BCT Training
ကွန်ပျူတာ စတင်လေ့လာ အသုံးပြုလိုသူများအတွက် အထောက်အကူဖြစ်စေရန် အခြေခံသိသင့်သိထိုက်သည့် နည်းပညာများကို ပညာဒါနအဖြစ် အခမဲ့ မျှဝေပေးသွားမည်။
09/12/2023
လူသားတွေထက် အသိဉာဏ်ပိုမြင့်တယ်ဆိုတဲ့ Google ရဲ့ Gemini (AI) ဆိုတာ ဘာကြီးလဲ
Gemini ဆိုတာ Google ရဲ့ AI ရေသောက်မြစ်ကြီးပါ။ Google ကတော့ Gemini ကို သူတို့ရဲ့ အကြီးမားဆုံးနဲ့ အစွမ်းထက်ဆုံး AI မော်ဒယ်ကြီးဆိုပြီး ပြောထားပါတယ်။
Gemini ဘာတွေလုပ်နိုင်လဲ ?
Gemini က Large Language Model (LLM) ပါပဲ။ ဒါပေမယ့် တခြား LLM တွေထက် ထူးခြားတာက စာလုံးတွေကိုတင် မဟုတ်ဘဲ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေကိုပါ Gemini က နားလည်နိုင်စွမ်းရှိတယ်။ ဆိုလိုတာက သူ့ကို ဓာတ်ပုံ ၁ပုံ ပြလိုက်မယ်ဆိုရင် ဘာပုံအမျိူးအစားလဲဆိုတာ ပြောနိုင်တယ်၊ ခွဲခြားနိုင်တယ်။ ဗီဒီယိုပြလိုက်ရင် ဘာဗီဒီယိုလဲ၊ ဘာအကြောင်းအရာတွေကို ပြောထားတာလဲဆိုတာတွေကို ပြန်ပြောပေးနိုင်တယ်။ အသံဖိုင်ဆိုရင်လည်း သီချင်းအမျိူးအစားတွေကအစ သိတယ်။
Gemini ဘယ်နှစ်မျိူးရှိလဲ ?
Gemini ကို မော်ဒယ် ၃မျိူး ခွဲထားပါတယ်။ Gemini Nano, Gemini Pro နဲ့ Gemini Ultra ဆိုပြီးတော့ပါ။
Gemini Nano
Nano မော်ဒယ်က Android ဖုန်းတွေမှာ သတ်မှတ်ထားတဲ့ AI အကူအညီတွေကို အင်တာနက်မလိုဘဲ Offline သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ ကောင်လေးပါ။
Gemini ကို ကျွန်တော်တို့လို End-user တွေက တိုက်ရိုက်သုံးလို့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် သူက နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေမှာပါ။ အခုဆိုရင် Google Pixel 8 Pro ဖုန်းတွေမှာ Gemini Nano ကျေးဇူးကြောင့် Recorder App ထဲက အသံတွေဖိုင်တွေကို Summarize (အနှစ်ချူပ်) ပြန်ထုတ်ပေးနိုင်ပြီ။ Pixel 8 Pro ဖုန်းနဲ့ WhatsApp သုံးရင် တစ်ဖက်လူပြောတဲ့စကားအပေါ် မူတည်ပြီး ကိုယ့်ဘက်က ဘာပြန်ပြောရမလဲဆိုတာကို Gboard (Keyboard) မှာ Suggestion အနေနဲ့ ဖော်ပြပေးနေပြီ။ ဒါကို Smart-reply လို့ ခေါ်ပါတယ်။ လောလောဆယ် English Language ပဲ ရပါသေးတယ်။
ဒါတွေက အစပဲရှိပါသေးတယ်။ နောက်ပိုင်းကျရင် Google ရဲ့ App တွေအပါအဝင် တခြား Android App တွေမှာပါ On-device မှာ Offline Run နိုင်တဲ့ AI လုပ်ဆောင်ချက်တွေ အများကြီးရှိလာတော့မှာပါ။
Gemini Pro
Pro က Nano ထက် အဆင့်မြင့်တဲ့ မော်ဒယ်ပါ။ အသိဉာဏ်ပိုမြင့်တယ် ဆိုပါတော့...
ဒီကောင့်ကို အခု Google Bard မှာ ထည့်သုံးထားပါတယ်။ အဲ့ဒါကြောင့် Bard က မေးခွန်းတွေကို အရင်တုန်းကထက် ပိုနားလည်လာမှာဖြစ်သလို၊ အဖြေတွေကိုလည်း ပိုမှန်အောင် ရှင်းရှင်းလင်းလင်း ထုတ်ပေးနိုင်လာပါလိမ့်မယ်။
Google က ဒီ Gemini Pro ကို Bard အပြင် သူတို့ရဲ့ AI Services တွေအကုန်လုံးနီးပါးမှာ ထည့်သုံးဖို့ ရည်ရွယ်ထားတာပါ။
Developer တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက Gemini Nano နဲ့ Pro မော်ဒယ်တွေကို သုံးခွင့်ရမှာပါ။
Gemini Ultra
Ultra ကတော့ အကြမ်းဆုံး Gemini မော်ဒယ်ပါ။ Google ကတော့ သူတို့ရဲ့ တိုင်းတာစစ်ဆေးချက်တွေအရ လက်ရှိနာမည်အကြီးဆုံးလို့ ပြောလို့ရတဲ့ ChatGPT-4 ထက် အများကြီးသာတယ်လို့ ပြောပါတယ်။
Gemini Ultra ရဲ့ အသိပညာနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို လူသားပညာရှင်တွေနဲ့ နှိုင်းယှဥ်ဖို့အတွက် သင်္ချာ၊ ရူပဗေဒ၊ သမိုင်း၊ ဥပဒေ၊ ဆေးပညာနဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာတို့လိုမျိူး ဘာသာရပ်ပေါင်း ၅၇ခုပေါင်းစပ်ထားတဲ့ Massive Multitask Language Understanding (MMLU) နဲ့ မေးခွန်းတွေမေးပြီး စမ်းသပ်တိုင်းတာခဲ့ပါတယ်။
Gemini Ultra ဟာ လူသားပညာရှင်တွေထက် အသိဉာဏ်ပိုကောင်းတဲ့ ပထမဦးဆုံး AI မော်ဒယ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
Ref: The Verge, CNBC
ICT Solution
23/02/2023
Excel Window Screen
Excel ကိုစတင်အသုံးပြုမည့် User များအတွက် အခြေခံသိထားရမည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Worksheet အတွင်း စာရင်းဇယားများရေးဆွဲခြင်း၊ Data များဖြည့်သွင်းခြင်းနှင့် Graphic ပုံစံ Chart Design များဖန်တီးခြင်း၊ သင်္ချာဆိုင်ရာ တွက်ချက်မှုများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် Functions များကို သိရှိစေနိုင်မှာ ဖြစ်ပါတယ်။
[ A ] File tab: Excel file အသစ်ဖွင့်ခြင်း၊ သိမ်းဆည်းခြင်း၊ ပိတ်ခြင်းနှင့် option များပါဝင်သည်။
[ B ] Quick Access Toolbar: command များကို အလွယ်တကူ အသုံးပြုနိုင် သည့် Tools များပါဝင်သည်။
[ C ] Title Bar: Workbook တွင်အသုံးပြုထားသည့် File ၏ နာမည်ကိုဖော်ပြ ပေးသည်။
[ D ] Close button: Excel File ပိတ်ရာ တွင်အသုံးပြုပါသည်။
[ E ] Ribbon: Tab များ နှင့် Menu များစွာ ပါဝင်ပါသည်။
[ F ] Scroll bars: Worksheet ကိုအပေါ် အောက် နှင့် ဘေး၊ ဘယ်ညာသို့ ရွှေ့ပြောင်းရာတွင် အသုံးပြုပါသည်။
[ G ] Zoom slider: Worksheet စာမျက်နှာကိုအလိုရှိသည့် အရွယ်အစားချိန်ညှိ ရာတွင် အသုံးပြုပါသည်။
[ H ] View buttons: worksheet ကိုပုံစံ(၃)မျိုးကြည့်ရှု့နိုင်ပါသည်။
[ I ] Worksheet tabs: Excel စာမျက်နှာများဖြစ်ပြီး ပုံသေစာမျက်နှာ (၃) ခုရှိ ပါသည်။
[ J ] Status bar: Worksheet ပေါ်မှ လုပ်ဆောင်ချက်များကို ဖော်ပြပေးသည်။
[ K ] Name box: Cell ကွက်၏ လိပ်စာကို ဖော်ပြပေးပါသည်။
[ L ] Row and column headings: row နှင့် column ၏ heading ပိုင်းဖြစ်ပါ သည်။
[ M ] Active cell: row နှင့် column ဆုံသောနေရာဖြစ်ပြီး လက်ရှိ ရောက်နေသည့် နေရာကိုဖော်ပြပေးပါသည်။
[ N ] Formula Bar: Cell ကွက်များ အတွင်းထည့်သွင်းသည့် Data များကို Edit ပြုလုပ်နိုင်ပြီး အသုံးပြုထားသည့် Formula များကို ဖော်ပြပေးပါသည်။
06/07/2022
Special Symbols
Microsoft Document တွင် စာသားများ၊ ကိန်းဂဏန်းများအပြင် သင်္ချာဆိုင်ရာ/ငွေကြေးဆိုင်ရာ/ ကုဒ်ရေးခြင်း အစရှိသည့် လုပ်ဆောင်ချက်များအတွက် အထူးသင်္ကေတများကိုပါ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ သတိထားရမယ့် အချက်ကတော့ မိမိ အသုံးပြုလိုတဲ့ သင်္ကေတစာလုံးသည် Font အမျိုးအစားအားလုံးတွင် မပါရှိသည့်အတွက် မှန်ကန်သော Font ကိုရှာဖွေအသုံးပြုရန် အရေးကြီးပါသည်။
Symbol such as currency (¥), music (♫), or check marks (✔)
သင်္ကေတကို ထည့်သွင်းလိုသည့် နေရာတွင် Cursor ချထားလိုက်ပါ။
Insert Menu မှ Symbols ကိုသွားပါ။
ပေါ်လာသည့် သင်္ကေတများကို ရွေးချယ်ပါ (သို့မဟုတ်) ထပ်မံရွေးချယ်လိုပါက More Symbols ကိုနှိပ်ပါ။
Symbols နှင့် Special Characters Options တို့တွင် မိမိအသုံးပြုလိုသည့် သင်္ကေတကို ရှာဖွေ ရွေးချယ်ပြီး Insert ကိုနှိပ်၍အသုံးပြုနိုင်ပါသည်။
Telegram Channel
https://t.me/bcttraining247
13/01/2022
၁၉၃၀ ခုနှစ်က ကွန်ပြူတာကို Update လုပ်ထားတဲ့ ပုံတွေပါ
ဗဟုသုတ ရအောင်တင်ပေးချင်ဖြစ်ပါသည်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11062