Natty Creator

Natty Creator

Share

09/05/2026

🏗🏠 မိမိရဲ့ မြေကွက်ထဲမှာ YCDC Law နဲ့အညီ အိမ်ဘယ်လို ဆောက်ရလဲ?

ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ ပြင်ဆင်နေသူတွေ၊ အိမ်ခြံမြေ ဝယ်ယူချင်သူတွေ၊ ဆောက်လုပ်ရေးသမားတွေအတွက် အထူးအရေးကြီးတဲ့ YCDC Law နဲ့အညီ အိမ်ဆောက်ဖို့ ဘာတွေသိထားသင့်လဲ ကြည့်ကြရအောင်။
✨ ၁. အိမ်ဆောက်လုပ်ခွင့် လျှောက်ထားခြင်း
မြေကွက်ရှိရုံနဲ့ အိမ်ဆောက်လို့မရပါဘူး။ YCDC မှာ အိမ်ဆောက်လုပ်ခွင့်လျှောက်လွာ တင်ပြီး ခွင့်ပြုချက်ရမှသာ ဆောက်လုပ်နိုင်ပါတယ်။
✨ ၂. ခွင့်ပြုချက်သက်တမ်း (၁) နှစ်
ဆောက်လုပ်ခွင့် ရရှိပြီးရင် (၁) နှစ်အတွင်း အပြီးဆောက်လုပ်ရပါမယ်။ သက်တမ်းကုန်ဆုံးပါက ထပ်မံလျှောက်ထားရမှာ ဖြစ်ပါတယ်။
✨ ၃. Cantilever (အစွန်းထွက်) ပြန်ထုတ်ခြင်း
အဆောက်အအုံရဲ့ အစွန်းထွက်area တွေကို အောက်ပါအတိုင်း သတ်မှတ်ထားပါတယ် -
* (၃) ထပ်အောက် အဆောက်အအုံ: ရှေ့ဖက် ၁၂ ပေ မှာ Cantilever ၄ ပေ အထိ ထုတ်နိုင်ပြီး ဘေး ၁ ပေ နဲ့ နောက် BDS ရှိရင် ၁ ပေ ၊ မရှိရင် ၆ ပေ ဆုတ်ရပါမယ်။
* (၄) ထပ်အထက် အဆောက်အအုံ: ရှေ့ဖက် ၅ ပေ မှာ Cantilever ၄ ပေ အထိ ထုတ်နိုင်ပြီး ဘေး ၁ ပေ နဲ့ နောက် BDS ရှိရင် ၁ ပေ ၊ မရှိရင် ၆ ပေ ဆုတ်ရပါမယ်။
✨ ၄. ကားပါကင် သတ်မှတ်ချက်
အဆောက်အအုံ အမျိုးအစားအလိုက် ကားပါကင် ထားရှိရမယ့် ယူနစ်တွေကတော့ -
* လူနေအိမ်: ၁ ယူနစ် လျှင် ၁.၂ စီး
* ရုပ်ရှင်ရုံ: ထိုင်ခုံ ၁၀ ခုံ လျှင် ၁.၂ စီး
* ရုံးခန်း / ဟိုတယ်: ၂,၁၅၃ sqft လျှင် ၁ စီး
* စျေးဝယ်စင်တာ: ၁,၆၁၅ sqft လျှင် ၁ စီး
* စားသောက်ဆိုင်: ၅၃၈ sqft လျှင် ၁ စီး
* ဂိုဒေါင် (Warehouse): ၈,၆၁၁ sqft လျှင် ၁ စီး
* စက်ရုံ (Factory): ၃,၇၆၇ sqft လျှင် ၁ စီး
* ရေကူးကန်: ၄၃၁ sqft လျှင် ၁ စီး
* အားကစားရုံ (GYM): ၃,၂၂၉ sqft လျှင် ၁ စီး ထားခွင့်ရှိပါတယ်။
✨ ၅. အခန်းအကျယ်
နေအိမ်ရဲ့ အိပ်ခန်းတိုင်းဟာ အနည်းဆုံး ၁၀' x ၁၀' (၁၀၀ sqft) ရှိရပါမယ်။
✨ ၆. လေဝင်လေထွက်
အခန်းတွင်း လေဝင်လေထွက် ကောင်းမွန်စေဖို့ ပြတင်းပေါက်ဧရိယာဟာ အခန်းဧရိယာရဲ့ ၈ ပုံ ၁ ပုံ (၁/၈) ထက် မနည်းရပါဘူး။
✨ ၇. Penthouse ထည့်မယ်ဆိုရင်
အပေါ်ဆုံးထပ်မှာ Penthouse ထည့်မယ်ဆိုရင် အောက်ထပ်ဧရိယာရဲ့ ၅၀% ထက် မပိုရ ဘဲ ဘေးပတ်လည်ကနေ ၃ ပေ စီ ဆုတ် ပေးရပါမယ်။
✨ ၈. Mezzanine (ထပ်ခိုး)
ထပ်ခိုးထည့်မယ်ဆိုရင် မြေညီထပ်ရဲ့ ဧရိယာ ၆၀% ထက် မကျော်စေဖို့ နဲ့ အမြင့် ၈ ပေ ထားရှိဖို့ လိုအပ်ပါတယ်။
✨ ၉. လှေကား
၁၉၂၂ ဥပဒေအရ လှေကားရဲ့ အကျယ်ဟာ အနည်းဆုံး ၃' ၊ အမြင့် အများဆုံး ၉" ၊ အနင်း အနည်းဆုံး ၉" ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ လှေကားကတော့ အကျယ် အနည်းဆုံး ၃' ၆" ၊ အမြင့် အများဆုံး ၇.၅" ၊ အနင်း အနည်းဆုံး ၉" ဖြစ်ပါတယ်။ အများပြည်သူသုံး အဆောက်အအုံတွေအတွက် လှေကားအကျယ်ဟာ ၆ ပေ ထက် မနည်းရဘဲ အမြင့် ၆" အနင်း ၁၂" ရှိရမှာ ဖြစ်ပါတယ်။ တံခါးတွေကတော့ အပြင်ဘက်ကို တွန်းဖွင့်ရမယ့် ပုံစံ တပ်ဆင်ရမှာ ဖြစ်ပါတယ်။
✨ ၁၀. အထပ်အမြင့်
အဆောက်အအုံရဲ့ အမြင့်ကိုတော့ အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် -
* မြေညီထပ် - ၁၀ ပေ
* အပေါ်ထပ်များ - ၉ ပေ (အနိမ့်ဆုံး)
* ဆိုင်ခန်း / ရုံးခန်း - ၁၂ ပေ
* ဟိုတယ် /စားသောက်ဆိုင် / ကျောင်း / ဆေးရုံ - ၁၂ ပေ
* စက်ရုံ / အလုပ်ရုံ - ၁၄ ပေ
* ကားရပ်နားရန်အထပ် (Parking Floor) - ၈ ပေ ၆ လက်မ
(အကယ်၍ သတ်မှတ်ချက်တွေကို ပြောင်းလဲလိုပါက ခိုင်လုံတဲ့ အကျိုးအကြောင်း ဖော်ပြချက်နဲ့ သီးခြား ခွင့်ပြုချက် ယူရမှာ ဖြစ်ပါတယ်။)
✨ ၁၁. အမြင့်သတ်မှတ်ချက်
အဆောက်အအုံရဲ့ အမြင့်ကို လမ်းနှင့်အဆောက်အအုံအချိုး (Road Building Ratio) လမ်းအကျယ်ရဲ့ ၂ ဆ နဲ့ မျက်နှာစာနှင့် အဆောက်အအုံအချိုး (Slenderness Ratio) မျက်နှာစာရဲ့ ၃ဆ တို့ဖြင့် တွက်ချက်ပြီး အနည်းဆုံးအမြင့်ကိုပဲ ယူရပါတယ်။
✨ ၁၂. ခြံစည်းရိုး
ခြံစည်းရိုးကို အပိတ်နံရံ ၆ ပေ ထက်မပိုရ ဘဲ အပေါ်ကနေ သံပန်း ၄ ပေ ထပ်တိုးပါက စုစုပေါင်း ၁၀ ပေ အထိ ခွင့်ပြုထားပါတယ်။
✨ ၁၃. ဘေးကင်းလုံခြုံရေး
မီးရထားလမ်းနဲ့ Gas Line ဗဟိုကနေ ၇၅ ပေ စီ ကွာဝေးရမှာ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့လည်း ၁၁ ကေဗွိအေ မှာ ၈ ပေ / ၃၃ ကေဗွိအေ မှာ ၁၀ ပေ / ၆၆ ကေဗွိအေ မှာ ၁၅ ပေ / ၁၃၂ ကေဗွိအေ မှာ ၅၀ ပေ / ၂၃၀ ကေဗွိအေ မှာ ၅၀ ပေ သတ်မှတ်အကွာအဝေးအတိုင်း ခွာပေးမှာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေက နေအိမ်ဆောက်လုပ်ဖို့ ပြင်ဆင်နေသူတွေအတွက် အသုံးဝင်စေမှာ အသေအချာပါပဲ…
အိမ်ဆောက်ဖို့ အစီအစဉ်ရှိရင် YCDC Law နဲ့အညီ စနစ်တကျ ပြင်ဆင်ပြီး ဆောက်လုပ်ကြဖို့ အကြံပြုလိုပါတယ်ခင်ဗျ
စည်းကမ်းနဲ့အညီ ခိုင်ခံ့လှပပြီး ဥပဒေလွတ်ကင်းတဲ့ အိမ်ဒီဇိုင်းတွေ ဖန်တီးဖို့အတွက် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ ကွန်မန့်မှာ မေးမြန်းဆွေးနွေးနိုင်သလို
အသေးစိတ်စုံးစမ်းချင်ရင် ဖုန်းနံပါတ် - 09420041419 ကိုဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျ
#

17/04/2026

ကမ္ဘာပေါ်မှ အမြင့်မားဆုံး အဆောက်အအုံး 10 လုံး

ဒီတစ်ခါမှာတော ကမ္ဘာပေါ်မှ အမြင့်မားဆုံး အဆောက်အအုံး 10 လုံးအကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အဆောက်အအုံတွေက အမြင့်ပြိုင်ဆိုင်လာတာဟာ ဒီဇိုင်းနဲ့ အင်ဂျင်နီယာပညာ တိုးတက်လာမှုကို တိုက်ရိုက်ပြသနေတာပါပဲ။ “အမြင့်ဆုံး အဆောက်အအုံ” ဆိုတာကို ကြားလိုက်တာနဲ့ လူတိုင်းရဲ့ မျက်စိထဲ ပေါ်လာတာက Burj Khalifa ပဲ ဖြစ်မှာပါ။

1. Burj Khalifa (Dubai, UAE) ဘတ်ဂျ် ခါလီဖာ
ကမ္ဘာပေါ်မှာ လက်ရှိအချိန်ထိ အမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး အမြင့် 828 မီတာထိ ရှိပါတယ်။
ဒီဇိုင်းနဲ့ အင်ဂျင်နီယာပညာရဲ့ အမြင့်ဆုံးအဆင့်ကို ပြသထားတဲ့ Landmark တစ်ခုပါ။

2. Merdeka 118 (Kuala Lumpur, Malaysia) မာဒေကာ ၁၁၈
မလေးရှားနိုင်ငံရဲ့ ဂုဏ်ယူစရာ အဆောက်အအုံဖြစ်ပြီး အမြင့် 678.9 မီတာရှိပါတယ်။
ခေတ်မီဒီဇိုင်းနဲ့ ယဉ်ကျေးမှုအဓိပ္ပါယ်တွေကို ပေါင်းစပ်ထားတာ စိတ်ဝင်စားစရာပါ။

3. Shanghai Tower (Shanghai, China) ရှန်ဟိုင်းတာဝါ
အမြင့် 632 မီတာရှိပြီး လှည့်ကွေးသွားတဲ့ ဒီဇိုင်းက လေဒဏ်ကို လျော့ချပေးနိုင်အောင် ဖန်တီးထားပါတယ်။
စွမ်းအင်သက်သာရေးကို အလေးထားတဲ့ အဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ်။

4. Makkah Royal Clock Tower (Saudi Arabia) မက္ကာ တော်ဝင် နာရီစင် မျှော်စင်
မက္ကာမြိုမှာ တည်ရှိပြီး အမြင့် 601 မီတာရှိပါတယ်။
နာရီမျက်နှာပြင်အကြီးကြီးနဲ့ ကမ္ဘာတစ်ဝှမ်း လူသိများတဲ့ အဆောက်အအုံပါ။

5. Ping An International Finance Centre (Shenzhen, China) ပင်အန် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး စင်တာ
အမြင့် 599 မီတာရှိပြီး ခေတ်မီ Office Tower တစ်ခုဖြစ်ပါတယ်။
မြိုပြဖွံဖြိုးမှုနဲ့ စီးပွားရေးအင်အားကို ကိုယ်စားပြုတဲ့ အဆောက်အအုံပါ။

6. Goldin Finance 117 (Tianjin, China) ဂိုးလ်ဒင်း ဖိုင်နန်း ၁၁၇
အမြင့် 597 မီတာခန့်ရှိပြီး Diamond ပုံစံ အထက်ပိုင်းဒီဇိုင်းက ထူးခြားပါတယ်။
အမြင့်ကြီးမားတဲ့ အဆောက်အအုံတွေထဲမှာ တစ်ခုအပါအဝင်ပါ။

7. Lotte World Tower (Seoul, South Korea) လော့တေး ဝေါလ် တာဝါ
အမြင့် 554.5 မီတာရှိပြီး ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံး အဆောက်အအုံပါ။
Modern design နဲ့ အသုံးချမှု အပြည့်အဝ ပါဝင်ပါတယ်။

8. One World Trade Center (New York, USA) ဝမ်း ဝေါလ် ထရိတ် စင်တာ
အမြင့် 541.3 မီတာရှိပြီး အမေရိကန်ရဲ့ သင်္ကေတအဆောက်အအုံတစ်ခုပါ။
အဓိပ္ပါယ်တန်ဖိုးနဲ့ သမိုင်းနောက်ခံ ကြီးမားတဲ့ Tower ဖြစ်ပါတယ်။

9. Guangzhou CTF Finance Centre (China) ကွမ်ကျိုး စီတီအက်ဖ် ဘဏ္ဍာရေး စင်တာ
အမြင့် 530 မီတာရှိပြီး Hotel, Office, Residence တွေ ပေါင်းစပ်ထားပါတယ်။
Multi-purpose အဆောက်အအုံအဖြစ် ထင်ရှားပါတယ်။

10. Tianjin CTF Finance Centre (China) တီယန်ကျင်း စီတီအက်ဖ် ဘဏ္ဍာရေး စင်တာ
အမြင့် 530 မီတာရှိပြီး လေဒဏ်ကို လျော့ချနိုင်အောင် smooth design နဲ့ ဆောက်လုပ်ထားပါတယ်။
ခေတ်မီမြို့ပြအဆောက်အအုံတွေရဲ့ ဥပမာတစ်ခုပါ။

ဒါကတော့ ကမ္ဘာပေါ်မှ အမြင့်မားဆုံး အဆောက်အအုံး 10 လုံး အကြောင်းပဲ ဖြစ်ပါတယ်။

#ကမ္ဘာပေါ်မှအမြင့်မားဆုံးအဆောက်အအုံ
#ဗိသုကာ

#ဗဟုသုတ
#ဒီဇိုင်းနှင့်အင်ဂျင်နီယာပညာ

10/04/2026

💰 Budget သိန်း 1000 နဲ့ ၁ ထပ်အိမ် ဆောက်လို့ရမလား!! 💰

တကယ်ရောဆောက်လို့ ရပါ့မလား စဉ်းစားစရာပဲ… 💭
ခိုင်ခံ့မှုက အခြေခံကျသလို ကိုယ်နေထိုင်ရာ အိမ်လေးက ကိုယ့်ရဲ့ လှပတဲ့ Own Paradise လေး ဖြစ်ဖို့ကလည်း အားလုံးရဲ့ အိပ်မက်ပဲ မဟုတ်လား။

✅Budget ထဲ ဝင်အောင်ဆောက်လုပ်ဖို့အတွက် ပါဝင်မယ့် Construction Material တွေ ဝိတ်လျှော့ဖိုကိုတော့ လုံးဝ (လုံးဝ) မစဉ်းစားသင့်ပါဘူး။ အဆောက်အအုံ ခိုင်ခံ့ဖိုဆိုတာ ရေရှည်စိတ်ချရမှုနဲ့ ကျေနပ်မှုကို ပကတိပေးနိုင်တာကြောင့်ပါ။
✅Structure ပိုင်းမှာ သက်သာဖို့ထက် မြေပြင်အနေထားကောင်းမွန်နေဖို့က လိုအပ်ပါတယ်။ မိမိကိုယ်ပိုင်အိမ်လေး ဆောက်လုပ်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းမှာ အတော်အသင့်နားလည်ရင် ပစ္စည်းနှင့် လေဘာ ကို One Stop Services အပ်နှံတာမျိုး မလုပ်ပဲ လေဘာခသာ အကုန်အကျခံပြီး ပစ္စည်းများကို ဝယ်ပေးတာမျိုးလုပ်သင့်ပါတယ်။ Material ရွေးချယ်ရာမှာ Designလှ၊ ခိုင်ခံ့၊ ဈေးသက်သာတာလေးတွေ ရွေးချယ်ပြီးဝယ်ယူသင့်ပါတယ်။
✅ Material ရွေးချယ်မှုမှာ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် အကုန်အကျ အလွန်ကို သက်သာစေပါတယ်။ Material Market research ကောင်းကောင်းလုပ်ပြီး ကိုယ့်အိမ်လေးရဲ့ ကျစ်လစ်ခိုင်ခံ့မှုနဲ့ လှပမှုကို ကုန်ကျစရိတ် သက်သာစွာနဲ့ ပုံဖော်နိုင်ပါတယ်။
✅တကယ်ဆောက်တော့မယ်ဆိုပါက ကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်ပါတယ်။

ဖော်ပြပါ အချက်များနဲ့ ကိုက်ညီစွာ ဆောက်လုပ်မယ်ဆိုပါက မျှော်မှန်းထားတဲ့ Budget သိန်း 1000 နဲ့ ၁ထပ်အိမ်လေး ဖန်တီးနိုင်မှာပါ။
ကာလပေါက်ဈေးနှင့် ချိန်ညှိ၍ လူကြီးမင်းတို့ အိမ်လေး လှပပြီး နေချင်စဖွယ်ဖြစ်ဖို့ ကျွန်တော်တို့ 𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 က တာဝန်ယူတည်ဆောက်ပေးပါရစေ။
Anytime Call Us ☎️ 𝟎𝟗 𝟒𝟐𝟎𝟎𝟒𝟏𝟒𝟏𝟗
#သိန်း၁၀၀၀အိမ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


2 Street
Yangon
11000