First-Class Education
10/01/2017
ပညာရေး လမ်းညွှန် စာစောင် (အမှတ် ၁ မှ အမှတ် ၁၀ အထိ) စုဆောင်းတင်ပြအပ်ပါတယ်။
ယနေ့ လူငယ်တိုင်းကို အောင်မြင်စေလိုတဲ့ အတွက် STUDY ABROAD Information Centre မှ ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။
08/11/2015
Switzerland တက္ကသိုလ် HTMi တွင်တက်ရောက်ပြီး ဆွစ်ဇာလန်နိုင်ငံဟိုတယ်ကြီးများတွင် အလုပ်သင်(၆) လပူးတွဲလုပ်ကိုင်တက်ရောက်နိုင်
×××××××××××××××××××××××××××××××××××××××××××
ဆွစ်ဇာလန်တွင် ကျောင်းတက်ရောက်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများအနေနှင့်
STUDY ABROAD Information Centre တိုက် (အေ)၊ (၁၁) လွှာ၊ အခန်းနံပါတ် (၁၁၀၃)၊ ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်း အနီး)၊ ကမာရွတ်မြို့နယ်။ ဖုန်း- ၀၉ ၅၁၅၁ ၀၀၈၊ ၀၉ ၇၃ ၂၄၂၄ ၀၄ စုံစမ်းလျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။
ဆွစ်ဇာလန်နိုင်ငံမှာ နေထိုင်ရေး၊ ပညာသင်ကြားရေး၊ အလုပ်လုပ်ကိုင်ရေးတို့ အတွက် အထူးပင် အဆင့်မြင့်မား သော နိုင်ငံဖြစ်ပါသည်။ ပညာရေးပိုင်းဆိုင်ရာ၊ သုတေသန ပိုင်းဆိုင်ရာများနှင့် ဆန်းသစ်ပြောင်းလဲမှုများတွင် နိုင်ငံတကာ အသိအမှတ်ပြု ကမ္ဘာ့နိုင်ငံကြီးများနှင့် ရင်ဘောင်တန်း နိုင်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၏ ပညာရေးမှာ လွန်ခဲ့သော နှစ် (၂၀) ကျော်မှ စတင်ပြီး ပိုမိုမြင့်မားလာခဲ့ပါသည်။
တက္ကသိုလ် များတွင် အဓိကအားဖြင့် publicly funded အနေနှင့် (၈၀ %) ၀န်းကျင်ခန့် ရှိကြပါသည်။ ဆွစ်ဇာလန် နိုင်ငံ၏ အထူး အားသာချက်မှာ Hospitality ဘာသာရပ်အတွက် အထူးပင် ဂုဏ်သတင်း ကျော်ကြားခြင်း ဖြစ်ပါသည်။ လက်တွေ့ Internship များလည်း လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
ဆွစ်ဇာန်နိုင်ငံ HTMi (Switzerland) ကျောင်းတွင် ဘွဲ့ကြို၊ ဘွဲ့လွန်ဟိုတယ်နှင့် ခရီးသွားစီမံခန့်ခွဲမှု ဘာသာရပ်များကို ဆွစ်ဇာလန်နိုင်ငံဟိုတယ်ကြီးများတွင် အလုပ်သင် (၆) လဖြင့်ပူးတွဲသင်ယူနိုင်မည်ဖြစ်သည်။ Hotel and Tourism Management Instituet(HTMi) တွင် တက်ရောက်မည့် ဘာသာရပ်တိုင်အတွက် စာသင်နှစ်တိုင်းမှာ စာတွေ့ (၆) လနဲ့ ဆွစ်ဇာလန်မှာရှိတဲ့ ဟိုတယ်တွေမှာ (၆) လ လစာနဲ့ အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်တဲ့ Work placement အစီအစဉ် ကို ရရှိနိုင်ပါသည်။ HTMi ဘွဲ့ရများကို ကမ္ဘာ့ထိပ်တန်း ဟိုတယ်အုပ်စုကြီး (၂၀) မှ ခေါ်ယူအလုပ်ခန့်လေ့ရှိကြောင်းသိရသည်။ မြန်မာကျောင်းသူ၊ ကျောင်းသားများအနေနှင့် မိမိတို့၏ ပြီးမြောက်ထားသည့် ပညာအရည်အချင်းအလိုက် HTMi တွင် Certificate, Diploma, Higher Diploma, Bachelor နှင့် Master ပရိုဂရမ်များအားတက်ရောက်နိုင်ပါသည်။
မြန်မာနိုင်ငံမှ ဘွဲ့ရရှိထားသူများအနေနှင့် သက်ဆိုင်ရာ လုပ်သက်(၂) နှစ်အတွေ့အကြုံရှိပါက Triple Award Master ဘွဲ့ဖြစ်သော MSc Hospitality and Tourism Management (Edinburgh Napier Univerity) ၊ MBA Hospitality Management နှင့် Postgraduate Diploma in Hospitality Management ကိုလည်းကောင်း၊ (၁၀) တန်းအောင်မြင်ပြီးသူများအနေဖြင့် ဒီဂရီ ပြီးမြောက်ပါက Double Award Degree ဖြစ်သော BA(Hotel Event Management) နှင့် BSc International Hotel & Tourism Management(University of Ulster) များကို တက်ရောက်နိုင်မည်ဖြစ်ပါသည်။
အင်္ဂလိပ်စာအရည်အချင်းလိုအပ်ချက်မှာ Undergraduate အတွက် IELTS 5.0 နှင့် Postgraduate အတွက် IELTS 5.5 လိုအပ်ပါသည်။
ကျောင်းလျှောက်ထားရန် အသေးစိတ် သိရှိလိုသူများအနေနှင့် STUDY ABROAD Information Centre ဖုန်း ၀၉ - ၅၁၅၁ ၀၀၈ ၊ ၀၉ - ၇၃ ၂၄၂၄ ၀၄ ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Tower A, Room 1103, 11/Floor, Diamon Condo, Kamaryut Township
Yangon
11041