Beautiful Life Bakery
26/11/2022
မင်္ဂလာညချမ်းလေးဖြစ်ပါစေ။ 💙💜💚💙💜💚
06/11/2022
တန်ဆောင်တိုင်အချိန်အခါလေးမှာ အားလုံးသောချစ် customers လေးများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ်ရာ အားလပ်ရက် အချိန်အခါလေးများကို ပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ် ရှင့်။
ပျော်ရွှင်စရာ သီတင်းကျွတ်နေ့လေးဖြစ်ပါစေရှင့်။ 💖💖💖💖💖💖
18/06/2022
အပြည်ပြည်ဆိုင်ရာ ဗောဓိအေးငြိမ်းရိပ်သာ (မန္တလေး) တွင် ၄၅ ရက် တရားစခန်း ဖွင့်လှစ်ပါမည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ ရွှေကျင်ရေတောင် ဗောဓိအေးငြိမ်းရိပ်သာ မြေဇင်းဆရာတော်ကြီး၏ နည်းဥပနိသျအတိုင်း သမထဝိဿနာ ( ပထမအကြိမ်) (၄၅) ရက် တရားစခန်းကို ဝါဆိုလဆန်း (၈) ရက်နေ့ (5-7-2022) အဂ်ါနေ့တွင် ဆရာတော် အရှင်ကေလာသ အရှင်ကိတ္တိသာရ အရှင်သူမြတ်နှစ်ပါးမှ ပြသမည် ဖြစ်ပါသည်။
စတင်ဖွင့်လှစ်မည့်နေ့ 5.7.2022
ပြီးဆုံးမည့်နေ့ 18.8.2022
၄၅ ရက်ကြာမြင့်မည် ဖြစ်ပြီး ရက်အပြည့် အားထုတ်နိုင်သူများသာ လက်ခံမည် ဖြစ်ပါသည်။
အားထုတ်နေစဉ် ၄၅ ရက် ကာလအတွင်း အားထုတ်သူ ယောဂီများ၏ဖုန်းအား ကျောင်းမှ (ခေတ္တ) သိမ်းဆည်းထားမည် ဖြစ်ပါသည်။
အားထုတ်နေစဉ် ၄၅ ရက်အတွင်း ယောဂီအချင်းချင်း အဆောင်လည်ပတ်ခြင်း၊ စကားစမြည် ပြောဆိုခြင်းအား တင်းကြပ်စွာ တားမြစ်ထားပြီး ( အကြိမ်ကြိမ် စည်းကမ်း မလိုက်နာပါက) အိမ်ပြန်လွှတ်ခြင်းခံရပါမည်။
ယူဆောင်လာရမည့်ပစ္စည်းများ
၁) ယောဂီဝတ်စုံ အင်္ကျီအဖြူ၊ လုံခြည်အညို
၂) ထီး၊ ဓါတ်မီး၊ သောက်နေကြ ဆေးဝါး (၄၅ ရက်စာ)
၃) စောင်၊ခြင်ထောင် ခေါင်းအုံး
၄) သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ ၊ ရေနွေးဓါတ်ဘူး၊ အစရှိသော တကိုယ်ရည် အသုံးဆောင် ပစ္စည်းများ
ရိပ်သာ လိပ်စာ
ဗောဓိအေးငြိမ်းရိပ်သာ၊ ရွှေကျင်ရေ တောင်ခြေ၊ ရှင်တော်ကုန်းကျေးရွာ၊
ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း။
ရိပ်သာဝင်ကြေး၊ ဆွမ်းစားရိတ်၊ မည်သည့် စားရိတ် မည်သည့်ဝင်ကြေးမှ ပေးသွင်းရန်မလိုပါ။
အားထုတ်မည့် ယောဂီတစ်ဦးစီတိုင်းအတွက် ရေချိုးခန်း၊ အိမ်သာ တွဲလျက် သီးသန့် အဆောင်တစ်လုံးစီ စီစဉ်ပေးထားမည်ဖြစ်ပါသည်။
လက်ခံနိုင်သည့် အရေအတွက်မှာ အကန့်အသတ် ရှိသောကြောင့် ပြီးဆုံးသည်အထိ အားထုတ်မည်ဟု ဆန္ဒပြုနိုင်မှသာ စာရင်းပေးသင့်ပါသည်ခင်ဗျာ။
ရိပ်သာ၏ ဖွဲ့စည်းပုံမှာ တောင်ကုန်းပုံသဏ္ဌာန်၊ အတက်အဆင်းပုံသဏ္ဌာန် ဖြစ်သောကြောင့် လမ်းလျောက်ရန် အခက်အခဲ ရှိသူများ မသင့်လျော်ပါ။
စာရင်းပေးသွင်းနိုင်သည့် ဖုန်းနံပါတ်များ
မဝတ်ရည် 09 772183054
မနီလာ 09 898299629
မလွင်ချိုအေး 09799304275
တရားစခန်းအတွက် ဆွမ်းလှူဒါန်းလိုခြင်း ဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်သွယ်ရမည့် ဖုန်းမှာ မနီလာ 09 898299629 ဖြစ်ပါသည်။
18/11/2019
Cream နဲ့ ကိတ်မစားချင်တဲ့ ညီမလေးအတွက် cheesecake နဲ့ မွေးနေ့ကိတ်လေးဖန်တီး....
Click here to claim your Sponsored Listing.
Category
Telephone
Address
Sanchaung Township
Yangon
11111
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |