Z.com Myanmar
04/05/2026
Website လုံခြုံရေးကို Zcom Myanmar ရဲ့ Website Health Check Service နဲ့ အခမဲ့ စမ်းသပ်စစ်ဆေးကြည့်လိုက်ပါ။
Website မှာ လုံခြုံရေးအားနည်းချက် ဘယ်နှခုရှိနေလဲဆိုတာကို သိချင်ပါသလား?
အခုပဲ Zcom Myanmar ရဲ့ Website Health Check Service နဲ့ စစ်ဆေးလိုက်ပါ။
အထူးအစီအစဉ်အနေနဲ့ Zcom Myanmar ရဲ့ Website Health Check Service အသစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုလိုသူတိုင်း၏ Domain တစ်ခုအတွက် "First Time Scan - Free" Promotion ကို ပေးအပ်နေပါပြီ။ ✨
ကုန်ကျစရိတ်မရှိဘဲ အောက်ပါတို့ကို စစ်ဆေးနိုင်မှာပါ-
✅ Website မှာ ရှိနေတဲ့ Critical Vulnerabilities (အားနည်းချက်များ)
✅ OS, server Ports များနဲ့ SSL အခြေအနေ စစ်ဆေးမှုများ
✅ IT system အတွင်း တရားဝင် software များအသုံးပြုမှု အခြေအနေ နဲ့ အခြားသော IT Assets စစ်ဆေးမှုများ
ကုန်ကျစရိတ်မရှိဘဲ သင့်လုပ်ငန်းရဲ့ လုံခြုံရေးအဆင့်အတန်းကို အခုပဲ မြှင့်တင်လိုက်ပါ။
Website Health Check Free ပြုလုပ်လိုသူများအနေဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းသုံး Email ဖြင့် အောက်ဖော်ပြပါအချက်အလက်များကို Email ပေးပို့ရန်လိုအပ်ပါသည်။
Website Health Check ပြုလုပ်လိုသော Domain Name :
Company Name :
Phone Number :
Email Address :
မှတ်ချက်
Website Health Check ပြုလုပ်လိုသော Domain Name နှင့် Email ပေးပို့သူ၏ Email Address Domain Name တူညီရန် လိုအပ်ပါသည်။
Example: Domain- abc-test[.]com, Email- mgmg@abc-test[.]com
Email ပေးပို့ရန် : [email protected]
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
Phone - 09 883 446 801
Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
01/05/2026
Zcom Myanmar ကနေ Website ရဲ့ လုံခြုံရေး အားနည်းချက် တွေကို စစ်ဆေးနိုင်မဲ့ "Website Health Check" Service စတင် မိတ်ဆက်လိုက်ပါပြီ 🎉
လူကြီးမင်းတို့ရဲ့ လုပ်ငန်းသုံး Website တွေမှာ သင်မသိသေးတဲ့ လုံခြုံရေးဟာကွက်တွေ ရှိနေနိုင်တယ်ဆိုတာ သိပါသလား❓
အပြင်ပန်းက ကြည့်ရင် အားလုံးအဆင်ပြေနေပုံရပေမယ့်၊ Hacker တွေကတော့ သင့် Website ရဲ့ မေ့လျော့နေတဲ့ Port တစ်ခု ဒါမှမဟုတ် Update မဖြစ်သေးတဲ့ Plugin Version တွေကို အမြဲစောင့်ကြည့်နေတတ်ပါတယ်။ 👀
ဒါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Zcom Myanmar မှ Website Health Check အမည်ရှိ Service အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ 🛡
✴Website Health Check က ဘာလုပ်ပေးမှာလဲ?
✅မိနစ်ပိုင်းအတွင်း IT Assets (Domains, IPs, Ports) တွေကို အမြန်ဆုံး Checking ပြုလုပ်ပေးခြင်း။
✅Website မှာ ရှိနေတဲ့ လုံခြုံရေးအားနည်းချက်တွေကို အဆင့်အလိုက် (Risk Levels) တိတိကျကျ ဖော်ပြပေးခြင်း။
✅Unknown Assets၊ Shadow IT နဲ့ Weak ဖြစ်နေတဲ့ WordPress Version, SSL တွေကို ရှာဖွေပေးခြင်း။
✅တွေ့ရှိချက်တွေအတွက် အသေးစိတ် Report နဲ့ ဖြေရှင်းနည်းလမ်းညွှန်ချက်များ ပါဝင်ခြင်း။
✴Website Health Check Service ကို ဘယ်သူတွေ သုံးသင့်လဲ?
✅Website မှတစ်ဆင့်Online ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်များ။
✅Customer Data တွေကို လုံခြုံစွာ ထိန်းသိမ်းလိုသူများ။
✅မိမိလုပ်ငန်းရဲ့ IT Security အခြေအနေကို မျက်ခြေမပြတ် သိလိုသူများ။
လုပ်ငန်းရဲ့ IT "မျက်နှာစာ" တစ်ခုလုံးကို Check ပြုလုပ်ကာ "အားနည်းချက်" ရှိနေတဲ့နေရာတွေကို အတိအကျ ဖော်ပြပေးပြီး ပြုလုပ်သင့်တဲ့ Action များကိုပါ ပြောပြပေးနိုင်တဲ့ Zcom Myanmar ရဲ့ Website Health Check Service အကြောင်း အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
29/04/2026
❝ရုံးပိတ်ရက် အသိပေးကြေညာခြင်း ❞
ဧပြီလ ၃၀ ရက်နေ့ ❝ ကဆုန်လပြည့်နေ့ ❞ နဲ့
မေလ ၁ ရက်နေ့ ❝ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ❞ တို့သည်
အများပြည်သူရုံးပိတ်ရက်များ ဖြစ်တာကြောင့်
ဧပြီလ ၃၀ရက် ကနေ မေလ ၃ ရက်နေ့အထိ
Zcom Myanmar ရုံးခန်းကို ပိတ်ထားမည်
ဖြစ်ပါကြောင်း ကြိုတင်အသိပေးလိုပါတယ်ခင်ဗျ။
ဒါကြောင့် Zcom Myanmar ရဲ့
Customer တွေအနေနဲ့
Phone, Email, Messenger ကနေ
Reply ဖြေဆိုမှုတွေအနေနဲ့ ကြာမြင့်နိုင်မှာ
ဖြစ်ပါတယ်။
တကယ်လို့ ဒီပိတ်ရက်တွေမှာ
လူကြီးမင်းတို့အနေနဲ့ Urgent Case များ
ရှိခဲ့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့
Email Address တွေကို ပေးပို့ထားနိုင်ပါတယ်။
ဧပြီလ ( ၂၀) ရက်၊ တနင်္လာနေ့မှသာ
ပုံမှန်အတိုင်း ဝန်ဆောင်မှုတွေကို
ပြန်လည်ပေးသွားမှာဖြစ်ပါတယ် ခင်ဗျ။
📌𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐓𝐢𝐜𝐤𝐞𝐭
Link : https://helpdesk.gmoace.com/support/tickets/new
📩𝐒𝐚𝐥𝐞𝐬
[email protected]
📩𝐖𝐞𝐛 𝐒𝐮𝐩𝐩𝐨𝐫𝐭
[email protected]
22/04/2026
သင့် Website က အချိန်အကြာကြီး Loading ဖြစ်နေတုန်းလား? ⏱
Website တစ်ခုမှာ Domain Name ကောင်းကောင်း ရှိရုံနဲ့တင် မပြီးသေးဘူးနော်။ Customer တစ်ယောက် သင့် Website ထဲဝင်တဲ့အခါ စိတ်အနှောင့်အယှက်မဖြစ်ဖို့က "Website အမြန်နှုန်း" က အရမ်းအရေးကြီးပါတယ်။
ဘာလို့ Website နှေးရင် မဖြစ်တာလဲ? 🤔
1⃣ဘယ်သူမှ အကြာကြီးမစောင့်ချင်ကြဘူး: Website တစ်ခုက ၃ စက္ကန့်ထက် ပိုကြာရင် လာကြည့်သူ ၄၀% ကျော်က စိတ်မရှည်ဘဲ ပြန်ထွက်သွားတတ်ကြပါတယ်။ ဒါဟာ သင့်ရဲ့ အလားအလာရှိတဲ့ Customer တွေကို လက်လွှတ်လိုက်ရတာပါပဲ။
2⃣ Google Ranking နှင့် Website အမြန်နှုန်း : ကိုယ့်လုပ်ငန်းကို Google ရှာဖွေမှုရဲ့ ထိပ်ဆုံးမှာ ပေါ်စေချင်ရင် Website မြန်နေဖို့ လိုပါတယ်။ Website နှေးနေရင် Google က သင့်ကို Ranking အောက်ပို့လိုက်မှာပါ။
3⃣လုပ်ငန်းရဲ့ ယုံကြည်မှု: Website တစ်ခုက နှေးကွေးပြီး လေးလံနေရင် Customer က "ဒီလုပ်ငန်းကရော တကယ် စနစ်တကျရှိရဲ့လား" ဆိုပြီး သံသယဝင်သွားနိုင်ပါတယ်။ မြန်ဆန်တဲ့ Website က သင့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါတယ်။
Zcom က ဘယ်လို ကူညီပေးနိုင်မလဲ? 🤝
ကျွန်တော်တို့ Zcom ရဲ့ Hosting နဲ့ Cloud Server တွေမှာ သာမန် Hard Disk (HDD) တွေထက် အဆပေါင်းများစွာ မြန်တဲ့ High-speed SSD Storage ကိုပဲ အသုံးပြုထားပါတယ်။
SSD ဆိုတာဘာလဲ❓
ဖုန်းတွေ၊ ကွန်ပျူတာတွေမှာသုံးတဲ့ Memory ကတ်တွေလိုပဲ Data ဖတ်နှုန်း အလွန်မြန်တဲ့အတွက် Website ကို တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပွင့်လာစေမှာပါ။
ဒါ့အပြင် ကမ္ဘာ့အဆင့်မီ Infrastructure တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ Traffic တွေ ဘယ်လောက်များများ တည်တည်ငြိမ်ငြိမ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ Website ကို အမြန်ဆုံး စွမ်းဆောင်ရည်နဲ့ လည်ပတ်နိုင်ဖို့ Zcom Server တွေနဲ့ အခုပဲ စတင်လိုက်ရအောင်လားခင်ဗျာ။ 🚀
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
&Cloud
22/04/2026
We're Hiring
Position : WordPress Developer
Location: MICT Park, Hlaing Township, Yangon
Salary: Negotiable
Working Hours: Monday to Friday, 8:30 AM - 5:30 PM
Off Days: Saturday, Sunday & Public Holidays
Email: [email protected]
Viber: 09250662728
Qualifications & Requirements
✅Must be at least graduated with Computer Science or Information Technology or Other degree but have a proven experience in Software Development industry.
✅At least 2 years’ experience in web development with PHP, WordPress framework, HTML and CSS programming languages and API integration and database management.
✅Strong experience with Responsive Web Design (especially mobile-first view and PC view)
✅Must be good in English 4 Skills.
✅Strong communication skills and a strong understanding of the benefit of teamwork.
✅Strong in task management and time management skills
✅Opened-minded and willing to learn new things as an opportunity.
✅Ability to perform analysis, design and development, deployment, and support.
✅Ability to perform troubleshooting, problem-solving, and moving toward the solution
Responsibilities
✅Design, workflow, code, test, and implement web pages, often focusing on HTML, CSS, Java Script, PHP and WordPress framework on test and production environment.
✅Implementation and integration with internal and third-party API in related pages
✅Monitor and update existing pages to enhance performance and fix bugs.
✅Work in-person with manager, designers, customer support, sales & marketing team and other related team to gather requirements and create solutions.
✅Presentation and report current progress and status to manager and related teams regularly.
✅Maintain technical documentation for code and system architecture.
✅Implement security protocols and ensure high-performance standards.
✅Identify and resolve software issues, providing technical support.
✅Any other assigned tasks by manager (if has)
Others Benefits
✅ Lunch provided
✅ Ferry provided (Near Route)
✅ Other benefits can be discussed during the interview
20/04/2026
Domain ဝယ်ပြီးပြီ... ဒါဆို Website ရပြီလား? 🤔
ဒီမေးခွန်းအတွက် အဖြေကတော့ "မရသေးပါဘူး"
အင်တာနက်ပေါ်မှာ ကိုယ်ပိုင် Website တစ်ခုရှိဖို့ဆိုတာ အချက် (၃) ချက် လိုအပ်ပါတယ်
1️⃣Domain Name (အိမ်နံပါတ်/လိပ်စာ) : အရင် Post မှာ ပြောခဲ့သလိုပဲ Domain ဆိုတာ www.yourname . com ဆိုတဲ့ လိပ်စာပါ။ လူတွေ သင့်ဆီလာဖို့ "ဘယ်လမ်း၊ ဘယ်ရပ်ကွက်" ဆိုတာကို ပြောပြဖို့ လိပ်စာရှိရုံနဲ့တင် အိမ်ရှိပြီလို့ ပြောလို့မရသေးဘူးမလား။
2️⃣Hosting (မြေကွက်) : အိမ်ဆောက်ဖို့ မြေနေရာ လိုအပ်သလိုပဲ သင့် Website ထဲက စာသားတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို သိမ်းဆည်းထားဖို့ အင်တာနက်ပေါ်မှာ "နေရာ" တစ်ခု လိုပါတယ်။ အဲဒီနေရာလေးကို Hosting လို့ ခေါ်ပါတယ်။ မြေကွက်မရှိဘဲ အိမ်ဆောက်လို့ မရသလိုပဲ Hosting မရှိဘဲ Website လည်း ရှိမလာနိုင်ပါဘူး။
3️⃣Website Design (အိမ်အဆောက်အအုံ) :လိပ်စာလည်းရှိပြီ (Domain)၊ မြေကွက်လည်းရှိပြီ (Hosting) ဆိုရင်တော့ အဲဒီမြေကွက်ပေါ်မှာ "အိမ်" ကို စတင်ဆောက်လုပ်ရပါတော့မယ်။ ဒါကတော့ Website ထဲမှာ ဘယ်လိုပုံစံတွေ ပါမလဲ၊ ဘယ်လိုစာသားတွေ ရေးမလဲဆိုတဲ့ Design ပိုင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် Domain ရှိရုံနဲ့ Website ရှိပြီလို့ ပြောလို့မရဘဲ Hosting နဲ့ Website Design ပါ ရှိမှသာ လူတွေ ဝင်ကြည့်လို့ရတဲ့ Website တစ်ခု ဖြစ်လာမှာပါ။
Zcom မှာ ဘာတွေ လုပ်လို့ရလဲ? 🤔
Zcom မှာဆိုရင် မြန်မာကျပ် 5,000 ကနေ စတင်ပြီး Domain ဝယ်ယူနိုင်သလို၊ Hosting နဲ့ Website Development ဝန်ဆောင်မှုတွေကိုလည်း တစ်ပါတည်း ရယူနိုင်ပါတယ်။
ကိုယ့်ရဲ့ လုပ်ငန်းအတွက် Domain, Hosting နဲ့ Website စတင်ဝယ်ယူဖို့ စဉ်းစားနေပြီဆိုရင်တော့ ကျွန်တော်တို့ဆီမှာ အခုပဲ လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ! 😊
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Building 18, 7th Floor, MICT Park, Hlaing Township
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |