Wyut Yee Cho

Wyut Yee Cho

Share

15/05/2025

ငါကောင်းရက်နဲ့ ငါ့အပေါ်မကောင်းရလား
မတွေးပါဘူး ။
ငါသာမကောင်းရင် ပိုဆိုးကြလိမ့်မယ်ပဲ
တွေးပါတယ် ။

#စောနန္ဒာခိုင်

13/06/2024

ကျန်းမာ ဆိုတဲ့ Software လေးနဲ့မိတ်ဆက်ပါရစေရှင်

19/09/2023

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်

🌿 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ ။

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

🌿 ၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

🌿 ၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့
အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

🌿 ၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

🌿 ၅။ စည်းကမ်းရှိပါ။

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

🌿 ၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

🌿 ၇။ လူရွေးပေါင်းပါ။

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

🌿 ၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ။

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွ-တ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သ-တ်ေ-သဖို့သာ ကောင်းတော့တယ် ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ ။

#လူရာဝင်ခြင်းမှတ်စုများ
#ဒေါက်တာသူရိန်လှိုင်ဝင်း
#6000ကျပ်
မူရင်း(လေးစားစွာcrdပေးပါသည်)✍📖

---------------------------------------------

စာအုပ်လေးတွေမှာယူက -

မှာယူလိုသည့် စာအုပ်အမည် -
မှာယူသူ၏ အမည် -
ဖုန်းနံပါတ် -
လိပ်စာ အပြည့်အစုံ ပေးပို့၍ မှာယူနိုင်ပါတယ်ရှင်

19/09/2023

BOost your business with our POS System 🙋

လက်လီလက်ကား , Mini mart , Store( fashion, cosmetics), Car & motor cycle part, Electronic, stationary, Frozen & Mini Mart, , Phone Shop တွင်
_____________________________________
Mobile Phone, Tablet, Computer ကြိုက်နှစ်သက်ရာဖြင့်အောက်ပါfunctions များကို အသုံးပြုနိုင်ပါသည်။

🙋Supplier management
🏨 Monitor all warehousing operations
📦 Purchase Management
📈 Stock Transfer
📊 Powerful Inventory Reporting
⚖️ Accurate sales & Payment method
🔶Monitor staff Attendance (HRM)
Admin, Cashier , Manager User roleအလိုက် Group Permission များခွဲ၍သတ်မှတ်နိုင်ခြင်း
🔹 Cloud Backup စနစ်ပါရှိခြင်း။
💻 Create Quotation
✔️ Supports all reports များပါဝင်သည့်

Easy Stock Pro Version အား လစဉ်ကြေးစနစ်ဖြင့် စတင်အသုံးပြုနိုင်ပါသည်။

စိတ်ဝင်စားတယ်ဆိုရင်တော့
ဖုန်းနံပါတ် - 📞 09-796605625 (Viber)/cb သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။

Photos from Wyut Yee Cho's post 05/09/2023

✍️ ဆရာမနေဗလ်

◾ Petrichor ( ၅၀၀၀ ကျပ် )
◾ အလုံပိတ် အခန်းငယ် ( 5000 ကျပ် )
◾ ပျော်ရွှင်ခြင်းလမ်းညွှန် ( 5500 ကျပ် )

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11111