Gadei Han Car Rental Services

Gadei Han Car Rental Services

Share

14/12/2023

"ဒကာ့ကျွန်ခံဘုန်းကြီး မဖြစ်ကြပါစေနဲ့"

ကျောင်းဆောင်ကို၊ ခေါင်းထောင်ကြည့်လိုက်
တော့ ဝရံတာမှာ ကလေးနို့လှန်တိုက်နေရှာတဲ့
သားသည်မိခင်ကို တွေ့ရ။ မဆန်းပါဘူးလေ
ကျောင်းတိုင်းလိုလိုမှာ သင်္ကန်းနဲ့ ပုဆိုးထဘီ၊
တစ်တန်းထဲလှန်းနေတာ ရိုးရာလိုဖြစ်နေပြီ
ဆိုမှတော့၊ ကျောင်းတို့ရဲ့ရိုးရာ မျိုးဘာသာ
ဖျက်ပွဲတစ်ခုလို့ပဲ မှတ်ယူရုံပေါ့။

စိတ်ပြေလက်ပျောက် ဘုရားတွေလျှောက်
ဖူးတော့ ခြောက်ထပ်ကြီးစောင်းတန်းမှာ
ဘော်လီတွေ ဆိုဒ်စုံရတယ် ဆိုတာလည်းတွေ့ရ။
သြော် သားအဖတွေ စည်းလုံးနေပုံများ ပြည့်လျှံ
အဖုံးပွင့်ထွက်နေတဲ့ စည်ပင်အမှိုက်ပုံးကြီးလို။

ဒီလိုနဲ့သာသနာဟာ ယင်တွေတဝီဝီနဲ့
စည်စည်ကားကား၊ နွားကျောင်းသားလက်ထဲက
ပုလွေသံလောက်မှ မချိုသာတော့။

"ဒါနတော ဘောဂဝါ" တွေ လှိုင်လှိုင်ပြောပီး၊
ဘဏ်တိုးတွေနဲ့ အမျိုးတွေနဲ့ နှပ်နေကြတာလည်း၊
ဓမ္မကထိက လက်သစ်တစ်ချို့ရဲ့ ခရိုနီဈေးကွက် နည်းစနစ်တစ်ခု။ သူ့ကျောင်းမှာ သင်္ကန်းအပြဲနဲ့
ကိုရင်လေးက ခြုံစရာစောင်မရှိ။ သာသနာရဲ့
မျိုးဆက်သစ်လေးဟာ သူ့အမျိုးမဖြစ်တာ
တစ်ခုထဲနဲ့တင်၊ လေမတိုက်ပဲ လဲပေးလိုက်ရတဲ့
သစ်ပင်လေးပေါ့။

နောက်မှ လူကြားကောင်းအောင်
သာသနာ့ကုန်ကြမ်းတွေ ရှားကြောင်း၊
အနာဂတ်အတွက် ရတက်မအေးဟန်
ဝမ်းခေါင်းလေသံကြီးနဲ့ ဟန်ပါပါ
ညည်းကြတာပေါ့လေ။ တရားခံဟာ
တရားလိုပဲဆိုတာ အဖြေမပေါ်ခင်
တစ်နေ့အထိ အဆင်ပြေနေပါလိမ့်ဦးမယ်။

လပြည့်ည ရွှေတိဂုံမှာတော့ ရွှေတွေပုံနေ
တော့ ဝင်းနေတာပဲ။ ဘုရားရှေ့မှာ တရားနဲ့မွေ့နေ
သူထက် ဖုန်းတကားကားနဲ့ ဆယ်ဖီသမားတွေ
ရယ်၊ အီစီကလီညုနေတဲ့ သမီးရည်းစားတစ်စု
ရယ်၊ သင်္ကန်းဝတ်သူတောင်းစားတွေရယ်
လပြည့်ညမှာ ပြည့်ပြည့်ဝဝ ဖူးလိုက်ရတယ်။

ထမင်းဆိုင်တွေကလည်း အပြိုင်အဆိုင် "အရှင်ဘုရားတို့ ဝက်သားနဲ့လား? ကြက်သားနဲ့
လား? ကြိုက်သလိုစား တစ်ပွဲ ထောင့်ငါးရာ"တဲ့။
ညကြီးအချိန်မတော် သူဘယ်လိုများ အော်ထွက်
ပါလိမ့်၊ ကြားစက စိတ်ထဲထင့်သွားတယ်။

နောက်မှ 'ပါရာဇိကဏ် ဝိနီတဝတ္ထု'ထဲက
'မက္ကဋီ'မျောက်မကို အာရုံပြုကြည့်မိရင်း
သဘောပေါက်တယ်။ ဪ အားလုံးကို
'သူ့ဖောက်သည်တွေ'ဆိုတဲ့ အကြည့်မျိုးလေ။

မန္တလေး ဂေါဝိန်ဆိပ်ကမ်းလမ်းမှာလည်း
ညဘက်အပြန် မအောင့်နိုင်လို့ ကျင်ငယ်ဆင်း
စွန့်တော့ အနားမှာ ဒကာတစ်ယာက် တိုးတိုးလေး
ကပ်လျှောက်တယ်။ "လုပ်ဦးမလား? တစ်သောင်း
ပဲ”တဲ့။ ဪ အားလုံးကို မက္ကဋီမျောက်မတွေက
ဖောက်သည်လို ကြည့်ကုန်ကြပြီ။

ပိုက်ဆံအိတ် ဖောင်းဖောင်းနဲ့ ကားအကောင်း
စားကြီးများ၊ ကျောင်းထဲဝင်လာရင် ခြေသလုံး
ပြေးမဖက်ရုံတမယ်၊ သာသနာကို ကာကွယ်နေတဲ့ သာသနာစောင့် ကျောင်းထိုင်ဘုန်းတော်ကြီးများ
လည်း ရှိရဲ့။

ကျောင်းရှေ့ မျက်နှာသာမှာလည်း ဆိုင်ခန်း
တွေအသီးသီးနဲ့ ဘုန်းကြီးတို့ အမျိုးစောင့်ရှောက်
ထားပုံများ၊ 'ကုသိုလ်လည်းရ ဝမ်းလည်းဝ'ဆိုပဲ။

အထပ်မြင့်ကျောင်းကြီးတွေ ဆောက်ဖို့
နှိုးဆော်စာ ဆိုင်းဘုတ်က "သဗ္ဗဒါနံ ဝိဟာရဒါနံ
ဇိနာတိ" တဲ့။ ရဟန်းသစ်တစ်ပါး လက်ခံဖို့ကျ
ဒီအထပ်မြင့် ကျောင်းကြီးတွေမှာ၊
ကျောတစ်နေရာစာ နေရာအတော်ရှားတယ်။

ကျောင်းကြီးလည်းပြီးရော မောင်းတီးပြီး
အမျိုးတွေခေါ်ထားကြ၊ ဒီလိုနဲ့ ကျောင်းတွေဟာ
ပရိယတ်အသံတိတ် ပဋိပတ်အကျင့်တွေပျောက်
လို့ ဘောလုံး နှစ်လုံး သုံးလုံး ဖဲဝိုင်းတွေနဲ့ မာတု
ကာမထဘီတန်းတွေ ကျောင်းခေါင်ချိတ်ကုန်ပြီ။

"စိရံ တိဋ္ဌတု" အသံကောင်းဟစ်ဟစ်၊
တစ်မြို့လုံးကြားအောင် လော်တပ်ပြီး ပဋ္ဌာန်း
ရွတ်ရွတ်၊ ဒီအညစ်တွေကိုi ခေါင်းကစပြီး
လောင်းမရှင်းသရွေ့၊ ဒီသာသနာဟာ
ဘယ်တော့မှ လင်းလာမှာမဟုတ်။

ကိုယ့်အမှောင်နဲ့ကိုယ် မျက်နှာပြောင်တိုက်ပြီး
အမိုက်ပြိုင်နေပုံများ၊ ဆွမ်းစားဝိုင်းမှာ
ကားအကြောင်းတွေ လှိုင်လှိုင်၊ ကျောင်းချင်း
တပြိုင်ပြိုင်နဲ့ ဓမ္မအသံတွေ ဆိတ်သုဉ်းလို့၊
"ဒီနေ့ကပ်တဲ့ ဝက်သားဆွမ်းက မနေ့က
သုံးထပ်သားလောက် မလန်းဘူး"ဟု လေးထပ်
ကျောင်းထိုင် ဆရာတော်တစ်ပါးကလည်း မိန့်။

သဲစိုပေါ် ဗိုက်မှောက်ပြီး ပိဋကတ်တော်များ
မပျောက်ပျက်အောင်၊ စောင့်ရှောက်လာခဲ့တဲ့
ရှေးဆရာ မထေရ်ကြီးများ၊ ဘဝဂ်ဘုံမှာရှိသေးရင်၊
ဒီအသံတွေကြား ဘယ်လောက်များနားခါးရှာမလဲ။

ဝေသာလီမှာ အငတ်ကပ်ဆိုက်တော့
"မြေလှန်ပြီး မြေဆီထုတ်ကပ်မယ်"ဆိုတဲ့ တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ကို မြတ်ဗုဒ္ဓက
တားတယ်။ "နောက်ဘုန်းတော်များကျ
အသားပြွမ်းတဲ့ သလေးဆွမ်းကိုတောင်
နှာခေါင်းရှုံ့ကြဦးမယ်" တဲ့ ။

နှစ်(၂၅၀၀)ကျော်ကို လှမ်းကြည့်ပြီး
ပစ်ပေါက်လိုက်တဲ့ စကားတစ်ခွန်းက
နျူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထက်
အဆတစ်ရာမက ပြင်းတယ်။

ထိချက်က တစ်ဆံခြည်မလွဲ၊
ဒီကနေ့ အားလုံးရဲ့ နဖူးတည့်တည့်မှာ
သွေးစွန်းအောင် မှန်နေပြီပဲလေ။

Credit- အရှင်ကုမာရ ( ပခုက္ကူ )

များများရှယ်ပေးခြင်းဖြင့် သာသနာတော်
သန့်ရှင်းရေးအတွက် အုတ်တချပ် သဲတပွင့်
ပါဝင်ကူညီဆောင်ရွက်ပေးကြပါ။

အနည်းငယ် ပြင်ဆင် ဖြည့်စွတ်၍ -

ဝိစာရ (ကွေ့မ)
ဒက္ခိဏာရာမကျောင်းတိုက်

26/11/2018

"သိထားသင့်​​သော ယာဉ်​တိုက်​မှု(၁၀)မျိုး"
===========================

၁။ရပ်​ထား​သောယာဉ်​ကို
ဝင်​​ရောက်​တိုက်​မိခြင်း။
ရပ်​ထား​သောယာဉ်​ကို
အခြားယာဉ်​တစ်​စီးမှ
ဝင်​​ရောက်​မိတဲ့အခါမှာ
တိုက်​တဲ့ယာဉ်​အမှားပဲ ဖြစ်​ပါတယ်​။
ဒါ​ပေမယ့်
ညအချိန်​အ​မှောင်​ထဲမှာ
ဘေးမီးဖွင့်​မထားဘဲ
လမ်းမ​ပေါ်ရပ်​ထားခဲ့မယ်​။
အန္တရာယ်​မဖြစ်​နိုင်​​အောင်
သတိ​ပေးမယ့်​သူရှိမ​နေခဲ့ရင်​​တော့
ရပ်​ထားတဲ့ယာဉ်​မှာလည်း
တာဝန်​ရှိပါတယ်​။

၂။ရှေ့ယာဉ်​အား​နောက်​ယာဉ်​မှ
ဝင်​​ရောက်​တိုက်​မိခြင်း။
နောက်​ကယာဉ်​မှာတာဝန်​ရှိပါတယ်​။
ဒီ​နေရာမှာတစ်​ချို့က​ပြောကြပါတယ်​။
ရှေ့ယာဉ်​က ရုတ်​တရက်
ဘရိတ်​အုပ်​လို့တိုက်​ရတာပါလို့
ပြောကြပါတယ်​။
ဒါ​ပေမယ့်
ယာဉ်​သွားလာမှုစည်းကမ်း
နည်းဥပ​ဒေ ၁၄၅မှာ
ရှေ့ယာဉ်​ရုတ်​တရက်​တန့်​လျှင်
နောက်​မှယာဉ်​သည်
ထိခိုက်​မှုမဖြစ်​​စေရန်
သင့်​​လျော်​​သောအကွာအ​ဝေးမှ
လိုက်​ရမည်​လို့​ဖော်​ပြထားပါတယ်​။
သင့်​​လျော်​​သောအကွာအ​ဝေး
ဆိုတာက​တော့
ပုံ​သေမနိုင်​ရှိပါဘူး။
ရှေ့ယာဉ်​အရှိန်​များရင်
များသလို
အရှိန်​နည်းရင်​နည်းသလို
ထိခိုက်​မှုမရှိပဲ
ရပ်​တန့်​နိုင်​မယ့်​အကွာအ​ဝေးကို
ချိန်​ဆ​မောင်းနှင်​ရမှာပါ။
အဲ့ဒီ့အတွက်
ရှေ့ယာဉ်​မှ ​ခွေးဖြတ်​​ပြေးလို့ဖြစ်​ဖြစ်
လူဖြတ်​​ပြေးလို့ပဲဖြစ်​ဖြစ်
အ​ကြောင်းတစ်​စုံရာ​ကြောင့်
ရပ်​တန့်​ချိန်​မှာ
နောက်​ယာဉ်​သည်​လည်း
ထိခိုက်​မှုမရှိ​အောင်
ရပ်​တန့်​နိုင်​ရပါမယ်​။
ဖရီး​ကြောလို့​ခေါ်တဲ့
ရပ်​မျဉ်း မရှိတဲ့​ကွေ့​ကြော
တည့်​​ကြောမှာတိုက်​ရင်​​တော့
ရှေ့ယာဉ်​အမှားဖြစ်​ပါတယ်​။
လမ်းညွှန်​အမှတ်​အသားကို
လိုက်​နာခြင်းမရှိတဲ့
အတွက်​ပါ။

၃။လမ်းဆုံတွင်​ယာဉ်​(၂)စီးတိုက်​ခြင်း
မိန်းလမ်းမကြီးနဲ့
လမ်းသွယ်​ဆိုရင်​​တော့
လမ်းသွယ်​ယာဉ်​ရဲ့ တာဝန်​ပဲ
ဖြစ်​ပါတယ်​။
နည်းဥပ​ဒေ ၁၄၉(ခ) အရ
လမ်းမကြီးမှယာဉ်​သည်
ဦးစား​ပေးရတဲ့အတွက်​ပါ။
တကယ်​လို့
တူညီလမ်းဆုံမှာဆိုရင်​​တော့
နည်းဥပ​ဒေ ၁၄၉(က) အရ
လက်​ယာဘက်​ယာဉ်​သည်
ဦးစား​ပေးရပါတယ်​။
တူညီလမ်းဆုံသို့
ယာဉ်​(၂)စီးတပြိုင်​တည်း
ရောက်​ရှိလျှင်
ဦးစွာ​ရောက်​ရှိ​သောယာဉ်​ကို
ဦးစား​ပေးရမည်​ဖြစ်​ပြီး
တစ်​ချိန်​တည်း​ရောက်​ရှိလျှင်
လက်​ယာဘက်​ယာဉ်​ကို
ဦးစား​ပေးရမည်​လို့
သတ်​မှတ်​ထားတဲ့အတွက်​ပါ။

၎။လမ်းလယ်​တွင်​ မျက်​နှာချင်းဆိုင်
တိုက်​မိခြင်း။
ဒါက​တော့
ယာဉ်​(၂)စီးလုံးမှာတာဝန်​ရှိပါတယ်​။
လက်​ယာကပ်​​မောင်းစနစ်​ဖြစ်​တဲ့
ဒီနိုင်​ငံမှာ သာမန်​အားဖြင့်
မည်​သည့်​ယာဉ်​မဆို
လက်​ယာကပ်​​မောင်းရမှာ
ဖြစ်​တဲ့အတွက်​ပါ။
နည်းဥပ​ဒေ ၁၄၁ မှာလည်း
ဖော်​ပြထားပါတယ်​။
အမြန်​လမ်း​တွေလို
ယာဉ်​​ကြော(၃)​ကြောရှိတဲ့လမ်းဆို
လက်​ဝဲဘက်​ အစွန်း​ကြောသည်
ကျော်​တက်​ရန်​နှင့်​ အမြန်​​မောင်းနှင်​ရန်
မှသာ အသုံးပြုရမှာဖြစ်​ပါတယ်​။

၅။T ပုံသဏ္ဍန်​ လမ်းဆုံတွင်
တိုက်​မိခြင်း။
T လမ်းဆုံမှာတိုက်​ရင်​လည်း
လမ်းမ​ပေါ်​ကွေ့ထွက်​တဲ့ယာဉ်​က
အမှားပဲဖြစ်​ပါတယ်​။

၆။တည့်​ယာဉ်​နှင့်​ဝဲဘက်​သို့
"ဂ"​ကွေ့ ​ကွေ့​သောယာဉ်​ကိုတိုက်​မိခြင်း။
နည်းဥပ​ဒေ ၁၄၈ နဲ့ ၁၅၀ အရ
တည့်​တည့်​လာ​နေတဲ့
ယာဉ်​မရှင်းပဲ ​ကွေ့တဲ့ယာဉ်​က
အမှားပဲဖြစ်​ပါတယ်​။
"လွတ်​မယ်​ထင်​လို့
ကွေ့တာပါ" တို့
ပြောတတ်​ကြပါတယ်​။
ဘယ်​လိုပဲ​ပြော​ပြော
ရှင်းရမှာပါပဲ။

၇။လမ်း​ပြောင်းပြန်​​ကျော်​တက်​၍
မျက်​နှာခြင်းဆိုင်​ယာဉ်​နှင့်​တိုက်​မိခြင်း။
နည်းဥပ​ဒေ ၁၄၆ အရ
ရှေ့မှမျက်​နှာခြင်းဆိုင်​လာ​သော
ယာဉ်​မရှင်းပဲလမ်း​ပြောင်းပြန်
ကျော်​တက်​တဲ့ယာဉ်​မှာ
တာဝန်​ရှိပါတယ်​။

၈။ဘေးချင်းယှဉ်​​ကျော်​တက်​၍
ပွတ်​တိုက်​ခြင်း။
လက်​ဝဲဘက်​မှ​ကျော်​တက်
ပွတ်​တိုက်​မိသည့်​ယာဉ်​သာ
အမှားဖြစ်​ပါတယ်​။

၉။အဝိုင်းတွင်​ယာဉ်​(၂)စီး
တိုက်​မိခြင်း။
နည်းဥပ​ဒေ ၁၄၉ အရ
အဝိုင်းပတ်​​နေတဲ့ယာဉ်​သာ
အမှန်​ဖြစ်​ပါတယ်​။
အဝိုင်းပတ်​ယာဉ်​ ဦးစား​ပေးရမှာ
ဖြစ်​​ပေမယ့်
မြို့​တော်​​တော်​များများမှာ
အဝိုင်းပတ်​​နေတဲ့ယာဉ်​​တွေကပဲ
ရပ်​​ပေး​နေတာကိုမြင်​​နေရပါတယ်​။
ရန်​ကုန်​မြို့က
ဦး​ထောင်​ဘို/ဟံသာဝတီအဝိုင်းလိုမျိုး
နေပြည်​​တော်​ကြာပန်းအဝိုင်းလိုမျိုး
အဝိုင်းကြီး​တွေထဲမှာ အဝိုင်းပတ်​​နေတဲ့
ယာဉ်​အချင်းချင်းတိုက်​မိရင်​​တော့
လက်​ဝဲဘက်​အတွင်း​ကြောကယာဉ်
အမှန်​ဖြစ်​ပါတယ်​။

၁၀။ယာဉ်​မှလူကိုတိုက်​ခြင်း
စက်​တပ်​ယာဉ်​နဲ့လူ
တိုက်​မိပြီဆိုရင်​​တော့
စက်​တပ်​ယာဉ်​သာအမှားဖြစ်​ပါတယ်​။
ပြောစရာ​တောင်​မလို​လောက်​ပါဘူး။

ယာဉ်​တိုက်​မှုဖြစ်​ပွားရတဲ့
အ​ကြောင်းအရင်း​တွေက​တော့
ယာဉ်​​မောင်းနှင်​သူများရဲ့
ပေါ့​လျော့မှု​ကြောင့်​ရယ်
ယာဉ်​ရဲ့စက်​ပစ္စည်း
ချို့ယွင်းမှု​ကြောင့်​ရယ်
လမ်းအသုံးပြုသူများရဲ့
ပေါ့​လျော့မှု​တွေ​ကြောင့်
အဖြစ်​များကြပါတယ်​။

ဒါက​တော့
ကျွန်​​တော်​မှတ်​ထားသ​လောက်​ကို
ပြန်​​ဝေမျှ​ပေးတာပါ။
အမှားပါ​ကောင်းပါနိုင်​ပါတယ်​။
တက်​သိနားလည်​​သော
ဆရာများမှအမှားဝင်​​ရောက်
ထောက်​ပြနိုင်​ပါတယ်​။

Photo # Crd Bo Win

လေးစားလျှက်​ ပြန်​လည်​​ဝေမျှပါသည်​။
Myat Ko Ko

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Hledan
Yangon
111111

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00