Doctor On Call
25/05/2023
“ အရေးပေါ်ဆေးကို အရေးပေါ်ကိစ္စမှာဘဲ သုံးပါ.."⚠️
🔔အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပါတယ်.. ဒါပေမယ့်လိင်မှတစ်ဆင့် ကူးစက်တတ်သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်တဲ့အတွက် သတိပြုဖို့တော့လိုမယ်နော်..
🔔ဆန္ဒတွေမထိန်းနိုင်လို့ နှစ်ကိုယ်တူ ချစ်ရည်တိုက်ပွဲနွဲ ပြီးရင်တော့ အရေးပေါ်သန္ဓေတားဆေးကို လိင်ဆက်ဆံပြီး ၃ ရက် (၇၂နာရီ) အတွင်း အသုံးပြုမှသာ အာနိသင် ရှိပါမယ်။ တစ်လအတွင်း ၂လုံးပါ ၂ကဒ် (၄ လုံး) ထက် ပို၍ မသောက်ပါနဲ့။ ပိုသောက်ပါက မျိုးဆက်ပွားစနစ်မှ ဟိုမုန်းထုတ်လုပ်ခြင်းကို ကမောက်ကမ ဖြစ်စေမှာ ဖြစ်ပါတယ်။❌❌
ဆေးသောက်ပြီးရာသီလာလို့ တိုးတိုးတိတ်တိတ် စိုးတထိတ်ထိတ် ဖြစ်နေပြီလား❓
🔔ဆေးသောက်ပြီးတဲ့နောက်ပိုင်း မိန်းမကိုယ်က သွေးဆင်းရင်၊ ဓမ္မတာမလာရင်၊ ကိုယ်ဝန်ရှိနေပြီလို့ ကိုယ့်ကိုယ်ကို သံသယဖြစ်နေရင် ဆရာဝန်ဆီ အမြန်သွားပြီးတော့ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ် မှန်ကန်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။
🔔“Stand Proud…Carry a Condom”— ဆိုတဲ့ လိင်မှုရေးရာအတွက် ကွန်ဒုံးသုံးစွဲခြင်းဟာ ရှေးရိုးစွဲဝါဒီတွေအကြား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးတဲ့နောက် နည်းနည်းကြာတော့ တားဆေးသုံးတဲ့ ကိစ္စ “ ခေတ်ထ” လာတာပါပဲ။ ဒါကြောင့်း မြီးကောင်ပေါက်တို့ရဲ့ အချိန်မတိုင်မီ လိင်မှုအတွေ့အကြုံကိစ္စတွေမှာ စိုးရိမ်စရာတွေ ဖြစ်လာရတာပေါ့။
အရေးပေါ်သန္ဓေတားဆေးလုံးကလေးများအကြောင်း
🔔အရေးပေါ်သန္ဓေတားဆေးလုံးကလေးတွေမှာ progestin လို့ခေါ်တဲ့ သန္ဓေတားပေးတဲ့ ဟောမုန်းတစ်မျိုးပါဝင်ပြီး တစ်ချို့ ဆေးတွေမှာ estrogen လို့ခေါ်တဲ့ မ ဟော်မုန်း ပေါင်းစပ် ပါဝင်ပါတယ်။ ဒီဆေးဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုးမှ တားဆီးပေးနိုင်ပါတယ်။ အတူနေပြီး ဘယ်လောက်အကြာမှာ သောက်သလဲ ဆိုတဲ့အပေါ်မူတည်ပြီး ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။
🔔အရေးပေါ် သန္ဓေတားဆေး လို့ ဆိုထားတဲ့အတွက် ဒီဆေးဟာ “ အရေးပေါ်” ကိစ္စတွေအတွက် သီးသန့် အသုံးပြုရန်သာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ မရည်ရွယ်ဘဲ ဖြစ်သွား တဲ့ ကိစ္စတွေအတွက် ထိရောက်တဲ့ ကုစားမှုတစ်ခုသာဖြစ်ပြီး ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမ မခံနိုင် ပါဘူး။ နောက်ပြီးတော့လည်း ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ AIDS ကဲ့သို့သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်ပါဘူး။
🔔အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တာနဲ့အမျှ ဖြစ်လာနိုင်တဲ့ အန္တရာယ်ဆိုးကျိုးတွေကလည်း ရှိနေပါတယ်။
အလွန်အကျွံသောက်ခြင်း၊ မကြာခဏသောက်ခြင်း၊ နားလည်မှုလွဲမှားပြီး မမှန်မကန်သောက်ခြင်း စတာတွေကြောင့် မျိုးဆက်ပွားတဲ့ အပိုင်းမှာ ပုံမှန်မဟုတ်တဲ့ ဖောက်ပြန်မှုတွေ နောက်ပိုင်းမှာ ဖြစ်လာနိုင်ပါတယ်။
21/05/2023
📌လည်ချောင်းစနာလာပြီဆိုရင်...........
👆🏻လည်ချောင်းနာတဲ့ရောဂါ၊ အာသီးရောင်တဲ့ရောဂါတွေကတော့ လူတိုင်းအဖြစ်များကြတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေကြောင့် လည်ချောင်းနာရောဂါ ဖြစ်နိုင်ချေများပြီး နှာစေး၊ ချောင်းဆိုးရောဂါများနဲ့ တွဲဖြစ်တတ်ပါတယ်။
ဒီနေရာမှာ..အပူအအေးမမျှတတဲ့အခါ၊ အပူရှပ်တဲ့အခါ၊ အေးခဲစာတွေစားမိတဲ့အခါမှာလည်း အာသီးရောင်ပြီး လည်ချောင်းနာတတ်ပါသေးတယ်။
😣ဒါကြောင့် လည်ချောင်းစနာလာပြီဆိုရင် မကြောက်ကြပါနဲ့...။
ပုံမှန်လည်ချောင်းနာတာက ဘက်တီးရီးယားပိုးသတ်ဆေးတွေ သောက်စရာမလိုပဲ ကိုယ်ခံအားစနစ်ပေါ် မူတည်ပြီးတိုက်ထုတ်ပေးနိုင်တာကြောင့် ၃ရက်ကနေ ၄ရက်အတွင်း ပျောက်ကင်းနိုင်ပါတယ်။
👉အဲ့ဒါမှမသက်သာဘဲ ကိုယ်အရမ်းပူပြီးဖျားမယ်၊ ချောင်းဆိုးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တဲ့အခြေအနေပဲဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ လည်ချောင်းစနာလာပြီဆိုရင်
✅ ဆားရေနွေးလေးကို တစ်နေ့(၃)ကြိမ် ငုံပေးပါ။
✅ရေများများသောက်ပေးပါ။
✅ ဟင်းရည်ပူပူ (သို့) ဂျင်းပြုတ်ရည်လေးကို သောက်သုံးပေးပါ။
✅ အပူအပုပ်ကင်းစေဖို့ ဝမ်းမချုပ်စေအောင် သတိပြုပါ။
🚫လည်ချောင်းနာတဲ့အချိန်မှာရေခဲရေသောက်ခြင်းကိုတော့ လုံးဝရှောင်ကြဉ်ပေးရပါမယ်။
17/05/2023
❓❓ကိုဗစ်ကာလမှာ ဆီးချိုသမားတွေ ဘယ်လို နေထိုင်စားသောက်သင့်လဲ ????
ခု လတ်တလော မှာ ကိုဗစ်တွေ ပြန်ဖြစ်နေကြတာကို သိကြမှာပါ💁
💛ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု့က ပျံပွားမူတွေ များပြားလာတာကြောင့် ရောဂါအခံရှိသော အသက်ကြီးသူများအနေနဲ့ ဆီးချိုရောဂါကို ဘယ်လို ကာကွယ်မလဲ ဘယ်လိုနေထိုင် စားသောက်သင့်လဲ ဆိုတာကို Doctor On Call မှ ပြောပြပေးမှာဖြစ်ပါတယ်။
💚ဆီးချိုရောဂါဟာ နာတာရှည်ရောဂါ တစ်ခုဖြစ်ပြီး အစားအသောက်အင်မတန် ဆင်ခြင်ရပါတယ်။ မဆင်မခြင် စားသုံးရင် သွေးတွင်း သကြားဓာတ် မညီမမျှဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ တစ်သီကြီး ဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် ယခုလို ကိုဗစ်ကာလမှာ ဆီးချိုရောဂါဖြစ်နေရင် ဘယ်အစားအသောက်ကို ဘယ်လိုစားသုံးမလဲဆိုတာ သိပ်အရေးကြီးလာပါပြီ။
🖤ဆီးချိုရောဂါအတွက် ကာဗွန်ဟိုက်ဒရိတ်ကို ရှောင်သင့်လား…
ကာဗိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်တဲ့ အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးမယ်ဆိုရင် သူလည်း ပါဝင်သင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တိုင်းက ကိုယ်တွင်း သကြားဓာတ်ကို ထိခိုက်စေတာတော့ မဟုတ်ပါဘူး။
✔ကာဗိုဟိုက်ဒရိတ်ကို သကြားဓာတ်ချည်းပဲဖြစ်တဲ့ (ရိုးရိုးကာဗိုဟိုက်ဒရိတ်) နဲ့ ကစီဓာတ် (အဆင့်မြင့် ကာဗိုဟိုက်ဒရိတ်) ရယ်လို့ ခွဲခြားနိုင်ပါတယ်
ရိုးရိုး ကာဗိုဟိုက်ဒရိတ်
1️⃣ ဂလူးကို့စ်၊ စူးခရို့စ်၊ ပျားရည်၊ သစ်သီးယိုနဲ့ သကြားလုံးတွေ ဖြစ်ပါတယ်။
အဆင့်မြင့် ကာဗိုဟိုက်ဒရိတ်
2️⃣ ပေါင်မုန့်၊ ဆန်၊ ပါစတာ၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး စတာတွေ ပါဝင်ပါတယ်။
💙ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (ဥပမာ- သကြားလုံး) စားလိုက်တဲ့အခါ သကြားဓာတ်က သွေးတွင်းကို ပိုမြန်မြန် ဝင်သွားလေပါပဲ။ ဒီအခါ စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ်တွေ ချက်ချင်းထောင်တက် သွားပါတယ်။
ဆန်လုံးညိုတွေ စားလို့ ရပါတယ်…။
🖤ဆန်လုံးညိုရော ဆန်အဖြူတွေရောမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက အတူတူပါပဲ။ ဆန်လုံးညိုမှာ အမျှင်ဓာတ် ပါဝင်မှု ပိုများပါတယ်။ အမျှင်ဓာတ်ကြောင့် အစာချေဖျက်မှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် စုပ်ယူမှုကိုလည်း နှေးကွေးသွားစေပါတယ်။ ဒါ့ကြောင့် စားပြီးပြီးချင်း ဆီးချိုတက်သွားတာတွေ မဖြစ်စေဘဲ သကြားဓာတ်ကို ထိန်းထားနိုင်စေပါတယ်။ ဆန်လုံးအညိုတွေမှာ မဟုတ်ပါဘူး၊ ပေါင်မုန့်ကြမ်း၊ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ကွေကာအုတ်တွေ စားသုံးပေးမယ်ဆိုရင်လည်း တူညီတဲ့ရလဒ် ရရှိစေမှာဖြစ်ပါတယ်။
👉ဒါကြောင့် ဆီးချိုသမားများအနေဖြင့် နေ့စဉ်အစားအစာမှာ ဒီလိုတွက်ချက်ပြီးတော့ စားပေးပါနော်…
👉 နေ့စဉ်ကိုယ်စားသုံးမယ့် ကာဗိုဟိုက်ဒရိတ်ပမာဏကို တွက်ချက်ပြီး စားသုံးပါ။
👉 သွေးတွင်းသကြားတက်မှာစိုးပြီး မစားပဲလည်း မနေပါနဲ့။ ဒီလိုဆို Hypoglycemia ခေါ်တဲ့ သွေးတွင်းသကြားဓာတ် အလွန်အကျူး ကျဆင်းသွားတဲ့အခြေအနေ ဖြစ်သွားနိုင်ပါတယ်
👉 သကြားပါတဲ့ အချိုစာတွေကို တတ်နိုင်သမျှ မစားသုံးဘဲ သူတို့နေရာမှာ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ပါစတာ၊ ကွေကာအုတ်စတာတွေကို အစားထိုး စားသုံးပေးပါ။
💁♀️အခုလို ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို သတိပြုလိုက်နာပြီး ကျန်းမာပျှော်ရွှင်သောဘဝကို ပိုင်ဆိုက်လိုက်ရအောင်နော်....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon
11061