MMAC College
06/12/2019
🎓🎓Rehersal Program For HND Graduation Ceremony🎓🎓
-----------------------------------------------------
🎓🎉✨MMAC College ၏ ဒုတိယအကြိမ် (2017) ပညာသင်နှစ် HND Graduation Ceremony Rehearsal အခမ်းအနားကို ယနေ့(6.12.2019 ) MMAC Hall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်...
🎉✨✨အနာဂတ်မှာ လင်းလက်တောက်ပသော ကြယ်ပွင့်ဘေလးမှား ဖြစ်ပါစေလို့ ဆုတောင်းလျက်...
🎓Final Graduation Ceremony🎓
Date : December 8 , 2019 (Sunday)
Place : Novotel Hotel (Bagan Hall)
24/09/2019
Branding ဆိုတာ..❓
= = = = = = = = = =
Branding ကတော့ Marketing နဲ့ မတူပါဘူး။ Marketing က prospects တွေကိုများလာအောင် customer တွေကို လိုက်ဆွဲယူရတာဆိုရင်၊ Branding ကတော့ လူတွေကို Influence လုပ်ရတာပါ။ အရမ်းကိုကွဲပြားခြားနားပါတယ်။
Branding ကလူတွေရဲ့ စိတ်ခံစားချက် Emotionတွေ၊ မသိစိတ်ထဲကရော သိစိတ်ထဲကပါ လိုချင်လာအောင်၊ လိုအင်ဆန္ဒဖြစ်လာအောင် Desire တွေကို အဓိကလွှမ်းမိုးဖို့ လုပ်ဆောင်တာပါပဲ။ Branding မှာ အဓိကရည်ရွယ်ချက် တစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ Consumer တွေက ကိုယ့် Product ကိုယ့် Service မှာ ဘာတွေပါလဲ၊ ဘာတွေ သူများထက်ကောင်းလဲဆိုတာကိုတောင် မစဉ်းစားပဲ သူတို့ရဲ့ Emotion အရကို ကိုယ့်ရဲ့ product တွေ Service တွေကို အသုံးပြုလာအောင်၊ ကိုယ်နဲ့ Business Relationship တစ်ခုတည်ဆောက်ချင်လာအောင် လမ်းကြောင်းပေးတာပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။
"Emotion အရကိုဆုံးဖြတ်သွားအောင် လမ်းကြောင်းပေးရတာဟာ Branding ပါ " .. ဒီထက်ပိုရှင်းအောင် ထပ်ပြောရရင် ကိုယ်ရဲ့ Product ကို ဘယ်လို Position ယူထားသလဲ.. Positioning ပေါ့။ လူတွေက ကိုယ့်ရဲ့ productကို တွေ့တာနဲ့ လုံးဝကိုမငြင်းနိုင်တဲ့ ပြင်းပြတဲ့ဆန္ဒ မသိစိတ်ထဲမှာရော သိစိတ်ထဲမှာရော ရှိနေအာင် လုပ်ထားနိုင်ပြီဆိုရင် Branding အောင်မြင်ပြီပဲလို့ ပြောလို့ရပါတယ်။
ဥပမာတစ်ခု ပြောကြည့်ရအောင်။ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးမှာ ကိုယ်အမြဲတန်းဝယ်နေတဲ့ Product တွေ ရှိကြတယ် မဟုတ်လား။ ဥပမာ Supermarket သွားတယ်.. အဲ့ဒီ Brand တွေ့တာနဲ့ ခြင်းထဲထည့်လိုက်တယ်။ အခြား သူ့ထက်ကောင်းတဲ့ ရွေးခြယ်စရာရှိလား မရှိလားတောင် မစဉ်းစားတော့ပဲ ဝယ်လိုက်တာမျိုးတွေ လုပ်မိသလား စဉ်းစားကြည့်လိုက်ပါ.. လုပ်မိတယ်ဆိုရင် အဲ့ဒါBranding လို့ပဲနားလည်လိုက်ပါ။ အဲ့ဒီ product ရဲ့ companyက ခင်ဗျားတို့ ကျွန်တော်တို့ကို supermarket လာတိုင်း သူ့product ကိုသုံးဖို့ convince လုပ်နေစရာ၊ sales လုပ်နေစရာ၊ marketing လုပ်နေစရာ မလိုတော့ဘူး။ ရောက်တာနဲ့ လူတွေကတန်းဝယ်တာပဲ။ တစ်ခါတစ်လေ ကိုယ့်ဈေးဝယ်ဖော်က လာပြီး အဲ့ဒါမကောင်းဘူး တခြားဝယ်ဆိုရင်တောင် ကိုယ်ဝယ်ချင်တဲ့ Brand ကိုပဲ မရရအောင်ဝယ်လာတာ။ မကောင်းဘူးပြောတဲ့ သူငယ်ချင်းကိုတောင် ကိုယ်ကြိုက်တဲ့ Brand ကိုဝယ်ဖို့ တိုက်တွန်းတာမျိုးတောင် လုပ်မိကြတာမျိုး ရှိကြတယ် မဟုတ်လား? .. ဒါကြောင့် Branding က Influencing ပါပဲ။
ခင်ဗျားတို့ဟာ Business Owner ဆိုရင် အဓိကစဉ်းစားဖြေရှင်းရမယ့် challenge က .. "လူတွေ ကိုယ်ရောင်းတဲ့အရာတစ်ခုကို မလိုအပ်ခင်ကတည်းက ကိုယ့် Brandက သူတို့ရဲ့ choice လုပ်မယ့် Brand ဖြစ်နေဖို့ လိုတာပါပဲ".. ဥပမာ ။ လူတွေ Coach လိုတယ်လို့ မထင်ခင်ကတည်းက လူအများကြိုက်တဲ့ Coach ဖြစ်အောင် လုပ်ထားတာမျိုး။ Lawer လိုတယ်လို့ မထင်ခင်ကတည်းက လူကြိုက်အများဆုံး Lawer ဖြစ်အောင် Brand တင်ထားတာမျိုး။ နောက်ထပ် ဥပမာ အနေနဲ့ .. Fashion product တွေ၊ အလှကုန်၊ ကား၊ Professional service၊ Product ဘာတွေပဲဖြစ်ဖြစ် ကိုယ်ကလူတွေ မလိုအပ်ခင်ကတည်းက လိုအပ်လာမယ် ဆိုရင် ကိုယ့် product၊ ကိုယ့် service ပဲသုံးအောင် လုပ်ထားတာရမယ်။ ကိုယ်က သူတို့ရဲ့ " Go to person/ product for their _____" ဖြစ်အောင်လုပ်ထားတာဟာ Business တွေရဲ့ အဓိက ဖြေရှင်းရမယ့် challenge ပါပဲ..
Crd Sr.William Kyaw
21/08/2019
"စီးပွားရေး ကို လေ့လာနေသူတွေတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းများ"
(၁) ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း....မြတ်ငြိမ်း
(၂) စီမံခန့်ခွဲမှုနှင့် ဆွန်ဇူး၏ စစ်ရေးဗျူဟာ....ဝင်းသိန်းဦး
(၃) ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ကျွန်တော်နဲ့ဆောင်းပါးများစုစည်းမှု
(၄) ကျွမးကျင်တဲ့ရင်းနှီးမြှုပ်နှံသူဖြစ်ဖို့ ....ညီညီနိုင်
(၅) ဦးဝင့်ကျော် ...ဘဏ်အကြောင်း ငွေအကြောင်း
(၆) ဖေမြင့် ....ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်
(၇) စီးပွားရေးမျက်စိ ...ဒေါက်တာ ခင်မောင်ညို ဘောဂဗေဒ
(၈) အောင်မောင်း....ကြော်ငြာ ခြင်းအနုပညာ
(၉) တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေး လုပ်ငန်း ထူထောင်ခြင်း ဖွံဖြိုးအောင်ပြုလုပ်ခြင်းနည်းများ...ဦးကျော်ညွန့်
(၁၀) ယုံမှတ်လို့ပုံအပ်မိသူများအကြောင်း ...မေတ္တာရှင် ရွှေပြည်သာ
(၁၁) မောင်ပေါ်ထွန်း...အမြန်ဆုံး သူဌေးဖြစ်နည်း
(၁၂) အောင်မြင်မှု ချမ်းသာသုခ နှင့်ဓန ဥစ္စာ...ဖေမြင့်
(၁၃) ဦးနု...မိတ္တ ဗလ ဋီကာ
(၁၄) 10 DAY MBA ဖြင့် နိုင်ငံတကာ စီးပွားရေး လုပ်ကိုင်ခြင်း
(၁၅) ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အကဲဖြတ်နည်းများ...ဦးလှကြည်..ညွှန်မှူးငြိမ်း...စာရင်းစစ်ချုပ်ရုံး
(၁၆) စီမံခန့်ခွဲမှု အမေးအဖြေများ ၁+၂ ...ဒေါက်တာ ခင်စန်းရီ
(၁၇) ငှါးရမ်းမှုစာချုပ်စာတမ်းရေးသားနည်း အမျိုးမျိုး ......ကျော်မောင်မောင်
(၁၈)အခွန် တိမ်းရှောင်ခွင့် အခွန် ကင်းလွတ် ခွင့် အခွန်စံနစ်ပြုပြင်ပြောင်းလဲရေး....Mမောင်မောင်
(၁၉) အိမ်ခြံမြေအကြောင်းသိကောင်းစရာများ....ကြည်စိုး..IC
(၂၀)စတော့ဖြင့် လက်တွေ့စီးပွားရှာနည်း....ဒေါ်သန်းသန်းမော်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon