Sakura Hospital
Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate over 100 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009
30/05/2026
ခါးနာခြင်းဟာ လူတော်တော်များများခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ အချို့လူတွေမှာ အချိန်ကြာကြာထိုင်ရခြင်း၊ အလေးအပင်မခြင်း သို့မဟုတ် အလုပ်ပင်ပန်းခြင်းကြောင့် ခဏတာခါးနာတတ်ပြီး အနားယူလိုက်တဲ့အခါ သက်သာသွားတတ်ပါတယ် ☘️
ဒါပေမယ့် “ခါးနာတာပဲ၊ အနားယူလိုက်ရင်ပဲ ကောင်းသွားမယ်” လို့ အမြဲယူဆထားရင်တော့ မှားသွားမှာပါ။ အချို့ခါးနာမှုတွေဟာ ကြွက်သားတင်းတာ၊ ညောင်းညာတာကြောင့်ဖြစ်လို့ အနားယူလိုက်ရင်သက်သာသွားနိုင် ပေမဲ့ အချို့အခြေအနေတွေမှာတော့ အာရုံကြော၊ ကျောရိုး သို့မဟုတ် အခြားရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်တဲ့အတွက် ဂရုစိုက်သင့်ပါတယ် ❗️
ဘာကြောင့် ခါးနာရသလဲ?
ခါးနာခြင်းဖြစ်စေတဲ့ အကြောင်းအရင်းတွေ များစွာရှိပြီး များသောအားဖြင့် အောက်ပါအကြောင်းအရင်းတွေ ကြောင့်ဖြစ်နိုင်ပါတယ်
👉🏼 အချိန်ကြာကြာထိုင်ခြင်း
👉🏼 ထိုင်သည့် ကိုယ်နေဟန်ထားမမှန်ခြင်း
👉🏼 အလေးအပင်မမှန်ကန်စွာမခြင်း
👉🏼 ကြွက်သားနှင့် အရွတ်တင်းခြင်း
👉🏼 ကျောရိုးဆစ်အကြားအပြား (disc) ပြဿနာများ
👉🏼 အာရုံကြောဖိမိခြင်း
👉🏼 အသက်အရွယ်ကြောင့် ကျောရိုးဆစ်များ ယိုယွင်းလာခြင်း
စတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
အနားယူတာက အမြဲအကောင်းဆုံးနည်းလား?
ခါးနာတဲ့အခါ ခဏတာအနားယူခြင်းက သက်သာစေနိုင်ပေမယ့် အချိန်ကြာကြာ လှုပ်ရှားမှုမလုပ်ဘဲ အိပ်ယာထဲပဲလှဲနေတာကတော့ မကောင်းပါဘူး။ အကြောင်းရင်းကတော့ ကိုယ်လက်လှုပ်ရှားမှုလုံးဝမရှိတော့တဲ့ အခါမှာ ကြွက်သားတွေ ပိုအားနည်းသွားနိုင်ပြီး ခါးနာမှု ပိုကြာရှည်သွားနိုင်ပါတယ်။ ဒါကြောင့် အများအားဖြင့် ပေါ့ပါးတဲ့နေ့စဉ်လှုပ်ရှားမှုတွေကို တဖြည်းဖြည်း ပြန်လုပ်ပေးတာက ပိုအကျိုးရှိတတ်ပါတယ် ✅
ဘယ်လိုအခြေအနေတွေဆို မပေါ့ဆသင့်ဘူးလဲ?
အောက်ပါလက္ခဏာတွေရှိရင်တော့ ခါးနာတာကို အနားယူရုံနဲ့ မထားဘဲ ဆရာဝန်နှင့် ပြသစစ်ဆေးဖို့ လိုအပ်ပါပြီ
⚠️ ခါးနာမှု ၂ ပတ်မှ ၄ ပတ်အထိ မသက်သာခြင်း
⚠️ ခြေထောက်ထိ ထုံခြင်း၊ စူးခြင်း သို့မဟုတ် နာကျင်ခြင်း
⚠️ လမ်းလျှောက်ရခက်ခြင်း
⚠️ ဆီး/ဝမ်းထိန်းရခက်ခြင်း
⚠️ ဖျားခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်းနှင့် တွဲဖြစ်ခြင်း
⚠️ ထိခိုက်ဒဏ်ရာရပြီးနောက် ခါးနာခြင်း
ဒီလိုအခြေအနေတွေက ကျောရိုးဆစ်၊ အာရုံကြော သို့မဟုတ် အခြားရောဂါအခြေအနေတွေနဲ့ ဆက်စပ်နေနိုင်တာကြောင့် အရိုးအကြောဆိုင်ရာဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံးပြသပြီး လိုအပ်တဲ့စစ်ဆေးမှု၊ ကုသမှုတွေ ခံယူဖို့အရေးကြီးပါတယ် ❗️
ခါးနာခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ?
ခါးနာခြင်းက နေ့စဥ်သွားလာလှုပ်ရှားမှုကို အများကြီးအနှောင့်အယှက်ပေးနိုင်တဲ့အတွက် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့်ခါးနာဝေဒနာမခံစားရစေဖို့ အောက်ပါအချက်တွေ ကိုလိုက်နာသင့်ပါတယ် ⬇️
💜 ထိုင်နေချိန် ကိုယ်နေဟန်ထားမှန်အောင် ဂရုစိုက်ပါ
💜 အချိန်ကြာကြာ မထိုင်ဘဲ ခဏခဏထလှုပ်ရှားပါ
💜 ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
💜 ခါးနှင့် ဗိုက်ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ
💜 အလေးအပင်မချိန် မှန်ကန်သောပုံစံဖြင့် မပါ
💜 ကိုယ်အလေးချိန် ထိန်းညှိပါ
=======================================================
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️ Phone: 01 7512668/69 (Hotline), 09424405952/53, 09 965121864/65
✉️ Mail: [email protected]
🖥️ Website: sakurahospital.com.mm
-health
12/05/2026
"𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟔"
"ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ရှေ့တန်းမှအမြဲရှိနေပြီး “Compassion, Care & Commitment” ဟူသော တာဝန်များနှင့် သူနာပြုများ၏ စိတ်ဓာတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ဆာကူရာဆေးရုံ၏ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟔 အခမ်းအနားကို ကျင်းပခဲ့ပါသည်။
အခမ်းအနားအတွင်း 𝐂𝐡𝐢𝐞𝐟 𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐎𝐟𝐟𝐢𝐜𝐞𝐫 မှ သူနာပြုများ၏ ကြိုးစားအားထုတ်မှုများ၊ လူနာများအပေါ်ထားရှိသည့် စေတနာမေတ္တာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ထမ်းဆောင်နေသည့် အရေးပါသော တာဝန်များကို ကျေးဇူးတင်ဂုဏ်ပြုဖော်ပြရင်း သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ "ကရုဏာအလင်း" သီချင်းအား သံပြိုင်သီဆိုဂုဏ်ပြုခြင်း၊ အမှတ်တရကိတ်ခွဲခြင်း၊ ပျော်ရွှင်စွာ Lucky draw နှိုက်ခြင်း၊ Game ကစားခြင်းအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဆာကူရာဆေးရုံအနေဖြင့်လည်း “Nurses are the heartbeat of healthcare” ဟူသော စကားလုံးအတိုင်း လူနာများ၏ ကျန်းမာရေးနှင့် မျှော်လင့်ချက်များကို နေ့စဉ်မပြတ် ထိန်းသိမ်းပေးနေကြသော သူနာပြုအားလုံးအတွက် ဤနေ့သည် ဂုဏ်ယူဝမ်းမြောက်ဖွယ် အမှတ်တရနေ့တစ်နေ့အဖြစ် အထူးကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။"
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Address
21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111