှမဟုတ် ရေနွေဖျောပြီး တို့စရာအဖြစ်စားသုံးနိုင်တယ်။ ကြော်စားနိုင်တယ်။ ချည်ဖတ်ထည့်စားလို့ရတယ်။ ကြက်ဥနဲ့ရောကြော်စားလို့ရတယ်။
💛💛
ဒီနေ့ခြံထဲက မျက်ထောင့်ရွက်နှုတ်လာပြီး ကွန်စွန်းရွက်ကြော်သလို ကြော်စားပါတယ်။ အရသာက ကန်စွန်ရွက်ထက်ပိုနှစ်သက်ပါတယ်။ အဖန်ဓါတ်အနည်းငယ်ပါတယ်။
💛💛
လူသိများပြီး စားသုံးသူများလာရင် စျေကွက်၀င် ဟင်းရွက်ပင်တစ်မယ်ဖြစ်လာနိုင်ပါတယ်။

💛💛

crd rd_to_owner_with_respect

17/07/2025

" ဒကာကြီးက ဘာအလုပ် လုပ်သလဲကွဲ့ "

"တင်ပါ့၊ တပည့်တော်က ရှပ် (Chef) ပါ ဘုရား "

" အော် ...အဲ့ ရှပ်ဆိုတာ ဘယ်လိုအလုပ်မျိုးလဲ ဒကာကြီးရဲ့။
တို့က တောဘုန်းကြီးဆိုတော့ မသိလို့ ရှင်းပြစမ်းပါဦး"

"တင်ပါ့၊ ရှပ်ဆိုတာ အစားသောက်တွေကို
ပြင်ဆင်ချက်ပြုတ်ပေးရတဲ့အလုပ်ပါဘုရား"

"ဒါဆို ဒကာကြီးက အစားစာကောင်းတွေကို
နေ့တိုင်စားနေရတာပေါ့။ ဟုတ်လားဒကာကြီး"

"တင်ပါ့၊ ဒီအလုပ်က ကိုယ်တိုင်တော့
အစားသောက်ကောင်းတွေကိုချက်ပြုတ်နေပေမယ့်
မစားနေရပါဘူးဘုရား
သူတကာတွေ အရသာရှိတဲ့အစားသောက်ကောင်းကောင်းတွေနဲ့
စားနေရအောင်သာ လုပ်ပေးရတာမျိုးပါ ဘုရား"

"အို ဒါမျိုးလည်း ရှိသေးသလား"

"တင်ပါ့၊ တပည့်တော်လိုမျိုးပါ ဘုရား"

"အင်း... ဘုန်းကြီး သိပြီ ဒကာကြီး"

" စိတ်တော့ မကောင်းပါဘူးကွယ်။
ဒါဟာ ပြိတ္တာတစ်မျိုးပဲ ကွဲ့။
ဘုရားဟောထားတာ ရှိတယ် ဒကာကြီး။
ထမင်း ဟင်းလျာတွေကို ကိုင်တွယ် မြင်တွေ့နေရပြီး
စားမရတာမျိုး၊
ရေတွင်းရေကန်တွေကို မြင်တွေ့နေရပြီး
မသောက်ရတာမျိုးတွေပေါ့
ဒါတွေကို ပြိတ္တာ လို့ခေါ်သကွဲ့"

"တင်ပါ့၊ အဲ့လိုမျိုးတော့ မဟုတ်ဘူး ထင်ပါတယ် ဘုရား"

"ကဲကဲ ဒကာကြီးကို ဘုန်းကြီးကနေ အမျှဝေပေးရင်ရော
ဒကာကြီးအနေနဲ့ အဲ့အစားစာတွေကို စားနိုင်မယ် ထင်သလား"

"တင်ပါ့ဘုရား၊ တပည့်တော်အနေနဲ့
မစားနိုင်လောက်ပါဘူး ဘုရား"

" အင်းလေ အမျှဝေတိုင်းလည်း
ကျွတ်ကြ လွတ်ကြတာမျိုးမှ မဟုတ်တာပဲ
အစွဲအလန်းက ကြီးရင်ကြီးသလောက်
ခံကြရတာမျိုးပေကိုး"

"ကဲ ဒကာကြီးရဲ့ ယခုဘဝမှာ ပြုလုပ်ခဲ့တဲ့
ကောင်းမှုကုသိုလ် အစုစုတို့ကြောင့်
အတိတ်ဝဋ်ကြွေးတွေ ကျေပြီး နောင်သံသရာမှာ
အခုလို ရှပ်ပြိတ္တာဘဝဆိုးမျိုးကို
မဖြစ်စေ၊ မရောက်ရပါစေနဲ့လို့
ဘုန်းကြီး ဆုတောင်းပေးလိုက်ပါတယ်ကွယ်"

😏😏😏😏😏😏😏

16/07/2025

ငှက်ပျောဖူးကြော်......
ငှက်ပျောဖူး ၁ ဖူး အရင့်တွေဖယ်ပြီး နုနုလေးတွေကိုပါးပါးလှီးပြီး ဆားနည်းနည်းနဲ့ သံပုရာသီးနှစ်လုံးလောက်ညှစ်ထည့်ထားတဲ့ရေထဲကိုထည့်ပြီး ဆယ်မိနစ်လောက် စိမ်ထားပါ။
ပြီးရင် ရေးဆေးပြီး ရေစစ်ထားပါ။
ကြက်သွန်နီ ၂ လုံးလောက် လှီးထည့်ပါ။
အကြော်မှုန့် ယိုးဒယားမယ် အထုပ်အသေးလေး ၁ ထုပ်၊ ပဲစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်း၊ ကြက်ဥ ၁ လုံး၊ ကြက်သားမှုန့်၊ သကြားလက်ဘက်ရည်ဇွန်းလေး ၂ ဇွန်းလောက်၊ ဆားအနည်းငယ်၊ ရေ ထမင်းစားဇွန်း ၅ ဇွန်းလောက် ထည့်နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။
ပြီးရင် ဆီပူပူမှာ ကိုယ်ကြိုက်တဲ့ အရွယ်အစားလေးတွေလုံးပြီး ထည့်ကြော်ပါ။
(ကြော်တဲ့အချိန် မီးအနေတော်လေးနဲ့ ကြော်ပေးပါ။ မီးပြင်းပြင်းနဲ့ကြော်ရင်တူးပြီးစားမကောင်းပါဘူး။)
ကိုယ်ကြိုက်တဲ့ အကြွပ်အနေအထားလောက်ရရင် ဆယ်ပြီး ဆီစစ် အအေးခံပြီးရင် စားလို့ရပါပြီ.......။
ထမင်းလေးနဲ့စားလည်း ကောင်းသလို ဒီအတိုင်းလေးစားလည်း ကောင်းပါတယ်ရှင့်......😋

Credit - Kay Khaing Oo 🙏🙏🙏

02/05/2025

ဗဟုသုတ💜💜
မြင်းခွာရွက်_က_ဆေးဖက်ဝင်တယ်ဆိုတာ_ဘာတွေကောင်းတာလဲ❓
#လူတိုင်းလူတိုင်း_စားချင်သလောက်_စားလို့ရလား ❓



👉 " အစာလည်းဆေး ဆေးလည်းအစာ" ဆိုတဲ့အတိုင်း ကျွန်တော်တို့ တွေအတွက် အိမ်နောက်ဖေးမီးဖိုခန်း မှ ဆေးဖက်ဝင် ပစ္စည်းများအကြောင်းအလျင်းသင့်သလို ရေးသွားပါမယ်။

ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့ ကင်ဆာရောဂါ အပါအဝင် ရောဂါတိုင်းဟာ
1. ဓာတ်တိုးပစ္စည်း (Free Radicals) တွေကြောင့်ဓာတ်တိုးခြင်း
2. ရောင်ရမ်းမှုဖြစ်ခြင်း (Inflammations)

စတာတွေကြောင့် ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်း (Mutations) ၊ DNA ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရတာမို့

👉 ဓာတ်တိုးခြင်းကို ကာကွယ်ပေးမယ့် Anti-oxidants နဲ့
👉 ရောင်ရမ်းမှုတွေကို တားဆီးပေးတဲ့ Anti-inflammatory mediators တွေဟာ

ရောဂါကာကွယ်မှုသာမက အိုမင်းရင့်ရော်မှုမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။
__________
အဲ့ဒီ Anti-oxidants , anti-inflammatory mediators တွေကို သဘာဝ တရားကြီးက ပေါများစွာဖြည့်ဆည်း ပေးထားပါတယ်

အဲ့ထဲက တစ်ခုက #မြင်းခွာရွက် ပါ
ကျွန်တော်တို့ မြန်မာတွေ မစားဘူးတဲ့သူမရှိဘူးထင်ပါတယ်

- မြင်းခွာရွက်သုပ်
- မြင်းခွာရွက်ဟင်းချို
- မြင်းခွာရွက် အစိမ်းတို့စရာ

အစရှိသဖြင့် အမျိုးမျိုးလုပ်စားကြပါတယ်။

မြင်းခွာရွက် ဟာ

✔️ သွေးလှည့်ပတ်မှုကိုကောင်းစေတယ်
✔️ သွေးခဲခြင်းမှ ကာကွယ်ပေးတယ်
✔️ ဦးနှောက်အာရုံကြောစနစ် ရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့အောင်ကူညီပေးတယ်
✔️ စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျခြင်း နှင့် အိပ်မပျော်ခြင်းတွေကို သက်သာစေတယ်
✔️ အနာကျက်မြန်စေတယ်
✔️ အနာရွတ် အကြောပြတ်တာတွေကို လျော့ပါးစေတယ်
✔️ ရောင်ရမ်းမှုတွေကို လျော့ကျစေတယ် အစရှိတဲ့ကောင်းကျိုးတွေရှိပါတယ်။

အဲ့ဒါကြောင့်
👉 စိတ်ဖိစီးမှုများပြီး ည အိပ်မပျော်တဲ့သူများ အတွက်သင့်တော်ပါတယ်
👉 ရောင်ရမ်းမှုတွေလျော့ကျစေလို့ အဆစ်ရောင်၊ ကြွက်သားနာ သူများ အတွက်သင့်တော်ပါတယ်
👉 မှတ်ဉာဏ်ကောင်းစေတဲ့အတွက် သူငယ်ပြန်ရောဂါ ကာကွယ်ရာမှာလည်း အသုံးဝင်ပါတယ်
👉 Anti-oxidants (ဓာတ်တိုးမှုကိုကာကွယ်ပေးတဲ့အတွက်) အိုမင်းရင့်ရော်မှုကို အထိုက်အလျောက်ကာကွယ်ပေးနိုင်သလို ၊ အရေပြားကျန်းမာရေးအတွက်လည်း ကောင်းပါတယ်
👉 Detox ခန္ဓာကိုယ်တွင်း/ အူလမ်းကြောင်းအတွင်း က အဆိပ်တွေကို ဖြေဖျောက်ပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်

✳️ အဲ့လောက်ကို ကောင်းကျိုးတွေများပါတယ် ✳️

" အစာလည်း ဆေး ၊ ဆေး လည်း အစာ" ဆိုသလို

🚨 #တန်ဆေး_လွန်ဘေး 🚨 ဆိုတာကိုလည်း သတိပြုရပါမယ်။

ကျွန်တော်တို့တတွေက Natural Products တွေ အန္တရာယ်မရှိဘူး ကောင်းကျိုးဒီလောက်များတာ စား သောက် ကြိုက်သလောက်သာ ချ ဆိုပြီး လွှတ်ထားတတ်ကြပါတယ်။

လောက သဘာဝအရ #အကောင်းချည်းရှိမနေတတ်တာ ကိုတော့ သတိပြုရပါမယ်

🚨 အစားများရင် ဘေးထွက်ဆိုးကျိုးအနေနဲ့

အိပ်ပျော်စေတဲ့အစွမ်းရှိတော့
⭕ ခေါင်းမူးတတ်ပါတယ်
⭕ ခေါင်းကိုက်တတ်ပါတယ်
တချို့မှာ
⭕ ဗိုက်အောင့်တတ်ပါတယ်
မြင်းခွာရွက် စားပြီး ဒီလိုတွေဖြစ်ရင်တော့ မစားနဲ့တော့ပေါ့။

🚨 သောက်နေတဲ့ ဆေး တွေနဲ့ ဓာတ်ပြုမှုတွေ ရှိနိုင်တဲ့အတွက်
📛 အိပ်ဆေး သောက်နေတဲ့သူတွေ အများကြီး မစားကြပါနဲ့
(အိပ်ဆေးဖြတ်ပြီး သဘာဝအတိုင်း အိပ်ပျော်အောင်တော့ ကြိုးစားသင့်ပါတယ်)
📛 ဆီးဆေး သောက်နေတဲ့သူတွေ အများကြီး မစားကြပါနဲ့
📛 အဆီကျဆေး (Statin အုပ်စုဝင်ဆေး) သောက်နေသူတွေ အများကြီး မစားကြပါနဲ့

🚨 ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေမှာ စမ်းသပ်ထားတဲ့ သုတေသန မရှိလို့ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ မစားသင့်ဘူးလို့ ဆိုပါတယ်။

မြေမှာကပ်ပေါက်တဲ့အပင် (Herb အနွယ်တွေမို့) အသည်းကိုလည်း ပြဿနာရှိစေနိုင်လို့
🚨 အသည်းရောဂါအခံရှိရင် မစားရပါဘူး 🚨

​_________
ဒီလောက်ဆိုရင် #မြင်းခွာရွက် ရဲ့

👉 ကောင်းကျိုး နဲ့ အသုံးဝင်ပုံတွေ
👉 ဘေးထွက်ဆိုးကျိုး တွေ
👉 မစားသင့်တဲ့ အခြေအနေတွေ ထိ သိကြမယ်လို့ မျှော်လင့်ပါတယ်။

ကောင်းကျိုးများအတွက် (အမြဲတမ်းမဟုတ်ပဲ) တခါတရံတော့ စားသုံးသင့်ပါတယ် လို့ အကြံပြုအပ်ပါတယ်။

(Ref; Healthline)
(Photo credit;Myanmar Health Directory)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


South Okkalapa
Yangon