Clean Yangon
Would like to introduce that we're volunteers to do clean rubbish around our Yangon City.Our mission is giving awareness to the public become Clean Myanmar
11/05/2026
"Information is Power!
စစ်ဘေးရှောင်စခန်းတွေမှာ အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ခြင်းအားဖြင့် ကျန်းမာရေး၊ ပညာရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမိုမြန်ဆန်လာပါမယ်။
ဒီကရတဲ့ ရန်ပုံငွေတွေကိုလည်း စခန်းရဲ့ လိုအပ်ချက်တွေအတွက် ပြန်လည်အသုံးပြုသွားမှာဖြစ်လို့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထူထောင်နိုင်တဲ့လမ်းစတစ်ခုလည်းဖြစ်ပါတယ်။
Like, Comment, Share နဲ့ ကြည့်ရှုမှုတွေကနေ နေ့စဉ် ဝင်ငွေလေးတွေ ရရှိနေပြီဖြစ်တာကြောင့် R C S လေးတွေနဲ့ ကူညီပေးလို့ရပါတယ်။
#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ
ဖြူစင်တဲ့ အပြုံးလေးတွေနဲ့အတူ အာဟာရပြည့်ဝတဲ့ နံနက်ခင်းလေးတစ်ခုကို ဖန်တီးပေးခွင့်ရတာဟာ စိတ်ကျေနပ်စရာ အကောင်းဆုံးပါပဲ။
ဒီကလေးငယ်တွေရဲ့ အနာဂတ်ဟာ ကျွန်တော်တို့ ဒီနေ့ ဝေမျှလိုက်တဲ့ မေတ္တာနဲ့ အာဟာရတွေပေါ်မှာ အခြေခံပြီး ခိုင်မာလာမယ်လို့ ယုံကြည်ပါတယ်။
#မျှဝေဖေးကူဒို့အတူ
10/05/2026
(၉) နှစ်ပြည့် အမှတ်တရ အင်္ကျီဒီကမှာပါ
၉ နှစ်တာ ခရီးလမ်းမှာ "မယိုင်မလဲ" ရှေ့ဆက်နေဆဲ...
Clean Yangon ရဲ့ (၉) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ဖော်ညွှန်းထားတဲ့ "Still Standing, Still Sharing" Special Edition Tees တွေကို Viva La Burma မှာ စတင်မှာယူနိုင်ပါပြီ။
ဒီ Design ကို Fabric အမျိုးအစား (၂) မျိုးနဲ့ စိတ်ကြိုက် ရွေးချယ်နိုင်မှာဖြစ်လို့ အားလုံးရဲ့ နေ့စဉ် Lifestyle နဲ့ အကိုက်ညီဆုံးဖြစ်မှာပါ -
◇ Everyday Wear Fabric (ပေါ့ပါးလန်းဆန်း)
အရောင် (၄) မျိုး: အဖြူ ၊ အနက် ၊ အပြာ (Navy Blue) ၊ မီးခိုး (Light Gray)
◆ Comfort Wear Fabric (အသားကောင်း၊ အိစက်ညက်ညော)
အရောင် (၂) မျိုး: အဖြူ ၊ အနက်
တန်ဖိုးရှိတဲ့ ခရီးတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ဒီအမှတ်တရ Tee လေးတွေကို အခုပဲ ပိုင်ဆိုင်လိုက်ပါ။
🛒 မှာယူရန် Link: https://vivalaburma.com/shop/products/still-standing-still-sharing
(Comment ရှိ Link မှာလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်)
Click here to claim your Sponsored Listing.
Contact the organization
Website
Address
No. 27
Yangon