Health Digest Journal

Health Digest Journal

Share

Photos from Health Digest Journal's post 12/05/2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
===============================

"ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား"(Be Human KIND) ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ၈.၅.၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ Physical and Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်ကော်မတီများအနေဖြင့် မိမိတို့ဒေသလိုအပ်ချက်အလိုက် ကြက်ခြေနီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုကရုဏာလုပ်ငန်းသက်သက်ကိုသာ ဆောင်ရွက်ပေးနေကြသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်ကြောင်းကို အများပြည်သူ ပိုမိုယုံကြည်လက်ခံလာအောင် ကြင်နာစိတ် အရင်းခံကာ ဦးဆောင် လမ်းညွှန်ပံ့ပိုးပေးကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Pierre Sakalian နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ကြက်ခြေနီ‌စေတနာလုပ်အားရှင်များ၏ လှုပ်ရှားမှုပုံရိပ် မှတ်တမ်းဗီဒီယိုအားပြသပါတယ်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၂)ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များ၏စကားသံဗီဒီယိုအား ပြသပါတယ်။

ဆက်လက်ပြီး ပြည်နယ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးသည့် အလှူရှင်များဖြစ်ကြသောအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်းစု)နှင့် ဦးထွန်းထွန်းဦး (T .T .O Pharm Co, ltd:)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကြက်ခြေနီလူမှုကရုဏာကွန်ယက်စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် သူ၏မွေးနေ့ဖြစ်သည့် မေလ(၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် မေလ(၈)ရက်နေ့တိုင်း ကမ္ဘာ့ကြက်ခြေနီနေ့ကို ကမ္ဘာ့တဝန်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင်(၇၄)နှစ်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Photos from Health Digest Journal's post 16/03/2022

CLL ကာကွယ်ဆေးထိုးစင်တာဖွင့်လှစ်
===========================

Sea Lion Group စီးပွားရေးလုပ်ငန်းစုမှ လုပ်ငန်းခွဲသစ်တစ်ခုဖြစ်သည့် CLL ကာကွယ်ဆေးထိုးစင်တာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ စင်တာမိတ်ဆက်ပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

CLL ကာကွယ်ဆေးထိုးစင်တာမှာ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကာကွယ်ဆေးထိုးခြင်း သီးသန့်စင်တာ တစ်ခုဖြစ်ပြီး မြေ (၇) ဧကခန့် ကျယ်ဝန်းပြီး ကားအစီးရေ (၃၀၀) ကျော်ရပ်နားနိုင်သောနေရာ၌ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

ထိုစင်တာ၌ ယခုလောလောဆယ်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို ထိုးနှံနိုင်ပြီး ဆေးတစ်ကြိမ်ထိုး (one dose) လျှင် ၃၂၅၀၀ ကျပ်ကျသင့်မှာဖြစ်ကြောင်းသိရပါတယ်။

" ဒီဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်ထိုးနှံခွင့်ပြုပေးထားတဲ့ ဆေးဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ထိုးနှံကြပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စာရင်းကောက်ယူမှုအရ ကမ္ဘာပေါ်မှာ ထိုးနှံမှုအများဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးက အသက် ၁၂ နှစ်ကစပြီး ထိုးနှံနိုင်သလို ကိုယ်ဝန်ဆောင်တွေလည်း ထိုးနှံလို့ရပါတယ်။" ဟု CLL မှ ဒေါက်တာရတနာမျိုးညွန့်က ပြောပြခဲ့ပါတယ်။

မိတ်ဆက်ပွဲပထမနေ့တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် CLL ကာကွယ်ဆေးထိုးစင်တာတို့အကြား အသင်းချုပ်၏အသင်းဝင်များ၊ ညီနောင်/မိတ်ဖွဲ့အသင်းနှင့် အဖွဲ့အစည်းများအတွက် ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

SEA LION လုပ်ငန်းစု၏ Group CEO ဒေါက်တာဝင်းဇော်အောင်ကလည်း “ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ စိန်ခေါ်မူ တွေနဲ့ အရည်အသွေး ပြည့်ဝတဲ့ကာကွယ်ဆေးတွေထိုးနှံဖို့ လိုအပ်ချက်မြင့်တက်လာတဲ့အတွက် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကာကွယ်ဆေးနဲ့ကြိုတင်ကာကွယ်နိုင်တဲ့အခြားရောဂါတွေ ကူးစက်ဖြစ်ပွားခြင်းကိုလျှော့ချ နိုင်ဖို့ရည်ရွယ်ပြီး CLL ကာကွယ်ဆေးထိုးစင်တာကို တည်ထောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။” ဟု ပြောကြား သွားခဲ့ပါတယ်။

စင်တာ၌ တစ်ရက်လျှင် လူဦးရေ (၂၀၀၀) ကျော်အထိ ကာကွယ်ဆေးများထိုးနှံနိုင်ရန် စီစဉ်ထားရှိပြီး ကာကွယ်ဆေး မထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို တစ်ဦးချင်း Privacy ရှိစေရန် သီးသန့်အခန်းငယ်များ စီစဉ်ထားရှိပါတယ်။

ထို့ပြင် အသက်အရွယ်ကြီးသူများ၊ လမ်းလျှောက်ရန်ခက်ခဲသူများနှင့် တစ်ဦးနှင့်တစ်ဦးရောဂါကူးစက်ခြင်းအား အလွန်အမင်းစိုးရိမ်သူများအတွက် Drive Through Vaccination (မိမိကားပေါ်တွင်ပင် ကာကွယ်ဆေးထိုးနှံခြင်း) ဝန်ဆောင်မှုများကိုလည်း CLL တွင်ရရှိနိုင်ကြောင်းသိရပါတယ်။

ကာကွယ်ဆေးများကို သိမ်းဆည်းရာ တွင်လည်း သတ်မှတ်အပူချိန် အတွင်း ရှိ/မရှိ (၂၄) နာရီ အချိန်ပြည့် Cloud based Real-time Temperature Monitoring and Alert System ဖြင့် မှတ်တမ်းတင်ပြီး သတ်မှတ်အပူချိန်မှ တိမ်းစောင်းသွားသည့်အခါတွင် တာဝန်ရှိသူများကို အလိုအလျောက်အချက်ပြအသိပေးမှာဖြစ်ကြောင်းသိရပါတယ်။

ကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် (ဖြစ်နိုင်ချေအလွန်နည်းသော်လည်း) ဓါတ်မတည့်ခြင်းအစရှိသော မမျှော်လင့်ထားသည့်နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်နိုင်ရာ CLL ၏ ကာကွယ်ဆေးထိုးခန်းတိုင်းတွင် အရေးပေါ်သုံးဆေးဝါးများထားရှိထားပြီး အရေးပေါ်ကုသရေးအဖွဲ့မှ လိုအပ်သောကုသမှုများအချိန်မီ ပေးနိုင်ရန် ပြည့်စုံလုံလောက်သော အရေးပေါ်သုံးဆေးကိရိယာနှင့် ဆေးဝါးများ စီစဉ်ထားရှိထားကြောင်းလည်းသိရပါတယ်။

"နောက်ဆိုရင် ကိုဗစ်ကာကွယ်ဆေးတင်မကဘူး။ မြန်မာနိုင်ငံမှာ တရားဝင်ထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေးအားလုံးကို တင်သွင်းထိုးနှံပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။" ဟုလည်း ဒေါက်တာရတနာမျိုးညွန့်က ပြောပြခဲ့ပါတယ်။

CLL စင်တာမှာ ပိတ်ရက်မရှိ နေ့စဥ် နံနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ ဖွင့်လှစ်ထားပြီး အသေးစိတ်သိရှိလိုပါက Call Centre ဖုန်း - 09 880 442233 ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရပါတယ်။

for Life and Longevity

://m.Facebook.com/cllimmunisationcentre

Website - www.cllvax.com/reg

02/12/2021

အာဟာရ နဲ့ ကျန်းမာသုခစကားဝိုင်း နားထောင်ကာ အာဟာရဆိုင်ရာဉာဏ်စမ်းလေးတွေ ဖြေဆိုနိုင်မည့် အစီအစဥ်
=================================

အာဟာရဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးမယ့် အစီအစဉ် ဒုတိယတစ်ရက်ဖြစ်သည့် “အာဟာရ နဲ့ ကျန်းမာသုခ (Nutrition and Wellbeing)“ အကြောင်းကို ဒီဇင်ဘာလ (၄) ရက်နေ့၊ နေ့လည် (၁)နာရီတွင် အစားအစာနှင့်အာဟာရပါရဂူ ဒေါက်တာခင်မာချိုမှ Nestlé Myanmar Page မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အောက်မှာပေးထားတဲ့ လင့်ခ်ကနေ အာဟာရဆိုင်ရာဉာဏ်စမ်းလေးတွေ ဖြေဆိုပြီးဆုလက်ဆောင်လေးတွေ ကံစမ်းနိုင်မည့်အပြင် သိလိုရာမေးခွန်းတွေကို Live မှတစ်ဆင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ လင့်ခ်ထဲကမေးခွန်းလေးတွေကို အကောင်းဆုံးဖြေဆိုနိုင်သူ (၃)ဦးကို နက်စ်လေရဲ့ အရည်အသွေးမီ အာဟာရ ထုတ်ကုန်များ မေတ္တာလက်ဆောင် ပေးအပ်သွားမှာပါ။

ဉာဏ်စမ်းဖြေဆိုရန် - https://www.quiz-maker.com/QB3RRJM9A

တိုက်ရိုက်တင်ဆက်နေချိန်အတွင်းမှာလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဉာဏ်စမ်းမေးခွန်းလေးတွေ ဖြေဆိုပြီး အာဟာရပညာရှင်များနဲ့ သိလိုရာကိုအခမဲ့ တိုင်ပင်ဆွေးနွေးခွင့်ကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။

Photos from Health Digest Journal's post 06/11/2021

ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများ
=======================

နှလုံးကျန်းမာရေးကောင်းစေဖို့အတွက် ပိုတက်စီယမ်ဓာတ်ကို ပိုစားပြီး ဆိုဒီယမ်ဓာတ်ကို လျှော့စားပေးဖို့လိုပါတယ်။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ....

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11171

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 13:30