SMART KIDS -Zifam

SMART KIDS -Zifam

Share

ကလေးအထူးကုဆရာဝန်ကြီးများရဲ့ပညာပေးဟောပြောပွဲအစီအစဉ်များ၊ဆောင်းပါးများ၊ကုမ္ပဏီမှအခါအားလျော်စွာပေးတဲ့ Promotion နှင့် Lucky Draw အစီအစဉ်များ၊ကျန်းမာရေးဗဟုသုတများကို Like and See First လုပ်ခြင်းဖြင့်သိရှိနိုင်ပါတယ်၊

22/05/2026

📌 ကလေးများနှင့် တစ်ကိုယ်​ေရသန့်ရှင်းရေး

👉 ကလေးများအတွက် တစ်ကိုယ်​ေရသန့်ရှင်းရေး (𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗛𝘆𝗴𝗶𝗲𝗻𝗲) ဟာ သူတို့ရဲ့ကျန်းမာရေးကောင်းမွန်မှု၊ မျိုးရိုးဗီဇဖွံ့ဖြိုးမှုနှင့် လူမှုရေးအပြုအမူ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။ မိဘများအနေနဲ့ တစ်ကိုယ်​ေရသန့်ရှင်းရေးကို သင်ကြားပေးခြင်းဖြင့် ကလေးများဟာ ကိုယ်ပိုင်တာဝန်ယူမှု၊ ရောဂါကင်းရှင်းမှုနှင့် ကျန်းမာသန်စွမ်းမှုကို တိုးတက်လာစေနိုင်ပါတယ်။

📌 ကလေးများအတွက် အရေးကြီးတဲ့ တစ်ကိုယ်​ေရသန့်ရှင်းရေးအချက်တွေကတော့

✅ လက်သန့်စင်ခြင်း
👉 အစာမစားခင်နှင့်အစာစားပြီးတိုင်း၊ အိမ်သာသုံးပြီးတိုင်း၊ နှာစေး၊ ချောင်းဆိုးပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးဖို့ သင်ကြားခြင်းဖြင့် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို ကာကွယ်နိုင်ပါတယ်။

✅ သွားတိုက်ခြင်း
👉 နေ့စဉ်နံနက် ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းဖြင့် သွားဖုံးရောဂါနှင့် သွားပုပ်ခြင်းကင်းဝေးစေပါတယ်။

✅ ရေချိုးခြင်းနှင့် ခေါင်းလျှော်ခြင်း
👉 ပုံမှန်တစ်နေ့တစ်ကြိမ် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းဖြင့် ပြင်ပဘက်တီးရီးယားများကို ကာကွယ်နိုင်ပါတယ်။

✅ အဝတ်အစားသန့်ရှင်းမှု
👉 တစ်နေ့လုံး ဝတ်ထားတဲ့ အဝတ်အစားတွေကို လဲပေးပါ။ ပြန်မဝတ်ပါနဲ့။

✅ လက်သည်း၊ ခြေသည်း ညှပ်ခြင်း
👉 လက်သည်း ခြေသည်းဖြင့် မမြင်နိုင်သောရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

✅ အိပ်ရာသန့်ရှင်းမှု
👉 မိဘများအနေဖြင့် တစ်ပတ်တစ်ကြိမ် အိပ်ရာခင်း၊ခေါင်းအုံးတို့ကို လဲလှယ်ခြင်း၊ နေပူထဲလှမ်းခြင်းဖြင့် အိပ်ရာထဲတွင်ရှိသော ပိုးမွှားများကိုသေစေနိုင်ပါတယ်။

💊 ယခုအစီအစဉ်ကို "ကလေးတိုင်းချစ်တဲ့" 𝗩𝗶𝘁𝗮-𝗞𝗶𝗱 မှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်၍ တင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
Khawa, S. P., Deol, R. & Kodi, S. M., 2021. International Journal Of Community Medicine And Public Health. [Online]
Available at: https://www.ijcmph.com/index.php/ijcmph/article/view/8664
[Accessed 7 May 2025].





#ကလေးတိုင်းချစ်တဲ့

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No95/B, 95 Residence , Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00